သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္က ရုိဟင္ဂ်ာစခန္းမွာ ပထမဆုံး COVID-19 ကူးစက္သူေတြ႔


ရုိဟင္ဂ်ာစခန္းတခု

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္နိုင္ငံထဲက ရိုဟင္ဂ်ာဒုကၡသည္စခန္းတစ္ခုမွာ ပထမဆုံး COVID-19 ေရာဂါကူးစက္မႈကိုေတြ႕ရွိရတာဟာ စိုးရိမ္ ေခ်ာက္ခ်ားဖြယ္ အေျခအေနတစ္ရပ္ကို အစပ်ိဳးလိုက္တာျဖစ္လို႔ ေနာက္ထပ္ေရာဂါ မပ်ံ႕ပြားေရးအတြက္ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ျပင္ဆင္မႈ ေတြ အလၽွင္အျမန္ လုပ္ေပးဖို႔ Refugees International အဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။

ရိုဟင္ဂ်ာ ဒုကၡသည္ ၉ သိန္းနီးပါးရွိတဲ့ အဲဒီ စခန္းေတြဟာ နယူးေယာက္ ၿမိဳ႕ႀကီးထက္ လူဦးေရ ပုိသိပ္သည္းသလို ဆိုးရြားလွတဲ့ က်န္းမာေရးနဲ႔ မသန္႔ရွင္းမႈစနစ္ ေအာက္မွာ မၾကာမီေရာက္လာမယ့္ မုတ္သုံရာသီနဲ႔ ေရႀကီးမႈေတြၾကား ဗိုင္းရပ္စ္အႏၲရာယ္က ႀကီးထြားလာမွာျဖစ္ေၾကာင္းလည္း Refugees International အဖြဲ႕ရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ အႀကီးတန္းအရာရွိ Danial Sullivan က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ဒုကၡသည္စခန္း ေတြ မွာ တယ္လီဖုန္းလိုင္းေတြနဲ႔ အင္တာနက္လိုင္းေတြ ပိတ္ထားတာကို အျမန္ဆုံး ျပန္ဖြင့္ေပးဖို႔ကိုလည္း SULLIVAN က ေမလ ၁၄ ရက္စြဲနဲ႔ ေၾကညာခ်က္မွာ ထည့္သြင္းေတာင္းဆိုထားပါတယ္။ အဆက္အသြယ္ေတြ ဖြင့္ေပးတာက ေရာဂါ တိုက္ဖ်က္ေရးနဲ႔ တစ္ကိုယ္ေရ သန္႔ရွင္း ေရး ပညာေပးနိုင္ဖို႔အတြက္ အခရာက်ေၾကာင္းနဲ႔ ရိုဟင္ဂ်ာ လူမႈ အဖြဲ႕အစည္းေတြကို လုပ္ပိုင္ခြင့္ ပိုေပးဖို႔ လိုေၾကာင္း လည္းေျပာပါတယ္။ ဘဂၤလားေဒ့ရွ္အာဏာပိုင္က ကုလသမဂၢ အဖြဲ႕အစည္းေတြနဲ႔အတူ က်န္းမာေရး သင္တန္းေတြ၊ တစ္ကိုယ္ေရ သန္႔ရွင္းေရး ပညာေပးလုပ္ငန္းေတြနဲ႔ သီးျခားခြဲျခားထားဖို႔ ေနရာေတြ ထားရွိေပမဲ့ အခုထက္ပို အရွိန္ျမႇင့္ လုပ္ဖို႔ လိုတယ္လို႔လည္း SULLIVAN က ေျပာပါတယ္ ။

ဘဂၤလားေဒ့ရွ္နိုင္ငံထဲက ရိုဟင္ဂ်ာ ဒုကၡသည္တစ္ဦးနဲ႔ စခန္းျပင္ပက လူတစ္ဦး COVID-19 ကူးစက္ခံရေၾကာင္းကို ဘဂၤလားေဒ့ရွ္ အဆင့္ ျမင့္ အရာရွိတစ္ဦးနဲ႔ ကုလသမဂၢ ေျပာခြင့္ရတို႔က ၾကာသပေတးေန႔က အတည္ျပဳ ေျပာၾကားထားတာပါ။

ဘဂၤလားေဒ့ရွ္နိုင္ငံထဲ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္လာေနရာမွာ အခုအခ်ိန္အထိ ကူးစက္မႈေပါင္း ၁၉၀၀၀ နီးပါးရွိၿပီး ေသဆုံး သူ ၂၈၀ ေက်ာ္​ရွိပါတယ္။ သာမန္ၿမိဳ႕ႀကီးေတြထက္ လူေနထူထပ္တဲ့ Cox's Bazar က ဒုကၡသည္စခန္းေတြထဲ ေရာဂါကူးစက္မႈႀကီးေတြ ျဖစ္ေပၚလာနိုင္တာနဲ႔ ပတ္သက္ၿပီး အကူအညီေပးေရး ဝန္ထမ္းေတြကလည္း သတိေပးထားပါတယ္။

