သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ မင္းျပား - ေလ့က်င့္ေရးေက်ာင္း AA တိုက္ခိုက္


ရခိုင္ျပည္နယ္ရွိ ျမန္မာ့တပ္မေတာ္သားမ်ား (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္တြင္းက တပ္မေတာ္ေလ့က်င္ေရးေက်ာင္းကို AA ရခိုင္ လက္နက္ကိုင္အဖဲြ႔က ဒီကေန႔ မနက္ပိုင္းတိုက္ခိုက္တာေၾကာင့္ တပ္မေတာ္ဘက္က ထိခိုက္က်ဆံုးမႈ အခ်ိဳ႕ ရိွခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္သတင္းေပးပို႔ထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက မင္းျပားၿမိဳ႕နယ္ ကမ္းနီမွာ ရွိတဲ့ တပ္မေတာ္ေလ့က်င့္ေရး ေက်ာင္းတိုက္ခိုက္ခံရတဲ့သတင္းကို တင္ဆက္ေပးပါမယ္။

ရခိုင္ေျမာက္ပိုင္းက မင္းျပားၿမိဳ႕နယ္ ကမ္းနီ အမွတ္ (၉) တိုင္း ဗဟိုေလ့က်င့္ေရးေက်ာင္းကို AA အဖြဲ႔က ဒီကေန႔ မနက္ပိုင္းက လာေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ႏွစ္ဘက္အက်အဆံုးရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔ ဒီေန႔မနက္ပိုင္း ၆ နာရီေလာက္က မင္းျပားကမ္းနီမွာ ရွိတဲ့ ေလ့က်င့္ေရးေက်ာင္းတခုကို AA အဖြဲ႔က လာေရာက္ တိုက္ခိုက္ခဲ့တာ ရွိပါတယ္။ သံုးေနရာေလာက္က တိုက္ခိုက္ခဲတာ ရွိတယ္လို႔ က်ေနာ္တို႔ ကနဦး သတင္းရရွိတယ္။ ၁၁ နာရီေလာက္မွာေတာ့ က်ေနာ္တုိ႔ အေျခအေနအားလံုး ထိန္းႏိုင္ၿပီ ျဖစ္တယ္။ က်ေနာ္တို႔ဘက္က ထိခိုက္က်ဆံုးမႈ အနည္းငယ္ရွိပါတယ္။ AA ဘက္ကလည္း အေလာင္းတေလာင္း ရလိုက္တယ္။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္ကေတာ့ တိုက္ပြဲျဖစ္ေနတာ မွန္ေပမဲ့ အေသးစိတ္အခ်က္အလက္ကို မသိရေသးဘူးလို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မင္းျပားကမ္းနီ အဲဒီတိုင္းဗဟို ၉ ဘက္မွာ ျဖစ္ေနတဲ့ တိုက္ပြဲကေတာ့ တိုက္ပြဲျဖစ္ေနတာေတာ့ဟုတ္တယ္။ ဒါေပမဲ့ အဲဒီတိုက္ပြဲနဲ႔ ပတ္သတ္ၿပီးေတာ့ အေသးစိတ္အခ်က္အလတ္ က်ေနာ့္ဆီကို ေရာက္လာတာ မရွိေသးဘူး။ ညေနပိုင္းေလာက္မွပဲ သိရမယ္။ "

ဒါ့အျပင္ မေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက တင္းမေက်းရြာကို တပ္မေတာ္ဘက္က မီး႐ိႈ႕ဖ်က္ဆီးခဲ့တာေၾကာင့္ တရြာလံုး မီးေလာင္သြားတယ္လို႔ တင္းမေက်းရြာက ထြက္ေျပးလာတဲ့ ေဒသခံတဦးက ေျပာပါ တယ္။

