သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ COVID-19 ပညာေပး ပိုလုပ္ေပးဖို႔လိုလားေန


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ရွိ Kutupalong ဒုကၡသည္ စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား (ဧၿပီ ၀၁၊ ၂၀၂၀)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းက ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ COVID-19 ေရာဂါကူးစက္သူ ရွိလာၿပီးတဲ့ေနာက္ စခန္းအသီးသီးက အေျခအေနနဲ႔ ဒုကၡသည္ေတြၾကား စိုးရိမ္ခ်က္ေတြကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲက သန္းခ်ီတဲ့ဒုကၡသည္ေတြ စုေဝးေနထုိင္ရာ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ COVID-19 ကူးစက္မႈအႏၱရာယ္ က်ေရာက္လာမွာကို ကုလသမဂၢနဲ႔ႏိုင္ငံတကာက စုိးရိမ္တၾကီးေစာင့္ၾကည့္ေနခ်ိန္မွာပဲ ပထမဦးဆံုး ဒုကၡသည္တဦး COVID-19 ကူးစက္ခံရသလို စခန္းျပင္ပက ေဒသခံတဦးလည္း ကူးစက္ခံထားရတာပါ။ ပိုးကူးစက္မႈေတြ မျဖစ္ခင္ကတည္းကလည္း ဒီကမာၻ႔ကပ္ေရာဂါ ကူးစက္ခံရမွာ စိုးရိမ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရ၊ ကုလသမဂၢနဲ႔ တျခားႏုိင္ငံတကာ အဖြဲ႔အစည္းေတြက တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ထားတာပါ။

ဒီ ကိုဗစ္အႏၱရာယ္ ဘယ္လာက္ၾကီးမားတယ္ဆိုတာ တခ်ိဳ႕မသိတဲ့သူေတြ ရွိလို႔ က်န္းမာေရးပညာေပးမႈေတြ ပိုၿပီးေတာ့ လုပ္ေဆာင္ေပးသင့္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားအနီး ကုတုပေလာင္ဒုကၡသည္စခန္းေန တီဗီြတာဝါဝပ္အကြက္မွာေနထိုင္တဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးေအာင္ၿမိဳင္က ဗီြအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔ အမ်ားၾကီးစိုးရိမ္ေနၾကတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အဝင္အထြက္ေတြက ပိတ္ထားတယ္ဆိုေပမဲ့ ... ဒါေပမဲ့ ခိုးၿပီးေတာ့ အဝင္အထြက္လုပ္ေနတာေတြ ရွိတယ္။ ေနာက္ၿပီး အဓိက အေရးၾကီးဆံုးက ဒုကၡသည္စခန္းထဲက ဒုကၡသည္ေတြ ဒီေရာဂါက ဘာလဲ ဘယ္လိုကူးႏုိင္သလဲဆိုတာ နားလည္ဖို႔လိုတယ္။ လူတိုင္းက ဒီကိုဗစ္က ဘာလဲ ဒီကိုရိုနာဗိုင္းရပ္စ္က ဘာလဲ နားမလည္ဘူးျဖစ္ေနတယ္။ အခုက ကမ့္ထဲမွာ အစိုးရက လုိက္ၿပီး အသံခ်ဲ႕စက္ေတြနဲ႔ လိုက္သတိေပးေနတယ္။ ေနာက္ၿပီး NGO၊ INGO ေတြကေရာ အသံခ်ဲ႕စက္ေတြနဲ႔ လိုက္အသိေပးေနတာ ရွိပါတယ္။ Mask တပ္ဖို႔ လက္ကိုဆပ္ျပာနဲ႔ေဆးဖို႔ ေျပာတယ္။ ဒါေပမဲ့ ဒါနဲ႔တင္ လံုေလာက္မႈ မရွိေတာ့ဘူး စခန္းထဲမွာလည္း။ အခုက အင္တာနက္ကလည္း ပိတ္ထားတယ္ဆိုေတာ့ ပိုၿပီးေတာ့ သတင္းေတြ မသိေတာ့ဘူး။ အင္တာနက္က ဒီအေျခအေနမွာ အမ်ားၾကီး လိုတယ္။ ၿပီးေတာ့ ဒီ့ထက္ပိုအင္အားတိုးခ်ဲ႕ၿပီးေတာ့ လုပ္ေပးေစခ်င္တယ္။ ဒုကၡသည္ေတြထဲက ေစတနာ့ဝန္ထမ္းေတြေခၚ သင္တန္းေပးၿပီး ဒုကၡသည္ေတြၾကား ျပန္ပညာေပးတာမ်ိဳးကိုလည္း လုပ္သင့္တယ္။ ဒီမွာက လူေတြကအမ်ားၾကီး စုျပဳံေနတာ ကမာၻ႔အၾကီးဆံုးဒုကၡသည္စခန္းဆိုေတာ့ အေျခအေနက ေတာ္ေတာ္ေလး အခက္ခဲေတြ႔ေနၾကရတယ္။"

ရိုဟင္ဂ်ာဒုကၡသည္ေတြထဲ ေရာဂါကူးစက္သူဟာ ဘယ္စခန္းကဆိုတာ အာဏာပိုင္ေတြဘက္က အတိအက် မထုတ္ျပန္ပါဘူး။ အခုဆိုရင္ေတာ့ ဒုကၡသည္စခန္း တာဝန္ရွိသူေတြ၊ အကူအညီေပးေရး အဖဲြ႔အစည္းေတြက ကာကြယ္ေရး ပညာေပးမႈေတြကို အသံခ်ဲ႕စက္ေတြနဲ႔ လိုက္လံႏိႈးေဆာ္ေနတယ္လုိ႔ ဘာလုခါလီ ဒုကၡသည္စခန္းေန ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံကေျပာပါတယ္။

ရိုဟင္ဂ်ာဒုကၡသည္စခန္းထဲ အသံခ်ဲ႕စက္နဲ႔ COVID-19 သတိေပးေနတဲ့ ျမင္ကြင္း
ရိုဟင္ဂ်ာဒုကၡသည္စခန္းထဲ အသံခ်ဲ႕စက္နဲ႔ COVID-19 သတိေပးေနတဲ့ ျမင္ကြင္း

"ၿပီးခဲ့တဲ့ညက အသံခ်ဲ႕စက္ေတြနဲ႔ လိုက္ေအာ္တာရွိတယ္။ ေနာက္စခန္းတိုင္းမွာ အသိေပးေနတာေတြရွိတယ္။ စခန္း တခုနဲ႔ တခုၾကား အသြားအလာမလုပ္ဖို႔ လူစုလူေဝး လံုးဝ မလုပ္ဖို႔ အသံခ်ဲ႕စက္နဲ႔ အသိေပးေနတာ ရွိတယ္။ ဒါေပမဲ့ ဒီမွာ က်ေနာ္တို႔ ရိုဟင္ဂ်ာ ဒုကၡသည္စခန္း COVID-19 နဲ႔ပတ္သက္ၿပီး ပိုးေတြ႔ရွိတယ္ဆိုေတာ့ က်ေနာ္တို႔ေတြ အလြန္ကို စိုးရိမ္ေနၾကပါတယ္။ က်ေနာ္တို႔ ဒုကၡသည္စခန္း တခုနဲ႔ တခုၾကား ဆက္သြယ္လို႔မရတာ သတင္း အခ်က္အလက္ရယူလို႔မရတာ အင္တာနက္ေတြလည္း ပိတ္ပင္တာဆိုေတာ့ ေတာ္ေတာ္ေလး က်ေနာ္တို႔ အခက္ၾကံဳေနရပါတယ္။ အခုဆိုရင္ေတာ့ ဒီ COVID-19 နဲ႔ ပတ္သက္ၿပီး ဒုကၡသည္စခန္းအသီးသီးမွာ က်န္းမာေရး ပညာေပးမ်ားမ်ားလုပ္ဖို႔ အလြန္ အေရးၾကီး လာပါတယ္။ ဘာျဖစ္လို႔ဆိုရင္ လူေပါင္း ၁၀ သိန္း၊ ၁၂ သိန္းေလာက္ စုျပံဳက်ပ္ညပ္ေနရတာဆို ေတာ့ တကယ္လို႔ ဒီကပ္ေဘးေရာဂါ ဆက္လက္ပ်ံ႕ႏွံ႔မယ္ဆိုရင္ အသက္အႏၱရာယ္ကို အင္မတန္မွ စိုးရိမ္ရပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာအဖြဲ႔အစည္းေတြကေရာ ဘဂၤလားေဒ့ရွ္အစိုးရကေရာ ဒီ့ထက္မက ဒီ COVID-19 ကပ္ေဘးေရာဂါက ကာကြယ္ႏုိင္ေအာင္ ဒီထက္ပိုၿပီး လုပ္ေဆာင္ဖို႔ လုိအပ္ပါတယ္ခင္ဗ်ာ။"

