သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ္းၿမိဳ႕နယ္တြင္းပစ္ခတ္မႈ အရပ္သားေလးဦး အျပင္းအထန္ ဒဏ္ရာရ


ရခိုင္ေဒသတြင္းစစ္ပဲြေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတဲ့ ရခိုင္စစ္ေရွာင္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္တြင္း တိုက္ပဲြေတြဟာ ရခိုင္ေတာင္ပိုင္းေဒသအထိပါ ကူးစက္လာေနၿပီး၊ မေန႔ကဆိုရင္ ရခိုင္ အမ္းၿမိဳ႕နယ္ထဲ ပစ္ခတ္မႈေၾကာင့္ ေဒသခံ ေလးဦးထက္မနည္း အျပင္းအထန္ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကို သက္ႏိုင္က တင္ျပေပးပါမယ္။

ရခိုင္ေတာင္ပိုင္း အမ္းၿမိဳ႕နယ္ ကဇုကိုင္းအုပ္စု ဆင္ဦးဒိတ္ေက်းရြာမွာ မေန႔က ညေန ၈နာရီဝန္းက်င္မွာ လက္ နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဆင္ဦးဒိတ္ေက်းရြာသား ေလးဦး အျပင္းအထန္ ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဆင္းဦးဒိတ္ေက်းရြာက ထြက္ေျပးလာတဲ့ ဦးစံထြန္းလွကေျပာပါတယ္။

"မေန႔က ၇ နာရီ ၁၅ ေလာက္မွာ လက္နက္ႀကီးက်ည္ တစ္လံုးလာက်တယ္။ အဲဒီအခ်ိန္မွာ အမ်ိဳးသားႏွစ္ေယာက္ ဒဏ္ရာ ရသြားတယ္။ ေက်ာင္းသားတေယာက္နဲ႔ အိမ္ေထာင္သည္ တေယာက္။ ပထမတစ္ခ်က္တည္းမွာကို ႏွစ္ေယာက္ရသြားတယ္။ သိပ္မၾကာဘူး ၅ မိနစ္ေလာက္ေနေတာ့ ေနာက္ထပ္ ဆက္တိုက္ဆက္တိုက္ လာက်တယ္။ အဲဒီအခ်ိန္မွာ လင္မယားနွစ္ေယာက္ ထပ္ၿပီးေတာ့ ဒဏ္ရာရတယ္။ တိုက္ပြဲျဖစ္တာ မရွိဘူးခင္မ်ာ က်ေနာ္ တို႔ ရြာကတကယ့္ကို ေအးခ်မ္းတဲ့ေနရာဗ်။ တိုက္ပြဲလည္း တစ္ခါမွမျဖစ္ ဖူးဘူး။ ကုဇုကိုင္းနဲ႔ တစ္ဘက္ တစ္ကမ္း သဲေခ်ာင္းရြာထက္မွာ တပ္မေတာ္ လက္နက္ႀကီးစခန္း တည္ထားတယ္။ အဲဒီက လွမ္းပစ္တာ။ ရြာကလူေတြ အကုန္လံုးကေတာ့ ကမ္းေထာင္းႀကီးကိုေရာက္ၾကတယ္။"

ဆင္ဦးဒိတ္ေက်းရြာဟာ အမ္းၿမိဳ႕နယ္နဲ႔ ေျမပံုၿမိဳ႕နယ္ ၾကားမွာ တည္ရွိၿပီး ဒဏ္ရာျပင္ထန္ရရွိသြားတဲ့ လူနာေတြကိုေတာ့ ေျမပံုၿမိဳ႕နယ္ ကမ္းေထာင္းႀကီး ေဆးရံုကို ပို႔ေဆာင္ထားရ ၿပီး ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆးရံုကို ပို႔ေဆာင္ဖို႔အတြက္ ျပည္နယ္အစိုးရ ခြင့္ျပဳခ်က္ကို ေစာင့္ေနရတယ္လို႔ ကမ္းေထာင္းႀကီး နာေရးကူညီမႈအသင္း ကိုရန္ႏိုင္ၿဖိဳးက ေျပာပါတယ္။

"မေန႔ကဒဏ္ရာ ရတဲ့ ေလး ေယာက္ထဲက တစ္ေယာက္ကေတာ့ ဘယ္ဘက္ မ်က္လံုး ထုတ္လိုက္ရတယ္။ ေနာက္တေယာက္ကေတာ့ ဦးေခါင္းေနာက္စိထိသြားတယ္။ သူကလည္း စိုးရိမ္ရတယ္။ ေနာက္တေယာက္က ေျခေထာက္။ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ ညာဖက္ ႏို႔အံုကို ထိသြားတယ္။ အကုန္လံုးကတာ့ အခုေလာေလာဆယ္ ကမ္းေထာင္းႀကီး ေဆးရံုမွာ ေဆးကုသမႈ ခံယူေနၾကတယ္။ ဆရာဝန္ကေတာ့ စစ္ေတြကို သြားမွာ စိတ္ခ်ရမယ္ဆိုၿပီးေတာ့ ေျပာထားတယ္။ စိုးရိမ္ရတဲ့ အေျခအေနေပါ့။ စစ္ေတြေဆးရံုကို သြားဖို႔ က်ေနာ္တို႔ ICRC နဲ႔ ဆက္သြယ္ထားတယ္။ ဒါေပမဲ့ ျပည္နယ္အစိုးရရဲ႕ ခြင့္ျပဳခ်က္ မရေသးတာ ေၾကာင့္ ေစာင့္ေနရတယ္ အခုအခ်ိန္ထိ ဘာမွမလုပ္ရေသးဘူး။"

