သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ AA တုိက္ပြဲေတြေၾကာင့္ ၃ပတ္အတြင္း လူ ၃၂ ဦး ေသဆုံးဟု ကုလေျပာ


ရခိုင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ထဲ ျမန္မာစစ္တပ္နဲ႔ ရခိုင္ လက္နက္ကိုင္ AA တပ္ဖြဲ႕တို႔အၾကား အရွိန္ျမင့္တက္လာေနတဲ့လတ္တေလာ တိုက္ပြဲေတြေၾကာင့္ အရပ္သား ၃၂ ဦး ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢ လူ႔အခြင့္ အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံး (OHCHR) ေျပာ ခြင့္ရ Rupert Colville က ေျပာပါတယ္။

ျမန္မာ စစ္တပ္က ေန႔တိုင္းလိုလို လူရွိရာ ေနရာေတြမွာ ေလေၾကာင္းက ဗုံးၾကဲတိုက္ခိုက္ေနလို႔ မတ္လ ၂၃ ရက္ေန႔ကစၿပီး အနည္းဆုံး လူ ၃၂ ေယာက္ ေသဆုံးၿပီး ၇၂ ေယာက္ ဒဏ္ရာ ရေၾကာင္း၊ အမ်ားစုဟာ အမ်ိဳးသမီးနဲ႔ ကေလးေတြျဖစ္ေၾကာင္း၊ ျမန္မာစစ္တပ္ဟာ ေနအိမ္ေတြနဲ႔ ေက်ာင္းေတြကိုလည္း ဖ်က္ဆီးခဲ့ေၾကာင္း ေသာၾကာေန႔က ဂ်ီနီဗာၿမိဳ႕မွာလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ OHCHR ေျပာခြင့္ရ Rupert Colville က ေျပာပါတယ္။ ေသဆုံးသူ ၃၂ ဦးစလုံး အရပ္သားေတြ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာေၾကာင့္ ရခိုင္ျပည္နယ္ကေန တိက်တဲ့ သတင္းေတြ ရဖို႔ ခက္ခဲ ေၾကာင္း၊ ဒါေၾကာင့္ အခု ထိခိုက္ ေသဆုံးမႈဟာ ပစ္မွတ္ထား တိုက္ခိုက္ခံရလို႔လား၊ တိုက္ပြဲၾကား ပိတ္မိလို႔ ေသဆုံးတာလား ဆိုတာ သဲသဲကြဲကြဲ မသိရေၾကာင္း လည္း သူက ေျပာပါတယ္။

ျမန္မာစစ္တပ္က ေျပာခြင့္ ဗိုလ္ခ်ဳပ္ ထြန္းညီညီကေတာ့ အဲဒီမွာ ျဖစ္ပ်က္ေနတာေတြနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ထားၿပီး ျဖစ္လို႔ ဖတ္ၾကည့္နိုင္ေၾကာင္းနဲ႔ ေနာက္ထပ္ ေျပာစရာ မရွိေၾကာင္း ရိုက္တာသတင္းဌာနကို ေျပာပါတယ္။ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျမန္မာ စစ္တပ္က ျငင္းဆန္ေလ့ရွိပါတယ္။

တနလၤာေန႔က ရခိုင္ျပည္နယ္အတြင္းက ေက်ာက္ဆိပ္ရြာမွာ လူ ၉ ဦး ေသဆုံးတယ္လို႔ ေဒသခံ တာဝန္ရွိသူေတြနဲ႔ ေဒသခံ တစ္ဦး က ရိုက္တာကို ေျပာၿပီးတဲ့ေနာက္မွာ အဲဒီ သတင္းဟာ မမွန္သတင္းလို႔ ျမန္မာ စစ္တပ္က ေျပာပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ေနခ်ိန္မွာ တိုက္ပြဲေတြ ရပ္ဆိုင္းထားဖို႔ အေမရိကန္နဲ႔ ၿဗိတိန္နိုင္ငံေတြ အပါအဝင္ နိုင္ငံအမ်ားက ေတာင္းဆိုထားေပမဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တိုက္ပြဲေတြက ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲ ကိုရိုနာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၅ ဦး ရွိၿပီး အဲဒီအထဲ ၄ ဦး ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ၃ ပတ်အတွင်း လူ ၃၂ ဦး သေဆုံးဟု ကုလပြော

(Unicode)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲ မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့တို့အကြား အရှိန်မြင့်တက်လာနေတဲ့လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြော ခွင့်ရ Rupert Colville က ပြောပါတယ်။

မြန်မာ စစ်တပ်က နေ့တိုင်းလိုလို လူရှိရာ နေရာတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေလို့ မတ်လ ၂၃ ရက်နေ့ကစပြီး အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၇၂ ယောက် ဒဏ်ရာ ရကြောင်း၊ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နေအိမ်တွေနဲ့ ကျောင်းတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သောကြာနေ့က ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ OHCHR ပြောခွင့်ရ Rupert Colville က ပြောပါတယ်။ သေဆုံးသူ ၃၂ ဦးစလုံး အရပ်သားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ရခိုင်ပြည်နယ်ကနေ တိကျတဲ့ သတင်းတွေ ရဖို့ ခက်ခဲ ကြောင်း၊ ဒါကြောင့် အခု ထိခိုက် သေဆုံးမှုဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရလို့လား၊ တိုက်ပွဲကြား ပိတ်မိလို့ သေဆုံးတာလား ဆိုတာ သဲသဲကွဲကွဲ မသိရကြောင်း လည်း သူက ပြောပါတယ်။

မြန်မာစစ်တပ်က ပြောခွင့် ဗိုလ်ချုပ် ထွန်းညီညီကတော့ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပြီး ဖြစ်လို့ ဖတ်ကြည့်နိုင်ကြောင်းနဲ့ နောက်ထပ် ပြောစရာ မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ စစ်တပ်က ငြင်းဆန်လေ့ရှိပါတယ်။

တနင်္လာနေ့က ရခိုင်ပြည်နယ်အတွင်းက ကျောက်ဆိပ်ရွာမှာ လူ ၉ ဦး သေဆုံးတယ်လို့ ဒေသခံ တာဝန်ရှိသူတွေနဲ့ ဒေသခံ တစ်ဦး က ရိုက်တာကို ပြောပြီးတဲ့နောက်မှာ အဲဒီ သတင်းဟာ မမှန်သတင်းလို့ မြန်မာ စစ်တပ်က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နေချိန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ အပါအဝင် နိုင်ငံအများက တောင်းဆိုထားပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ဦး ရှိပြီး အဲဒီအထဲ ၄ ဦး သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG