သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြား မြေမြှုပ်မိုင်းကွဲလို့ လူ ၈ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် ကင်းလှည့်နေသည့် မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် ကင်းလှည့်နေသည့် မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာအနီး ဒီကနေ့ မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာ မသိရသေးပေမယ့် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

မင်းပြားမြို့နယ် ရွှေကျင်ရွာအနီး ဒီနေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ ရွှေကျင်ရွာသား ကိုစံမောင်က အခုလိုပြောပါတယ်။

“မိုင်းပေါက်လို့ပါ။ မိုင်းပေါက်လို့။ ၈ ယောက်၊ ကလေးက ၃ ယောက်လောက် မိန်းမက ၅ ယောက်။ အရေးကြီးတဲ့ လူနာ ၃ ယောက်ပဲ မြောက်ဦးဆေးရုံ သွားတယ်။ ပန်းမြောင်းဆေးရုံမှာ အခု နောက်ထပ် ၅ ယောက်ရှိပါတယ်။ အဲဒီ ၅ ယောက်ကိုလည်း မြောက်ဦးကိုပို့မယ်လို့လည်း ပြောနေကြပါတယ်။”

ရွှေကျင်ကျေးရွာ အရှေ့ဘက်တောင်တန်းမှာ ထင်းရှာထွက်စဉ် မိုင်းနင်းမိ ပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာပြင်းတဲ့ ကလေး ၃ ယောက်ကိုတော့ မြောက်ဦးဆေးရုံ ပို့ထားပြီး ကျန်ရှိတဲ့ အမျိုးသမီး ၅ ယောက်ကတော့ မော်တော်ယာဉ်အခက်ခဲကြောင့် ပန်းမြောင်းဆေးရုံမှာပဲ ကုသနေရပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပါတယ်။

“ဒီ လေးမြို့မြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ့နော်၊ ရွှေကျင်။ ဒီနေ့ ၁၁ နာရီကျော်ကျာ်လောက်က ဖြစ်တာ။ အဲဒီမိုင်းပေါက်တဲ့နေရာက ပြီးခဲ့တဲ့တပတ် ဆယ်ရက်လောက်ကနေပြီးတော့မှ ဒီနှစ်ဖက်တပ် တိုက်ပွဲတွေဖြစ်တဲ့ နေရာလို့ သိရတယ်။”

ပေါက်ကွဲတဲ့ဗုံးဟာ ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်ဆိုတာ မသိရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မိုင်းပေါက်တဲ့နေရာဟာ တပ်မတော်က သွားလာနေတဲ့နေရာ ဖြစ်ပြီး စစ်တပ်ထောင်ထားတဲ့မိုင်းလို့ ပြောပါတယ်။

“မိုင်းပေါက်တဲ့ ရွှေကျင်ရွာတဝိုက်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းကပေါ့နော် မြန်မာစစ်တပ်က သူတို့ ဒီစစ်ကြောင်းတွေ အများကြီး အဲဒီမှာ သွားလာခဲ့တဲ့ နေရာဗျ။ နောက်ပြီးလို့ရှိရင် လက်နက်ကြီးတွေလည်းပဲ ဒီနေရာတွေမှာ မပေါက်ကွဲဘဲ ကျန်တဲ့ဥစ္စာတွေ အများကြီးရှိတယ်။ မြန်မာစစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းတွေလည်း အများကြီးရှိတယ်။ ဒါ ပြည်သူတွေအတွက်တော့ အန္တရာယ် အများကြီးရှိတဲ့နေရာပေါ့။”

AA ဘက်ကတော့ မြန်မာစစ်တပ်က ထောင်ထားတဲ့ မိုင်းလို့ ပြောနေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်စဉ် တနှစ်ကျော်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာ တနေ့ထက်တနေ့ ပိုများလာနေတာပါ။

အထူးသဖြင့် ပဋိပက္ခဖြစ်စဉ်တွေမှာ အမျိုးသမီးနဲ့ ကလေးတွေ ထိခိုက်မှု ပိုများတယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“ကျမတို့က စိုးရိမ်စိတ် မြင့်တက်တာပေါ့နော်။ ဖြစ်ရင်လည်း အမျိုးသမီးတွေက နစ်နာတယ်ပေါ့နော်။ ကျမတို့မှာ အမျိုးသား အဖမ်းခံရတာပဲဖြစ်ဖြစ် သားသမီး အဖမ်းခံရတာ ဖြစ်ဖြစ်ပေါ့နော်။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပဲ နစ်နာတယ်ပေါ့လေ။ ပြီးတော့လည်း ကျမတို့မှာ Camp တွေမှာလည်း လူတွေ တအားကို အခုက တသိန်းကျော်လောက် ရှိပါတယ်လေ။ အဲဒီမှာလည်း အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တော်တော်လေး ဒုက္ခရောက်နေတာကို သိရတယ်။”

တိုက်ပွဲစဉ်အတွင်း အရပ်သား ၁၂၀ ကျော် သေဆုံးခဲ့သလို ၂၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူဦးရေတသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

ပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းမှုထက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို တရုတ်အစိုးရက တွန်းအားပေးခဲ့ပြီးနောက်မှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် ဗုံးကွဲမှုတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

---------------------------------

(Unicode)












အထူးသဖွင့ျ ပဋိပက်ခဖွဈစဉျတှမှော အမြိုးသမီးနဲ့ ကလေးတှေ ထိခိုကျမှု ပိုမြားတယျလို့ ရခိုငျအမြိုးသမီးမြားကှနျရကျ ဥက်ကဋ်ဌ ဒေါျညိုအေးက ပွောပါတယျ။




တိုက်ရိုက် လင့်ခ်


XS
SM
MD
LG