ႏုိင္ငံတကာ အဖြဲ႔အစည္းေတြဘက္က က်န္းမာေရးအသိပညာေပးေရး တြန္းအားေပး ေဆာင္ရြက္ေနသလို ဒုကၡသည္ေတြဘက္ကလည္း စနစ္တက် လိုက္နာမယ္ဆိုရင္ေတာ့ ေရာဂါကူးစက္မႈကို ဟန္႔တားကာကြယ္ႏုိင္မယ္လို႔ ဘာလုခါလီဒုကၡသည္စခန္း ကမ့္နံပတ္ အမွတ္ (၁) မွာ ေနထိုင္တဲ့ ကိုကာေမလ္တို႔လို ရိုဟင္ဂ်ာ ဒုကၡသည္ေတြကေတာ့ ယံုၾကည္ပါတယ္။

"ဒုကၡသည္စခန္းထဲမွာ လူတေယာက္ ကိုဗစ္ေတြ႔တယ္ဆိုၿပီး သတင္းေတြ ထြက္ေတာ့ - ကိုဗစ္၁၉နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ကေတာ့ ၾကိဳတင္ကာကြယ္မႈက အေကာင္းဆံုးနည္းလမ္းလို႔ထင္တယ္။ အဲ့တာေၾကာင့္ ၾကိဳတင္ကာကြယ္မႈကို လုပ္ပါတယ္။ ဘယ္လိုလုပ္လဲဆိုရင္ တအိမ္ကေန တအိမ္ကို သတိထားၿပီး သြားတယ္။ သြားရင္လည္း Mask ဖံုးထားတယ္ တေနရာကေန တေနရာကို သြားရင္ ဒီလို အကာကြယ္နဲ႔သြားတယ္ ေနာက္ တေယာက္နဲ႔ တေယာက္အၾကား သံုးေတာင္ေလာက္ ခြာရမယ္ဆိုေတာ့အဲ့ေလာက္ အကြာအေဝးရွိတဲ့ေနရာမွာေနတယ္။ က်န္းမာေရးပညာေပးနည္းစနစ္ေတြ ေျပာထားတဲ့အတိုင္း ကာကြယ္ေစာင့္ေရွာက္တယ္။ ဒါေပမဲ့ ကမ့္ထဲမွာ ရွိတဲ့သူေတြအားလံုးကို တတ္ႏိုင္သေလာက္ NGO ေတြက အေကာင္းဆံုး ပညာေပးနည္းေတြနဲ႔ ရွင္းျပေနတာကို အဲ့ဒီ့နည္းအတုိင္း က်ေနာ္တို႔ ဆက္လက္ေနဖို႔လိုတယ္။ ရိုဟင္ဂ်ာေတြၾကားထဲ က်န္းမာေရးေစာင့္ေရွာက္မႈ နည္းပညာသံုးၿပီး လုပ္ေနရင္ေတာ့ အဆင္ေျပႏုိင္တယ္ အေကာင္းဆံုးကေတာ့ က်ေနာ္တို႔ ဝတ္ျပဳဆုေတာင္းၿပီးေနတာ။"

