သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားက ျပန္လာအေျခခ်တဲ့ ရခိုင္ေတြ အေျခအေန


ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္နမိတ္မွတ္တိုင္
ဘဂၤလားက ျပန္လာအေျခခ်တဲ့ ရခိုင္ေတြ အေျခအေန
please wait

No media source currently available

0:00 0:12:30 0:00
တိုက္႐ိုက္ လင့္ခ္

တည္ၿငိမ္မႈ မရွိေသးတဲ့ ရခိုင္ျပည္နယ္ထဲမွာ ဒုကၡသည္ အမ်ားအျပားရွိတဲ့ထဲက ၂၀၁၂ အေရးအခင္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ျမန္မာႏိုင္ငံထဲကို ျပန္လည္ခိုလႈံလာတဲ့ ရခိုင္တိုင္းရင္းသားေတြလည္း ပါပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ ရခိုင္တိုင္းရင္းသားေတြ ဘာအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါသလဲ။ ေဒၚခင္မ်ိဳးသက္ ေတြ႔ဆုံေမးျမန္းထားပါတယ္။

ကိုသိန္းေအာင္ႏု ။ ။ ေမြးတာက ရခိုင္မွာေမြးတာ။ ရခိုင္ ေငြေတာင္မွာေမြးတာ။ ေနာက္ (၉) လေနၿပီး က်ေနာ္တို႔ အေဖ၊ အေမက ဘဂၤလားေဒ့ရွ္ကို ျပန္သြားတယ္။ အဲဒီတုန္းက က်ေနာ္ျပန္ပါသြားတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘဂၤလားကို ျပန္သြားတယ္ဆိုေတာ့ ဘဂၤလားမွာ ရခိုင္ေတြ အမ်ားႀကီးရိွလား။

ကိုသိန္းေအာင္ႏု ။ ။ ရခိုင္ေတြ အမ်ားႀကီးရိွပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘယ္ေလာက္ေလာက္ရိွလဲ ေျပာျပေပးပါ။

ကိုသိန္းေအာင္ႏု ။ ။ ႏွစ္သိန္းေက်ာ္၊ သံုးသိန္းေလာက္ ရိွမယ္ထင္တယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘယ္ေနရာေတြမွာ ေနၾကသလဲ။ ရြာဘယ္ႏွစ္ရြာေလာက္မွာ ေနၾကလဲ။

ကိုသိန္းေအာင္ႏု ။ ။ ရြာေတာ့ အမ်ားႀကီးေပါ့။ ေျပာမယ္ဆိုရင္ေတာ့ ေနရာအႏံု႔အျပားမွာ ရခိုင္ေတြေနထိုင္ၾကတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ အဲဒီ ရခိုင္ကေန ရခိုင္ရြာေတြ အမ်ားႀကီး၊ အဲဒီမွာ အေျခခ်ေနခဲ့တာ ဘယ္ႏွစ္ႏွစ္ေလာက္ ေနခဲ့လဲ။

ကိုသိန္းေအာင္ႏု ။ ။ က်ေနာ္က ေျပာမယ္ဆိုေတာ့ ဟိုတပိုင္း၊ ဒီတပိုင္းေနတယ္ - ရခိုင္မွာ လာၿပီးေတာ့ ဘုန္းႀကီးေက်ာင္းမွာ ပန္းရံသင္တယ္။ ေနာက္ၿပီးေတာ့ တေခါက္ျပန္သြားေသးတယ္။ က်ေနာ္တို႔အဖြားေတြ မေသခင္။ အဖြားေတြက ဘာေျပာသလဲဆိုေတာ့ ငါတုိ႔မေသခင္၊ ငါတို႔နားအတူလာေနခဲ့ဆိုလို႔ ျပန္သြားခဲ့တယ္။ အဖြားေတြေသၿပီးမွ ၂၀၁၁-၁၂ ျပႆနာျဖစ္တဲ့ေနာက္ပိုင္းမွာ က်ေနာ္တိုိ႔ ဘဂၤလားမွာ မူစလင္ကုလားေတြ -- ဆုိတဲ့ ဘုန္းႀကီးေက်ာင္းကို မီးရိႈ ႔တယ္။ အဲဒီမွာ က်ေနာ္တိုိ႔က ဘဂၤလားမွာ ဒီေလာက္ဆိုးဆိုးဝါးဝါး ျဖစ္ေနတာ တခါမွ မေတြ႔ေသးဘူး။ ေနာက္ထပ္ဒီထက္ပိုဆိုးလို႔ရိွရင္ က်ေနာ္တို႔ ရခိုင္သားေတြ အကုန္လံုး ေသကုန္မွာပဲဆိုၿပီးေတာ့ ရခိုင္ကို ေျပးလာၾကတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အဲဒီေတာ့ ဗမာျပည္ဘက္ကို ျပန္လာတာေပါ့။ ဗမာျပည္ဘက္ ျပန္လာတာ ဘယ္ေလာက္ေလာက္ရိွမလဲ။

ကိုသိန္းေအာင္ႏု ။ ။ ၂၀၁၁-၁၂ မွာဆိုေတာ့ က်ေနာ္တို႔ ရွစ္ႏွစ္ေလာက္ ရိွၿပီ။

ေဒၚခင္မ်ဳိးသက္ ။ ။ လူေပါင္းဘယ္ေလာက္ေလာက္ ေျပးလာလဲ။

ကိုသိန္းေအာင္ႏု ။ ။ လူေပါင္း - က်ေနာ္တို႔ ေျပးလာတာကေတာ့ (၂၀) ေက်ာ္ေလာက္ပဲ။ ဒါေပမဲ့ ေနာက္ထပ္ေျပးလာတဲ့လူေတြ အမ်ားႀကီးရိွတယ္။ ေမာင္ေတာၿမိဳ ႔နယ္မွာဆိုရင္ အခုဆိုရင္ ငါးရာေျခာက္ရာေလာက္ ရိွမယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဒီကိုျပန္ဝင္လာေတာ့ ဘယ္လိုပံုစံနဲ႔ ျပန္ဝင္လာလဲ။

ကိုသိန္းေအာင္ႏု ။ ။ အဲဒီတုန္းကေတာ့ ျမန္မာအစိုးရက လိႈက္လွဲစြာ ႀကိဳဆိုပါတယ္။ က်ေနာ္တုိ႔လာတုန္းကဆိုရင္ ဘယ္မွာေနမွာလဲ။ က်ေနာ္က --ရြာမွာ ေနမယ္လို႔ ေတာင္းဆိုပါတယ္။ က်ေနာ္တို႔က ခေရၿမိဳင္ ေရာက္သြားခဲ့တယ္။ အခုလက္ရိွအထိ ခေရၿမိဳင္မွာ ေနပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အဲဒါက ၂၀၁၂ ခုႏွစ္။ အခုလက္ရိွမွာ တရားဝင္ စာရြက္စာတမ္း ဘယ္လိုပံုစံနဲ႔ ေနပါသလဲ။

