(Zawgyi / Unicode)
ရခိုင္အေရး လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ရဲ႕ အစီရင္ခံစာပါ ရာဇဝတ္မႈေတြကို စံုစမ္းေဖာ္ထုတ္ အေရးယူေနပါတယ္ဆိုတဲ့ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးရဲ႕ ထုတ္ျပန္ခ်က္အေပၚ တံု႔ျပန္ခ်က္တခ်ဳိ႕ကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။
ရခုိင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့တဲ့ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီး လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ အႀကံျပဳခ်က္ေတြအတိုင္း ရာဇဝတ္မႈေတြကို စံုစမ္းစစ္ေဆး တရားစြဲဆိုမႈေတြ လုပ္ေဆာင္ေနပါတယ္လို႔ ေမလ ၁၅ ရက္ေန႔ ေန႔စြဲနဲ႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးကေန ပထမဆံုးအႀကိမ္ ထုတ္ျပန္ေၾကညာတာပါ။ ႏုိင္ငံေတာ္သမၼတ႐ံုးက ဖြဲ႔စည္းေပးခဲ့တဲ့ ရာဇဝတ္မႈဆိုင္ရာ စံုစမ္းစစ္ေဆးျခင္းနဲ႔ တရားစြဲဆိုျခင္းမ်ား ေဆာင္ရြက္ေရးအဖြဲ႔မွာပါတဲ့ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးနဲ႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ကေန ႏိုင္ငံတကာ ရာဇဝတ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။
အထူးသျဖင့္ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္က ေနရာ ၁၃ ခုမွာ ျဖစ္ပြားခဲ့တဲ့ ရာဇဝတ္မႈေတြထဲကေန အခုခ်ိန္အထိ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနတာဟာ အမႈေပါင္း ၉၁ မႈအထိ ရွိေနပါေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးက ေမလ ၁၅ ရက္ေန႔က ေၾကညာတာပါ။
အခုလို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးရဲ႕ ထုတ္ျပန္ခ်က္ထဲပါတဲ့ တရားစီရင္မႈ စံုစမ္းစစ္ေဆးမႈေတြဟာ အထူးသျဖင့္ ရခုိင္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆိုးဆိုးရြားရြား ႀကံဳေနရတယ္လို႔ စိုးရိမ္ေနတဲ့ ႏုိင္ငံတကာရဲ႕ ယံုၾကည္မႈရေအာင္ ခိုင္မာတဲ့ အေရးယူေဆာင္ရြက္မႈေတြနဲ႔ သက္ေသျပဖို႔ လိုတယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာအဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက အႀကံျပဳပါတယ္။
“ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးအပိုင္းနဲ႔ ပတ္သက္လို႔ကေတာ့ ႏိုင္ငံတကာမွာေရာ ျပည္တြင္းမွာရွိတဲ့ ျပည္သူေတြေရာ ေတာ္ေတာ္မ်ားမ်ားက သံသယရွိတယ္။ တကယ့္ကို သက္ေသအေထာက္အထား အခိုင္အလံုရွိတဲ့ သာမန္ အရပ္သားအမႈေတြေတာင္ ေပ်ာက္သြားတာရွိတယ္။ အခုလိုမ်ိဳး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြျဖစ္တယ္၊ ေနာက္တခုက က်ဴးလြန္တဲ့သူေတြက အစိုးရနဲ႔ သက္ဆိုင္တဲ့အဖြဲ႔ေတြ ေနာက္ အာဏာရရွိထားတဲ့ အဖြဲ႔ေတြက က်ဳးလြန္တဲ့အမႈမ်ိဳး ဆိုလို႔ရွိရင္ ျပည္တြင္းမွာရိွတဲ့ တရားစီရင္ေရးက အေကာင္အထည္ ေဖာ္ႏုိင္မလားဆိုတာ အၿမဲတမ္း သံသယရွိသလို ေမးခြန္းလည္း ထုတ္ခံထိပါတယ္။ ဒါကို ႏုိင္ငံတကာကလည္း အဓိက ေထာက္ျပတယ္။