တပ္မေတာ္ဘက္ကေတာ့ လက္နက္ႀကီးေတြဟာ အေၾကာင္းမဲ့ ပစ္ခတ္တာ မဟုတ္ဘဲ AA အဖြဲ႔က ပစ္ခတ္လာတဲ့ ေနရာေတြကို ျပန္လည္ပစ္ခတ္ရတာ ျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ဗီြအိုေအကို ေျပာပါတယ္။

တပ္ကေတာ့ ဘာမွပစ္ခတ္မႈ မရွိတဲ့ေနရာေတြကိုေတာ့ အေၾကာင္းမဲ့ ပစ္ခတ္တာမ်ိဳးေတာ့မရွိဘူးဗ်ာ။ AA တို႔ဘာတို႔က ပစ္ခတ္တာရွိရင္ေတာ့ ျပန္ၿပီး ပစ္ခတ္တာမ်ိဳးေတြ ရွိေကာင္းရွိနိုင္တာေပါ့။ အသလြတ္ ပစ္ခတ္တာ မ်ိဳးေတာ့ မရွိပါဘူး။ အဲဘက္မွာ အဲလိုမ်ိဳး တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္တာမ်ိဳးေတာ့ မၾကားမိဘူးဗ်ာ။

မေန႔ကအမ္းၿမိဳ႕နယ္ ဆင္ဦးဒိတ္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔က ဆင္ေခါင္းဒိတ္ ရြာဘက္မွာ ျဖစ္တာကေတာ့ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ပစ္တာ။ ဒလက္ေခ်ာင္းနား မွာရွိတဲ့ ကုဇုကိုင္းအေျခစိုက္ လက္နက္ႀကီးစခန္းကေနၿပီးေတာ့ လွမ္းၿပီးေတာ့ ပစ္တာ ည ၈ နာရီေလာက္မွာ ဆင္ဦးဒိတ္ရြာကို ထိတာ အဲဒီမွာ လူ၄ေယာက္ ဒဏ္ရာရတာရွိတယ္။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အုပ္စုနဲ႔ မတရားအသင္းအျဖစ္ အစိုးရဘက္က ေၾကျငာလိုက္ၿပီးေနာက္ တိုက္ပဲြေတြက ဆက္တိုက္ပိုျပင္းထန္လာေနတာပါ။ ရခိုင္ေျမာက္ပိုင္းက ပံုဏၰားကြ်န္းၿမိဳ႕နယ္ ဖက္က်ေက်းရြာဘက္မွာဆိုရင္လည္း ၃ရက္ ဆက္တိုက္ တိုက္ပြဲျပင္းထန္ေနတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမ်းမြို့နယ်တွင်းပစ်ခတ်မှု အရပ်သားလေးဦး အပြင်းအထန် ဒဏ်ရာရ

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းဒေသအထိပါ ကူးစက်လာနေပြီး၊ မနေ့ကဆိုရင် ရခိုင် အမ်းမြို့နယ်ထဲ ပစ်ခတ်မှုကြောင့် ဒေသခံ လေးဦးထက်မနည်း အပြင်းအထန်ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကို သက်နိုင်က တင်ပြပေးပါမယ်။

ရခိုင်တောင်ပိုင်း အမ်းမြို့နယ် ကဇုကိုင်းအုပ်စု ဆင်ဦးဒိတ်ကျေးရွာမှာ မနေ့က ညနေ ၈နာရီဝန်းကျင်မှာ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆင်ဦးဒိတ်ကျေးရွာသား လေးဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆင်းဦးဒိတ်ကျေးရွာက ထွက်ပြေးလာတဲ့ ဦးစံထွန်းလှကပြောပါတယ်။

"မနေ့က ၇ နာရီ ၁၅ လောက်မှာ လက်နက်ကြီးကျည် တစ်လုံးလာကျတယ်။ အဲဒီအချိန်မှာ အမျိုးသားနှစ်ယောက် ဒဏ်ရာ ရသွားတယ်။ ကျောင်းသားတယောက်နဲ့ အိမ်ထောင်သည် တယောက်။ ပထမတစ်ချက်တည်းမှာကို နှစ်ယောက်ရသွားတယ်။ သိပ်မကြာဘူး ၅ မိနစ်လောက်နေတော့ နောက်ထပ် ဆက်တိုက်ဆက်တိုက် လာကျတယ်။ အဲဒီအချိန်မှာ လင်မယားနှစ်ယောက် ထပ်ပြီးတော့ ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်တာ မရှိဘူးခင်မျာ ကျနော် တို့ ရွာကတကယ့်ကို အေးချမ်းတဲ့နေရာဗျ။ တိုက်ပွဲလည်း တစ်ခါမှမဖြစ် ဖူးဘူး။ ကုဇုကိုင်းနဲ့ တစ်ဘက် တစ်ကမ်း သဲချောင်းရွာထက်မှာ တပ်မတော် လက်နက်ကြီးစခန်း တည်ထားတယ်။ အဲဒီက လှမ်းပစ်တာ။ ရွာကလူတွေ အကုန်လုံးကတော့ ကမ်းထောင်းကြီးကိုရောက်ကြတယ်။"

ဆင်ဦးဒိတ်ကျေးရွာဟာ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ် ကြားမှာ တည်ရှိပြီး ဒဏ်ရာပြင်ထန်ရရှိသွားတဲ့ လူနာတွေကိုတော့ မြေပုံမြို့နယ် ကမ်းထောင်းကြီး ဆေးရုံကို ပို့ဆောင်ထားရ ပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ဖို့အတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက်ကို စောင့်နေရတယ်လို့ ကမ်းထောင်းကြီး နာရေးကူညီမှုအသင်း ကိုရန်နိုင်ဖြိုးက ပြောပါတယ်။

"မနေ့ကဒဏ်ရာ ရတဲ့ လေး ယောက်ထဲက တစ်ယောက်ကတော့ ဘယ်ဘက် မျက်လုံး ထုတ်လိုက်ရတယ်။ နောက်တယောက်ကတော့ ဦးခေါင်းနောက်စိထိသွားတယ်။ သူကလည်း စိုးရိမ်ရတယ်။ နောက်တယောက်က ခြေထောက်။ အမျိုးသမီး တစ်ယောက်ကတော့ ညာဖက် နို့အုံကို ထိသွားတယ်။ အကုန်လုံးကတာ့ အခုလောလောဆယ် ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်။ ဆရာဝန်ကတော့ စစ်တွေကို သွားမှာ စိတ်ချရမယ်ဆိုပြီးတော့ ပြောထားတယ်။ စိုးရိမ်ရတဲ့ အခြေအနေပေါ့။ စစ်တွေဆေးရုံကို သွားဖို့ ကျနော်တို့ ICRC နဲ့ ဆက်သွယ်ထားတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် မရသေးတာ ကြောင့် စောင့်နေရတယ် အခုအချိန်ထိ ဘာမှမလုပ်ရသေးဘူး။"

တပ်မတော်ဘက်ကတော့ လက်နက်ကြီးတွေဟာ အကြောင်းမဲ့ ပစ်ခတ်တာ မဟုတ်ဘဲ AA အဖွဲ့က ပစ်ခတ်လာတဲ့ နေရာတွေကို ပြန်လည်ပစ်ခတ်ရတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ဗွီအိုအေကို ပြောပါတယ်။

တပ်ကတော့ ဘာမှပစ်ခတ်မှု မရှိတဲ့နေရာတွေကိုတော့ အကြောင်းမဲ့ ပစ်ခတ်တာမျိုးတော့မရှိဘူးဗျာ။ AA တို့ဘာတို့က ပစ်ခတ်တာရှိရင်တော့ ပြန်ပြီး ပစ်ခတ်တာမျိုးတွေ ရှိကောင်းရှိနိုင်တာပေါ့။ အသလွတ် ပစ်ခတ်တာ မျိုးတော့ မရှိပါဘူး။ အဲဘက်မှာ အဲလိုမျိုး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာမျိုးတော့ မကြားမိဘူးဗျာ။

မနေ့ကအမ်းမြို့နယ် ဆင်ဦးဒိတ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က ဆင်ခေါင်းဒိတ် ရွာဘက်မှာ ဖြစ်တာကတော့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်တာ။ ဒလက်ချောင်းနား မှာရှိတဲ့ ကုဇုကိုင်းအခြေစိုက် လက်နက်ကြီးစခန်းကနေပြီးတော့ လှမ်းပြီးတော့ ပစ်တာ ည ၈ နာရီလောက်မှာ ဆင်ဦးဒိတ်ရွာကို ထိတာ အဲဒီမှာ လူ၄ယောက် ဒဏ်ရာရတာရှိတယ်။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် အစိုးရဘက်က ကြေငြာလိုက်ပြီးနောက် တိုက်ပွဲတွေက ဆက်တိုက်ပိုပြင်းထန်လာနေတာပါ။ ရခိုင်မြောက်ပိုင်းက ပုံဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာဘက်မှာဆိုရင်လည်း ၃ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

XS
SM
MD
LG