သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 ထိတဲ႔ ခရီးသြားက႑အတြက္ အစိုးရရဲ႕ ေခ်းေငြ အကူအညီ


(Photo by Mladen ANTONOV / AFP)

(Zawgyi / Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈ ဂယက္ေၾကာင့္ အႀကီးအက်ယ္ ထိခိုက္သက္ေရာက္ရတဲ႔ ျမန္မာ့ ခရီးသြား လုပ္ငန္း ၿပိဳလဲ မသြားေအာင္ လူ႔စြမ္းအား အရင္းအျမစ္ေတြ ထိန္းထားႏုိင္ဖို႔ စဥ္းစား သံုးသပ္ေနၾကရပါတယ္။ အစိုးရရဲ႕ ေခ်းေငြနဲ႔ လုပ္ငန္းေတြ ၆ လေလာက္ ရပ္တည္ႏုိင္ေရး စဥ္းစားေနၾကရၿပီး အလုပ္မရွိတဲ႔ ဒီကာလ အတြင္း ဘာေတြ လုပ္ထားလို႔ ျပင္ဆင္ထားလို႔ ရႏုိင္မလဲ ဆိုတာကို ျမန္မာႏိုင္ငံ ခရီးသြား လုပ္ငန္း ရွင္မ်ား အဖြဲ႔ တတ္သိပညာရွင္ ဦးသက္လြင္တိုးနဲ႔ Skype ကေန တဆင့္ မသိဂၤ ီထိုက္ ဆက္သြယ္ ေဆြးေႏြး တင္ျပထားပါတယ္။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ ခရီးသြား လုပ္ငန္းက ရခိုင္ ပဋိပကၡေၾကာင့္ အေနာက္ႏုိင္ငံ ခရီးသြား လုပ္ငန္းက အေတာ္ေလး က်ထားပါတယ္ ဆရာ။ ေနာက္တခုက COVID -19 ေပါ့ေနာ္ ဒီတရုတ္မွာ ျဖစ္တဲ႔ ခရီးသြား လုပ္ငန္းက ပိုၿပီးေတာ့ သိသိသာသာ က်သြားတယ္ဆိုေတာ့ အစိုးရရဲ႕ ဒီ ေငြေၾကး ပံ႔ပိုးေပးမႈက ခရီးသြား လုပ္ငန္း ျမွင့္တင္ႏုိင္မယ့္ အလားအလာကိုေရာ ဆရာ ေတြ႔ပါသလားရွင့္။

ဦးသက္လြင္တိုး ။ ။ ဒီေငြေၾကးနဲ႔ေတာ့ ခရီးသြား လုပ္ငန္း ျမွင့္တင္ဖို႔ အတြက္ က်ေနာ္တို႔က ဒါ ထိေရာက္မွာ မဟုတ္ေသးဘူး။ ေလာေလာဆယ္က က်ေနာ္တို႔က ေဖာင္မပ်က္သြားေအာင္ ထိန္းေပးတဲ႔ သေဘာဘဲေပါ့။ ဘာလို႔လည္း ဆုိေတာ့ ခရီးသြား လုပ္ငန္းမွာ လူေတြနဲ႔ အဓိက ကုန္ထုတ္လုပ္ရတာ ျဖစ္တယ္။ အဲဒီ အခါ ဒီကြ်မ္းက်င္ လုပ္သားေတြ ဆိုတာ ခ်က္ခ်င္း စုစည္းလို႔ မရဘူးေပါ့ေနာ္။ က်ေနာ္တို႔ ၂၀၀၇ ၊ ၂၀၀၈ အေရးအခင္းေတြ နာဂစ္တို႔ ဘာတို႔ျဖစ္တယ္ ေရႊ၀ါေရာင္တို႔ ဘာတို႔ ျဖစ္တုန္းကလည္း ေတာ္ေတာ္မ်ားမ်ားဟာ ျပည္ပေရာက္သြားၾကတယ္။ တခ်ိဳ႕လည္း လိုင္းေျပာင္းသြားၾကတယ္။ တခ်ိဳ႕လည္း ဒီ လုပ္ငန္း နယ္ပယ္မွာ မရွိတဲ႔ အခါ က်ေနာ္တို႔ ၂၀၁၀ ေနာက္ပိုင္း ျပန္ၿပီးေတာ့ ခရီးသြား လုပ္ငန္း အတြက္ အေျခအေန ေပးလာတဲ႔ အခါမွာ က်ေနာ္တို႔ အတြက္ Shortage of Skill labor ကြ်မ္းက်င္လုပ္သမား မလံုေလာက္မႈ ျဖစ္သြားတယ္။
