သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးထားတဲ့ ထိုင္းလူဝင္မႈစခန္းက ႐ိုဟင္ဂ်ာအမ်ဳိးသမီးေတြ ေျပာင္းေရႊ႕ေပးဖို႔ရွိ


ဆံုခလာခ႐ိုင္တြင္ လူကုန္ကူးသူမ်ားလက္ထဲမွ ထိုင္းအာဏာပိုင္မ်ား ကယ္တင္ခဲ့သည့္ ႐ိုဟင္ဂ်ာ အမ်ဳိးသမီးမ်ားႏွင့္ ကေလးငယ္မ်ား။ (၁၁ ဇန္နဝါရီ ၂၀၁၂)

(Zawgyi / Unicode)

ထိုင္း-မေလးရွား နယ္စပ္က ထိုင္း လူဝင္မႈထိန္းသိမ္းေရးစခန္းမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရၿပီးေနာက္ စခန္းမွာ ထိန္းသိမ္းထားတဲ့ ႐ိုဟင္ဂ်ာ အမ်ဳိးသမီးေတြကို ေနရာေရႊ႕ေျပာင္းေပးဖို႔ ခ႐ုိင္လဝကမွဴးက တင္ျပထားပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထုိင္း-မေလးရွား နယ္စပ္ ဆံုခလာခ႐ုိင္ စေဒါင္ၿမိဳ႕က လူဝင္မႈထိန္းသိမ္းေရးစခန္းမွာ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ လူဝင္မႈအရာရွိေတြ၊ တျခားႏုိင္ငံျခားသားေတြ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီးတဲ့ေနာက္ စခန္းမွာရွွိတဲ့ ႐ိုဟင္ဂ်ာ အမ်ဳိးသမီးေတြကို ေနရာေျပာင္းေပးဖို႔ ခ႐ိုင္လဝကမွဴးက တင္ျပထားတယ္လုိ႔ ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာ တာ၀န္ခံ ဦးမင္းဦးက ေျပာပါတယ္။

“႐ုိဟင္ဂ်ာ အမ်ိဳးသမီး ၂၆ ေယာက္ေပါ့ေနာ္၊ လ၀ကအခ်ဳပ္မွာ ရွိေနတာ။ လ၀ကခ႐ုိင္မွဴးက သူတို႔ကုိ စိုးရိမ္တာေပါ့။ ၄၂ ေယာက္ ျပႆနာတက္သြားၿပီးတဲ့ေနာက္မွာ ႏိုင္ငံျခားသား ၄၂ ေယာက္မွာ ေရာဂါပုိး ေတြ႔သြားၿပီးတဲ့ေနာက္မွာ အဲဒီလိုမ်ိဳး ျဖစ္မွာစိုးလို႔ ၂၆ ေယာက္ကုိ အဆင္ေျပတဲ့ေနရာပို႔ဖို႔ ဟတ္႐ုိင္ၿမိဳ႕မွာလည္း မိခင္နဲ႔ကေလးေတြ ေစာင့္ေရွာက္တဲ့ေနရာ ရွိတယ္။ အဲဒါကို ေတာင္းဆုိတာေပါ့ေနာ္။”

အဲဒီေဒသဘက္မွာ ထိန္းသိမ္းခံရတဲ့ တရားမဝင္ ျမန္မာႏုိင္ငံသားေတြ အေရးနဲ႔ ပတ္သက္ရင္ ဦးမင္းဦးတုိ႔အဖြဲ႔ဟာ ထိုင္း လူဝင္မႈႀကီးၾကပ္ေရးဌာနနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတာပါ။