"ရြာမွာ ေလးေနရာစၿပီး မီး႐ိႈ႕တယ္တဲ့ စစ္သားေတြက မီးေလာင္ေနတဲ့ အခ်ိန္မွာ ေသနတ္ေတြနဲ႔လည္း ပစ္ေနတယ္။ တရြာလံုးေလာင္ေနတယ္လို႔ေတာ့ ေျပာတာပဲ ေဘးနားက ရြာေတြက ေျပာတာ။ မသြားႏိုင္တဲ့သူေတြ က်န္ခဲ့တယ္။ မီးထဲပါသြားၿပီး ထင္တယ္။ သူတို႔က မသြားနိုင္ၾကေတာ့ေလ ေသ၊ မေသေတာ့ အတိအက် မသိဘူး။ တရြာလံုးမီးေလာင္တာ ဆိုေတာ့ မီးထဲ ပါသြားတာပဲေနမွာပါ။ ရြာမွာေတာ့ ဘုန္းႀကီးေက်ာင္းနဲ႔ ဆန္စက္တခုရယ္ အဲတာပဲ က်န္တယ္တဲ့ ရြာထဲမွာ စစ္သားေတြပဲ ရွိတာေလ သူတို႔မတိုက္ရင္ ဘယ္သူတိုက္မွာလဲ။ ညီမတို႔ရွိတုန္းကလည္း ရြာထဲကို လာရင္ ပစ္ခ်င္သလို ပစ္ေနၾကတာ။ ညီမတို႔မွာ ဆိုရင္လည္း စပါးတစ္ေထာင ေလာက္ရွိတယ္။ ေတဘာကားတစ္စီးရယ္ သိန္း ၃၀၀ ေလာက္အကုန္အက်ခံေဆာက္ထားတဲ့ အိမ္တလံုးရယ္ ပါသြားတယ္။ တပ္မေတာ္ဘက္ကို ဘာေျပာခ်င္လဲဆိုေတာ့ လက္နက္ကိုင္ ႏွစ္ဘက္စလံုးကို ေဆြးေႏြးေစခ်င္တယ္ သူတို႔မေဆြးေႏြးလို႔ အဲလိုျဖစ္ေနတာေပါ့။"

တင္းမေက်းရြာဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ပလက္ဝနယ္အစပ္ ကုလားတန္ျမစ္ေဘးနားမွာတည္ရွိၿပီး အိမ္ေျခ ၁,၀၀၀ နီးပါး မီးေလာင္သြားတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္က ေျပာပါတယ္။

"တင္းမရြာ တရြာလံုးကေတာ့ မီး႐ိႈ႕ဖ်က္စီးျခင္းခံရတာေပါ့။ ရြာသားေတြလည္း မရွိ။ ေက်ာက္ေတာ္ စစ္ေရွာင္စခန္းေတြမွာ ေနၾကတယ္။ တျခား နီးစပ္ရာေဆြမ်ိဳးေတြဆီမွာ ေနၾကတယ္။ အဲမွာ သက္ႀကီးရြယ္ အိုေတြေလာက္ပဲ က်န္မယ္ထင္တယ္။ မေန႔က တရြာလံုးမီး႐ိႈ႕ဖ်က္ဆီးခံရတယ္လို႔ေတာ့ ရြာသူရြာသားေတြ ေျပာျပလို႔သိရပါတယ္။"

AA အဖြဲ႔ဘက္ကေတာ့ တင္းမေက်းရြာကို တပ္မေတာ္ဘက္က မီး႐ိႈ႕သြားတာ ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး မ်က္ျမင္ေဒသခံေတြကလည္း တပ္မေတာ္ဘက္က မီး႐ိႈ႕သြားတာျဖစ္တယ္လို႔ စြပ္စဲြေျပာဆိုထားၾကေပမဲ့ တပ္မေတာ္ဘက္ကေတာ့ တင္းမရြာ မီးရႈိ႕ခံရတာနဲ႔ ပတ္သတ္ၿပီး မသိေသးဘူးလို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရး အဖြဲ႔ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော် မင်းပြား - လေ့ကျင့်ရေးကျောင်း AA တိုက်ခိုက်

ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်တွင်းက တပ်မတော်လေ့ကျင်ရေးကျောင်းကို AA ရခိုင် လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းတိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု အချို့ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ် ကမ်းနီမှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေး ကျောင်းတိုက်ခိုက်ခံရတဲ့သတင်းကို တင်ဆက်ပေးပါမယ်။