မၾကာခင္မွာပဲ မုတ္သုန္ရာသီထဲကို ဝင္ေရာက္ေတာ့မွာျဖစ္ၿပီး မုတ္သုန္မိုးသည္းထန္စြာ စတင္ရြာသြန္းလာခ်ိန္ မုန္တိုင္း သတိေပးခ်က္ေတြလည္း ရွိေနတာမို႔ စခန္းေတြထဲ ေျမၿပိဳက်မႈနဲ႔ ေရလႊမ္းမိုးမႈစတဲ့ သဘာဝေဘးအႏၱရာယ္ေတြ ၾကံဳလာရမွာကိုလည္း ဒုကၡသည္ေတြ အေတာ္ေလးကို စိုးရိမ္ပူပင္ေနၾကပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ COVID-19 ဗိုင္းရပ္ေရာဂါကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္ကို သြားလာမႈ ကန္႔သတ္ထားပါတယ္။ ဒ့ါအျပင္ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံဖုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ေရာ၊ ကုလသမဂၢနဲ႔ပါ နားလည္မႈ စာခၽြန္လႊာေတြ သီးျခားစီ လက္မွတ္ေရးထုိးထားပါတယ္။ ျမန္မာအစုိးရနဲ႔ ကုလသမဂၢၾကား နားလည္မႈ စာခၽြန္လႊာကုိေတာ့ ဒီသီတင္းပတ္ထဲမွာပဲ သက္တမ္း ထပ္တုိးခဲ့ေပမဲ့ COVID-19 ကပ္ေရာဂါ ႀကံဳေနရတဲ့အတြက္ ဒုကၡသည္ေတြေနရပ္ျပန္ေရး အေထာက္အကူေပး အစီအစဥ္ကို ယာယီရပ္ဆုိင္းထားရေၾကာင္းလည္း ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး (UNHCR) ေျပာခြင့္ရက ဗြီအုိေအကုိ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ COVID-19ပညာပေး ပိုလုပ်ပေးဖို့လိုလားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ရောဂါကူးစက်သူ ရှိလာပြီးတဲ့နောက် စခန်းအသီးသီးက အခြေအနေနဲ့ ဒုက္ခသည်တွေကြား စိုးရိမ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက သန်းချီတဲ့ဒုက္ခသည်တွေ စုဝေးနေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကူးစက်မှုအန္တရာယ် ကျရောက်လာမှာကို ကုလသမဂ္ဂနဲ့နိုင်ငံတကာက စိုးရိမ်တကြီးစောင့်ကြည့်နေချိန်မှာပဲ ပထမဦးဆုံး ဒုက္ခသည်တဦး COVID-19 ကူးစက်ခံရသလို စခန်းပြင်ပက ဒေသခံတဦးလည်း ကူးစက်ခံထားရတာပါ။ ပိုးကူးစက်မှုတွေ မဖြစ်ခင်ကတည်းကလည်း ဒီကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံရမှာ စိုးရိမ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတာပါ။

