သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္းမွာ တုိက္ပြဲေတြ ျပင္းထန္ေနဆဲ


(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက ပုဏၰားကြ်န္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္ေတြမွာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ အေျခအေနေတြကို ကိုသက္ႏိုင္က တင္ျပေပးမွာျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းက ပုဏၰားကြ်န္းၿမိဳ႕ေပၚက ေက်းရြာတစ္ခုမွာ မေန႔က ညေန ၈နာရီေလာက္မွာပစ္ခတ္ မႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ေက်းရြာသားေတြ ထြက္ေျပးေနၾကရတယ္လို႔ ပုဏၰားကြ်န္းၿမိဳ႕နယ္အမ်ိဳးသားလြတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"အဓိကေတာ့ပုဏၰားကြ်န္းၿမိဳ႕ ဆင္ေျဖဖုံးေပါ့ အဲဒီမွာ ဂူဝဘုရားရြာဆိုတာရွိတယ္။ အဲဒီဂူဝရြာကလူေတြ ကေတာ့ ထြက္ေျပးေနၾကတယ္။ မေန႔က ၈နာရီပတ္ဝန္းက်င္မွာ အဲဒီရြာနားမွာ တိုက္ပြဲျဖစ္ တာေပါ့။ အဲတာ ေၾကာင့္ ဂူဝရြာသားေတြက ပံုဏၰားကြ်န္းၿမိဳ႕ေပၚကို ထြက္ေျပးေနၾကရတယ္။"

ပံုဏၰားကြ်န္းၿမိဳ႕နယ္အတြင္းက လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ စစ္ေရယာဥ္ေတြကို AAအဖြဲ႔က လာေရာက္ပစ္ခတ္ ခဲ့တာေၾကာင့္ အျပန္အလွန္ တိုက္ပြဲျဖစ္ပြားတာရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔မေန႔ကေတာ့ ပံုဏၰားကြ်န္းနားမွာရွိတဲ့ တပ္မေတာ္က စစ္ေရယာဥ္ကို AAအၾကမ္းဖက္ ေသာင္းက်န္းသူေတြက ပစ္ခတ္ခဲ့တာရွိပါတယ္။နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ ပံုဏၰားကြ်န္းနားေလးက ရိကၡာသယ္ေနတဲ့ စစ္ေရယာဥ္ကို ပစ္ခတ္ခဲ့တာရွိတယ္။ ပစ္ခတ္တာမွာ ၿမိဳ႕ထဲက ပစ္ခတ္တာလည္း ရွိတယ္။ အနီးအနားက ပစ္ခတ္တာလည္းရွိတယ္။ ည ၇နာရီ ၅၅ေလာက္မွာ ပစ္ခတ္ခဲ့တာေပါ့။ ပံုဏၰားကြ်န္းရဲ႕ အေရွ႕ေျမာက္ဖက္ မီတာ တစ္ေထာင္ေလာက္မွာ စစ္ေရယာဥ္ေတြကို ရီမုမိုင္းခြဲၿပီးေတာ့ တိုက္ခိုက္ခဲ့တာရွိတယ္။ တစ္ခ်ိန္တည္းမွာပဲ ၿမိဳ႕ျပင္မွာေနရာယူထားတဲ့ AAေသာင္းက်န္းသူေတြက ကင္းေတာင္မွာ ရွိတဲ့ လံုၿခံဳေရးစခန္းရယ္ ေရယာဥ္ငယ္ေတြကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ပစ္ခတ္ခဲ့တာရွိတယ္။ အဲဒီမွာ ေရယာဥ္ေတြက ျပန္လည္ တံု႔ျပန္ပစ္ခတ္ခဲ့တာရွိတယ္။ အခုေလာေလာဆယ္မွာေတာ့ အဲဒီဘက္မွာ မိုင္း ရွင္းလင္းေရး လုပ္ေနရတာေတြ ရွိပါတယ္။"

AAအဖြဲ႔ဖက္ကေတာ့ ပုဏၰားကြ်န္းၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြားခဲ့တာနဲ႔ပတ္သတ္ၿပီး အေသးစိတ္ မသိရေသးေပ မယ့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းက ႏွမဒါေက်းရာမွာေတာ့ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့တာရွိ တယ္လို႔ AAအဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔က ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်းရြာအေရွ႕ဖက္ ၁ကီလိုမီတာေလာက္အကြာမွာရွိတဲ့ ေတာင္တန္းေတြေပၚမွာ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ အဲဒီမွာျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ ရွိတဲ့ ေနရာကို က်ဴးေက်ာ္ဝင္ေရာက္လာတာေၾကာင့္ မိနစ္ကိုးဆယ္ ေလာက္အျပန္အလွန္ ရင္ဆိုင္တုိက္ပြဲ ျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမွာ ထိခိုက္က်ဆံုးမႈကေတာ့ ေလာေလာဆယ္မသိရေသးဘူး။"

ကမၻာမွာ COVID ကပ္ေရာဂါအၾကပ္အတည္းေၾကာင့္ စစ္ပဲြေတြ ရပ္ဆိုင္းထားဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က တိုက္တြန္းထားသလို၊ ျမန္မာအရပ္ဘက္လူ႔မႈအဖဲြ႔ေတြကလည္း ရခိုင္စစ္ပဲြေတြ ရပ္စဲဖို႔ ေတာင္းဆိုေနၾကပါတယ္။

ဒါေပမယ့္လည္း AA ကို အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကညာလိုက္တဲ့ေနာက္၊ ရခုိင္ေျမာက္ပိုင္းနဲ႔ ခ်င္း ပလက္၀ၿမိဳ႕နယ္ေတြမွာ အျပန္အလွန္တိုက္ပဲြေတြ ပိုျပင္းထန္လာပါတယ္။ အရပ္သား ထိခိုက္ေသဆံုးမႈေတြလည္း မ်ားလာသလို၊ ေနရပ္စြန္႔ခြာထြက္ေျပးရတဲ ့ဒုကၡသည္ေတြလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေဆဲ

(Unicode)

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေတွေကို ကိုသက်နိုင်က တင်ပြပေးမှာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်က ကျေးရွာတစ်ခုမှာ မနေ့က ညနေ ၈နာရီလောက်မှာပစ်ခတ် မှုတွေဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်အမျိုးသားလွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"အဓိကတော့ပုဏ္ဏားကျွန်းမြို့ ဆင်ဖြေဖုံးပေါ့ အဲဒီမှာ ဂူဝဘုရားရွာဆိုတာရှိတယ်။ အဲဒီဂူဝရွာကလူတွေ ကတော့ ထွက်ပြေးနေကြတယ်။ မနေ့က ၈နာရီပတ်ဝန်းကျင်မှာ အဲဒီရွာနားမှာ တိုက်ပွဲဖြစ် တာပေါ့။ အဲတာ ကြောင့် ဂူဝရွာသားတွေက ပုံဏ္ဏားကျွန်းမြို့ပေါ်ကို ထွက်ပြေးနေကြရတယ်။"

ပုံဏ္ဏားကျွန်းမြို့နယ်အတွင်းက လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ရေယာဉ်တွေကို AAအဖွဲ့က လာရောက်ပစ်ခတ် ခဲ့တာကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားတာရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျနော်တို့မနေ့ကတော့ ပုံဏ္ဏားကျွန်းနားမှာရှိတဲ့ တပ်မတော်က စစ်ရေယာဉ်ကို AAအကြမ်းဖက် သောင်းကျန်းသူတွေက ပစ်ခတ်ခဲ့တာရှိပါတယ်။နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ပုံဏ္ဏားကျွန်းနားလေးက ရိက္ခာသယ်နေတဲ့ စစ်ရေယာဉ်ကို ပစ်ခတ်ခဲ့တာရှိတယ်။ ပစ်ခတ်တာမှာ မြို့ထဲက ပစ်ခတ်တာလည်း ရှိတယ်။ အနီးအနားက ပစ်ခတ်တာလည်းရှိတယ်။ ည ၇နာရီ ၅၅လောက်မှာ ပစ်ခတ်ခဲ့တာပေါ့။ ပုံဏ္ဏားကျွန်းရဲ့ အရှေ့မြောက်ဖက် မီတာ တစ်ထောင်လောက်မှာ စစ်ရေယာဉ်တွေကို ရီမုမိုင်းခွဲပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ တစ်ချိန်တည်းမှာပဲ မြို့ပြင်မှာနေရာယူထားတဲ့ AAသောင်းကျန်းသူတွေက ကင်းတောင်မှာ ရှိတဲ့ လုံခြုံရေးစခန်းရယ် ရေယာဉ်ငယ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာ ရေယာဉ်တွေက ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့တာရှိတယ်။ အခုလောလောဆယ်မှာတော့ အဲဒီဘက်မှာ မိုင်း ရှင်းလင်းရေး လုပ်နေရတာတွေ ရှိပါတယ်။"

AAအဖွဲ့ဖက်ကတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သတ်ပြီး အသေးစိတ် မသိရသေးပေ မယ့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက နှမဒါကျေးရာမှာတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာရှိ တယ်လို့ AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က ပလက်ဝမြို့နယ် နှမဒါကျေးရွာအရှေ့ဖက် ၁ကီလိုမီတာလောက်အကွာမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီမှာမြန်မာစစ်တပ်ဘက်ကနေပြီးတော့ ကျနော်တို့ ရှိတဲ့ နေရာကို ကျူးကျော်ဝင်ရောက်လာတာကြောင့် မိနစ်ကိုးဆယ် လောက်အပြန်အလှန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာ ထိခိုက်ကျဆုံးမှုကတော့ လောလောဆယ်မသိရသေးဘူး။"

ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တိုက်တွန်းထားသလို၊ မြန်မာအရပ်ဘက်လူ့မှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမယ့်လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက်၊ ရခိုင်မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များလာသလို၊ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်တွေလည်း တိုးလာနေပါတယ်။

XS
SM
MD
LG