ကိုသိန္းေအာင္ႏု ။ ။ တရားဝင္ဆိုတာက သူတုိ႔က White Card ထုတ္ေပးထားတယ္။ တရားဝင္ ဟုတ္လား၊ မဟုတ္လားဆိုတာ က်ေနာ္တုိ႔ မသိဘူး။ အခု အဲဒီ White Card နဲ႔ ဒရိုင္ဘာရံုးေတြမွာ သြားေလွ်ာက္လို႔ရိွရင္ က်ေနာ္တို႔ မွတ္ပံုတင္ေလာက္ အသံုးမက်ဘူးလို႔ ေျပာတယ္။ မယူႏုိင္ဘူး။ ငါတုိ႔ NGO ေတြမွာ ကားေမာင္းမယ္ဆိုရင္လဲ - မေပးဘူးလို႔ေျပာတာ ရိွတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ ရခိုင္ ကိုယ့္ျပည္ကို အားကိုးၿပီးေတာ့ ျပန္လာတယ္။ White Card ရိွေနတဲ့အတြက္ေၾကာင့္ ဘာမွမလုပ္ေပးႏုိင္ဘူး။ ဆိုေတာ့ ဘာျဖစ္ေစခ်င္လဲ။ ကိုယ္ကလဲ ရခိုင္သား။ ရခိုင္မွာပဲ ေနခ်င္တယ္။ ဘဂၤလားေဒ့ရွ္ဘက္မွာလဲ ေနလို႔မရဘူး။ လက္ထဲမွာလဲ White Card ကိုင္ထားတယ္။ အဲဒီေတာ့ ဘာျဖစ္ေစခ်င္လဲ။

ကိုသိန္းေအာင္ႏု ။ ။ အမွန္တကယ္ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ရခိုင္မ်ဳိးစု၊ မ်ဳိးႏြယ္စုကို White Card ေပးတာေတာ့ မေကာင္းဘူးလို႔ ထင္ပါတယ္။ အနီအတိုင္း ထုတ္ေပးမွ ေကာင္းမယ္လို႔ ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပန္းရံတတ္တဲ့လူ ရိွတယ္။ မတတ္တဲ့လူလည္း ရိွတယ္။ ဒါေပမဲ့ ပန္းရံတတ္တဲ့လူက ေနရာတကာမွာ အလုပ္သြားရွာတယ္။ အလုပ္ရရင္လဲ သူတုိ႔က အဆင္မေျပဘူး။ White Card ေၾကာင့္ အဆင္မေျပဘူး။ အနီကဒ္ရမွာပဲ အဆင္ေျပမွာပါ။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ ဒီႏိုင္ငံသားအျဖစ္နဲ႔ပဲ ေနခ်င္တယ္ေပါ့။

ကိုသိန္းေအာင္ႏု ။ ။ ကိုယ္က ရခိုင္ျပည္နယ္မွာ ရခိုင္သားအျဖစ္နဲ႔ အနီကဒ္ ကိုင္ေဆာင္ၿပီးေတာ့ ေနခ်င္တာေပါ့။

ေဒၚခင္မ်ဳိးသက္ ။ ။ အခု White Card ကိုင္ထားလို႔ ေတြ႔ရတဲ့ အခက္အခဲေတြကို နည္းနည္းေျပာျပေပးပါ။

ကိုသိန္းေအာင္ႏု ။ ။ အခက္အခဲေတာ့ ရိွတယ္။ က်ေနာ္တို႔ ပထမ ကားစေမာင္းတုန္းကဆိုရင္ ရဲသားေတာင္ က်ေနာ္ကို လမ္းမေပၚ မလာခိုင္းဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ခင္မ်ားက White Card ကိုင္ေဆာင္ထားတဲ့လူ။ အဲဒီလို ရဲသားေတြက ေျပာၿပီးေတာ့ လဝကကို ဖုန္းဆက္တယ္။ လဝက က ႏွစ္ပြင့္နဲ႔တေယာက္ လာတယ္။ လဝက ကေျပာတယ္ ငါတုိ႔က ထုတ္ေပးထားတာ၊ သူတို႔ကုိ သိမ္းလို႔ရတယ္လို႔ အဲဒီလို ေျပာတယ္။ ဒါေပမဲ့ က်ေနာ္တို႔က အဆင္မေျပဘူးေလ။ ဟိုမွာ ျပခိုင္းလိုက္၊ ဒီမွာျပခိုင္းလိုက္။

ေဒၚခင္မ်ဳိးသက္ ။ ။ အလုပ္အကိုင္ အဆင္မေျပဘူး။ ေက်ာင္းသားေတြေကာပါလား။ ထြက္ေျပးတဲ့ထဲမွာ။

ကိုသိန္းေအာင္ႏု ။ ။ ေက်ာင္းသားေတြလည္း ပါပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေက်ာင္းသားေတြ ပညာသင္ရတာ အဆင္ေျပလား။

ကိုသိန္းေအာင္ႏု ။ ။ အဆင္ကေတာ့ ဟိုတဘက္ ဒီတဘက္ အဆင္ေျပသြားပါတယ္။ ဘဂၤလားမွာလည္း သင္ခဲ့တယ္။ ဘဂၤလားမွာလည္း သင္ခဲ့တယ္။ ငါးတန္း၊ ေျခာက္တန္း ဖတ္ၿပီးေတာ့ ဒီမွာ ျပန္ေရာက္တယ္။ ေအာက္ေျခတန္းက စခိုင္းတယ္ဆိုေတာ့ အဆင္မေျပေတာ့ဘူး။ သူတုိ႔လည္း အသက္ႀကီးၿပီဆိုေတာ့ အတန္းမွာသြားထိုင္တယ္ဆိုေတာ့ ရွက္မွာေပါ့။ အဲဒီလို ခက္ခဲၾကတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘဂၤလားေဒ့ရွ္ကေန ျမန္မာႏိုင္ငံကို ျပန္လာတဲ့ ရခိုင္သားေတြကို အစိုးရက ဘာလုပ္ေပးေစခ်င္လဲ။

ကိုသိန္းေအာင္ႏု ။ ။ အစိုးရကို က်ေနာ္က အနီကဒ္ ထုတ္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ က်ေနာ္တို႔ ဘဂၤလားသားေတြကို အနီကဒ္ ထုတ္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ရခိုင္သားျဖစ္ရဲ ႔သားနဲ႔ အနီကဒ္ မကိုင္ေဆာင္ရဘူး။ က်ေနာ္တုိ႔ ရခိုင္သားေတြကို အနီကဒ္ ထုတ္ေပးေစခ်င္ပါတယ္။ အခုက မူစလင္ေတြကိုေတာင္မွ အနီကဒ္ ထုတ္ေပးထားတယ္။ က်ေနာ္တို႔က ရခိုင္မ်ဳိးႏြယ္စု၊ ဗုဒၶဘာသာ ျဖစ္ရဲ ႔သားနဲ႔ ဒီ White Card ကိုင္ေဆာင္ေနရတာက က်ေနာ္တို႔က မူစလင္ေလာက္ေတာင္ အဆင့္အတန္း မရိွေတာ့ဘူး ျဖစ္သြားတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာေနေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက မွတ္ပံုတင္ ဘာတို႔ ႏုိင္ငံသားအသိအမွတ္ျပဳတာတို႔ စာရြက္စာတမ္းထုတ္ေပးထားတာ ရိွပါသလား။

ကိုသိန္းေအာင္ႏု ။ ။ က်ေနာ္တို႔ ဘဂၤလားမွာ ေနတုန္းကဆိုရင္ ထုတ္ေပးထားတာ ရိွပါတယ္။ ဒါေပမဲ့ ဒီကိုလာတဲ့အခါမွာေတာ့ ယူမလာခဲ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘဂၤလားက အိုင္ဒီကဒ္ကို ယူလာလုိ႔လဲ ဒီမွာဘာမွသံုးမရဘူးေလ။ ဒါေၾကာင့္မို႔ ထားခဲ့တာပါ။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ လူေပါင္းက ဒုကၡေရာက္ေနတာ ဒီလိုမ်ဳိး ဗမာျပည္ထဲကို ဝင္လာၿပီး ဒုကၡေရာက္ေနတာ လူေပါင္းဘယ္ေလာက္ေလာက္ ရိွမလဲ။ ဟိုမွာ ႏွစ္သိန္းေလာက္ ရိွတယ္ဆိုေတာ့ ဒီမွာေရာက္ၿပီးေတာ့ ဒုကၡျဖစ္ေနတာ လူဦးေရ ဘယ္ေလာက္ရိွမလဲ။

ကိုသိန္းေအာင္ႏု ။ ။ က်ေနာ္တို႔ ဘဂၤလားက ျပန္လာတဲ့ ရခိုင္သားေတြ ခုႏွစ္ေသာင္း၊ ရွစ္ေသာင္းေလာက္ ရိွမယ္ထင္တယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အစိုးရကေန အခုလိုလာတဲ့ ရခိုင္သားေတြကို White Card ထုတ္ေပးထားတယ္။ ဆိုေတာ့ ဒီရခိုင္သားေတြကိုယ္တိုင္က အနီကဒ္ ထုတ္ေပးဖို႔ အစိုးကို တရားဝင္ေတာင္းဆိုတာေတြ လုပ္ဖူးသလား။

ကိုသိန္းေအာင္ႏု ။ ။ လုပ္ပါတယ္။ က်ေနာ္တုိ႔လည္း အနီကဒ္ကို ေတာင္းဆိုပါတယ္။ ဒါေပမဲ့ သူတုိ႔က ခင္မ်ားတုိ႔ ဘဂၤလားသားေတြကို အနီကဒ္ ထုတ္မေပးေသးဘူးလို႔ ေျပာတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဘယ္လုိပံုစံနဲ႔ သြားေတာင္းတာလဲ။ စာရြက္စာတမ္းေတြနဲ႔လား။

ကိုသိန္းေအာင္ႏု ။ ။ စာရြက္စာတမ္းေတြနဲ႔ မေတာင္းပါဘူး။ ဒီလုိပဲ ပါးစပ္နဲ႔ ေရွ ႔တင္ေျပာတာပါ။ က်ေနာ္တို႔ကို အနီကဒ္ ထုတ္ေပးမွာလား။ အနီကဒ္ လုပ္ေပးမလားဆိုၿပီး ေတာင္းဆိုတာ ရိွပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အဲဒီေတာ့ လဝကမွာ ဒီအတိုင္း သြားေျပာတာေပါ့။ စာရြက္စာတမ္းနဲ႔ က်ေနာ္တို႔ကို အနီကဒ္ ထုတ္ေပးပါ။ လူေတြ ဘယ္ႏွစ္ေယာက္က အကုန္လံုး လက္မွတ္ထိုးၿပီး ေတာင္းဆိုတာ ဘာညာမရိွဘူးလား။

ကိုသိန္းေအာင္ႏု ။ ။ အဲဒီလိုမ်ဳိးေတာ့ မရိွဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ အဲဒီေတာ့ အဲဒီလိုလုပ္လိုက္ရင္ အဆင္ေျပမယ္လို႔ ထင္ပါသလား။

ကိုသိန္းေအာင္ႏု ။ ။ အခုေျပာမယ္ဆိုရင္ေတာ့ သူတုိ႔ကို ေျပာမယ္ဆိုရင္ေတာ့ အဆင္ေျပမွာ မဟုတ္ဘူး။ သူတုိ႔က ဘာေျပာသလဲဆိုေတာ့ ခင္မ်ားတို႔အရင္ ေရာက္ေနတဲ့ ေဝသာလီကိုေတာင္မွ အနီကဒ္ ထုတ္မေပးေသးဘူးလို႔ ေျပာတယ္။ က်ေနာ္တုိ႔က ၂၀၀၈ ႏွစ္မွာပဲလာတာ။ ဟိုလူေတြက ၂၀၀၀ ျပည့္ခင္တုန္းက လာတာ။ နွစ္ေပါင္း (၂၀) ေလာက္ ရိွေနၿပီ။ အခုထိေတာင္ မရေသးဘူးဆိုေတာ့ က်ေနာ္တို႔က ဘယ္လိုရမလဲ။ အဲဒီလိုပဲ ထင္တယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အခုေတာ့ နည္းနည္းႀကိဳးစားၾကည့္လိုက္ေပါ့။ ႀကိဳးစားၾကည့္မယ္ဆိုရင္ ရမယ္ထင္တယ္။ အမ်ားလည္း အဲဒီလိုပဲ ကိုယ္လိုခ်င္တာကို စာရြက္စာတမ္းနဲ႔ အေသအခ်ာ ေတာင္းဆိုတာေတြရိွေတာ့ အဲဒီလိုမ်ဳိး လုပ္ဖို႔ေကာ စိတ္ကူးရိွသလား။

