သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလွစီးေျပး ႐ုိဟင္ဂ်ာဒုကၡသည္ေတြကုိ ေဒသတြင္းႏုိင္ငံေတြ ကူညီဖုိ႔ EU တုိက္တြန္း


Langkawi ကြ်န္းရွိ မေလးရွားပိုင္နက္အတြင္းမွာ ေတြ႔ရတဲ့ ေလွစီးေျပး ႐ုိဟင္ဂ်ာတခ်ိဳ႕ (ဓာတ္ပံု - AFP PHOTO / MALAYSIAN MARITIME ENFORCEMENT AGENCY)

(Zawgyi/Unicode)

အမ်ဳိးသမီးေတြနဲ႔ ကေလးငယ္ေတြ အပါအ၀င္ ရာနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ပင္လယ္ျပင္မွာ ရက္သတၱပတ္ေတြနဲ႔ခ်ီ ေမ်ာပါေနတဲ့ အေျခအေနေတြနဲ႔ မႀကံဳရေအာင္ ေဒသတြင္းႏုိင္ငံေတြ ၀ုိင္း၀န္းကူညီၾကဖုိ႔ ဥေရာပသမဂၢ (EU) က တုိက္တြန္းလုိက္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ ကပၸလီပင္လယ္တြင္းက ႏုိင္ငံေတြအေနနဲ႔ ဒုကၡသည္ေတြကုိ ရွာေဖြေရး၊ ကယ္ဆယ္ေရးနဲ႔ ေဘးအႏၱရာယ္ကင္းကင္း ကမ္းကပ္ခြင့္ေပးဖုိ႔လည္း တုိက္တြန္းထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၆ ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ုိဟင္ဂ်ာ ၄၀၀ ေလာက္ကုိ ကမ္းကပ္ခြင့္နဲ႔ အကူအညီေပးခဲ့သလုိ က်န္ႏုိင္ငံေတြကလည္း ေဆာင္ရြက္ၾကဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

႐ုိဟင္ဂ်ာဒုကၡသည္ေတြ လုိက္ပါလာၿပီး ပင္လယ္ျပင္မွာ ၂ လေလာက္ၾကာ ေမ်ာေနတဲ့ စက္ေလွေပၚက ဒုကၡသည္ေတြထဲက ၂၈ ေယာက္ကုိ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဘာရွန္ခ်ာကၽြန္းကုိ ပုိ႔ေဆာင္လုိက္ေၾကာင္း ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူေတြက ေျပာဆုိလုိက္ၿပီး ေနာက္တရက္မွာပဲ EU ရဲ႕ ထုတ္ျပန္ခ်က္ ထြက္ေပၚလာတာပါ။

႐ုိဟင္ဂ်ာ ဒုကၡသည္အေရး ေျဖရွင္းရာမွာ လက္နက္ကုိင္ အဖဲြ႔ေတြ အပစ္အခတ္ရပ္စဲႏုိင္ဖုိ႔ အေရးႀကီးေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ တုိက္တြန္းထားပါတယ္။ ႐ုိဟင္ဂ်ာဒုကၡသည္အေရး ေထာက္ပံ့ကူညီေနတဲ့ EU အေနနဲ႔ လုိအပ္တဲ့ အကူအညီေတြေပးအပ္ဖုိ႔ အသင့္ရွိေနေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

၂၀၁၇ ထဲတုန္းက ရခုိင္ျပည္နယ္မွာ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔ကုိ လုိက္လံႏွိမ္နင္းတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြ ေနာက္ဆက္တဲြအျဖစ္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္လက္မခံေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံမယ့္အေၾကာင္း ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေ ကူညီဖို့ EU တိုက်တွန်း

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေနဲ့ချီ မျောပါနေတဲ့ အခြေအနေတွေနဲ့ မကြုံရအောင် ဒေသတွင်းနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့ ဥရောပသမဂ္ဂ (EU) က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွင်းက နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ်ကင်းကင်း ကမ်းကပ်ခွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ၄၀၀ လောက်ကို ကမ်းကပ်ခွင့်နဲ့ အကူအညီပေးခဲ့သလို ကျန်နိုင်ငံတွေကလည်း ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာပြီး ပင်လယ်ပြင်မှာ ၂ လလောက်ကြာ မျောနေတဲ့ စက်လှေပေါ်က ဒုက္ခသည်တွေထဲက ၂၈ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာရှန်ချာကျွန်းကို ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ EU ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ လက်နက်ကိုင် အဖွဲ့တွေ အပစ်အခတ်ရပ်စဲနိုင်ဖို့ အရေးကြီးကြောင်းလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေး ထောက်ပံ့ကူညီနေတဲ့ EU အနေနဲ့ လိုအပ်တဲ့ အကူအညီတွေပေးအပ်ဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ့်အကြောင်း ကတိပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG