(Zawgyi / Unicode)
ျမန္မာတပ္မေတာ္ အျပင္းအထန္ ထိုးစစ္ဆင္ တုိက္ခိုက္ေနတဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အျပစ္မဲ့ အရပ္သားေတြအေပၚ ဥပေဒမဲ့ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြကို ႏိုင္ငံတကာအေနနဲ႔ စံုစမ္းစစ္ေဆးဖို႔ လံုၿခံဳေရးေကာင္စီအေနနဲ႔ အစည္းအေ၀းဆင့္ေခၚဖို႔ World Kachin Congress ကမၻာလံုးဆိုင္ရာ ကခ်င္ကြန္ဂရက္က ေတာင္းဆိုလိုက္ပါတယ္။
ဧၿပီလ ၂၅ ရက္ေန႔ထုတ္ျပန္တဲ့ အဖဲြ႔ရဲ႕ေၾကညာခ်က္မွာ ကမၻာ့ကပ္ေရာဂါ COVID-19 ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး မလုပ္ႏိုင္ဘဲ စစ္ပဲြေတြ ဦးစားေပးတိုက္ခိုက္ေနၿပီး အျပစ္မဲ့ျပည္သူေတြ ေသဆံုးေနရတဲ့ ျဖစ္ရပ္ကို စိုးရိမ္မကင္းျဖစ္မိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနေတြကို ဟန္႔တားႏုိင္ေရး လံုၿခံဳေရးေကာင္စီအေနနဲ႔ ၀င္ေရာက္ကူညီဖို႔ WKC ဥကၠ႒ Gum San NSang က ဗီြအိုေအကို ေျပာပါတယ္။
"ျမန္မာႏိုင္ငံနဲ႔ပတ္သက္ရင္ ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္တာက ကုလသမဂၢ လံုၿခံဳေရးေကာင္စီတခုပဲ က်ေနာ္တို႔ ျမင္ေနရပါတယ္။ လူေတြ အမ်ားႀကီး ေသေက်ပ်က္စီးရတယ္။ ဒီေလာက္ႀကီး အျပစ္မဲ့ျပည္သူေတြ ဆံုး႐ႈံးရတာကို ၾကည့္မေနဘဲနဲ႔ တခုခုအေျဖရွာဖို႔ အခ်ိန္ေရာက္ေနပါၿပီ။"
ဒါ့အျပင္ ကုလသမဂၢပိုင္ ေမာ္ေတာ္ကားတစီး အပါအ၀င္ အျပစ္မဲ့ ျပည္သူလူထုေတြကို ပစ္မွတ္ထားၿပီး လက္နက္ႀကီးေတြ ဗံုးႀကဲ ပစ္ခတ္တိုက္ခိုက္တာေတြကိုလည္း ျပင္းျပင္းထန္ထန္ ကန္ကြက္႐ႈတ္ခ်ေၾကာင္း WKC ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ရခိုင္၊ ခ်င္းျပည္နယ္က ရြာသူရြာသားေတြရဲ႕ အေျခအေနကုိ အလြန္စိုးရိမ္မကင္း ျဖစ္မိေၾကာင္းလည္း ဥကၠ႒ Gum San NSang က ေျပာပါတယ္။
အရင္ ႏွစ္ေပါင္း ၆၀ ေက်ာ္ကတည္းက ကခ်င္၊ ကရင္၊ ရွမ္းျပည္နယ္ေတြက တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြကို ေခ်မွဳန္းတိုက္ခိုက္ခဲ့တဲ့ နည္းလမ္းအတိုင္း အခု ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္က တိုက္ခိုက္ေနတာ ျဖစ္တယ္လို႔လည္း Gum San NSang က ဆိုပါတယ္။
AA ရခိုင္လက္နက္ကိုင္အဖဲြ႔ အပါအ၀င္ ရွမ္းနဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖဲြ႔ေတြက ကိုဗစ္ေရာဂါ ကပ္ေဘးကာလ တိုက္ခိုက္မႈေတြ ရပ္ဆိုင္းထားဖို႔ ဧၿပီလ ၁ ရက္ေန႔က အဆိုျပဳခဲ့ေပမယ့္ ျမန္မာတပ္မေတာ္ဘက္က ပယ္ခ်ခဲ့တာေၾကာင့္ တိုက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနဆဲ ရွိပါတယ္။
---------------------------
(Unicode)
ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို
မြန်မာတပ်မတော် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အပြစ်မဲ့ အရပ်သားတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အစည်းအဝေးဆင့်ခေါ်ဖို့ World Kachin Congress ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက်က တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရင်ဆိုင်နေရတဲ့အချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေး မလုပ်နိုင်ဘဲ စစ်ပွဲတွေ ဦးစားပေးတိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့ ဖြစ်ရပ်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ဟန့်တားနိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ဝင်ရောက်ကူညီဖို့WKC ဥက္ကဋ္ဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတခုပဲ ကျနော်တို့ မြင်နေရပါတယ်။ လူတွေ အများကြီး သေကျေပျက်စီးရတယ်။ ဒီလောက်ကြီး အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးရတာကို ကြည့်မနေဘဲနဲ့ တခုခုအဖြေရှာဖို့ အချိန်ရောက်နေပါပြီ။"
ဒါ့အပြင် ကုလသမဂ္ဂပိုင် မော်တော်ကားတစီး အပါအဝင် အပြစ်မဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ပြင်းပြင်းထန်ထန် ကန်ကွက်ရှုတ်ချကြောင်း WKC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်၊ ချင်းပြည်နယ်က ရွာသူရွာသားတွေရဲ့ အခြေအနေကို အလွန်စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ဥက္ကဋ္ဌ Gum San NSang က ပြောပါတယ်။
အရင် နှစ်ပေါင်း ၆၀ ကျော်ကတည်းက ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ နည်းလမ်းအတိုင်း အခု ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း Gum San NSang က ဆိုပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် ရှမ်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ကိုဗစ်ရောဂါ ကပ်ဘေးကာလ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ဧပြီလ ၁ ရက်နေ့က အဆိုပြုခဲ့ပေမယ့် မြန်မာတပ်မတော်ဘက်က ပယ်ချခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။