ဒါေၾကာင့္မို႔ ဒီတေခါက္လည္း ဒီတေခါက္ကေတာ့ ေျပာရရင္ေတာ့ ရခိုင္ အေရးအခင္းထက္လည္း ဆိုးတယ္၊ နာဂစ္ထက္လည္း ဆိုးတယ္ေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔။ ဆိုေတာ့ အစိုးရရဲ႕ အခုေပးမယ့္ ေငြေၾကး ပမာဏက ဆရာတို႔ ခရီးသြား လုပ္ငန္း ကြင္းဆက္ႀကီး တခုလံုးကို က်ားကန္ေပးႏုိင္မယ့္ အေနအထား ရွိပါသလား။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အခုအေျခအေနက ဘယ္အခ်ိန္မွာ ဒီ အေျခအေနႀကီးက ေအးသြားမလဲ ဆိုတာက ဘယ္သူမွ မမွန္းႏုိင္တဲ႔ အေနအထားဆိုေတာ့။

ဦးသက္လြင္တိုး ။ ။ Disaster ျဖစ္ေတာ့မယ့္ အေျခအေနေတြ ရွိေနၿပီ။ အဲဒီ အခါက်ေတာ့ အစိုးရက ေနၿပီးေတာ့ ဒီ၀န္ထမ္းေတြကို နံပတ္ ၁ က ဒီ Tourism (ခရီးသြား လုပ္ငန္း) မွာ ရွိေနတဲ႔ ခရီးစဥ္ စီစဥ္သူေတြကို ဘယ္လို ထိန္းမလဲ၊ သူ႔ရဲ႕ ကြ်မ္းက်င္ လုပ္သားေတြကို ထိန္းဖို႔ နည္းလမ္း ရွာရေတာ့မယ္။ အလားတူဘဲ ဟိုတယ္ေတြမွာလည္း ခုန ေျပာသလိုေပါ့ တခ်ိဳ႕က ေခ်းေငြနဲ႔ လုပ္တဲ႔ ဟိုတယ္ေတြ ရွိတယ္။ ျပန္မဆပ္ႏုိင္ဘူး ဆိုရင္ ဘဏ္ေတြနဲ႔ ညွိၿပီးေတာ့ တခုခု Defer လုပ္ဖို႔ အတိုးသက္သာေအာင္ အစိုးရက တစိတ္တပိုင္း က်ခံရမွာ ျဖစ္သလို ဒီမွာ ရွိတဲ႔ ဟိုတယ္ ၀န္ထမ္းေတြကိုလည္း ထိန္းထားဖို႔ လစာေပးႏုိင္ဖို႔ အတြက္လည္း လိုပါတယ္။
အလားတူဘဲ ခရီးသြား လုပ္ငန္းနဲ႔ ဆက္စပ္တဲ႔ သယ္ယူပို႔ေဆာင္ေရး က႑ေပါ့ ေလေၾကာင္းလိုင္းေတြလည္း ပါတယ္။ ေနာက္ဆံုးေတာ့ ေအာက္ေျခ အဆင့္က သယ္ယူပို႔ေဆာင္ေရးပိုင္းက ျမင္းလွည္းဆရာေတြ၊ ေလွဆရာေတြ၊ ဆိုက္ကားဆရာ အဆံုးေပါ့။ ဒါေတြကေတာ့ ေဒသတြင္း အသံုမဟုတ္ဘဲ ခရီးသြား ေစ်းကြက္ ျဖစ္တဲ႔ အင္း၀တို႔လို မင္းကြန္းတို႔လို ပုဂံတို႔လို ေနရာက ဆိုရင္ လူေတြက အရင္ထိၿပီေလ။ ျပည္တြင္း ခရီးသြားေတြ လာရင္ေတာ့ တမ်ိဳးေတာ့။ အဲေတာ့ သူတို႔ကိုလည္း ဘယ္လို ေပးမလဲ ဆိုတာလည္း လိုပါတယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ရွင့္ ဆရာ။ ဆိုေတာ့ ဆရာတို႔ အစိုးရရဲ႕ ေခ်းေငြ မတည္ေပးမႈနဲ႔ ဆိုလို႔ ရွိရင္ ခရီးသြား လုပ္ငန္း က႑ရဲ႕ လုပ္သား အင္အားစုကို ထိန္းထားႏုိင္ဖို႔က ဆရာတို႔ ဒီအေျခအေန အတိုင္းဆိုရင္ ဘယ္ေလာက္ ကာလေလာက္ဘဲ ထိန္းထားႏုိင္မလဲရွင့္။ ေရရွည္ေတာ့ မလြယ္ဘူး ထင္ပါတယ္ ဆရာ။