၂၀၁၇ ခုႏွစ္ထဲ ျမန္မာ စစ္တပ္က ARSA ရိုဟင္ဂ်ာ လက္နက္ကိုင္ေတြကို နယ္ေျမ ရွင္းလင္းေရးလုပ္ခ်ိန္က ရိုဟင္ဂ်ာ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကိုထြက္ေျပးခဲ့ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္ကို နိုင္ငံတကာ တရား႐ုံးမွာ ရင္ဆိုင္ေနရခ်ိန္မွာပဲ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ ေဆာင္ရြက္ထားေၾကာင္း ေျပာဆိုထားၿပီး ျပန္လည္ လက္ခံမယ္လို႔လည္း ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းမှာ ပထမဆုံး COVID-19 ကူးစက်သူတွေ့

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ပထမဆုံး COVID-19 ရောဂါကူးစက်မှုကိုတွေ့ရှိရတာဟာ စိုးရိမ် ချောက်ချားဖွယ် အခြေအနေတစ်ရပ်ကို အစပျိုးလိုက်တာဖြစ်လို့ နောက်ထပ်ရောဂါ မပျံ့ပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်ဆင်မှု တွေ အလျှင်အမြန် လုပ်ပေးဖို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းနီးပါးရှိတဲ့ အဲဒီ စခန်းတွေဟာ နယူးယောက် မြို့ကြီးထက် လူဦးရေ ပိုသိပ်သည်းသလို ဆိုးရွားလှတဲ့ ကျန်းမာရေးနဲ့ မသန့်ရှင်းမှုစနစ် အောက်မှာ မကြာမီရောက်လာမယ့် မုတ်သုံရာသီနဲ့ ရေကြီးမှုတွေကြား ဗိုင်းရပ်စ်အန္တရာယ်က ကြီးထွားလာမှာဖြစ်ကြောင်းလည်း Refugees International အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းအရာရှိ Danial Sullivan က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်း တွေ မှာ တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ပိတ်ထားတာကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း SULLIVAN က မေလ ၁၄ ရက်စွဲနဲ့ ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။ အဆက်အသွယ်တွေ ဖွင့်ပေးတာက ရောဂါ တိုက်ဖျက်ရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်း ရေး ပညာပေးနိုင်ဖို့အတွက် အခရာကျကြောင်းနဲ့ ရိုဟင်ဂျာ လူမှု အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် ပိုပေးဖို့ လိုကြောင်း လည်းပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့အတူ ကျန်းမာရေး သင်တန်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေးလုပ်ငန်းတွေနဲ့ သီးခြားခွဲခြားထားဖို့ နေရာတွေ ထားရှိပေမဲ့ အခုထက်ပို အရှိန်မြှင့် လုပ်ဖို့ လိုတယ်လို့လည်း SULLIVAN က ပြောပါတယ် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးနဲ့ စခန်းပြင်ပက လူတစ်ဦး COVID-19 ကူးစက်ခံရကြောင်းကို ဘင်္ဂလားဒေ့ရှ် အဆင့် မြင့် အရာရှိတစ်ဦးနဲ့ ကုလသမဂ္ဂ ပြောခွင့်ရတို့က ကြာသပတေးနေ့က အတည်ပြု ပြောကြားထားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေရာမှာ အခုအချိန်အထိ ကူးစက်မှုပေါင်း ၁၉၀၀၀ နီးပါးရှိပြီး သေဆုံး သူ ၂၈၀ ကျော်ရှိပါတယ်။ သာမန်မြို့ကြီးတွေထက် လူနေထူထပ်တဲ့ Cox's Bazar က ဒုက္ခသည်စခန်းတွေထဲ ရောဂါကူးစက်မှုကြီးတွေ ဖြစ်ပေါ်လာနိုင်တာနဲ့ ပတ်သက်ပြီး အကူအညီပေးရေး ဝန်ထမ်းတွေကလည်း သတိပေးထားပါတယ်။

၂၀၁၇ ခုနှစ်ထဲ မြန်မာ စစ်တပ်က ARSA ရိုဟင်ဂျာ လက်နက်ကိုင်တွေကို နယ်မြေ ရှင်းလင်းရေးလုပ်ချိန်က ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်နေရချိန်မှာပဲ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားကြောင်း ပြောဆိုထားပြီး ပြန်လည် လက်ခံမယ်လို့လည်း ကတိပေးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG