သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း တိုက္ပြဲေတြၾကား အရပ္သားေတြ ပိုဒုကၡေရာက္ေန


ဘူးသီးေတာင္ၿမိဳ႕နယ္ အနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား (မွတ္တမ္းဓာတ္ပံု-Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ တလေက်ာ္ၾကာ ဆက္တုိက္လို ျဖစ္ေနတာေၾကာင့္ ေဒသခံေတြ ပိုၿပီး ေဘးဒုကၡေရာက္ ေနၾကရပါတယ္။ တခ်ဳိ႕ေဒသေတြမွာ စားနပ္ရိကၡာသယ္ယူခြင့္ ပိတ္ပင္တားျမစ္ထားတာေၾကာင့္ ရိကၡာျပတ္တဲ့ အေျခအေနေရာက္ေနပါၿပီ။ စစ္ဒဏ္သင့္ ေဒသခံေတြရဲ႕ အေျခအေနနဲ႔ သူတို႔ ရင္ဆိုင္ေနၾကရတာေတြကို ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအုိေအသတင္းေထာက္ ကိုသက္ႏုိင္က ဆက္ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက တလေက်ာ္ၾကာ တိုက္ပြဲျပင္းထန္ေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေက်းရြာ တခ်ိဳ႕ဟာ ေဘးလြတ္ရာ ေက်းရြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနၾကရသလို စားဝတ္ေနေရး အခက္အခဲ ေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ေက်ာ္ကေတာ္ၿမိဳ႕နယ္ ျပည္သူ႔လြတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။

“ေလယာဥ္ေတြ ေန႔ေရာ၊ ညပါ ေရာက္တယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြလည္း ရွိတယ္။ ဆိုေတာ့ ရြာသားေတြက မေနရဲၾကေတာ့ဘူး အဲဒီဘက္က ေလး၊ ငါး၊ ေျခာက္ရြာေလာက္က ေဒသခံေတြဟာ ကလားတန္ျဖစ္ကိုျဖတ္ၿပီး ပီးေခ်ာင္း ေဒသဘက္ကို ေျပးၾကရတယ္။ ၿပီးေတာ့ သူတို႔နဲ႔နီးစပ္ရာ မိသားစုဝင္ေတြ ရွိတဲ့ေနရာေတြကိုပါ ေရွာင္ေနၾကရတယ္။ တခ်ိဳ႕က်ေတာ့လည္း ၿမိဳ႕ေပၚကို ေရာက္လာၾကတာေပါ့။ အခုက ၿမိဳ႕ေပၚမွာ ဆယ္တန္းလာေျဖၾကတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြ ေက်ာင္းသားမိဘေတြနဲ႔ ဆိုေတာ့ အရင္ကတည္း စစ္ေရာင္ေတြနဲ႔ အခုထပ္ေရာက္လာတဲ့ သူေတြနဲ႔ ဆိုေတာ့ ၿမိဳ႕ေပၚမွာ လူ ၆,၀၀၀ ေလာက္ရွိတယ္။ ေနေရး ထိုင္ေရးလည္း ေတာ္ေတာ္အခက္အခဲရွိမွာေပါ့။ က်ေနာ္ၾကားရသေလာက္ကေတာ့ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ေျပးလာၾကတဲ့ သူေတြ မ်ားတယ္လို႔ၾကားတယ္။ ပစၥည္းေတြကို စြန္႔ၿပီး အသက္လုၿပီးေတာ့ ေျပးၾကရတာေပါ့။”

လက္ရွိအခ်ိန္ထိ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းက ကလားတန္ျမစ္တစ္ေလ်ာက္မွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေန႔စဥ္နဲ႔ အမွ် စစ္ေရွာင္သူေတြ ေရာက္ရွိေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕ ပရဟိတအသင္းက တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ေက်ာက္ေတာ္ကို လက္ရွိ ထြက္ေျပးလာၾကတာ ၂၀၀ ေက်ာ္ေလာက္ရွိတယ္။ သူတို႔ကို ေနပူခံေက်းရြာမွာ အစိုးရ က ေဆာက္ေပးထားတဲ့ ဒုကၡသည္စခန္းမွာ ထားေပးထားတယ္။ အခုလက္မွာေတာ့ ေနရာအဆင္ မေျပဘူး ဘာျဖစ္လို႔လည္း ဆိုေတာ့ နယ္ေတြကေန ဆယ္တန္းစားေမးပြဲ လာေျဖၾကတဲ့ သူေတြကိုလည္း အဲဒီမွာ ထား ေတာ့ ဒုကၡသည္ေတြကေတာ့ ေနရာအခက္အခဲရွိတယ္။ ေသာက္သံုးေရေတြ ကလည္း လံုေလာက္ မႈမရွိဘူး။ ရသေလာက္နဲ႔ပဲ သူတို႔ကို အဆင္ေျပေအာင္ လုပ္ေပးေနရပါတယ္။”

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ မင္းျပား ေျမပံု အမ္းနဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ဘက္ေတြမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနသလို ေသခံေတြဟာလည္း ေနရာအတည္တက်မရွိဘဲ ေဘးလြတ္ရာကို ထြက္ေျပးရင္း ထိခိုက္ ဒဏ္ရာရသူေတြနဲ႔ ေသဆံုးသူေတြလည္း ရွိေနပါတယ္။

မေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ၿပိဳင္းတိုင္းေက်းရြာကေန ထြက္ေျပးလာၾကတဲ့ မိသာစု တစ္ဟာ လမ္းခရီးမွာ လက္နက္ႀကီးက်ည္ထိမွန္ခဲ့တာေၾကာင့္ တစ္ဦးေသဆံုးၿပီး ၄ ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ဒီကေန႔မွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ၿပိဳင္းေက်းရြာဘက္ေတြမွာ လက္နက္ႀကီးက်ည္က်ၿပီး ထိခိုက္ဒဏ္ရာရသူေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

ဒါ့အျပင္ အမ္းၿမိဳ႕နယ္အတြင္းက ကဇုကိုင္းဘက္နဲ႔ ဒလက္ေခ်ာင္းဖက္မွာ ရွိတဲ့ ေက်းရြာ ၂၀ေလာက္ကို စားနပ္ရိကၡာ သယ္ယူခြင့္ပိတ္ထားတာေၾကာင့္ ေဒသခံေတြ စားနပ္ရိကၡာ ျပတ္လတ္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ အမ္းေဒသခံ ကိုမ်ိဳးလြင္ကေျပာပါတယ္။

“အမ္းၿမိဳ႕နယ္ အတြင္းမွာ ရွိတဲ့ဒလက္ အုပ္စုမွာေတာ့ ၿပီးခဲ့တဲ့ ႏွစ္လပိုင္းေလာက္ကတည္းက စားနပ္ရိကၡာ သည္ယူတာေတြကို တပ္မေတာ္ကေနၿပီးေတာ့ ျဖတ္ပလိုက္တာေပါ့ေနာ္။ ဒီေန႔အထိ စားနပ္ရိကၡာေတြ သယ္ယူခြင့္မရေသးဘူး။ ဆန္ရယ္ စားဆီရယ္ ဓာတ္ဆီရယ္ ဆား၊ ငါးပိ အကုန္လံုးကို သယ္ယူခြင့္မရဘူး။ လူစားတဲ့ စားနပ္ရိကၡာမွန္သမွ်ကို တပ္မေတာ္က ေနၿပီးေတာ့ သယ္ယူခြင့္မေပးေတာ့ ဆန္မရွိလို႔ သစ္သီး သစ္ရြက္ေတြကို စားေနၾကတဲ့ ေဒသခံေတြ ေတာ္ေတာ္မ်ားေနပါၿပီ။”

ပလက္ဝၿမိဳ႕နယ္ဘက္ေတြမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနသလို ပလက္ဝေဒသခံေတြအတြက္ စားနပ္ရိကၡာ ေတြကို တင္သြင္းေနတဲ့ ကလားတန္ ေရလမ္းေၾကာင္းကို ပိတ္ဆို႔ထားတာေၾကာင့္ ေဒသခံေတြ စားနပ္ရိကၡာ ျပတ္ လတ္မႈေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ဒီကေန႔အထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပး ေနၾကရတဲ့ စစ္ေရွာင္ဦးေရ ၁၂၀,၀၀၀ ေက်ာ္အထိ ရွိေနၿပီး စားဝတ္ေနေရး အခက္အခဲ ေတြရင္ဆိုင္ေနၾကရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေကြား အရပ်သားတွေ ပိုဒုက္ခရောက်နေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ တလကျော်ကြာ ဆက်တိုက်လို ဖြစ်နေတာကြောင့် ဒေသခံတွေ ပိုပြီး ဘေးဒုက္ခရောက် နေကြရပါတယ်။ တချို့ဒေသတွေမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်ထားတာကြောင့် ရိက္ခာပြတ်တဲ့ အခြေအနေရောက်နေပါပြီ။ စစ်ဒဏ်သင့် ဒေသခံတွေရဲ့ အခြေအနေနဲ့ သူတို့ ရင်ဆိုင်နေကြရတာတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက တလကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ တချို့ဟာ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရသလို စားဝတ်နေရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျော်ကတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