ဦးသက္လြင္တိုး ။ ။ ဟုတ္ပါတယ္။ ဘာလို႔လည္း ဆိုေတာ့ က်ေန္ာတို႔က ဒီ ျပသနာကေတာ့ အနည္းဆံုး ၆ လေတာ့ သြားမွာဘဲ။ က်ေန္ာတို႔ လာမယ့္ ေအာက္တိုဘာ ပြင့္လင္း ရာသီကိုေတာ့ ဘာမွ မျဖစ္ခဲ႔ဘူးဆိုရင္ ေမွ်ာ္လင့္ရတာေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ ဒီေခ်းေငြ ရဖို႔ေရာ ကုမၸဏီေတြဘက္က အဆိုျပဳလို႔ ရမလား။ ဘယ္လို ရႏိုင္မလဲရွင့္ ဆရာ။

ဦးသက္လြင္တိုး ။ ။ ေခ်းေငြကေတာ့ ပထမ အသုတ္ ေပးမယ္။ ေနာက္လည္း ေပးမယ္ဆိုေတာ့ ပထမ အသုတ္မွာေတာ့ ခုနက ေျပာတဲ႔ လက္ေတြ႔ လုပ္ေနတဲ႔ ခရီးသြား လုပ္ငန္းေတြ ပါမယ္၊ ဟိုတယ္ အေသးေလးေတြ ပါမယ္။ ေနာက္ၿပီးရင္ေတာ့ စားေသာက္ဆိုင္ေလးေတြနဲ႔ အမွတ္တရ လက္ေဆာင္ လုပ္တဲ႔လူေတြေပါ့။ ေနာက္ သယ္ယူပို႔ေဆာင္ေရး ပိုင္းမွာ ဆိုရင္ေတာ့ ခုန ေလေၾကာင္း ကုမၸဏီႀကီးေတြကေတာ့ အခုအခ်ိန္မွာ သူတို႔ကေတာ့ အင္အားရွိတယ္။ ေမာ္ေတာ္ကားလည္း အလားတူဘဲေပါ့ေနာ္။ တကယ္ တပိုင္တႏုိင္ လုပ္ေနတဲ႔ လူေလးေတြ ရွိမယ္။ ဒါေလးေတြကိုေတာ့ က်ေနာ္တို႔က ခရီးသြား ေစ်းကြက္ကို အဓိက ထားတဲ႔ ေဒသေတြကိုေတာ့ စဥ္းစား သင့္တယ္ ထင္ပါတယ္။
Business Plan လုပ္ငန္း အစီအစဥ္ေပါ့ အခုလည္း က်ေနာ္တို႔ ေဆြးေႏြးတဲ႔ အထဲမွာ သူတို႔ ဘာလုပ္မလဲ ဒီေငြရရင္ေနာ္။ တခ်ိဳ႕က တျခားႏုိင္ငံသြားၿပီး Promotion လုပ္မယ္။ ဒါ Promotion လုပ္ရမယ့္ အခ်ိန္ မဟုတ္ဘူး။ ဒီအခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ ကာကြယ္ရမယ့္ အခ်ိန္၊ ကိုယ္နစ္မသြားေအာင္ ၀ိုင္းၿပီးေတာ့ က်ားကန္ရမယ့္ အခ်ိန္မွာ ဒီေငြဟာ ကိုယ္႔ကို မွီခိုေနတဲ႔ ၀န္ထမ္းေတြ၊ ကိုယ္ရပ္တည္ရမယ့္ ထိန္းသိမ္းရမယ့္ လုပ္ငန္းရဲ႕ အေျခအေန ေလးေတြေပါ့ေနာ္။ ဟိုတယ္ဆိုလည္း ဟိုတယ္ ျပဳျပင္ ထိန္းသိမ္းရမွာေတြ ရွိတယ္။ စားေသာက္ဆိုင္ ဆိုလည္း အထိုက္အေလ်ာက္ Maintenance နဲ႔ က်ေနာ္တို႔ရတဲ႔ ဧည့္သည္ေလးကို ထိန္းဖို႔ လိုမယ္။ ဒီအေပၚ မွာ မွီထားတဲ႔ ၀န္ထမ္းေတြ ကို ေပးဖို႔ လုပ္တာလို႔ ယူဆပါတယ္။
လည္ပတ္မႈကေတာ့ ေတာ္ေတာ္ နည္းသြားမွာဘဲေလ။ နည္းသြားတဲ႔ အတြက္ေၾကာင့္ ခရီးသည္ေတြ မလာေတာ့ဘူး၊ ထြက္တဲ႔သူေတြလည္း မရွိေတာ့ဘူးဆိုရင္ ဒီမွာ ရွိတဲ႔ ဟိုတယ္ေတြ၊ စာေသာက္ဆိုင္ေတြ၊ ခရီးသြား အေပၚ အားထားရတဲ႔ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ အကုန္လံုးမွာ ေလ်ာ့သြားေတာ့မွာဘဲ။ ေတာ္ေတာ္ေတာ့ ဒီအေျခအေနက စိုးရိမ္စရာ ရင္ေလးစရာေတာ့ ရွိတာေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ အဲလို ျဖစ္လာခဲ႔လို႔ ရွိရင္ ဘယ္ေလာက္ ဆိုးရြားတဲ႔ အေျခအေနမ်ိဳးထိ ေရာက္သြား ႏုိင္ပါသလဲ။
ဦးသက္လြင္တိုး ။ ။ အဓိက ကေတာ့ Recession စီးပြားက်မႈက Domino Concept လိုေပါ့ တခုခု ျပဳတ္လိုက္တာနဲ႔ ၿပိဳလဲသြားႏုိင္တဲ႔ အေျခအေနက ရွိတယ္။ ကမၻာမွာလည္း ဒီလို သာဓကေတြက ရွိတယ္။ ရွိေတာ့ က်ေနာ္တို႔က အခုအခ်ိန္မွာ ရပ္မေနဖို႔ အေရးႀကီးပါတယ္။ ရပ္မေနဖို႔ ဆိုတာ က်ေနာ္တို႔က ရံုးက ၀န္ထမ္းေတြကိုေတာ့ အခု ဒီမွာ ဘာမွ မျဖစ္ေသးဘူးဆိုေတာ့ ရံုးေတာ့ တက္ခိုင္းထားတယ္။ ဒါေပမယ့္ ရံုးတြင္းမွာ က်ေနာ္တို႔က စြမ္းရည္ျမွင့္ သင္တန္းေတြ လုပ္ထားတယ္၊ စိတ္ဓာတ္ျမွင့္ေစတဲ႔ Motivation ေတြ လုပ္ထားတယ္။
အရင္ အလုပ္လက္က်န္ အေၾကြးေတြ ရွိရင္ သူတို႔ျပန္ စာရင္းေတြ ရွင္းတာေတြ၊ ျပန္လည္ဆန္းစစ္တာေတြ ဒါေတြေတာ့ က်ေနာ္တို႔က လုပ္ထားတယ္။ ဒီလိုဘဲေပါ႔ တျခား စားေသာက္ဆိုင္တို႔ ဟိုတယ္တို႔မွာ ဆိုရင္လည္း ဒါေတြက ျပန္လည္ၿပီးေတာ့ သူတို႔ကို တက္ၾကြေနေအာင္ လုပ္ေနရမယ္။ လူေတြက စိတ္ဓာတ္က်တယ္ဆိုတာ အလုပ္ မရွိရင္လည္း ရသလို အလုပ္သိပ္မ်ားရင္လည္း ျဖစ္တတ္ပါတယ္။ အဲဒါမ်ိဳးေတြကို ထိန္းညွိဖို႔ အတြက္လည္း လိုပါတယ္။
အခုလိုေပါ့ က်ေနာ္တို႔ ရပ္ေနလိုက္ရင္ေတာ့ အေျခအေန ပိုဆိုးသြားမယ္။ က်ေနာ္တို႔က အဆင္သင့္ ျဖစ္ေအာင္ လုပ္ရမယ္။ က်ေနာ္တို႔ အခုအခ်ိန္မွာ ဆိုရင္ ဒီဂ်စ္တယ္ အြန္လိုင္းေတြနဲ႔ - အြန္လိုင္းနဲ႔ ရံုးေတြမွာ အုပ္ခ်ဳပ္လာၿပီီ ဆိုရင္ ဒီ အေလ႔အက်င့္ကို ပိုၿပီးေတာ့ လုပ္ရမယ္။ အစိုးရကလည္း ဒီရက္ပိုင္းမွာ Connection ေတြ ေကာင္းေအာင္ Facility ေတြကို ပိုၿပီးေတာ့ အားေပးရမယ္။
အဲဒါဆို က်ေနာ္တို႔က ဒီဂ်စ္တယ္ Platform တခုကို ခိုင္ခိုင္မာမာ ဒီကာလကို တည္ေဆာက္ႏုိင္ၿပီ ဆိုရင္ ျပန္ဖြင့္တဲ႔ အခ်ိန္ေရာက္ရင္ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ ပံုရိပ္၊ က်ေနာ္တို႔ ဒီဘက္မွာလည္း လည္ရန္ ပတ္ရန္ အတြက္ အေကာင္းဆံုး ေနရာဆိုၿပီး လူသိလာမယ္။ အဲလိုဘဲ က်ေနာ္ ျမင္ပါတယ္။

(Unicode)

COVID 19 ထိတဲ့ ခရီးသွားကဏ္ဍအတွက် အစိုးရရဲ့ ချေးငွေ အကူအညီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ဂယက်ကြောင့် အကြီးအကျယ် ထိခိုက်သက်ရောက်ရတဲ့ မြန်မာ့ ခရီးသွား လုပ်ငန်း ပြိုလဲ မသွားအောင် လူ့စွမ်းအား အရင်းအမြစ်တွေ ထိန်းထားနိုင်ဖို့ စဉ်းစား သုံးသပ်နေကြရပါတယ်။ အစိုးရရဲ့ ချေးငွေနဲ့ လုပ်ငန်းတွေ ၆ လလောက် ရပ်တည်နိုင်ရေး စဉ်းစားနေကြရပြီး အလုပ်မရှိတဲ့ ဒီကာလ အတွင်း ဘာတွေ လုပ်ထားလို့ ပြင်ဆင်ထားလို့ ရနိုင်မလဲ ဆိုတာကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အဖွဲ့ တတ်သိပညာရှင် ဦးသက်လွင်တိုးနဲ့ Skype ကနေ တဆင့် မသိင်္ဂ ီထိုက် ဆက်သွယ် ဆွေးနွေး တင်ပြထားပါတယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ခရီးသွား လုပ်ငန်းက ရခိုင် ပဋိပက္ခကြောင့် အနောက်နိုင်ငံ ခရီးသွား လုပ်ငန်းက အတော်လေး ကျထားပါတယ် ဆရာ။ နောက်တခုက COVID -19 ပေါ့နော် ဒီတရုတ်မှာ ဖြစ်တဲ့ ခရီးသွား လုပ်ငန်းက ပိုပြီးတော့ သိသိသာသာ ကျသွားတယ်ဆိုတော့ အစိုးရရဲ့ ဒီ ငွေကြေး ပံ့ပိုးပေးမှုက ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်မယ့် အလားအလာကိုရော ဆရာ တွေ့ပါသလားရှင့်။

ဦးသက်လွင်တိုး ။ ။ ဒီငွေကြေးနဲ့တော့ ခရီးသွား လုပ်ငန်း မြှင့်တင်ဖို့ အတွက် ကျနော်တို့က ဒါ ထိရောက်မှာ မဟုတ်သေးဘူး။ လောလောဆယ်က ကျနော်တို့က ဖောင်မပျက်သွားအောင် ထိန်းပေးတဲ့ သဘောဘဲပေါ့။ ဘာလို့လည်း ဆိုတော့ ခရီးသွား လုပ်ငန်းမှာ လူတွေနဲ့ အဓိက ကုန်ထုတ်လုပ်ရတာ ဖြစ်တယ်။ အဲဒီ အခါ ဒီကျွမ်းကျင် လုပ်သားတွေ ဆိုတာ ချက်ချင်း စုစည်းလို့ မရဘူးပေါ့နော်။ ကျနော်တို့ ၂၀၀၇ ၊ ၂၀၀၈ အရေးအခင်းတွေ နာဂစ်တို့ ဘာတို့ဖြစ်တယ် ရွှေဝါရောင်တို့ ဘာတို့ ဖြစ်တုန်းကလည်း တော်တော်များများဟာ ပြည်ပရောက်သွားကြတယ်။ တချို့လည်း လိုင်းပြောင်းသွားကြတယ်။ တချို့လည်း ဒီ လုပ်ငန်း နယ်ပယ်မှာ မရှိတဲ့ အခါ ကျနော်တို့ ၂၀၁၀ နောက်ပိုင်း ပြန်ပြီးတော့ ခရီးသွား လုပ်ငန်း အတွက် အခြေအနေ ပေးလာတဲ့ အခါမှာ ကျနော်တို့ အတွက် Shortage of Skill labor ကျွမ်းကျင်လုပ်သမား မလုံလောက်မှု ဖြစ်သွားတယ်။
ဒါကြောင့်မို့ ဒီတခေါက်လည်း ဒီတခေါက်ကတော့ ပြောရရင်တော့ ရခိုင် အရေးအခင်းထက်လည်း ဆိုးတယ်၊ နာဂစ်ထက်လည်း ဆိုးတယ်ပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ ဆိုတော့ အစိုးရရဲ့ အခုပေးမယ့် ငွေကြေး ပမာဏက ဆရာတို့ ခရီးသွား လုပ်ငန်း ကွင်းဆက်ကြီး တခုလုံးကို ကျားကန်ပေးနိုင်မယ့် အနေအထား ရှိပါသလား။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအခြေအနေက ဘယ်အချိန်မှာ ဒီ အခြေအနေကြီးက အေးသွားမလဲ ဆိုတာက ဘယ်သူမှ မမှန်းနိုင်တဲ့ အနေအထားဆိုတော့။

ဦးသက်လွင်တိုး ။ ။ Disaster ဖြစ်တော့မယ့် အခြေအနေတွေ ရှိနေပြီ။ အဲဒီ အခါကျတော့ အစိုးရက နေပြီးတော့ ဒီဝန်ထမ်းတွေကို နံပတ် ၁ က ဒီ Tourism (ခရီးသွား လုပ်ငန်း) မှာ ရှိနေတဲ့ ခရီးစဉ် စီစဉ်သူတွေကို ဘယ်လို ထိန်းမလဲ၊ သူ့ရဲ့ ကျွမ်းကျင် လုပ်သားတွေကို ထိန်းဖို့ နည်းလမ်း ရှာရတော့မယ်။ အလားတူဘဲ ဟိုတယ်တွေမှာလည်း ခုန ပြောသလိုပေါ့ တချို့က ချေးငွေနဲ့ လုပ်တဲ့ ဟိုတယ်တွေ ရှိတယ်။ ပြန်မဆပ်နိုင်ဘူး ဆိုရင် ဘဏ်တွေနဲ့ ညှိပြီးတော့ တခုခု Defer လုပ်ဖို့ အတိုးသက်သာအောင် အစိုးရက တစိတ်တပိုင်း ကျခံရမှာ ဖြစ်သလို ဒီမှာ ရှိတဲ့ ဟိုတယ် ဝန်ထမ်းတွေကိုလည်း ထိန်းထားဖို့ လစာပေးနိုင်ဖို့ အတွက်လည်း လိုပါတယ်။
အလားတူဘဲ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်တဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍပေါ့ လေကြောင်းလိုင်းတွေလည်း ပါတယ်။ နောက်ဆုံးတော့ အောက်ခြေ အဆင့်က သယ်ယူပို့ဆောင်ရေးပိုင်းက မြင်းလှည်းဆရာတွေ၊ လှေဆရာတွေ၊ ဆိုက်ကားဆရာ အဆုံးပေါ့။ ဒါတွေကတော့ ဒေသတွင်း အသုံမဟုတ်ဘဲ ခရီးသွား ဈေးကွက် ဖြစ်တဲ့ အင်းဝတို့လို မင်းကွန်းတို့လို ပုဂံတို့လို နေရာက ဆိုရင် လူတွေက အရင်ထိပြီလေ။ ပြည်တွင်း ခရီးသွားတွေ လာရင်တော့ တမျိုးတော့။ အဲတော့ သူတို့ကိုလည်း ဘယ်လို ပေးမလဲ ဆိုတာလည်း လိုပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် ဆရာ။ ဆိုတော့ ဆရာတို့ အစိုးရရဲ့ ချေးငွေ မတည်ပေးမှုနဲ့ ဆိုလို့ ရှိရင် ခရီးသွား လုပ်ငန်း ကဏ္ဍရဲ့ လုပ်သား အင်အားစုကို ထိန်းထားနိုင်ဖို့က ဆရာတို့ ဒီအခြေအနေ အတိုင်းဆိုရင် ဘယ်လောက် ကာလလောက်ဘဲ ထိန်းထားနိုင်မလဲရှင့်။ ရေရှည်တော့ မလွယ်ဘူး ထင်ပါတယ် ဆရာ။

ဦးသက်လွင်တိုး ။ ။ ဟုတ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနေ်ာတို့က ဒီ ပြသနာကတော့ အနည်းဆုံး ၆ လတော့ သွားမှာဘဲ။ ကျနေ်ာတို့ လာမယ့် အောက်တိုဘာ ပွင့်လင်း ရာသီကိုတော့ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် မျှော်လင့်ရတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဒီချေးငွေ ရဖို့ရော ကုမ္ပဏီတွေဘက်က အဆိုပြုလို့ ရမလား။ ဘယ်လို ရနိုင်မလဲရှင့် ဆရာ။

ဦးသက်လွင်တိုး ။ ။ ချေးငွေကတော့ ပထမ အသုတ် ပေးမယ်။ နောက်လည်း ပေးမယ်ဆိုတော့ ပထမ အသုတ်မှာတော့ ခုနက ပြောတဲ့ လက်တွေ့ လုပ်နေတဲ့ ခရီးသွား လုပ်ငန်းတွေ ပါမယ်၊ ဟိုတယ် အသေးလေးတွေ ပါမယ်။ နောက်ပြီးရင်တော့ စားသောက်ဆိုင်လေးတွေနဲ့ အမှတ်တရ လက်ဆောင် လုပ်တဲ့လူတွေပေါ့။ နောက် သယ်ယူပို့ဆောင်ရေး ပိုင်းမှာ ဆိုရင်တော့ ခုန လေကြောင်း ကုမ္ပဏီကြီးတွေကတော့ အခုအချိန်မှာ သူတို့ကတော့ အင်အားရှိတယ်။ မော်တော်ကားလည်း အလားတူဘဲပေါ့နော်။ တကယ် တပိုင်တနိုင် လုပ်နေတဲ့ လူလေးတွေ ရှိမယ်။ ဒါလေးတွေကိုတော့ ကျနော်တို့က ခရီးသွား ဈေးကွက်ကို အဓိက ထားတဲ့ ဒေသတွေကိုတော့ စဉ်းစား သင့်တယ် ထင်ပါတယ်။
Business Plan လုပ်ငန်း အစီအစဉ်ပေါ့ အခုလည်း ကျနော်တို့ ဆွေးနွေးတဲ့ အထဲမှာ သူတို့ ဘာလုပ်မလဲ ဒီငွေရရင်နော်။ တချို့က တခြားနိုင်ငံသွားပြီး Promotion လုပ်မယ်။ ဒါ Promotion လုပ်ရမယ့် အချိန် မဟုတ်ဘူး။ ဒီအချိန်မှာ ကိုယ့်ဘာသာကိုယ် ကာကွယ်ရမယ့် အချိန်၊ ကိုယ်နစ်မသွားအောင် ဝိုင်းပြီးတော့ ကျားကန်ရမယ့် အချိန်မှာ ဒီငွေဟာ ကိုယ့်ကို မှီခိုနေတဲ့ ဝန်ထမ်းတွေ၊ ကိုယ်ရပ်တည်ရမယ့် ထိန်းသိမ်းရမယ့် လုပ်ငန်းရဲ့ အခြေအနေ လေးတွေပေါ့နော်။ ဟိုတယ်ဆိုလည်း ဟိုတယ် ပြုပြင် ထိန်းသိမ်းရမှာတွေ ရှိတယ်။ စားသောက်ဆိုင် ဆိုလည်း အထိုက်အလျောက် Maintenance နဲ့ ကျနော်တို့ရတဲ့ ဧည့်သည်လေးကို ထိန်းဖို့ လိုမယ်။ ဒီအပေါ် မှာ မှီထားတဲ့ ဝန်ထမ်းတွေ ကို ပေးဖို့ လုပ်တာလို့ ယူဆပါတယ်။
လည်ပတ်မှုကတော့ တော်တော် နည်းသွားမှာဘဲလေ။ နည်းသွားတဲ့ အတွက်ကြောင့် ခရီးသည်တွေ မလာတော့ဘူး၊ ထွက်တဲ့သူတွေလည်း မရှိတော့ဘူးဆိုရင် ဒီမှာ ရှိတဲ့ ဟိုတယ်တွေ၊ စာသောက်ဆိုင်တွေ၊ ခရီးသွား အပေါ် အားထားရတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အကုန်လုံးမှာ လျော့သွားတော့မှာဘဲ။ တော်တော်တော့ ဒီအခြေအနေက စိုးရိမ်စရာ ရင်လေးစရာတော့ ရှိတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ အဲလို ဖြစ်လာခဲ့လို့ ရှိရင် ဘယ်လောက် ဆိုးရွားတဲ့ အခြေအနေမျိုးထိ ရောက်သွား နိုင်ပါသလဲ။
ဦးသက်လွင်တိုး ။ ။ အဓိက ကတော့ Recession စီးပွားကျမှုက Domino Concept လိုပေါ့ တခုခု ပြုတ်လိုက်တာနဲ့ ပြိုလဲသွားနိုင်တဲ့ အခြေအနေက ရှိတယ်။ ကမ္ဘာမှာလည်း ဒီလို သာဓကတွေက ရှိတယ်။ ရှိတော့ ကျနော်တို့က အခုအချိန်မှာ ရပ်မနေဖို့ အရေးကြီးပါတယ်။ ရပ်မနေဖို့ ဆိုတာ ကျနော်တို့က ရုံးက ဝန်ထမ်းတွေကိုတော့ အခု ဒီမှာ ဘာမှ မဖြစ်သေးဘူးဆိုတော့ ရုံးတော့ တက်ခိုင်းထားတယ်။ ဒါပေမယ့် ရုံးတွင်းမှာ ကျနော်တို့က စွမ်းရည်မြှင့် သင်တန်းတွေ လုပ်ထားတယ်၊ စိတ်ဓာတ်မြှင့်စေတဲ့ Motivation တွေ လုပ်ထားတယ်။
အရင် အလုပ်လက်ကျန် အကြွေးတွေ ရှိရင် သူတို့ပြန် စာရင်းတွေ ရှင်းတာတွေ၊ ပြန်လည်ဆန်းစစ်တာတွေ ဒါတွေတော့ ကျနော်တို့က လုပ်ထားတယ်။ ဒီလိုဘဲပေါ့ တခြား စားသောက်ဆိုင်တို့ ဟိုတယ်တို့မှာ ဆိုရင်လည်း ဒါတွေက ပြန်လည်ပြီးတော့ သူတို့ကို တက်ကြွနေအောင် လုပ်နေရမယ်။ လူတွေက စိတ်ဓာတ်ကျတယ်ဆိုတာ အလုပ် မရှိရင်လည်း ရသလို အလုပ်သိပ်များရင်လည်း ဖြစ်တတ်ပါတယ်။ အဲဒါမျိုးတွေကို ထိန်းညှိဖို့ အတွက်လည်း လိုပါတယ်။
အခုလိုပေါ့ ကျနော်တို့ ရပ်နေလိုက်ရင်တော့ အခြေအနေ ပိုဆိုးသွားမယ်။ ကျနော်တို့က အဆင်သင့် ဖြစ်အောင် လုပ်ရမယ်။ ကျနော်တို့ အခုအချိန်မှာ ဆိုရင် ဒီဂျစ်တယ် အွန်လိုင်းတွေနဲ့ - အွန်လိုင်းနဲ့ ရုံးတွေမှာ အုပ်ချုပ်လာပြီ ဆိုရင် ဒီ အလေ့အကျင့်ကို ပိုပြီးတော့ လုပ်ရမယ်။ အစိုးရကလည်း ဒီရက်ပိုင်းမှာ Connection တွေ ကောင်းအောင် Facility တွေကို ပိုပြီးတော့ အားပေးရမယ်။
အဲဒါဆို ကျနော်တို့က ဒီဂျစ်တယ် Platform တခုကို ခိုင်ခိုင်မာမာ ဒီကာလကို တည်ဆောက်နိုင်ပြီ ဆိုရင် ပြန်ဖွင့်တဲ့ အချိန်ရောက်ရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပုံရိပ်၊ ကျနော်တို့ ဒီဘက်မှာလည်း လည်ရန် ပတ်ရန် အတွက် အကောင်းဆုံး နေရာဆိုပြီး လူသိလာမယ်။ အဲလိုဘဲ ကျနော် မြင်ပါတယ်။

XS
SM
MD
LG