အခု ထိန္းသိမ္းေရးစခန္းက လဝကအရာရွိ ၅ ဦး၊ ျမန္မာႏုိင္ငံသား ၃၄ ေယာက္ အပါအဝင္ ႏုိင္ငံျခားသား ၄၂ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ထားတယ္ဆိုတာ ၿပီးခဲ့တဲ့သီတင္းပတ္က သိခဲ့ၿပီးတဲ့ေနာက္ စခန္းက လဝကဝန္ထမ္း အမ်ားအျပားကို Quarantine သီးျခားခြဲေစာင့္ၾကည့္တဲ့ေနရာ ပို႔လိုက္ရတာေၾကာင့္ စခန္းမွာ ဝန္ထမ္းအင္အား မလံုေလာက္ေတာ့တဲ့အတြက္ ဒီအမ်ဳိးသမီးေတြကို ေျပာင္းေရႊ႕ဖို႔ တင္ျပတာျဖစ္တယ္လို႔လည္း ဦးမင္းဦးက ေျပာပါတယ္။

“လ၀က အရာရိွေပါ့ေနာ္၊ ေရာဂါျဖစ္တဲ့သူနဲ႔ ထိစပ္ထားတဲ့သူေတြရွိတဲ့ ဆက္စပ္တဲ့ လ၀က အရာရွိေတြ ၁၄၄ေယာက္ ေစာင့္ၾကည့္ေရးစင္တာကို ၀င္ရတယ္။ သူတို႔မွာ ၀န္ထမ္းအခက္အခဲရိွတယ္။ အဲဒါေၾကာင့္လည္း သူတို႔ကို မထိန္းႏိုင္တဲ့ အေၾကာင္းအခ်က္တခု ျဖစ္တယ္ေပါ့ေနာ္။ အဲဒီအရာရွိေတြထဲမွာ က်ား မ ဘယ္ႏွစ္ေယာက္ပါေနသလဲ ဆုိတာ မသိဘူး။”

ထိုင္းႏုိင္ငံတြင္း လဝက ထိန္းသိမ္းေရးစခန္းေတြမွာ လူဦးေရမ်ားၿပီး က်ပ္က်ပ္တည္းတည္း ေနထိုင္ၾကရတဲ့အတြက္ အခုလို တၿပိဳင္နက္တည္းမွာ လူအေတာ္မ်ားမ်ား ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတာပါ။ အခုျဖစ္ရပ္မွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ ျမန္မာႏုိင္ငံသား ၃၄ ဦးထဲက မီးဖြားခါနီး ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးတဦး အပါအဝင္ ၅ ဦးဟာ ေရာဂါအေျခအေန ျပင္းထန္တဲ့အတြက္ ေဆး႐ံုမွာ ကုသမႈ ခံယူေနရပါတယ္။

ဒီ ဆံုခလာခ႐ိုင္ လူဝင္မႈထိန္းသိမ္းေရးစခန္းက ျမန္မာႏုိင္ငံသားေတြ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီးတဲ့ေနာက္ ထုိင္းႏုိင္ငံတြင္း ဗိုင္းရပ္စ္ပိုး ကူးစက္ထားသူေတြထဲမွာ ထုိင္းႏုိင္ငံသားၿပီးရင္ ျမန္မာႏုိင္ငံသားက အမ်ားဆံုးျဖစ္သြားၿပီး ဒီကေန႔ထိဆိုရင္ ၅၂ ေယာက္ ရွိသြားပါၿပီ။ တတိယအမ်ားဆံုး ကူးစက္ခံထားရတာကေတာ့ တ႐ုတ္ႏုိင္ငံသားေတြျဖစ္ၿပီး ၃၄ ေယာက္ ကူးစက္ခံထားရပါတယ္။

ထုိင္းႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ စုစုေပါင္း ၃၀၀၀ နီးပါးရွိေနၿပီး ေသဆံုးသူက ၅၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

COVID-19 ကူးထားတဲ့ ထိုင်းလူဝင်မှုစခန်းက ရိုဟင်ဂျာအမျိုးသမီးတွေ ပြောင်းရွှေ့ပေးဖို့ရှိ