“လေယာဉ်တွေ နေ့ရော၊ ညပါ ရောက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ဆိုတော့ ရွာသားတွေက မနေရဲကြတော့ဘူး အဲဒီဘက်က လေး၊ ငါး၊ ခြောက်ရွာလောက်က ဒေသခံတွေဟာ ကလားတန်ဖြစ်ကိုဖြတ်ပြီး ပီးချောင်း ဒေသဘက်ကို ပြေးကြရတယ်။ ပြီးတော့ သူတို့နဲ့နီးစပ်ရာ မိသားစုဝင်တွေ ရှိတဲ့နေရာတွေကိုပါ ရှောင်နေကြရတယ်။ တချို့ကျတော့လည်း မြို့ပေါ်ကို ရောက်လာကြတာပေါ့။ အခုက မြို့ပေါ်မှာ ဆယ်တန်းလာဖြေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ ဆိုတော့ အရင်ကတည်း စစ်ရောင်တွေနဲ့ အခုထပ်ရောက်လာတဲ့ သူတွေနဲ့ ဆိုတော့ မြို့ပေါ်မှာ လူ ၆,၀၀၀ လောက်ရှိတယ်။ နေရေး ထိုင်ရေးလည်း တော်တော်အခက်အခဲရှိမှာပေါ့။ ကျနော်ကြားရသလောက်ကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတဲ့ သူတွေ များတယ်လို့ကြားတယ်။ ပစ္စည်းတွေကို စွန့်ပြီး အသက်လုပြီးတော့ ပြေးကြရတာပေါ့။”

လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ် အတွင်းက ကလားတန်မြစ်တစ်လျောက်မှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေ့စဉ်နဲ့ အမျှ စစ်ရှောင်သူတွေ ရောက်ရှိနေတယ်လို့ ကျောက်တော်မြို့ ပရဟိတအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျောက်တော်ကို လက်ရှိ ထွက်ပြေးလာကြတာ ၂၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို နေပူခံကျေးရွာမှာ အစိုးရ က ဆောက်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာ ထားပေးထားတယ်။ အခုလက်မှာတော့ နေရာအဆင် မပြေဘူး ဘာဖြစ်လို့လည်း ဆိုတော့ နယ်တွေကနေ ဆယ်တန်းစားမေးပွဲ လာဖြေကြတဲ့ သူတွေကိုလည်း အဲဒီမှာ ထား တော့ ဒုက္ခသည်တွေကတော့ နေရာအခက်အခဲရှိတယ်။ သောက်သုံးရေတွေ ကလည်း လုံလောက် မှုမရှိဘူး။ ရသလောက်နဲ့ပဲ သူတို့ကို အဆင်ပြေအောင် လုပ်ပေးနေရပါတယ်။”

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မင်းပြား မြေပုံ အမ်းနဲ့ ရသေ့တောင် မြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို သေခံတွေဟာလည်း နေရာအတည်တကျမရှိဘဲ ဘေးလွတ်ရာကို ထွက်ပြေးရင်း ထိခိုက် ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေလည်း ရှိနေပါတယ်။

မနေ့ကလည်း ကျောက်တော်မြို့နယ်အတွင်းက ပြိုင်းတိုင်းကျေးရွာကနေ ထွက်ပြေးလာကြတဲ့ မိသာစု တစ်ဟာ လမ်းခရီးမှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့မှာလည်း ကျောက်တော်မြို့နယ် ပြိုင်းကျေးရွာဘက်တွေမှာ လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်အတွင်းက ကဇုကိုင်းဘက်နဲ့ ဒလက်ချောင်းဖက်မှာ ရှိတဲ့ ကျေးရွာ ၂၀လောက်ကို စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမ်းဒေသခံ ကိုမျိုးလွင်ကပြောပါတယ်။

“အမ်းမြို့နယ် အတွင်းမှာ ရှိတဲ့ဒလက် အုပ်စုမှာတော့ ပြီးခဲ့တဲ့ နှစ်လပိုင်းလောက်ကတည်းက စားနပ်ရိက္ခာ သည်ယူတာတွေကို တပ်မတော်ကနေပြီးတော့ ဖြတ်ပလိုက်တာပေါ့နော်။ ဒီနေ့အထိ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မရသေးဘူး။ ဆန်ရယ် စားဆီရယ် ဓာတ်ဆီရယ် ဆား၊ ငါးပိ အကုန်လုံးကို သယ်ယူခွင့်မရဘူး။ လူစားတဲ့ စားနပ်ရိက္ခာမှန်သမျှကို တပ်မတော်က နေပြီးတော့ သယ်ယူခွင့်မပေးတော့ ဆန်မရှိလို့ သစ်သီး သစ်ရွက်တွေကို စားနေကြတဲ့ ဒေသခံတွေ တော်တော်များနေပါပြီ။”

ပလက်ဝမြို့နယ်ဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသလို ပလက်ဝဒေသခံတွေအတွက် စားနပ်ရိက္ခာ တွေကို တင်သွင်းနေတဲ့ ကလားတန် ရေလမ်းကြောင်းကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ် လတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ စစ်ရှောင်ဦးရေ ၁၂၀,၀၀၀ ကျော်အထိ ရှိနေပြီး စားဝတ်နေရေး အခက်အခဲ တွေရင်ဆိုင်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG