သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း COVID-19 ကာကြယ္တားဆီးေရး ေဒၚလာ ၂.၂ သန္း ကုလကူညီ


COVID-19 အႏၲရာယ္ကာကြယ္ရန္ ႏွာေခါင္းစည္းတပ္ၿပီး စားစရာအလွဴေစာင့္ေနသည့္ ဆိုက္ကားဆရာတဦး။ (ရန္ကုန္၊ ဧၿပီ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္တြင္းမွာ COVID-19 ေရာဂါ ကာကြယ္ တားဆီးေရးအတြက္ ကုလသမဂၢအေနနဲ႔ အကူအညီေတြ ေပးသြားမွာ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢ႐ုံးက ေၾကညာလိုက္ပါတယ္။

ဒီကေန႔ ဧၿပီလ ၁၁ ရက္ ေန႔စဲြနဲ႔ ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာေတာ့ ရခုိင္ျပည္နယ္အတြင္းမွာ COVID-19 ေရာဂါ မျပန္႔ပြားရေအာင္ ကာကြယ္တားဆီးဖို႔အတြက္ အေမရိကန္ေဒၚလာ ၂.၂ သန္းေက်ာ္ သုံးစဲြသြားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

ဒီအကူအညီေတြကိုေတာ့ ကုလသမဂၢအဖဲြ႔၀င္ႏုိင္ငံ ၇ ႏုိင္ငံက ေထာက္ပံ့ေပးထားတဲ့ အသက္ေမြး၀မ္းေက်ာင္းမႈနဲ႔ စားနပ္ရိကၡာလုံၿခဳံေရး ရန္ပုံေငြ (LIFT) အစီအစဥ္ေအာက္ကေန ေပးတာျဖစ္ၿပီး ရခုိင္ျပည္နယ္တြင္းက အကူအညီေတြ လိုအပ္ေနတဲ့ ထိခုိက္နစ္နာလြယ္သူေတြနဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြကို ေပးသြားမွာျဖစ္တယ္လုိ႔ ေျပာထားပါတယ္။

ဒါ့အျပင္ ကုလသမဂၢအေနနဲ႔ ယာယီစခန္းေတြမွာရွိတဲ့ လူေတြအတြက္ တကိုယ္ေရသန္႔ရွင္းေရးနဲ႔ က်န္းမာေရး အေထာက္အပံ့ပစၥည္းေတြ အပါအ၀င္ ပိုေကာင္းမြန္တဲ့ ေရနဲ႔ မိလႅာစနစ္ ရရွိေစဖို႔အတြက္ အစိုးရဌာနေတြ၊ ေဒသခံ အဖဲြ႔အစည္းေတြ အပါအ၀င္ ႏုိင္ငံတကာ မိတ္ဖက္အဖဲြ႔အစည္းေတြနဲ႔လည္း ပူးေပါင္း အကူအညီေပးေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ စစ္ေတြနဲ႔ ဘူးသီးေတာင္ၿမိဳ႕ေတြမွာလည္း ေရာဂါကာကြယ္ေရးအတြက္ လက္ေဆးစင္ေတြ ေဆာက္လုပ္တာ အပါအ၀င္ ဆပ္ျပာနဲ႔ လက္သန္႔စင္ေဆးရည္လို တကိုယ္ေရသုံး ပစၥည္းေတြကိုလည္း ျဖန္႔ျဖဴးေပးခဲ့ၿပီး ေရႊ႕ေျပာင္းလာသူေတြအတြက္ လုပ္ေပးထားတဲ့ စခန္းေတြနဲ႔ ေက်းရြာေတြမွာလည္း COVID-19 နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ျဖန္႔ေ၀ေပးႏုိင္ခဲ့တယ္လို႔ ဆုိပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ကိုယ္စားလွယ္ Mr. Ola Almgren ကေတာ့ ေရာဂါကာကြယ္ေရးအတြက္ အားလုံး စည္းစည္းလုံးလုံး လုပ္ေဆာင္ေနတဲ့အေပၚမွာ ဂုဏ္ယူေၾကာင္း၊ လုုပ္ငန္းေတြေအာင္ျမင္ဖို႔ အကူအညီေတြ ပံ့ပိုးေပးတဲ့သူေတြကို ေက်းဇူးတင္တယ္လို႔လည္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်တားဆီးရေး ဒေါ်လာ ၂.၂ သန်း ကုလကူညီ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ COVID-19 ရောဂါ မပြန့်ပွားရအောင် ကာကွယ်တားဆီးဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် သုံးစွဲသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီအကူအညီတွေကိုတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံက ထောက်ပံ့ပေးထားတဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာလုံခြုံရေး ရန်ပုံငွေ (LIFT) အစီအစဉ်အောက်ကနေ ပေးတာဖြစ်ပြီး ရခိုင်ပြည်နယ်တွင်းက အကူအညီတွေ လိုအပ်နေတဲ့ ထိခိုက်နစ်နာလွယ်သူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ပေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ယာယီစခန်းတွေမှာရှိတဲ့ လူတွေအတွက် တကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေ အပါအဝင် ပိုကောင်းမွန်တဲ့ ရေနဲ့ မိလ္လာစနစ် ရရှိစေဖို့အတွက် အစိုးရဌာနတွေ၊ ဒေသခံ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း အကူအညီပေးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တွေနဲ့ ဘူးသီးတောင်မြို့တွေမှာလည်း ရောဂါကာကွယ်ရေးအတွက် လက်ဆေးစင်တွေ ဆောက်လုပ်တာ အပါအဝင် ဆပ်ပြာနဲ့ လက်သန့်စင်ဆေးရည်လို တကိုယ်ရေသုံး ပစ္စည်းတွေကိုလည်း ဖြန့်ဖြူးပေးခဲ့ပြီး ရွှေ့ပြောင်းလာသူတွေအတွက် လုပ်ပေးထားတဲ့ စခန်းတွေနဲ့ ကျေးရွာတွေမှာလည်း COVID-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ola Almgren ကတော့ ရောဂါကာကွယ်ရေးအတွက် အားလုံး စည်းစည်းလုံးလုံး လုပ်ဆောင်နေတဲ့အပေါ်မှာ ဂုဏ်ယူကြောင်း၊ လုပ်ငန်းတွေအောင်မြင်ဖို့ အကူအညီတွေ ပံ့ပိုးပေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောထားပါတယ်။

XS
SM
MD
LG