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ် ကမ်းနီ အမှတ် (၉) တိုင်း ဗဟိုလေ့ကျင့်ရေးကျောင်းကို AA အဖွဲ့က ဒီကနေ့ မနက်ပိုင်းက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်အကျအဆုံးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က မင်းပြားကမ်းနီမှာ ရှိတဲ့ လေ့ကျင့်ရေးကျောင်းတခုကို AA အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ သုံးနေရာလောက်က တိုက်ခိုက်ခဲတာ ရှိတယ်လို့ ကျနော်တို့ ကနဦး သတင်းရရှိတယ်။ ၁၁ နာရီလောက်မှာတော့ ကျနော်တို့ အခြေအနေအားလုံး ထိန်းနိုင်ပြီ ဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိပါတယ်။ AA ဘက်ကလည်း အလောင်းတလောင်း ရလိုက်တယ်။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်နေတာ မှန်ပေမဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မင်းပြားကမ်းနီ အဲဒီတိုင်းဗဟို ၉ ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ တိုက်ပွဲဖြစ်နေတာတော့ဟုတ်တယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ်အချက်အလတ် ကျနော့်ဆီကို ရောက်လာတာ မရှိသေးဘူး။ ညနေပိုင်းလောက်မှပဲ သိရမယ်။ "

ဒါ့အပြင် မနေ့ကလည်း ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာကို တပ်မတော်ဘက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တရွာလုံး မီးလောင်သွားတယ်လို့ တင်းမကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံတဦးက ပြောပါ တယ်။

"ရွာမှာ လေးနေရာစပြီး မီးရှို့တယ်တဲ့ စစ်သားတွေက မီးလောင်နေတဲ့ အချိန်မှာ သေနတ်တွေနဲ့လည်း ပစ်နေတယ်။ တရွာလုံးလောင်နေတယ်လို့တော့ ပြောတာပဲ ဘေးနားက ရွာတွေက ပြောတာ။ မသွားနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ မီးထဲပါသွားပြီး ထင်တယ်။ သူတို့က မသွားနိုင်ကြတော့လေ သေ၊ မသေတော့ အတိအကျ မသိဘူး။ တရွာလုံးမီးလောင်တာ ဆိုတော့ မီးထဲ ပါသွားတာပဲနေမှာပါ။ ရွာမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဆန်စက်တခုရယ် အဲတာပဲ ကျန်တယ်တဲ့ ရွာထဲမှာ စစ်သားတွေပဲ ရှိတာလေ သူတို့မတိုက်ရင် ဘယ်သူတိုက်မှာလဲ။ ညီမတို့ရှိတုန်းကလည်း ရွာထဲကို လာရင် ပစ်ချင်သလို ပစ်နေကြတာ။ ညီမတို့မှာ ဆိုရင်လည်း စပါးတစ်ထောင လောက်ရှိတယ်။ တေဘာကားတစ်စီးရယ် သိန်း ၃၀၀ လောက်အကုန်အကျခံဆောက်ထားတဲ့ အိမ်တလုံးရယ် ပါသွားတယ်။ တပ်မတော်ဘက်ကို ဘာပြောချင်လဲဆိုတော့ လက်နက်ကိုင် နှစ်ဘက်စလုံးကို ဆွေးနွေးစေချင်တယ် သူတို့မဆွေးနွေးလို့ အဲလိုဖြစ်နေတာပေါ့။"

တင်းမကျေးရွာဟာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝနယ်အစပ် ကုလားတန်မြစ်ဘေးနားမှာတည်ရှိပြီး အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်သွားတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်မောင်က ပြောပါတယ်။

"တင်းမရွာ တရွာလုံးကတော့ မီးရှို့ဖျက်စီးခြင်းခံရတာပေါ့။ ရွာသားတွေလည်း မရှိ။ ကျောက်တော် စစ်ရှောင်စခန်းတွေမှာ နေကြတယ်။ တခြား နီးစပ်ရာဆွေမျိုးတွေဆီမှာ နေကြတယ်။ အဲမှာ သက်ကြီးရွယ် အိုတွေလောက်ပဲ ကျန်မယ်ထင်တယ်။ မနေ့က တရွာလုံးမီးရှို့ဖျက်ဆီးခံရတယ်လို့တော့ ရွာသူရွာသားတွေ ပြောပြလို့သိရပါတယ်။"

AA အဖွဲ့ဘက်ကတော့ တင်းမကျေးရွာကို တပ်မတော်ဘက်က မီးရှို့သွားတာ ဖြစ်တယ်လို့ ပြောဆိုထားပြီး မျက်မြင်ဒေသခံတွေကလည်း တပ်မတော်ဘက်က မီးရှို့သွားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားကြပေမဲ့ တပ်မတော်ဘက်ကတော့ တင်းမရွာ မီးရှို့ခံရတာနဲ့ ပတ်သတ်ပြီး မသိသေးဘူးလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

XS
SM
MD
LG