ဒီ ကိုဗစ်အန္တရာယ် ဘယ်လာက်ကြီးမားတယ်ဆိုတာ တချို့မသိတဲ့သူတွေ ရှိလို့ ကျန်းမာရေးပညာပေးမှုတွေ ပိုပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ တီဗွီတာဝါဝပ်အကွက်မှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ အများကြီးစိုးရိမ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုရင် အဝင်အထွက်တွေက ပိတ်ထားတယ်ဆိုပေမဲ့ ... ဒါပေမဲ့ ခိုးပြီးတော့ အဝင်အထွက်လုပ်နေတာတွေ ရှိတယ်။ နောက်ပြီး အဓိက အရေးကြီးဆုံးက ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေ ဒီရောဂါက ဘာလဲ ဘယ်လိုကူးနိုင်သလဲဆိုတာ နားလည်ဖို့လိုတယ်။ လူတိုင်းက ဒီကိုဗစ်က ဘာလဲ ဒီကိုရိုနာဗိုင်းရပ်စ်က ဘာလဲ နားမလည်ဘူးဖြစ်နေတယ်။ အခုက ကမ့်ထဲမှာ အစိုးရက လိုက်ပြီး အသံချဲ့စက်တွေနဲ့ လိုက်သတိပေးနေတယ်။ နောက်ပြီး NGO၊ INGO တွေကရော အသံချဲ့စက်တွေနဲ့ လိုက်အသိပေးနေတာ ရှိပါတယ်။ Mask တပ်ဖို့ လက်ကိုဆပ်ပြာနဲ့ဆေးဖို့ ပြောတယ်။ ဒါပေမဲ့ ဒါနဲ့တင် လုံလောက်မှု မရှိတော့ဘူး စခန်းထဲမှာလည်း။ အခုက အင်တာနက်ကလည်း ပိတ်ထားတယ်ဆိုတော့ ပိုပြီးတော့ သတင်းတွေ မသိတော့ဘူး။ အင်တာနက်က ဒီအခြေအနေမှာ အများကြီး လိုတယ်။ ပြီးတော့ ဒီ့ထက်ပိုအင်အားတိုးချဲ့ပြီးတော့ လုပ်ပေးစေချင်တယ်။ ဒုက္ခသည်တွေထဲက စေတနာ့ဝန်ထမ်းတွေခေါ် သင်တန်းပေးပြီး ဒုက္ခသည်တွေကြား ပြန်ပညာပေးတာမျိုးကိုလည်း လုပ်သင့်တယ်။ ဒီမှာက လူတွေကအများကြီး စုပြုံနေတာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဆိုတော့ အခြေအနေက တော်တော်လေး အခက်ခဲတွေ့နေကြရတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေထဲ ရောဂါကူးစက်သူဟာ ဘယ်စခန်းကဆိုတာ အာဏာပိုင်တွေဘက်က အတိအကျ မထုတ်ပြန်ပါဘူး။ အခုဆိုရင်တော့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက ကာကွယ်ရေး ပညာပေးမှုတွေကို အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

"ပြီးခဲ့တဲ့ညက အသံချဲ့စက်တွေနဲ့ လိုက်အော်တာရှိတယ်။ နောက်စခန်းတိုင်းမှာ အသိပေးနေတာတွေရှိတယ်။ စခန်း တခုနဲ့ တခုကြား အသွားအလာမလုပ်ဖို့ လူစုလူဝေး လုံးဝ မလုပ်ဖို့ အသံချဲ့စက်နဲ့ အသိပေးနေတာ ရှိတယ်။ ဒါပေမဲ့ ဒီမှာ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း COVID-19 နဲ့ပတ်သက်ပြီး ပိုးတွေ့ရှိတယ်ဆိုတော့ ကျနော်တို့တွေ အလွန်ကို စိုးရိမ်နေကြပါတယ်။ ကျနော်တို့ ဒုက္ခသည်စခန်း တခုနဲ့ တခုကြား ဆက်သွယ်လို့မရတာ သတင်း အချက်အလက်ရယူလို့မရတာ အင်တာနက်တွေလည်း ပိတ်ပင်တာဆိုတော့ တော်တော်လေး ကျနော်တို့ အခက်ကြုံနေရပါတယ်။ အခုဆိုရင်တော့ ဒီ COVID-19 နဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းအသီးသီးမှာ ကျန်းမာရေး ပညာပေးများများလုပ်ဖို့ အလွန် အရေးကြီး လာပါတယ်။ ဘာဖြစ်လို့ဆိုရင် လူပေါင်း ၁၀ သိန်း၊ ၁၂ သိန်းလောက် စုပြုံကျပ်ညပ်နေရတာဆို တော့ တကယ်လို့ ဒီကပ်ဘေးရောဂါ ဆက်လက်ပျံ့နှံ့မယ်ဆိုရင် အသက်အန္တရာယ်ကို အင်မတန်မှ စိုးရိမ်ရပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကရော ဘင်္ဂလားဒေ့ရှ်အစိုးရကရော ဒီ့ထက်မက ဒီ COVID-19 ကပ်ဘေးရောဂါက ကာကွယ်နိုင်အောင် ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။"

နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ကျန်းမာရေးအသိပညာပေးရေး တွန်းအားပေး ဆောင်ရွက်နေသလို ဒုက္ခသည်တွေဘက်ကလည်း စနစ်တကျ လိုက်နာမယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို ဟန့်တားကာကွယ်နိုင်မယ်လို့ ဘာလုခါလီဒုက္ခသည်စခန်း ကမ့်နံပတ် အမှတ် (၁) မှာ နေထိုင်တဲ့ ကိုကာမေလ်တို့လို ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ယုံကြည်ပါတယ်။

"ဒုက္ခသည်စခန်းထဲမှာ လူတယောက် ကိုဗစ်တွေ့တယ်ဆိုပြီး သတင်းတွေ ထွက်တော့ - ကိုဗစ်၁၉နဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ကြိုတင်ကာကွယ်မှုက အကောင်းဆုံးနည်းလမ်းလို့ထင်တယ်။ အဲ့တာကြောင့် ကြိုတင်ကာကွယ်မှုကို လုပ်ပါတယ်။ ဘယ်လိုလုပ်လဲဆိုရင် တအိမ်ကနေ တအိမ်ကို သတိထားပြီး သွားတယ်။ သွားရင်လည်း Mask ဖုံးထားတယ် တနေရာကနေ တနေရာကို သွားရင် ဒီလို အကာကွယ်နဲ့သွားတယ် နောက် တယောက်နဲ့ တယောက်အကြား သုံးတောင်လောက် ခွာရမယ်ဆိုတော့အဲ့လောက် အကွာအဝေးရှိတဲ့နေရာမှာနေတယ်။ ကျန်းမာရေးပညာပေးနည်းစနစ်တွေ ပြောထားတဲ့အတိုင်း ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမဲ့ ကမ့်ထဲမှာ ရှိတဲ့သူတွေအားလုံးကို တတ်နိုင်သလောက် NGO တွေက အကောင်းဆုံး ပညာပေးနည်းတွေနဲ့ ရှင်းပြနေတာကို အဲ့ဒီ့နည်းအတိုင်း ကျနော်တို့ ဆက်လက်နေဖို့လိုတယ်။ ရိုဟင်ဂျာတွေကြားထဲ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာသုံးပြီး လုပ်နေရင်တော့ အဆင်ပြေနိုင်တယ် အကောင်းဆုံးကတော့ ကျနော်တို့ ဝတ်ပြုဆုတောင်းပြီးနေတာ။"

မကြာခင်မှာပဲ မုတ်သုန်ရာသီထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး မုတ်သုန်မိုးသည်းထန်စွာ စတင်ရွာသွန်းလာချိန် မုန်တိုင်း သတိပေးချက်တွေလည်း ရှိနေတာမို့ စခန်းတွေထဲ မြေပြိုကျမှုနဲ့ ရေလွှမ်းမိုးမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရမှာကိုလည်း ဒုက္ခသည်တွေ အတော်လေးကို စိုးရိမ်ပူပင်နေကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားလာမှု ကန့်သတ်ထားပါတယ်။ ဒ့ါအပြင် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားစီ လက်မှတ်ရေးထိုးထားပါတယ်။ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား နားလည်မှု စာချွန်လွှာကိုတော့ ဒီသီတင်းပတ်ထဲမှာပဲ သက်တမ်း ထပ်တိုးခဲ့ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့အတွက် ဒုက္ခသည်တွေနေရပ်ပြန်ရေး အထောက်အကူပေး အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရက ဗွီအိုအေကို ပြောဆိုထားပါတယ်။

XS
SM
MD
LG