“ဒီလို ျပည္တြင္းတရားစီရင္ေရးမ႑ိဳင္ အားမေကာင္းတဲ့အတြက္ ႏုိင္ငံတကာ တရားစီရင္မႈကိုပဲ သြားပါဆိုတဲ့ တုိက္တြန္းမႈေတြ ရွိလာတယ္။ ဒါေၾကာင့္ အခုစံုစမ္းတယ္လို႔ က်ေနာ္တို႔သိတယ္။ ဟုတ္ကဲ့ ေကာင္းပါတယ္။ စံုစမ္းၿပီးေတာ့ ထိေရာက္ေသာ အေရးယူမႈ ရလား မရလား အရင္တုန္းကလို ရခုိင္ေဒသမွာပဲ အျပစ္မဲ့ျပည္သူကို သတ္ျဖတ္ပါတယ္ဆိုတဲ့ တပ္မေတာ္သားေတြကို အေရးယူတာ က်ေနာ္တို႔သိတယ္။ ေနာက္ပိုင္းမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လပိုင္းေလာက္ပဲ ေနၿပီးေတာ့ ျပန္လြတ္သြားတယ္ဆိုတဲ့ ကိစၥက ဂုဏ္တက္မယ့္အစား ပိုၿပီးေတာ့ နာမည္ပ်က္စရာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္လို႔ ေရွ႕ေနခ်ဳပ္႐ုံးက လုပ္ေဆာင္တာ ေကာင္းပါတယ္။ အမွန္အတိုင္း သြားေနပါတယ္ဆိုတဲ့ လမ္းေၾကာင္းဆိုတာကို ေျပာႏုိင္ေပမယ့္ ယံုၾကည္မႈရဖို႔ကေတာ့ ေတာ္ေတာ္အားနည္းေနတုန္း ျဖစ္မွာပါ။”
ရခိုင္ျပည္နယ္အေရး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္တဲ့ အႀကံေပးေကာ္မရွင္ အဖြဲ႔ဝင္လည္းျဖစ္ ဘာသာေပါင္းစံု ခ်စ္ၾကည္ၿငိမ္းခ်မ္းေရး ဦးေဆာင္လႈပ္ရွားသူလည္းျဖစ္တဲ့ ဟာဂ်ီဦးေအးလြင္ကေတာ့ အခုလို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးရဲ႕ ရခုိင္အေရး စံုစမ္းစစ္ေဆး ေဖာ္ထုတ္အေရးယူမႈေတြကို ထုတ္ျပန္ေၾကညာခ်က္အေပၚ ႀကိဳဆိုေထာက္ခံၿပီး တကယ္ပဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို က်ဴးလြန္သူေတြကို အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ဖို႔လိုတယ္လို႔ အႀကံေပးပါတယ္။
“တစ္အခ်က္ကေတာ့ အခုက်ဴးလြန္ခဲ့တယ္ဆိုတဲ့ ဟာေတြကို အသိအမွတ္ျပဳၿပီေလ။ ဒါကေတာ့ ေကာင္းတဲ့ေျခလွမ္းတခုေပါ့ေနာ္။ အဲ့ေတာ့ တကယ္က်ဴးလြန္ခံရလို႔ ဒုကၡေရာက္သြားတဲ့ သူေတြကေတာ့ နစ္နာသူ VICTIMS ေတြကေတာ့ သူတို႔ႀကံဳရတဲ့ ဒုကၡေတြကေတာ့ ျပန္ကုစားဖို႔ လြယ္ေတာ့မွာမဟုတ္ဘူး။ သို႔ေသာ္ ျပစ္မႈက်ဴးလြန္ခဲ့တဲ့သူေတြကို ျပစ္မႈနဲ႔ျပစ္ဒဏ္ မွ်ေအာင္ အေရးယူေဆာင္ရြက္ဖို႔ေတာ့ လိုတယ္။ မဟုတ္လို႔ရွိရင္ ျပစ္မႈကို ကာကြယ္ေပးတဲ့ Impunity ဆိုတဲ့ ကာလထဲကို ဝင္သြားလိမ့္မယ္။ အဲ့ဒါေၾကာင့္ တကယ္ျပစ္မႈက်ဳးလြန္တယ္ ဆိုတဲ့သူေတြကို စံုစမ္းစစ္ေဆးတဲ့ေနရာမွာ ေနာက္ေနာင္ ဒီလိုကိစၥရပ္ေတြ မျဖစ္ရေလေအာင္ အဟန္႔အတား ျဖစ္သြားေစပါတယ္။ အဲ့ဒါေၾကာင့္ တိတိက်က် တရားခံမ်ားကို ေဖာ္ထုတ္ဖို႔ရယ္ အေထာက္အထားေတြကို ခိုင္မာေအာင္ တည္ေဆာက္ဖို႔ လိုတယ္လို႔ ေျပာခ်င္ပါတယ္။
“အျပစ္ေပးသလို ဒီလိုအျဖစ္ဆိုးေတြ ထပ္မျဖစ္ေအာင္ လူမႈအသိုင္းအဝိုင္းၾကား သဟဇာတျဖစ္ေအာင္ ဘာသာေပါင္းစံုေတြကလည္း ဝိုင္းႀကိဳးစားေနၾကပါတယ္။ ေနာက္ ႏွစ္ႏိုင္ငံခ်င္းေရာ UNHCR, UNDP စတဲ့ ကုလနဲ႔ေရာ သေဘာတူညီခ်က္ေတြ လက္မွတ္ထပ္ထိုးေနတာေတြရွိတယ္။ အဲ့ေတာ့ နစ္နာသူ ထြက္ေျပးရသူေတြဟာ အခုဆိုရင္ သူတို႔ရဲ႕ ေနရင္းမွာပဲ ျပန္အေျခခ်ေနခ်င္ၾကတယ္။ ေနာက္ သူတို႔ပိုင္ဆိုင္တဲ့ အိုးအိမ္ လယ္ယာ ကၽြဲႏြားေတြ ျပန္မရႏိုင္ေတာင္ ေလ်ာ္ေၾကးေပးရမယ္။ သူတို႔ အသက္ေမြးဝမ္းေၾကာင္းမႈ လူေတြျပန္ေရာက္လာရင္လည္း လုပ္ဖို႔လိုအပ္တယ္။ အဲ့ဒါေလးေတြလည္း အဓိကဦးစားေပး လုပ္ဖို႔လိုတယ္လို႔ က်ေနာ္က ထင္ပါတယ္ခင္ဗ်ာ။”
လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းကေတာ့ ဒီစီရင္မႈေတြနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ အမ်ားျပည္သူ ၾကားနာႏိုင္တဲ့ ခံု႐ံုးေတြဖြင့္ၿပီး အသိေပးသင့္တယ္လို႔ ဆိုပါတယ္။
“ဒါမ်ိဳးကိစၥေတြ စြပ္စြဲခံထိတဲ့သူေတြကို ဘယ္လိုမ်ိဳး အေရးယူလဲ၊ ဘယ္လိုအခ်က္ေတြနဲ႔ ဘယ္ေလာက္အထိ အေရးယူသလဲဆိုတာ ပြင့္လင္းျမင္သာေသာ တရားစီရင္မႈ အမိန္႔ခ်မွတ္မႈေတြကို ျပည္သူလူထုသိေအာင္ လုပ္ေဆာင္ေစခ်င္ပါတယ္။ ဒီလို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ လူအမ်ားၾကားနာႏုိင္တဲ့ တရား႐ံုးနဲ႔ ၾကားနာရမယ္ဆိုတဲ့ အခ်က္ပါတယ္။ ဘယ္လိုအေရးယူၿပီးေတာ့ ဘယ္ေလာက္ထိ လုပ္ေဆာင္ထားသလဲဆိုတာကို ရီပို႔ထဲမွာတင္မကဘဲ ျပည္သူေတြၾကားထဲမွာလည္း ပြင့္ပြင့္လင္းလင္း လုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ္။
“ေနာက္တခုက ရီပို႔တင္ခါနီးမွ ဒီလိုအမႈေတြကို ေျဖရွင္းတာမ်ိဳး မဟုတ္ဘဲနဲ႔ ရခုိင္ျပည္နယ္မွာ တေလွ်ာက္လံုးျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုင္ရွင္မဲ့ဆိုၿပီး ေပ်ာက္သြားတဲ့ အမႈေတြကလည္း အမ်ားႀကီးပဲ။ ဒီအမႈေတြကို စဥ္ဆက္မျပတ္ စုံစမ္းစစ္ေဆးမႈေတြနဲ႔ ထိေရာက္ေသာ အေရးယူေသာ တရားဥပေဒစိုးမိုးမႈနဲ႔ တရားစီရင္မႈ အားေကာင္းဖို႔ဆိုတဲ့ စနစ္ႀကီးကို ထူေထာင္ႏိုင္မွျဖစ္မွာပါ။ ရီပို႔တင္ခါနီးမွ အမႈေတြ တင္ျပတာမ်ိဳး ဆိုရင္ေတာ့ ဟန္ျပသေဘာမ်ိဳးပဲ ျမင္ၾကမွာ ေသခ်ာပါတယ္။”
ရခိုင္ျပည္နယ္ ပဋိပကၡနဲ႔ ပတ္သက္လို႔ စံုစမ္းခဲ့တဲ့ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ Independent Commission Of Enquiry (ICOE) ရဲ႕ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲကပဲ ထုတ္ျပန္ခဲ့တဲ့ အၿပီးသတ္ အစီရင္ခံစာထဲမွာ ရခုိင္ျပည္နယ္ မင္းႀကီးရြာ၊ ခၽြတ္ျပင္ရြာ၊ ေမာင္ႏုရြာနဲ႔ ဂူတာျပင္ေက်းရြာေတြမွာ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြ လက္ခ်က္နဲ႔ အစုလိုက္ အၿပံဳလိုက္ သတ္ခံခဲ့ရတယ္ဆိုတာ ထည့္သြင္းေဖာ္ျပထားပါတယ္။
ရခိုင္ျပည္နယ္တြင္း လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ထားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ႏုိင္ငံတကာတရားခံု႐ံုး (ICJ) မွာ တရားစြဲဆိုခံထားရၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ကုိယ္တုိင္ သြားေရာက္ေျဖရွင္းခဲ့ရတာပါ။ ရခုိင္ျပည္အေရးမွာ ရာဇဝတ္ျပစ္မႈ က်ဳးလြန္သူေတြကို တရား႐ံုးတင္ စံုစမ္းစစ္ေဆးမႈေတြ ေဖာ္ထုတ္အေရးယူမႈေတြဟာ ႏုိင္ငံတကာကိုေရာ ျပည္သူလူထုကိုပါ ပြင့္လင္းျမင္သာစြာနဲ႔ အမ်ားျပည္သူ တက္ေရာက္ႏိုင္တဲ့ တရားခြင္ေတြ ဖြင့္လွစ္ၿပီး ထုတ္ေဖာ္ျပသင့္တယ္လို႔ လူ႔အခြင့္အေရး ေဆာင္ရြက္ေနသူေတြက ေထာက္ျပေျပာဆိုေနၾကတာ ျဖစ္ပါတယ္။
-------------------------------
(Unicode)
ရိုဟင်ဂျာသိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ရာဇဝတ်မှုတွေ အရေးယူနိုင်ရေး အမှုဖွင့်
ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူနေပါတယ်ဆိုတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အကြံပြုချက်တွေအတိုင်း ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုမှုတွေ လုပ်ဆောင်နေပါတယ်လို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာတာပါ။ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့မှာပါတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်က နေရာ ၁၃ ခုမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေထဲကနေ အခုချိန်အထိ အမှုဖွင့် အရေးယူဆောင်ရွက်နေတာဟာ အမှုပေါင်း ၉၁ မှုအထိ ရှိနေပါကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက မေလ ၁၅ ရက်နေ့က ကြေညာတာပါ။
အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲပါတဲ့ တရားစီရင်မှု စုံစမ်းစစ်ဆေးမှုတွေဟာ အထူးသဖြင့် ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ စိုးရိမ်နေတဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ သက်သေပြဖို့ လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။
“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပိုင်းနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာမှာရောပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော တော်တော်များများက သံသယရှိတယ်။ တကယ့်ကို သက်သေအထောက်အထား အခိုင်အလုံရှိတဲ့ သာမန် အရပ်သားအမှုတွေတောင် ပျောက်သွားတာရှိတယ်။ အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်၊ နောက်တခုက ကျူးလွန်တဲ့သူတွေက အစိုးရနဲ့ သက်ဆိုင်တဲ့အဖွဲ့တွေ နောက် အာဏာရရှိထားတဲ့ အဖွဲ့တွေက ကျုးလွန်တဲ့အမှုမျိုး ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ တရားစီရင်ရေးက အကောင်အထည် ဖော်နိုင်မလားဆိုတာ အမြဲတမ်း သံသယရှိသလို မေးခွန်းလည်း ထုတ်ခံထိပါတယ်။ ဒါကို နိုင်ငံတကာကလည်း အဓိက ထောက်ပြတယ်။
“ဒီလို ပြည်တွင်းတရားစီရင်ရေးမဏ္ဍိုင် အားမကောင်းတဲ့အတွက် နိုင်ငံတကာ တရားစီရင်မှုကိုပဲ သွားပါဆိုတဲ့ တိုက်တွန်းမှုတွေ ရှိလာတယ်။ ဒါကြောင့် အခုစုံစမ်းတယ်လို့ ကျနော်တို့သိတယ်။ ဟုတ်ကဲ့ ကောင်းပါတယ်။ စုံစမ်းပြီးတော့ ထိရောက်သော အရေးယူမှု ရလား မရလား အရင်တုန်းကလို ရခိုင်ဒေသမှာပဲ အပြစ်မဲ့ပြည်သူကို သတ်ဖြတ်ပါတယ်ဆိုတဲ့ တပ်မတော်သားတွေကို အရေးယူတာ ကျနော်တို့သိတယ်။ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လပိုင်းလောက်ပဲ နေပြီးတော့ ပြန်လွတ်သွားတယ်ဆိုတဲ့ ကိစ္စက ဂုဏ်တက်မယ့်အစား ပိုပြီးတော့ နာမည်ပျက်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့နေချုပ်ရုံးက လုပ်ဆောင်တာ ကောင်းပါတယ်။ အမှန်အတိုင်း သွားနေပါတယ်ဆိုတဲ့ လမ်းကြောင်းဆိုတာကို ပြောနိုင်ပေမယ့် ယုံကြည်မှုရဖို့ကတော့ တော်တော်အားနည်းနေတုန်း ဖြစ်မှာပါ။”
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး ဦးဆောင်လှုပ်ရှားသူလည်းဖြစ်တဲ့ ဟာဂျီဦးအေးလွင်ကတော့ အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုတွေကို ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုထောက်ခံပြီး တကယ်ပဲ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ အကြံပေးပါတယ်။
“တစ်အချက်ကတော့ အခုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဟာတွေကို အသိအမှတ်ပြုပြီလေ။ ဒါကတော့ ကောင်းတဲ့ခြေလှမ်းတခုပေါ့နော်။ အဲ့တော့ တကယ်ကျူးလွန်ခံရလို့ ဒုက္ခရောက်သွားတဲ့ သူတွေကတော့ နစ်နာသူ VICTIMS တွေကတော့ သူတို့ကြုံရတဲ့ ဒုက္ခတွေကတော့ ပြန်ကုစားဖို့ လွယ်တော့မှာမဟုတ်ဘူး။ သို့သော် ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်မှုနဲ့ပြစ်ဒဏ် မျှအောင် အရေးယူဆောင်ရွက်ဖို့တော့ လိုတယ်။ မဟုတ်လို့ရှိရင် ပြစ်မှုကို ကာကွယ်ပေးတဲ့ Impunity ဆိုတဲ့ ကာလထဲကို ဝင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် တကယ်ပြစ်မှုကျုးလွန်တယ် ဆိုတဲ့သူတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ နောက်နောင် ဒီလိုကိစ္စရပ်တွေ မဖြစ်ရလေအောင် အဟန့်အတား ဖြစ်သွားစေပါတယ်။ အဲ့ဒါကြောင့် တိတိကျကျ တရားခံများကို ဖော်ထုတ်ဖို့ရယ် အထောက်အထားတွေကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
“အပြစ်ပေးသလို ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် လူမှုအသိုင်းအဝိုင်းကြား သဟဇာတဖြစ်အောင် ဘာသာပေါင်းစုံတွေကလည်း ဝိုင်းကြိုးစားနေကြပါတယ်။နောက် နှစ်နိုင်ငံချင်းရော UNHCR, UNDP စတဲ့ ကုလနဲ့ရော သဘောတူညီချက်တွေ လက်မှတ်ထပ်ထိုးနေတာတွေရှိတယ်။ အဲ့တော့ နစ်နာသူ ထွက်ပြေးရသူတွေဟာ အခုဆိုရင် သူတို့ရဲ့ နေရင်းမှာပဲ ပြန်အခြေချနေချင်ကြတယ်။ နောက် သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ် လယ်ယာ ကျွဲနွားတွေ ပြန်မရနိုင်တောင် လျော်ကြေးပေးရမယ်။ သူတို့ အသက်မွေးဝမ်းကြောင်းမှု လူတွေပြန်ရောက်လာရင်လည်း လုပ်ဖို့လိုအပ်တယ်။ အဲ့ဒါလေးတွေလည်း အဓိကဦးစားပေး လုပ်ဖို့လိုတယ်လို့ ကျနော်က ထင်ပါတယ်ခင်ဗျာ။”
