(Zawgyi)
ရခိုင္ျပည္နယ္မင္းျပား နဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကိုင္တပ္ဖဲြ႔ (AA) တုိ႔ၾကား တုိက္ပဲြေတြ အျပင္းအထန္ျဖစ္ပြာေနတယ္လို႔ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။
ကမၻာအႏွံ Covid ကပ္ေရာဂါ အၾကပ္အတည္းေၾကာင့္ စစ္ပဲြေတြရပ္တန္႔ၿပီး ေရာဂါထိန္းခ်ဳပ္ေရးကို အာရံုစိုက္ဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က တိုက္တြန္းေနခ်ိန္မွာပဲ၊ ျမန္မာႏိုင္ငံအေနာက္ျခမ္း ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္ နယ္စပ္ေတြမွာေတာ့ တုိက္ပဲြေတြက ျပင္းျပင္းထန္ထန္ရွိေနတုန္းပါ။
ဒီေန႕ေသာၾကာေန႔ မနက္ဘက္မွာ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးနဲ႕ေရႊက်င္ေဒသပတ္၀န္းက်င္မွာ ျမန္မာ စစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္ (AA) အဖြဲ႕တို႕တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႕ မင္းျပားမဲဆႏၵနယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ဦးစစ္နိုင္ကေျပာပါတယ္။
“မနက္ပိုင္းမွာ ရာေမာင္ရယ္ ေနာက္ရာေမာင္တဖက္ကမ္းေပါ့ေနာ္။ ငဇင္ရိုင္းေခ်ာင္းရဲ႕ ဟိုဟာမ်က္ေမွာက္ေတာ္ ဘုရား ရဲ႕အေပၚဖက္မွာျဖစ္တယ္လို႕ၾကားတယ္။ တိုက္ပြဲေပါ့ေလ။ အခု(၁၂)နာရီခြဲေလာက္ကေန (၁)နာရီခြဲ ေလာက္အထိ ကို ေရႊက်င္ေအာက္ဖက္ေပါ့ သာစည္ ပုလဲေတာင္အေရွ႕ဖက္ေတာင္တန္းေတြကို ဂ်က္ဖိုက္တာႏွစ္စီးနဲ႕ဗုံးၾကဲေနတယ္ လို႕ ရြာကဖုန္းဆက္ပါတယ္။”
မင္းျပားျမိဳ႕နယ္ရာေမာင္တံတားအနီးတိုက္ပြဲမွာ ျမန္မာစစ္တပ္ဖက္က ထိခိုက္ဒဏ္ရာရမႈရိွတဲ့အျပင္၊ စစ္သည္အခ်ိဳ႕ ဖမ္းဆီးခံရတာျဖစ္ခဲ့တယ္လို႔ စစ္တပ္နဲ႕နီးစပ္သူေဒသခံ တဦးက ေျပာပါတယ္။
“စစ္တပ္ဖက္ကထိခိုက္မွဳမ်ားတယ္။ ဖမ္းထားတယ္လို႕ေတာ့ေျပာတယ္သူတို႕ဗိုလ္ၾကီးတေယာက္။ ဖမ္းထားတဲ့ အေၾကာင္းေတာ့ေျပာတယ္။ အတိအက်မေျပာေသးဘူး။”
ဒါေပမဲ့ ဒီမနက္မင္းျပားတိုက္ပြဲျဖစ္ပြါးတဲ့အေၾကာင္း မသိရွိေသးဘူးလို႔ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ ဒီဧျပီလ(၁၀)ရက္ေန႕ဟာ ရခိုင္တပ္ေတာ္ (AA) တည္ေထာင္တဲ့(၁၁)ႏွစ္ျပည့္တဲ့ေန႕ျဖစ္သလို (၁၁)ႏွစ္ျပည့္အထိမ္း အမွတ္အေနနဲ႕ ျမိဳ႕အတြင္း အခ်က္ခ်ာက်တဲ့ ရာေမာင္တပ္မေတာ္စခန္းေတြကို ပစ္မွတ္ထားတိုက္ပြဲပုံေဖၚ တာျဖစ္နိုင္တယ္လို႕လဲ ေဒသခံေတြက ေျပာပါတယ္။
မႏွစ္ကဧျပီလ(၁၀)ရက္ေန႕မွာလဲ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ အတြင္းရဲတပ္ရင္းနဲ႕လက္နက္ၾကီးစခန္းေတြကို AAဘက္က ၀င္ေရာက္တိုက္ခိုက္တဲ့ျဖစ္စဥ္ရွိခဲ့ပါတယ္။ မေန႕ကလဲပုဏၰားက်ြန္းျမိဳ႕နယ္ ေတာေခ်ာင္းဖ်ားေဒသဖက္မွာ ျမန္မာစစ္တပ္နဲ႕AAရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ အၾကား တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့တယ္လို႕ ပုဏၰားက်ြန္းမဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။
“မနက္ပိုင္းကတည္းကျဖစ္တယ္။ အဲဒီ လက္၀ဲစာတိုက္နဲ႕ေပါက္ေတာျပင္ၾကားဆိုတာ အဲဒီေတာင္တန္းတေလွ်ာက္ မွာ ျဖစ္ေနတာ။ မေန႕ကေတာ့အျပင္းထန္ဆုံးဘဲ။ တနာရီေလာက္ကတည္းက ရဟတ္ယာဥ္နဲ႕ဗုံးေတြၾကဲတယ္။ ပစ္တယ္။ တေန႕လုံးေပါ့။ (၅)နာရီနီးပါးမွာမွ ဟယ္လီေကာ္ပတာေတြျပန္သြားတယ္။”
မေန႕ကပုဏၰားက်ြန္းျမိဳ႕နယ္အတြင္းျဖစ္ပြါးခဲ့တဲ့တိုက္ပြဲမွာ ႏွစ္ဖက္ထိခိုက္မွဳရွိခဲ့တယ္လို႕ တပ္မေတာ္ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
“ပုဏၰားက်ြန္းဖက္မွာေတာ့ မေန႕ကေတာ့ကြ်န္ေတာ္တို႕ ထိေတြ႕မွဳရွိတယ္။ ေပါက္ေတာျပင္ရဲ႕အေရွ႕ဖက္မွာကြ်န္ေတာ္တို႕ ျဖစ္တာျဖစ္တယ္။ (၃)ေနရာေနၿပီးေတာ့က (AA) က remote မိုင္းဆြဲျပီးတိုက္ခိုက္တာရွိတယ္။ ကြ်န္ေတာ္တို႕ဆီက ဒဏ္ရာ ရရွိသူအနည္းငယ္ရွိတယ္။ (AA) ဖက္ကလဲ လက္နက္ခဲယမ္းရရွိခဲ့တာရွိပါတယ္ဗ်ာ။”
တိုက္ပြဲျဖစ္ပြါးရာအနီးက ပိနၷဲေတာ၊ နွီးပုဆိုး၊ ဖက္က်၊ ေပါက္ေတာျပင္ စတဲ့ေက်းရြာေတြမွာ ရက္ဆက္ဆိုသလိုျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္ကေနစြန္႕ခြါထြက္ေျပးေနၾကတဲ့အတြက္ လူအထိခိုက္မရွိဘူးလို႕ေဒသခံေတြက ဆိုပါတယ္။
မင္းျပားနဲ႕ ပုဏၰားက်ြန္းျမိဳ႕နယ္အတြင္းျဖစ္ပြါးခဲ့တဲ့တိုက္ပြဲအေျခအေနကိုသိရွိဖို႕ (AA) ေျပာခြင့္ရကို ဆက္သြယ္လို႕ မရရွိခဲ့ပါဘူး။ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕အၾကား တိုက္ပဲြေတြ တေန႔ထက္တေန႕ျပင္းထန္လာသလို တိုက္ပြဲျဖစ္စဥ္အတြင္းေဒသခံရြာသားတသိန္းခြဲေက်ာ္ စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။
(Unicode)
ရခိုင်ပြည်နယ်မင်းပြား နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွာနေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလွယ္ေတြက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန္က သတင်းပေးပို့ထားပါတယ်။
ကမ္ဘာအနှံ Covid ကပ်ရောဂါ အကြပ်အတည်းကြောင့် စစ်ပွဲတွေရပ်တန့်ပြီး ရောဂါထိန်းချုပ်ရေးကို အာရုံစိုက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တိုက်တွန်းနေချိန်မှာပဲ၊ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်စပ်တွေမှာတော့ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ရှိနေတုန်းပါ။
ဒီနေ့သောကြာနေ့ မနက်ဘက်မှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီးနဲ့ရွှေကျင်ဒေသပတ်ဝန်းကျင်မှာ မြန်မာ စစ်တပ်နဲ့ရခိုင်လက်နက်ကိုင် (AA) အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းပြားမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစစ်နိုင်ကပြောပါတယ်။
“မနက်ပိုင်းမှာ ရာမောင်ရယ် နောက်ရာမောင်တဖက်ကမ်းပေါ့နော်။ ငဇင်ရိုင်းချောင်းရဲ့ ဟိုဟာမျက်မှောက်တော် ဘုရား ရဲ့အပေါ်ဖက်မှာဖြစ်တယ်လို့ကြားတယ်။ တိုက်ပွဲပေါ့လေ။ အခု(၁၂)နာရီခွဲလောက်ကနေ (၁)နာရီခွဲ လောက်အထိ ကို ရွှေကျင်အောက်ဖက်ပေါ့ သာစည် ပုလဲတောင်အရှေ့ဖက်တောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲနေတယ် လို့ ရွာကဖုန်းဆက်ပါတယ်။”
မင်းပြားမြို့နယ်ရာမောင်တံတားအနီးတိုက်ပွဲမှာ မြန်မာစစ်တပ်ဖက်က ထိခိုက်ဒဏ်ရာရမှုရှိတဲ့အပြင်၊ စစ်သည်အချို့ ဖမ်းဆီးခံရတာဖြစ်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူဒေသခံ တဦးက ပြောပါတယ်။
“စစ်တပ်ဖက်ကထိခိုက်မှုများတယ်။ ဖမ်းထားတယ်လို့တော့ပြောတယ်သူတို့ဗိုလ်ကြီးတယောက်။ ဖမ်းထားတဲ့ အကြောင်းတော့ပြောတယ်။ အတိအကျမပြောသေးဘူး။”
ဒါပေမဲ့ ဒီမနက်မင်းပြားတိုက်ပွဲဖြစ်ပွါးတဲ့အကြောင်း မသိရှိသေးဘူးလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒီဧပြီလ(၁၀)ရက်နေ့ဟာ ရခိုင်တပ်တော် (AA) တည်ထောင်တဲ့(၁၁)နှစ်ပြည့်တဲ့နေ့ဖြစ်သလို (၁၁)နှစ်ပြည့်အထိမ်း အမှတ်အနေနဲ့ မြို့အတွင်း အချက်ချာကျတဲ့ ရာမောင်တပ်မတော်စခန်းတွေကို ပစ်မှတ်ထားတိုက်ပွဲပုံဖေါ် တာဖြစ်နိုင်တယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။
မနှစ်ကဧပြီလ(၁၀)ရက်နေ့မှာလဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အတွင်းရဲတပ်ရင်းနဲ့လက်နက်ကြီးစခန်းတွေကို AAဘက်က ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ မနေ့ကလဲပုဏ္ဏားကျွန်းမြို့နယ် တောချောင်းဖျားဒေသဖက်မှာ မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။
“မနက်ပိုင်းကတည်းကဖြစ်တယ်။ အဲဒီ လက်ဝဲစာတိုက်နဲ့ပေါက်တောပြင်ကြားဆိုတာ အဲဒီတောင်တန်းတလျှောက် မှာ ဖြစ်နေတာ။ မနေ့ကတော့အပြင်းထန်ဆုံးဘဲ။ တနာရီလောက်ကတည်းက ရဟတ်ယာဉ်နဲ့ဗုံးတွေကြဲတယ်။ ပစ်တယ်။ တနေ့လုံးပေါ့။ (၅)နာရီနီးပါးမှာမှ ဟယ်လီကော်ပတာတွေပြန်သွားတယ်။”
မနေ့ကပုဏ္ဏားကျွန်းမြို့နယ်အတွင်းဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ပုဏ္ဏားကျွန်းဖက်မှာတော့ မနေ့ကတော့ကျွန်တော်တို့ ထိတွေ့မှုရှိတယ်။ ပေါက်တောပြင်ရဲ့အရှေ့ဖက်မှာကျွန်တော်တို့ ဖြစ်တာဖြစ်တယ်။ (၃)နေရာနေပြီးတော့က (AA) က remote မိုင်းဆွဲပြီးတိုက်ခိုက်တာရှိတယ်။ ကျွန်တော်တို့ဆီက ဒဏ်ရာ ရရှိသူအနည်းငယ်ရှိတယ်။ (AA) ဖက်ကလဲ လက်နက်ခဲယမ်းရရှိခဲ့တာရှိပါတယ်ဗျာ။”
တိုက်ပွဲဖြစ်ပွါးရာအနီးက ပိန္နဲတော၊ နှီးပုဆိုး၊ ဖက်ကျ၊ ပေါက်တောပြင် စတဲ့ကျေးရွာတွေမှာ ရက်ဆက်ဆိုသလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ကနေစွန့်ခွါထွက်ပြေးနေကြတဲ့အတွက် လူအထိခိုက်မရှိဘူးလို့ဒေသခံတွေက ဆိုပါတယ်။
မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအခြေအနေကိုသိရှိဖို့ (AA) ပြောခွင့်ရကို ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ တနေ့ထက်တနေ့ပြင်းထန်လာသလို တိုက်ပွဲဖြစ်စဉ်အတွင်းဒေသခံရွာသားတသိန်းခွဲကျော် စစ်ဘေး တိမ်းရှောင်နေရပါတယ်။