ကိုသိန္းေအာင္ႏု ။ ။ ဒါကို က်ေနာ္ေတာ့ စိတ္ကူးရိွပါတယ္။ လုပ္ဖို႔ေတာ့ အဆင္ေျပမွာ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ရြာမွာ အုပ္ခ်ဳပ္ေရးမွဴးဆိုတာ ရိွတယ္။ အဓိက အုပ္ခ်ဳပ္ေရးမွဴးနဲ႔လည္း ဆိုင္တယ္။ က်ေနာ္တို႔ရြာသားေတြက လက္မွတ္ေတြ ေကာက္ၿပီးေတာ့ ဒီလိုေတာင္းဆိုရမယ္။ လူဦးေရက ဘယ္ေလာက္ရိွတယ္။ က်ေနာ္တို႔ကို ဘယ္ေလာက္ေလာက္ အခ်ိန္ေပးမလဲ။ အနီကဒ္ လုပ္ေပးဖို႔ အဓိက ဥကၠ႒နဲ႔ဆိုင္တယ္။ ဥကၠ႒က အဲဒါကို လံႈေဆာ္ရမွာ။ က်ေနာ္တုိ႔ ေျပာရင္လဲ ဘာမွမထူးဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ အခု ေရြးေကာက္ပြဲကလည္း နီးလာၿပီ။ ေရြးေကာက္ပြဲ နီးလာၿပီဆိုေတာ့ မဲထည့္ခြင့္ရိွလား။

ကိုသိန္းေအာင္ႏု ။ ။ က်ေနာ္တုိ႔ေတာ့ မဲထည့္ပိုင္ခြင့္ မရိွဘူး

ေဒၚခင္မ်ဳိးသက္ ။ ။ အရင္တုန္းက ၂၀၁၂ ထဲက ေရာက္လာတယ္ဆိုေတာ့ ၂၀၁၅ မွာလည္း ေရြးေကာက္ပြဲ ရိွခဲ့တယ္။ အဲဒီတုန္းကေရာ မဲထည့္လို႔ရလား။

ကိုသိန္းေအာင္ႏု ။ ။ က်ေနာ္တို႔ ဘဂၤလားသားေတြက မဲမထည့္ရဘူး။ ရခိုင္ျပည္သားပဲ မဲထည့္ရတယ္။ ဒါေပမဲ့ က်ေနာ္က အားပါတယ္။ ကိုယ္မထည့္ရေပမယ့္ ေနာက္ထပ္လူေတြ ရခိုင္သားေတြ တရြာနဲ႔တရြာ အလည္အပတ္ ေရာက္ေနတဲ့လူေတြကို ဆင့္ေခၚၿပီးေတာ့ ထည့္ခိုင္းတာလည္း ရိွတယ္။ အဲဒီေလာက္ေတာင္မွ မဲႏွစ္မဲေလာက္ ထည့္ခိုင္းတာရိွတယ္။ ဒါေပမဲ့ ထည့္ခ်င္တာကေတာ့ ဘယ္အဖြဲ႔အစည္းကို အားေပးတယ္၊ ဘယ္အဖြဲ႔အစည္းကို ရေစခ်င္တာေပါ့။ သူတုိ႔ကို ရေစခ်င္သလို၊ ကိုယ္ကေတာ့ အျပန္အလွန္ ထည့္ေပးခ်င္တာေပါ့ - ဒါေပမဲ့ ထည့္လို႔မွမရတာ။

ေဒၚခင္မ်ဳိးသက္ ။ ။ White Card ကိုင္ထားတဲ့အတြက္ေၾကာင့္မို႔ ဘာဆံုးရႈံးမႈေတြ ရိွတယ္လို႔ စိတ္ထဲမွာ ထင္သလဲ။

ကိုသိန္းေအာင္ႏု ။ ။ အထူးသျဖင့္ေတာ ဟိုသြားခ်င္ရင္၊ သြားလို႔မရဘူး။ ဒီကိုသြားခ်င္ရင္ သြားလို႔မရဘူး။ ေျပာမယ္ဆိုရင္ က်ေနာ္တို႔ ရန္ကုန္ကို သြားလို႔မရေသးဘူး။ ရွင္းရွင္းေျပာမယ္ဆိုရင္ ဘူးသီးေတာင္မွာေတာင္မွ က်ေနာ္တုိ႔ကို တကယ့္တကယ္ စစ္မယ္ဆိုိရင္ အိပ္ခြင့္မရဘူး။ သြားခြင့္ရတယ္။ အိမ္ခြင့္မရဘူး။ အမွန္တကယ္ ေျပာမယ္ဆိုရင္။ White Card ကိုင္တာက သူတုိ႔ကို ေနထိုင္ခြင့္ေပးတယ္။ ခရီးသြားလာခြင့္ အေဝးႀကီးကို သြားခြင့္မေပးဘူး။ ကိုယ္က တုိင္းရင္းသားေတြျဖစ္လို႔ က်ေနာ္တို႔က မစစ္ေဆးတာ။ တကယ့္တကယ္ စစ္မယ္ဆိုရင္ေတာ့ မရဘူး။ ဒါကိုေတာ့ သိထားတယ္။ က်ေနာ္တုိ႔ကို လဝက ေျပာထားတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အျခားအဆင္မေျပတာေတြ ဘာေတြရိွလဲ။

ကိုသိန္းေအာင္ႏု ။ ။ တခ်က္အဆင္မေျပတာက က်ေနာ္တို႔ အလုပ္အကိုင္အေၾကာင္း ေျပာမယ္ဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့။ က်ေနာ္တို႔ လုပ္ခ်င္တဲ့ေနရာမွာ သြားေလွ်ာက္ရင္လဲ မရဘူး။ ေျပာမယ္ဆိုရင္ေတာ့ လုပ္မစားနဲ႔လို႔ ေျပာတာနဲ႔ အတူတူ ျဖစ္ေနေပါ့။ ခင္မ်ားတုိ႔ကို က်ေနာ္တုိ႔ အလုပ္မေပးဘူး။ ခင္မ်ားတို႔က White Card ကိုင္ေနတယ္ဆိုေတာ့ အစိုးရဝန္ထမ္းဆီမွာ ကားဒရိုင္ဘာ သြားေလွ်ာက္တာ မွတ္ပံုတင္ မရိွလို႔ မရဘူး။ အန္ဂ်ီအုိ တခုခုမွာ သြားေလွ်ာက္ရင္လဲ မရဘူး။ ဟိုတခါတုန္းကဆိုရင္ က်ေနာ္ -- သြားေလွ်ာက္တယ္။ White Card ကိုင္ထားလို႔ဆိုၿပီး မရဘူး။ က်ေနာ္တို႔ရြာက ေနာက္တေယာက္လည္း ေလွ်ာက္ေသးတယ္။ သူက အင္တာဗ်ဴးေတာ့ ပါေသးတယ္။ ဒါေပမဲ့ မွတ္ပံုတင္ မရိွလို႔ မရဘူး။ ဒါဆုိရင္ က်ေနာ္တုိ႔ကို လုပ္မစားနဲ႔လုိ႔ ေျပာတာနဲ႔အတူတူ။ အခက္အခဲကေတာ့ ဒါပဲ က်ေနာ္တို႔က ဒါကိုပဲလုပ္ဖို႔ မလုပ္ရဘူးဆိုရင္ ဆံုးရႈံးတာေပါ့။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ အလုပ္လုပ္ခြင့္ကလဲ မရိွဘူးဆိုေတာ့ အဲဒီဘက္က ျပန္လာတဲ့လူေတြ ဒီမွာ ဘာေတြလုပ္ကိုင္စားေသာက္ေနလဲ။

ကိုသိန္းေအာင္ႏု ။ ။ ဘာေတြလုပ္ကိုင္စားေသာက္လဲဆိုရင္ က်ဘန္းေပါ့ - ကဏန္းရွာ၊ ဖားရွာ၊ ငါးရွာ ဒီလိုပဲ လုပ္ကိုင္စားေသာက္ေနတယ္။ ေနက် အဲဒီလိုလုပ္ၿပီးေတာ့ စားၾကတယ္။ လယ္ေတြဘာေတြ ထြန္ၾကတယ္။ စပါးေတြကလဲ လုပ္တဲ့လူလုပ္တယ္။ မလုပ္ႏုိင္တဲ့လူကလည္း မလုပ္ေပါ့။ အဲဒီလိုပဲ က်ဘန္းလုပ္ၾကတယ္။ အတည္အက် မရိွပါဘူး။

==Unicode==

တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခသည် အများအပြားရှိတဲ့ထဲက ၂၀၁၂ အရေးအခင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို ပြန်လည်ခိုလှုံလာတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း ပါပါတယ်။ ထောင်နဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသိန်းအောင်နု ။ ။ မွေးတာက ရခိုင်မှာမွေးတာ။ ရခိုင် ငွေတောင်မှာမွေးတာ။ နောက် (၉) လနေပြီး ကျနော်တို့ အဖေ၊ အမေက ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားတယ်။ အဲဒီတုန်းက ကျနော်ပြန်ပါသွားတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘင်္ဂလားကို ပြန်သွားတယ်ဆိုတော့ ဘင်္ဂလားမှာ ရခိုင်တွေ အများကြီးရှိလား။

ကိုသိန်းအောင်နု ။ ။ ရခိုင်တွေ အများကြီးရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘယ်လောက်လောက်ရှိလဲ ပြောပြပေးပါ။

ကိုသိန်းအောင်နု ။ ။ နှစ်သိန်းကျော်၊ သုံးသိန်းလောက် ရှိမယ်ထင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘယ်နေရာတွေမှာ နေကြသလဲ။ ရွာဘယ်နှစ်ရွာလောက်မှာ နေကြလဲ။

ကိုသိန်းအောင်နု ။ ။ ရွာတော့ အများကြီးပေါ့။ ပြောမယ်ဆိုရင်တော့ နေရာအနုံ့အပြားမှာ ရခိုင်တွေနေထိုင်ကြတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အဲဒီ ရခိုင်ကနေ ရခိုင်ရွာတွေ အများကြီး၊ အဲဒီမှာ အခြေချနေခဲ့တာ ဘယ်နှစ်နှစ်လောက် နေခဲ့လဲ။

ကိုသိန်းအောင်နု ။ ။ ကျနော်က ပြောမယ်ဆိုတော့ ဟိုတပိုင်း၊ ဒီတပိုင်းနေတယ် - ရခိုင်မှာ လာပြီးတော့ ဘုန်းကြီးကျောင်းမှာ ပန်းရံသင်တယ်။ နောက်ပြီးတော့ တခေါက်ပြန်သွားသေးတယ်။ ကျနော်တို့အဖွားတွေ မသေခင်။ အဖွားတွေက ဘာပြောသလဲဆိုတော့ ငါတို့မသေခင်၊ ငါတို့နားအတူလာနေခဲ့ဆိုလို့ ပြန်သွားခဲ့တယ်။ အဖွားတွေသေပြီးမှ ၂၀၁၁-၁၂ ပြဿနာဖြစ်တဲ့နောက်ပိုင်းမှာ ကျနော်တို့ ဘင်္ဂလားမှာ မူစလင်ကုလားတွေ -- ဆိုတဲ့ ဘုန်းကြီးကျောင်းကို မီးရှို့တယ်။ အဲဒီမှာ ကျနော်တို့က ဘင်္ဂလားမှာ ဒီလောက်ဆိုးဆိုးဝါးဝါး ဖြစ်နေတာ တခါမှ မတွေ့သေးဘူး။ နောက်ထပ်ဒီထက်ပိုဆိုးလို့ရှိရင် ကျနော်တို့ ရခိုင်သားတွေ အကုန်လုံး သေကုန်မှာပဲဆိုပြီးတော့ ရခိုင်ကို ပြေးလာကြတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီတော့ ဗမာပြည်ဘက်ကို ပြန်လာတာပေါ့။ ဗမာပြည်ဘက် ပြန်လာတာ ဘယ်လောက်လောက်ရှိမလဲ။

ကိုသိန်းအောင်နု ။ ။ ၂၀၁၁-၁၂ မှာဆိုတော့ ကျနော်တို့ ရှစ်နှစ်လောက် ရှိပြီ။

ဒေါ်ခင်မျိုးသက် ။ ။ လူပေါင်းဘယ်လောက်လောက် ပြေးလာလဲ။

ကိုသိန်းအောင်နု ။ ။ လူပေါင်း - ကျနော်တို့ ပြေးလာတာကတော့ (၂၀) ကျော်လောက်ပဲ။ ဒါပေမဲ့ နောက်ထပ်ပြေးလာတဲ့လူတွေ အများကြီးရှိတယ်။ မောင်တောမြို့နယ်မှာဆိုရင် အခုဆိုရင် ငါးရာခြောက်ရာလောက် ရှိမယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီကိုပြန်ဝင်လာတော့ ဘယ်လိုပုံစံနဲ့ ပြန်ဝင်လာလဲ။

ကိုသိန်းအောင်နု ။ ။ အဲဒီတုန်းကတော့ မြန်မာအစိုးရက လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ကျနော်တို့လာတုန်းကဆိုရင် ဘယ်မှာနေမှာလဲ။ ကျနော်က --ရွာမှာ နေမယ်လို့ တောင်းဆိုပါတယ်။ ကျနော်တို့က ခရေမြိုင် ရောက်သွားခဲ့တယ်။ အခုလက်ရှိအထိ ခရေမြိုင်မှာ နေပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒါက ၂၀၁၂ ခုနှစ်။ အခုလက်ရှိမှာ တရားဝင် စာရွက်စာတမ်း ဘယ်လိုပုံစံနဲ့ နေပါသလဲ။

ကိုသိန်းအောင်နု ။ ။ တရားဝင်ဆိုတာက သူတို့က White Card ထုတ်ပေးထားတယ်။ တရားဝင် ဟုတ်လား၊ မဟုတ်လားဆိုတာ ကျနော်တို့ မသိဘူး။ အခု အဲဒီ White Card နဲ့ ဒရိုင်ဘာရုံးတွေမှာ သွားလျှောက်လို့ရှိရင် ကျနော်တို့ မှတ်ပုံတင်လောက် အသုံးမကျဘူးလို့ ပြောတယ်။ မယူနိုင်ဘူး။ ငါတို့ NGO တွေမှာ ကားမောင်းမယ်ဆိုရင်လဲ - မပေးဘူးလို့ပြောတာ ရှိတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ရခိုင် ကိုယ့်ပြည်ကို အားကိုးပြီးတော့ ပြန်လာတယ်။ White Card ရှိနေတဲ့အတွက်ကြောင့် ဘာမှမလုပ်ပေးနိုင်ဘူး။ ဆိုတော့ ဘာဖြစ်စေချင်လဲ။ ကိုယ်ကလဲ ရခိုင်သား။ ရခိုင်မှာပဲ နေချင်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလဲ နေလို့မရဘူး။ လက်ထဲမှာလဲ White Card ကိုင်ထားတယ်။ အဲဒီတော့ ဘာဖြစ်စေချင်လဲ။

ကိုသိန်းအောင်နု ။ ။ အမှန်တကယ်ပြောမယ်ဆိုရင်တော့ ကျနော်တို့ ရခိုင်မျိုးစု၊ မျိုးနွယ်စုကို White Card ပေးတာတော့ မကောင်းဘူးလို့ ထင်ပါတယ်။ အနီအတိုင်း ထုတ်ပေးမှ ကောင်းမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်းရံတတ်တဲ့လူ ရှိတယ်။ မတတ်တဲ့လူလည်း ရှိတယ်။ ဒါပေမဲ့ ပန်းရံတတ်တဲ့လူက နေရာတကာမှာ အလုပ်သွားရှာတယ်။ အလုပ်ရရင်လဲ သူတို့က အဆင်မပြေဘူး။ White Card ကြောင့် အဆင်မပြေဘူး။ အနီကဒ်ရမှာပဲ အဆင်ပြေမှာပါ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီနိုင်ငံသားအဖြစ်နဲ့ပဲ နေချင်တယ်ပေါ့။

ကိုသိန်းအောင်နု ။ ။ ကိုယ်က ရခိုင်ပြည်နယ်မှာ ရခိုင်သားအဖြစ်နဲ့ အနီကဒ် ကိုင်ဆောင်ပြီးတော့ နေချင်တာပေါ့။

ဒေါ်ခင်မျိုးသက် ။ ။ အခု White Card ကိုင်ထားလို့ တွေ့ရတဲ့ အခက်အခဲတွေကို နည်းနည်းပြောပြပေးပါ။

ကိုသိန်းအောင်နု ။ ။ အခက်အခဲတော့ ရှိတယ်။ ကျနော်တို့ ပထမ ကားစမောင်းတုန်းကဆိုရင် ရဲသားတောင် ကျနော်ကို လမ်းမပေါ် မလာခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်များက White Card ကိုင်ဆောင်ထားတဲ့လူ။ အဲဒီလို ရဲသားတွေက ပြောပြီးတော့ လဝကကို ဖုန်းဆက်တယ်။ လဝက က နှစ်ပွင့်နဲ့တယောက် လာတယ်။ လဝက ကပြောတယ် ငါတို့က ထုတ်ပေးထားတာ၊ သူတို့ကို သိမ်းလို့ရတယ်လို့ အဲဒီလို ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က အဆင်မပြေဘူးလေ။ ဟိုမှာ ပြခိုင်းလိုက်၊ ဒီမှာပြခိုင်းလိုက်။

ဒေါ်ခင်မျိုးသက် ။ ။ အလုပ်အကိုင် အဆင်မပြေဘူး။ ကျောင်းသားတွေကောပါလား။ ထွက်ပြေးတဲ့ထဲမှာ။

ကိုသိန်းအောင်နု ။ ။ ကျောင်းသားတွေလည်း ပါပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကျောင်းသားတွေ ပညာသင်ရတာ အဆင်ပြေလား။

ကိုသိန်းအောင်နု ။ ။ အဆင်ကတော့ ဟိုတဘက် ဒီတဘက် အဆင်ပြေသွားပါတယ်။ ဘင်္ဂလားမှာလည်း သင်ခဲ့တယ်။ ဘင်္ဂလားမှာလည်း သင်ခဲ့တယ်။ ငါးတန်း၊ ခြောက်တန်း ဖတ်ပြီးတော့ ဒီမှာ ပြန်ရောက်တယ်။ အောက်ခြေတန်းက စခိုင်းတယ်ဆိုတော့ အဆင်မပြေတော့ဘူး။ သူတို့လည်း အသက်ကြီးပြီဆိုတော့ အတန်းမှာသွားထိုင်တယ်ဆိုတော့ ရှက်မှာပေါ့။ အဲဒီလို ခက်ခဲကြတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ ရခိုင်သားတွေကို အစိုးရက ဘာလုပ်ပေးစေချင်လဲ။

ကိုသိန်းအောင်နု ။ ။ အစိုးရကို ကျနော်က အနီကဒ် ထုတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ ဘင်္ဂလားသားတွေကို အနီကဒ် ထုတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရခိုင်သားဖြစ်ရဲ့သားနဲ့ အနီကဒ် မကိုင်ဆောင်ရဘူး။ ကျနော်တို့ ရခိုင်သားတွေကို အနီကဒ် ထုတ်ပေးစေချင်ပါတယ်။ အခုက မူစလင်တွေကိုတောင်မှ အနီကဒ် ထုတ်ပေးထားတယ်။ ကျနော်တို့က ရခိုင်မျိုးနွယ်စု၊ ဗုဒ္ဓဘာသာ ဖြစ်ရဲ့သားနဲ့ ဒီ White Card ကိုင်ဆောင်နေရတာက ကျနော်တို့က မူစလင်လောက်တောင် အဆင့်အတန်း မရှိတော့ဘူး ဖြစ်သွားတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှတ်ပုံတင် ဘာတို့ နိုင်ငံသားအသိအမှတ်ပြုတာတို့ စာရွက်စာတမ်းထုတ်ပေးထားတာ ရှိပါသလား။

ကိုသိန်းအောင်နု ။ ။ ကျနော်တို့ ဘင်္ဂလားမှာ နေတုန်းကဆိုရင် ထုတ်ပေးထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီကိုလာတဲ့အခါမှာတော့ ယူမလာခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားက အိုင်ဒီကဒ်ကို ယူလာလို့လဲ ဒီမှာဘာမှသုံးမရဘူးလေ။ ဒါကြောင့်မို့ ထားခဲ့တာပါ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူပေါင်းက ဒုက္ခရောက်နေတာ ဒီလိုမျိုး ဗမာပြည်ထဲကို ဝင်လာပြီး ဒုက္ခရောက်နေတာ လူပေါင်းဘယ်လောက်လောက် ရှိမလဲ။ ဟိုမှာ နှစ်သိန်းလောက် ရှိတယ်ဆိုတော့ ဒီမှာရောက်ပြီးတော့ ဒုက္ခဖြစ်နေတာ လူဦးရေ ဘယ်လောက်ရှိမလဲ။

ကိုသိန်းအောင်နု ။ ။ ကျနော်တို့ ဘင်္ဂလားက ပြန်လာတဲ့ ရခိုင်သားတွေ ခုနှစ်သောင်း၊ ရှစ်သောင်းလောက် ရှိမယ်ထင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ အစိုးရကနေ အခုလိုလာတဲ့ ရခိုင်သားတွေကို White Card ထုတ်ပေးထားတယ်။ ဆိုတော့ ဒီရခိုင်သားတွေကိုယ်တိုင်က အနီကဒ် ထုတ်ပေးဖို့ အစိုးကို တရားဝင်တောင်းဆိုတာတွေ လုပ်ဖူးသလား။

ကိုသိန်းအောင်နု ။ ။ လုပ်ပါတယ်။ ကျနော်တို့လည်း အနီကဒ်ကို တောင်းဆိုပါတယ်။ ဒါပေမဲ့ သူတို့က ခင်များတို့ ဘင်္ဂလားသားတွေကို အနီကဒ် ထုတ်မပေးသေးဘူးလို့ ပြောတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဘယ်လိုပုံစံနဲ့ သွားတောင်းတာလဲ။ စာရွက်စာတမ်းတွေနဲ့လား။

ကိုသိန်းအောင်နု ။ ။ စာရွက်စာတမ်းတွေနဲ့ မတောင်းပါဘူး။ ဒီလိုပဲ ပါးစပ်နဲ့ ရှေ့တင်ပြောတာပါ။ ကျနော်တို့ကို အနီကဒ် ထုတ်ပေးမှာလား။ အနီကဒ် လုပ်ပေးမလားဆိုပြီး တောင်းဆိုတာ ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီတော့ လဝကမှာ ဒီအတိုင်း သွားပြောတာပေါ့။ စာရွက်စာတမ်းနဲ့ ကျနော်တို့ကို အနီကဒ် ထုတ်ပေးပါ။ လူတွေ ဘယ်နှစ်ယောက်က အကုန်လုံး လက်မှတ်ထိုးပြီး တောင်းဆိုတာ ဘာညာမရှိဘူးလား။

ကိုသိန်းအောင်နု ။ ။ အဲဒီလိုမျိုးတော့ မရှိဘူး။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီတော့ အဲဒီလိုလုပ်လိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါသလား။

ကိုသိန်းအောင်နု ။ ။ အခုပြောမယ်ဆိုရင်တော့ သူတို့ကို ပြောမယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က ဘာပြောသလဲဆိုတော့ ခင်များတို့အရင် ရောက်နေတဲ့ ဝေသာလီကိုတောင်မှ အနီကဒ် ထုတ်မပေးသေးဘူးလို့ ပြောတယ်။ ကျနော်တို့က ၂၀၀၈ နှစ်မှာပဲလာတာ။ ဟိုလူတွေက ၂၀၀၀ ပြည့်ခင်တုန်းက လာတာ။ နှစ်ပေါင်း (၂၀) လောက် ရှိနေပြီ။ အခုထိတောင် မရသေးဘူးဆိုတော့ ကျနော်တို့က ဘယ်လိုရမလဲ။ အဲဒီလိုပဲ ထင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုတော့ နည်းနည်းကြိုးစားကြည့်လိုက်ပေါ့။ ကြိုးစားကြည့်မယ်ဆိုရင် ရမယ်ထင်တယ်။ အများလည်း အဲဒီလိုပဲ ကိုယ်လိုချင်တာကို စာရွက်စာတမ်းနဲ့ အသေအချာ တောင်းဆိုတာတွေရှိတော့ အဲဒီလိုမျိုး လုပ်ဖို့ကော စိတ်ကူးရှိသလား။

ကိုသိန်းအောင်နု ။ ။ ဒါကို ကျနော်တော့ စိတ်ကူးရှိပါတယ်။ လုပ်ဖို့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူးဆိုတာ ရှိတယ်။ အဓိက အုပ်ချုပ်ရေးမှူးနဲ့လည်း ဆိုင်တယ်။ ကျနော်တို့ရွာသားတွေက လက်မှတ်တွေ ကောက်ပြီးတော့ ဒီလိုတောင်းဆိုရမယ်။ လူဦးရေက ဘယ်လောက်ရှိတယ်။ ကျနော်တို့ကို ဘယ်လောက်လောက် အချိန်ပေးမလဲ။ အနီကဒ် လုပ်ပေးဖို့ အဓိက ဥက္ကဋ္ဌနဲ့ဆိုင်တယ်။ ဥက္ကဋ္ဌက အဲဒါကို လှုံဆော်ရမှာ။ ကျနော်တို့ ပြောရင်လဲ ဘာမှမထူးဘူး။

ဒေါ်ခင်မျိုးသက် ။ ။ အခု ရွေးကောက်ပွဲကလည်း နီးလာပြီ။ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ မဲထည့်ခွင့်ရှိလား။

ကိုသိန်းအောင်နု ။ ။ ကျနော်တို့တော့ မဲထည့်ပိုင်ခွင့် မရှိဘူး

ဒေါ်ခင်မျိုးသက် ။ ။ အရင်တုန်းက ၂၀၁၂ ထဲက ရောက်လာတယ်ဆိုတော့ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲ ရှိခဲ့တယ်။ အဲဒီတုန်းကရော မဲထည့်လို့ရလား။

ကိုသိန်းအောင်နု ။ ။ ကျနော်တို့ ဘင်္ဂလားသားတွေက မဲမထည့်ရဘူး။ ရခိုင်ပြည်သားပဲ မဲထည့်ရတယ်။ ဒါပေမဲ့ ကျနော်က အားပါတယ်။ ကိုယ်မထည့်ရပေမယ့် နောက်ထပ်လူတွေ ရခိုင်သားတွေ တရွာနဲ့တရွာ အလည်အပတ် ရောက်နေတဲ့လူတွေကို ဆင့်ခေါ်ပြီးတော့ ထည့်ခိုင်းတာလည်း ရှိတယ်။ အဲဒီလောက်တောင်မှ မဲနှစ်မဲလောက် ထည့်ခိုင်းတာရှိတယ်။ ဒါပေမဲ့ ထည့်ချင်တာကတော့ ဘယ်အဖွဲ့အစည်းကို အားပေးတယ်၊ ဘယ်အဖွဲ့အစည်းကို ရစေချင်တာပေါ့။ သူတို့ကို ရစေချင်သလို၊ ကိုယ်ကတော့ အပြန်အလှန် ထည့်ပေးချင်တာပေါ့ - ဒါပေမဲ့ ထည့်လို့မှမရတာ။

ဒေါ်ခင်မျိုးသက် ။ ။ White Card ကိုင်ထားတဲ့အတွက်ကြောင့်မို့ ဘာဆုံးရှုံးမှုတွေ ရှိတယ်လို့ စိတ်ထဲမှာ ထင်သလဲ။

ကိုသိန်းအောင်နု ။ ။ အထူးသဖြင့်တော ဟိုသွားချင်ရင်၊ သွားလို့မရဘူး။ ဒီကိုသွားချင်ရင် သွားလို့မရဘူး။ ပြောမယ်ဆိုရင် ကျနော်တို့ ရန်ကုန်ကို သွားလို့မရသေးဘူး။ ရှင်းရှင်းပြောမယ်ဆိုရင် ဘူးသီးတောင်မှာတောင်မှ ကျနော်တို့ကို တကယ့်တကယ် စစ်မယ်ဆိုရင် အိပ်ခွင့်မရဘူး။ သွားခွင့်ရတယ်။ အိမ်ခွင့်မရဘူး။ အမှန်တကယ် ပြောမယ်ဆိုရင်။ White Card ကိုင်တာက သူတို့ကို နေထိုင်ခွင့်ပေးတယ်။ ခရီးသွားလာခွင့် အဝေးကြီးကို သွားခွင့်မပေးဘူး။ ကိုယ်က တိုင်းရင်းသားတွေဖြစ်လို့ ကျနော်တို့က မစစ်ဆေးတာ။ တကယ့်တကယ် စစ်မယ်ဆိုရင်တော့ မရဘူး။ ဒါကိုတော့ သိထားတယ်။ ကျနော်တို့ကို လဝက ပြောထားတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခြားအဆင်မပြေတာတွေ ဘာတွေရှိလဲ။

ကိုသိန်းအောင်နု ။ ။ တချက်အဆင်မပြေတာက ကျနော်တို့ အလုပ်အကိုင်အကြောင်း ပြောမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။ ကျနော်တို့ လုပ်ချင်တဲ့နေရာမှာ သွားလျှောက်ရင်လဲ မရဘူး။ ပြောမယ်ဆိုရင်တော့ လုပ်မစားနဲ့လို့ ပြောတာနဲ့ အတူတူ ဖြစ်နေပေါ့။ ခင်များတို့ကို ကျနော်တို့ အလုပ်မပေးဘူး။ ခင်များတို့က White Card ကိုင်နေတယ်ဆိုတော့ အစိုးရဝန်ထမ်းဆီမှာ ကားဒရိုင်ဘာ သွားလျှောက်တာ မှတ်ပုံတင် မရှိလို့ မရဘူး။ အန်ဂျီအို တခုခုမှာ သွားလျှောက်ရင်လဲ မရဘူး။ ဟိုတခါတုန်းကဆိုရင် ကျနော် -- သွားလျှောက်တယ်။ White Card ကိုင်ထားလို့ဆိုပြီး မရဘူး။ ကျနော်တို့ရွာက နောက်တယောက်လည်း လျှောက်သေးတယ်။ သူက အင်တာဗျူးတော့ ပါသေးတယ်။ ဒါပေမဲ့ မှတ်ပုံတင် မရှိလို့ မရဘူး။ ဒါဆိုရင် ကျနော်တို့ကို လုပ်မစားနဲ့လို့ ပြောတာနဲ့အတူတူ။ အခက်အခဲကတော့ ဒါပဲ ကျနော်တို့က ဒါကိုပဲလုပ်ဖို့ မလုပ်ရဘူးဆိုရင် ဆုံးရှုံးတာပေါ့။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အလုပ်လုပ်ခွင့်ကလဲ မရှိဘူးဆိုတော့ အဲဒီဘက်က ပြန်လာတဲ့လူတွေ ဒီမှာ ဘာတွေလုပ်ကိုင်စားသောက်နေလဲ။

ကိုသိန်းအောင်နု ။ ။ ဘာတွေလုပ်ကိုင်စားသောက်လဲဆိုရင် ကျဘန်းပေါ့ - ကဏန်းရှာ၊ ဖားရှာ၊ ငါးရှာ ဒီလိုပဲ လုပ်ကိုင်စားသောက်နေတယ်။ နေကျ အဲဒီလိုလုပ်ပြီးတော့ စားကြတယ်။ လယ်တွေဘာတွေ ထွန်ကြတယ်။ စပါးတွေကလဲ လုပ်တဲ့လူလုပ်တယ်။ မလုပ်နိုင်တဲ့လူကလည်း မလုပ်ပေါ့။ အဲဒီလိုပဲ ကျဘန်းလုပ်ကြတယ်။ အတည်အကျ မရှိပါဘူး။

XS
SM
MD
LG