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ ဒီစီရင်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူ ကြားနာနိုင်တဲ့ ခုံရုံးတွေဖွင့်ပြီး အသိပေးသင့်တယ်လို့ ဆိုပါတယ်။
“ဒါမျိုးကိစ္စတွေ စွပ်စွဲခံထိတဲ့သူတွေကို ဘယ်လိုမျိုး အရေးယူလဲ၊ ဘယ်လိုအချက်တွေနဲ့ ဘယ်လောက်အထိ အရေးယူသလဲဆိုတာ ပွင့်လင်းမြင်သာသော တရားစီရင်မှု အမိန့်ချမှတ်မှုတွေကို ပြည်သူလူထုသိအောင် လုပ်ဆောင်စေချင်ပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ လူအများကြားနာနိုင်တဲ့ တရားရုံးနဲ့ ကြားနာရမယ်ဆိုတဲ့ အချက်ပါတယ်။ ဘယ်လိုအရေးယူပြီးတော့ ဘယ်လောက်ထိ လုပ်ဆောင်ထားသလဲဆိုတာကို ရီပို့ထဲမှာတင်မကဘဲ ပြည်သူတွေကြားထဲမှာလည်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
“နောက်တခုက ရီပို့တင်ခါနီးမှ ဒီလိုအမှုတွေကို ဖြေရှင်းတာမျိုး မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ တလျှောက်လုံးဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုင်ရှင်မဲ့ဆိုပြီး ပျောက်သွားတဲ့ အမှုတွေကလည်း အများကြီးပဲ။ ဒီအမှုတွေကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ထိရောက်သော အရေးယူသော တရားဥပဒေစိုးမိုးမှုနဲ့ တရားစီရင်မှု အားကောင်းဖို့ဆိုတဲ့ စနစ်ကြီးကို ထူထောင်နိုင်မှဖြစ်မှာပါ။ ရီပို့တင်ခါနီးမှ အမှုတွေ တင်ပြတာမျိုး ဆိုရင်တော့ ဟန်ပြသဘောမျိုးပဲ မြင်ကြမှာ သေချာပါတယ်။”
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် Independent Commission Of Enquiry (ICOE) ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကပဲ ထုတ်ပြန်ခဲ့တဲ့ အပြီးသတ် အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ် မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နုရွာနဲ့ ဂူတာပြင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ အစုလိုက် အပြုံလိုက် သတ်ခံခဲ့ရတယ်ဆိုတာ ထည့်သွင်းဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားစွဲဆိုခံထားရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရတာပါ။ ရခိုင်ပြည်အရေးမှာ ရာဇဝတ်ပြစ်မှု ကျုးလွန်သူတွေကို တရားရုံးတင် စုံစမ်းစစ်ဆေးမှုတွေ ဖော်ထုတ်အရေးယူမှုတွေဟာ နိုင်ငံတကာကိုရော ပြည်သူလူထုကိုပါ ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူ တက်ရောက်နိုင်တဲ့ တရားခွင်တွေ ဖွင့်လှစ်ပြီး ထုတ်ဖော်ပြသင့်တယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြပြောဆိုနေကြတာ ဖြစ်ပါတယ်။