ထိုင်း-မလေးရှား နယ်စပ်က ထိုင်း လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာရွှေ့ပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြထားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးရှား နယ်စပ် ဆုံခလာခရိုင် စဒေါင်မြို့က လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် လူဝင်မှုအရာရှိတွေ၊ တခြားနိုင်ငံခြားသားတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် စခန်းမှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြထားတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ရိုဟင်ဂျာ အမျိုးသမီး ၂၆ ယောက်ပေါ့နော်၊ လဝကအချုပ်မှာ ရှိနေတာ။ လဝကခရိုင်မှူးက သူတို့ကို စိုးရိမ်တာပေါ့။ ၄၂ ယောက် ပြဿနာတက်သွားပြီးတဲ့နောက်မှာ နိုင်ငံခြားသား ၄၂ ယောက်မှာ ရောဂါပိုး တွေ့သွားပြီးတဲ့နောက်မှာ အဲဒီလိုမျိုး ဖြစ်မှာစိုးလို့ ၂၆ ယောက်ကို အဆင်ပြေတဲ့နေရာပို့ဖို့ ဟတ်ရိုင်မြို့မှာလည်း မိခင်နဲ့ကလေးတွေ စောင့်ရှောက်တဲ့နေရာ ရှိတယ်။ အဲဒါကို တောင်းဆိုတာပေါ့နော်။”

အဲဒီဒေသဘက်မှာ ထိန်းသိမ်းခံရတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေ အရေးနဲ့ ပတ်သက်ရင် ဦးမင်းဦးတို့အဖွဲ့ဟာ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။

အခု ထိန်းသိမ်းရေးစခန်းက လဝကအရာရှိ ၅ ဦး၊ မြန်မာနိုင်ငံသား ၃၄ ယောက် အပါအဝင် နိုင်ငံခြားသား ၄၂ ယောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ်က သိခဲ့ပြီးတဲ့နောက် စခန်းက လဝကဝန်ထမ်း အများအပြားကို Quarantine သီးခြားခွဲစောင့်ကြည့်တဲ့နေရာ ပို့လိုက်ရတာကြောင့် စခန်းမှာ ဝန်ထမ်းအင်အား မလုံလောက်တော့တဲ့အတွက် ဒီအမျိုးသမီးတွေကို ပြောင်းရွှေ့ဖို့ တင်ပြတာဖြစ်တယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“လဝက အရာရှိပေါ့နော်၊ ရောဂါဖြစ်တဲ့သူနဲ့ ထိစပ်ထားတဲ့သူတွေရှိတဲ့ ဆက်စပ်တဲ့ လဝက အရာရှိတွေ ၁၄၄ယောက် စောင့်ကြည့်ရေးစင်တာကို ဝင်ရတယ်။ သူတို့မှာ ဝန်ထမ်းအခက်အခဲရှိတယ်။ အဲဒါကြောင့်လည်း သူတို့ကို မထိန်းနိုင်တဲ့ အကြောင်းအချက်တခု ဖြစ်တယ်ပေါ့နော်။ အဲဒီအရာရှိတွေထဲမှာ ကျား မ ဘယ်နှစ်ယောက်ပါနေသလဲ ဆိုတာ မသိဘူး။”

ထိုင်းနိုင်ငံတွင်း လဝက ထိန်းသိမ်းရေးစခန်းတွေမှာ လူဦးရေများပြီး ကျပ်ကျပ်တည်းတည်း နေထိုင်ကြရတဲ့အတွက် အခုလို တပြိုင်နက်တည်းမှာ လူအတော်များများ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာပါ။ အခုဖြစ်ရပ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးထဲက မီးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် ၅ ဦးဟာ ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ဒီ ဆုံခလာခရိုင် လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ထားသူတွေထဲမှာ ထိုင်းနိုင်ငံသားပြီးရင် မြန်မာနိုင်ငံသားက အများဆုံးဖြစ်သွားပြီး ဒီကနေ့ထိဆိုရင် ၅၂ ယောက် ရှိသွားပါပြီ။ တတိယအများဆုံး ကူးစက်ခံထားရတာကတော့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ၃၄ ယောက် ကူးစက်ခံထားရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၃၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG