သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ကို သစ္သီး တင္ပို႔မႈ ျပန္ေကာင္းမယ့္ အလားအလာ


တရုတ္ႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ႔ အေနနဲ႔ ႏုိင္ငံတြင္း ကူးသန္းသြားလာမႈ၊ ခရီးသြား လုပ္ငန္းနဲ႔ ေစ်းေတြကိုပါ ထိန္းခ်ဳပ္ထားတာေၾကာင့္ ျမန္မာ နယ္စပ္ကေန သစ္သီး အ၀ယ္လည္း ရပ္ဆိုင္းလုနီးပါး ျဖစ္ေနပါတယ္။

အ၀ယ္က်သလို ေစ်းလည္းက်ေနတာပါ။ ဖရဲသီးနဲ႔ သခြားသီး အမ်ားဆံုး ထြက္တဲ႔ ရာသီမွာ တရုတ္ကို ျပန္လည္ တင္ပို႔ႏုိင္မယ့္ အလားအလာ ရွိႏုိင္ပါေသးသလား၊ စိုက္ခင္း လုပ္ငန္းရွင္ေတြ အတြက္ နယ္စပ္ကုန္သြယ္ေရး အေျခအေန ဘယ္လို ရွိေနပါသလဲ။ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇံုက ခြာညိဳသစ္သီးပြဲရံု လုပ္ငန္းရွင္ စိုင္းခင္ေမာင္ ကို Skype ကေန ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

စိုင္းခင္ေမာင္။ ။ ဂိတ္ေတြ မပိတ္ဘူးဆိုေပမယ့္ တရုတ္ဘက္မွာ အခု ျဖစ္ေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ ဒီ ေရာဂါကို ထိန္းခ်ဳပ္ဖို႔ ျပည္နယ္ တခုနဲ႔ တခု အသြားအလာ လမ္းေၾကာင္းကို သူက ထိန္းခ်ဳပ္ထားတာ ရွိတယ္။ ဒီလို ထိန္းခ်ဳပ္ထားေတာ့ ၀ယ္လက္ေတြ ဒီ ျပည္မကေန မဆင္းႏုိင္ဘူး။ မဆင္းႏိုင္ေတာ့ ၀ယ္လုိအားက က်တယ္။ ေနာက္ၿပီးေတာ့ သူ႔ ျပည္မထဲမွာ ေစ်းကြက္ေတြ ေတာ္ေတာ္မ်ားမ်ားက ပိတ္ထားတာ ရွိတယ္။ ပိတ္ထားတယ္ ဆိုတာ ေစ်းေတြပိတ္ေတာ့ အ၀ယ္ေတြ မရွိဘူး။

မသိဂၤ ီထုိက္ ။ ။ ေရာင္းရတဲ႔ ႏႈန္းနဲ႔ တြက္ၾကည့္ရင္ေတာ့ ခါတိုင္း ေရာင္းရတာထက္ ဘယ္ႏွ ရာခိုင္ႏႈန္းေလာက္ က်သြားပါလဲရွင့္။

စိုင္းခင္ေမာင္။ ။ ခါတိုင္း ေရာင္းရတာထက္ ဒီ ဖရဲသီး အပိုင္းမွာ ၇၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားတယ္။ က်ေနာ္တို႔ ဒီ သခြားေမႊးက်ေတာ့ ခါတိုင္း ေရာင္းရတာထက္ ၃၀ ရာခိုင္ႏႈန္းေလာက္ ပမာဏ အားျဖင့္ က်ဆင္းတာေပါ့ေလေနာ္။ သရက္သီးရဲ႕ အခုလက္ရွိနဲ႔ တြက္မယ္ဆိုရင္ေတာ့ ဒီ ေရာင္းရတဲ႔ ပမာဏက ၈၀ -၉၀ ရာခိုင္ႏႈန္းထိကို က်ဆင္းသြားတယ္။

ဒီေရာင္းေစ်း အေနနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ဒီ ဖရဲသီးကလည္း ဒီတိုင္းဘဲ ၈၀ ရာခိုင္ႏႈန္းထိကို ေစ်းက်ဆင္းသြားတယ္။ သခြားေမႊး ဆိုရင္ ၅၀ ကေန ၄၀ အတြင္းမွာ ေစ်းႏႈန္း က်ဆင္းမႈေတြ ရွိတာေပါ့။

မသိဂၤ ီထုိက္ ။ ။ အေျခအေနက အခု နည္းနည္းေလးေတာ့ ျပန္တက္လာၿပီ ဆိုတဲ႔ အေနအထားမ်ိဳး ဆရာ ေျပာတယ္ဆိုေတာ့ ေရွ႕အလားအလာေပါ့ေနာ္ ဘယ္လို ေမွ်ာ္မွန္းထားပါသလဲ။

စိုင္းခင္ေမာင္။ ။ က်ေနာ္တို႔ ေရွ႕ အလားအလာကို ေျပာရမယ္ဆိုရင္ေတာ့ ဒီ တရုတ္ဘက္က သူ႔ေရာဂါ ထိန္းခ်ဳပ္ႏုိင္မႈ အေျခအေန ေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။ ဒီ အခု ေဖေဖာ္၀ါရီလ ၁၈ ကေန ၂၃ ရက္ အတြင္းမွာ ေတာ္ေတာ္မ်ားမ်ားေတာ့ သူ ထိန္းခ်ဳပ္ႏိုင္ဖို႔ သူ႔ဘက္ကလည္း ေမွ်ာ္လင့္တယ္။ ေနာက္ၿပီးေတာ့ ထိန္းခ်ဳပ္ႏုိင္သည္ ျဖစ္ေစ မထိန္းခ်ဳပ္ႏုိင္သည္ ျဖစ္ေစ သူ႔ဘက္က လည္ပတ္မယ့္ သူ႔ရဲ႕ အစိုးရ ယႏၱယားေတြ ေတာ္ေတာ္မ်ားမ်ားလည္း အဲဒီရက္ပိုင္းမွာ ျပန္ၿပီး လည္ပတ္လိမ့္မယ္။

အဓိက သယ္ယူပို႔ေဆာင္ေရး က႑၊ ေနာက္ၿပီးေတာ့ သူ႔ဘက္က ပညာေရး က႑၊ က်န္းမာေရး က႑၊ ေနာက္ၿပီး ဒီ အုပ္ခ်ဳပ္ေရး အပိုင္းေတြေပါ့ေနာ္ ေနာက္ အေကာက္ခြန္ စစ္ေဆးမႈ အပိုင္းေတြကို စတင္ လည္ပတ္ေနၿပီ၊ တခ်ိဳ႕က လည္ပတ္ဖို႔ တာစူေနၿပီ။ ဒါေပမယ့္ အေရးအႀကီးဆံုးက ဘာလဲ ဆိုေတာ့ သူ႔ရဲ႕ ခရီးသြားလာေရး က႑၊ ခရီးသြားလာေရးနဲ႔ သက္ဆိုင္တဲ႔ ဟိုတယ္တို႔ စားေသာက္ဆိုင္တို႔ အဲဒီ အပိုင္းေတြမွာ ပံုမွန္ အေျခအေန ျဖစ္မွ က်ေနာ္တို႔ သစ္သီးေတြရဲ႕ စားသံုးမႈကလည္း တျဖည္းျဖည္း တက္လာမယ္။

သူ႔ဘက္က ပံုမွန္ အေျခအေန ျဖစ္ၿပီးတာနဲ႔ က်ေနာ္တို႔ရဲ႕ ေရာင္း၀ယ္မႈ က်ေနာ္တို႔ရဲ႕ ေစ်းကြက္ ခ်က္ခ်င္း တက္လာမယ္လို႔ေတာ့ မေမွ်ာ္လင့္ႏုိင္ပါဘူး။
ဘာလို႔ဆို သူ႔ဘက္က အေျခအေန တည္ၿငိမ္သြားၿပီးတဲ႔ ေနာက္မွာ လိုက္လာၿပီးေတာ့ သူ႔ရဲ႕ စားသံုးမႈ ပမာဏကလည္း တျဖည္းျဖည္း တက္လာလိမ့္မယ္။ ခုန ေျပာသလို ခရီးသြား က႑ အေပၚမွာ က်ေနာ္တို႔ သစ္သီးကလည္း မွီခို္ေနရတယ္။

မသိဂၤ ီထုိက္ ။ ။ အဲဒီေတာ့ ဆရာ့အေနနဲ႔ နယ္စပ္ ကုန္သည္ႀကီး တဦး အေနနဲ႔ ျပည္တြင္းက ဒီ စိုက္ပ်ိဳးထုတ္လုပ္သူေတြ ဖရဲခင္း၊ သခြားခင္း ပိုင္ရွင္ေတြ ေပါ့ေနာ္ သူတို႔ကို ဆရာ ဘာမ်ား အႀကံေပးႏုိင္ပါသလဲ။ ဆံုးရံႈးမႈ နည္းေအာင္ေပါ့။

စိုင္းခင္ေမာင္။ ။ က်ေနာ္တို႔ စိုိုက္ပ်ိဳး ထုတ္လုပ္ တင္ပို႔ ေရာင္းခ်တဲ႔ ေတာင္သူေတြကို အႀကံေပးခ်င္တာ ေလာေလာဆယ္ အဆိုးရြားဆံုး အေျခအေနကို က်ေနာ္တို႔ ႀကံဳေတြ႔ေနရၿပီ။ ေနာက္ၿပီးေတာ့ အခု ဒီဘက္ကို ေလာေလာဆယ္ တင္ပို႔မယ္ဆိုလို႔ ရွိရင္ေတာ့ ဒီဘက္မွာ ရွိတဲ႔ ၀န္ေဆာင္မႈ အစိုးရကို သြင္းရတဲ႔ အခြန္အခ၊ ေနာက္ၿပီးေတာ့ ဒီ သယ္ယူပို႔ေဆာင္မႈ စာရိတ္၊ ေနာက္ၿပီးေတာ့ ထုပ္ပိုးမႈ စာရိတ္ေတြနဲ႔ ဘယ္လိုမွ မကာမိပါဘူး။
ဒါေၾကာင့္ အခု ေလာေလာဆယ္ က်ေနာ္တို႔ ၿခံထဲမွာ ရွိေနတဲ႔ လတ္ဆတ္ေနတဲ႔ အသီးေတြ ခန ထိန္းထားမယ္၊ ေနာက္ၿပီးေတာ့ ပံုထားမယ္၊ အဆံုးရံႈးခံရင္လည္း ကိုယ့္ၿခံထဲမွာ အဆံုးရံႈးခံတာမွ ဒါက တရင္းဘဲ ရင္းရတာေပါ့ေလေနာ္။ အဲဒီမွာ ထပ္ၿပီးေတာ့ အခု အေျခအေနနဲ႔ ဒီဘက္ကို တင္ပို႔မယ္ဆိုရင္ေတာ့ ေနာက္တရင္း ရင္းရပါလိမ့္မယ္။ ဆိုေတာ့ ၂ ရင္း စလံုး ရံႈးသြားႏုိင္တယ္။ အရံႈးသက္သာေအာင္ေတာ့ အေျခအေနကို ေစာင့္ၾကည့္ရံုဘဲ ရွိတယ္။ ဒီထက္ ပိုၿပီးေတာ့လည္း က်ေနာ္က အႀကံေပးလို႔ မရပါဘူး။

မသိဂၤ ီထုိက္ ။ ။ ကုန္စည္ အ၀င္ေပါ့ေနာ္။ ဆရာတို႔ ဒိုင္ကို ကုန္စည္ ၀င္တာေရာက္ေတာ့ ဘယ္လုိ ပံုစံမ်ိဳးနဲ႔ ၀င္ေနလဲ။ ေတာင္သူေတြက ဆက္ၿပီးေတာ့ဘဲ ပို႔ေနလို႔ ဆရာတို႔ ကုန္စည္ဒိုင္ေတြမွာ အသီးေတြ ပိုလွ်ံေနတဲ႔ အေနအထားမ်ိဳး ရွိပါသလား။

စိုင္းခင္ေမာင္။ ။ အခု အေနအထား အရ သစ္သီးပို႔တဲ႔ ေတာင္သူေတြလည္း သတင္းအခ်က္အလက္ေတာ့ သိၾကတယ္။ သတင္းအခ်က္အလက္ သိၾကေတာ့ ဒီမွာ ေစ်းကြက္ နည္းနည္းျဖစ္တဲ႔ သခြားေမႊးေတာ့ နည္းနည္း ပမာဏ တခုနဲ႔ တင္ေနတာ ေတြ႔ရတယ္။ သခြားေမႊြးက အစီး ၇၀ ကေန ၈၀ အတြင္း ေန႔စဥ္ ၀င္တယ္။ ေရာင္းရတယ္။ ဖရဲသီးက်ေတာ့ ေရာင္းလို႔ကို မရတဲ႔ သေဘာ အေရာင္းအ၀ယ္ကို ရပ္ထားလု နီးနီး အေျခအေနမ်ိဳး ရွိတယ္။

လက္ရွိ အေျခအေနေပၚမွာ ေတာင္သူေတြကို ထိန္းခ်ဳပ္ဖို႔ ေတာင္သူေတြကို ေလွ်ာ့ၿပီး တင္ပို႔ေတာ့ က်ေနာ္တို႔ သတင္းေပးႏုိင္ခဲ႔တယ္။ ဒီေတာ့ တင္ပို႔တဲ႔ ပမာဏကလည္း က်ဆင္းလာေတာ့ သူ႔ရဲ႕ ၀ယ္လိုအားနဲ႔ သူ႔ဟာသူေတာ့ အခ်ိဳးညီေနတာ ေတြ႔ရတယ္။ သိပ္ၿပီး ဒီမွာ ပံုေနတာမ်ိဳးေတာ့ မရွိဘူး။ ၿပီးခဲ႔တဲ႔ ရက္ပိုင္းေတြက က်ေနာ္တို႔ ဒီ ၀မ္တိန္ ကြင္းမွာ ပံုေနတဲ႔ ဖရဲသီးေတြ တန္ခ်ိန္ ၅၀၀ ေလာက္ ရွိတယ္။ အဲဒါလည္း ေန႔စဥ္ ၁၀ တန္ ၁၅ တန္ ပုပ္ၿပီးေတာ့ ကုန္သြားသေလာက္ကို ျဖစ္ေနတာ ေတြ႔ရတယ္။ ဒါက ဆံုးရံႈး နစ္နာမႈေတြေပါ့ေလ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်ကို သစ်သီး တင်ပို့မှု ပြန်ကောင်းမယ့် အလားအလာ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ နိုင်ငံတွင်း ကူးသန်းသွားလာမှု၊ ခရီးသွား လုပ်ငန်းနဲ့ ဈေးတွေကိုပါ ထိန်းချုပ်ထားတာကြောင့် မြန်မာ နယ်စပ်ကနေ သစ်သီး အဝယ်လည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

ဝယ်ကျသလို ဈေးလည်းကျနေတာပါ။ ဖရဲသီးနဲ့ သခွားသီး အများဆုံး ထွက်တဲ့ ရာသီမှာ တရုတ်ကို ပြန်လည် တင်ပို့နိုင်မယ့် အလားအလာ ရှိနိုင်ပါသေးသလား၊ စိုက်ခင်း လုပ်ငန်းရှင်တွေ အတွက် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ဘယ်လို ရှိနေပါသလဲ။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံက ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် စိုင်းခင်မောင် ကို Skype ကနေ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

စိုင်းခင်မောင်။ ။ ဂိတ်တွေ မပိတ်ဘူးဆိုပေမယ့် တရုတ်ဘက်မှာ အခု ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဒီ ရောဂါကို ထိန်းချုပ်ဖို့ ပြည်နယ် တခုနဲ့ တခု အသွားအလာ လမ်းကြောင်းကို သူက ထိန်းချုပ်ထားတာ ရှိတယ်။ ဒီလို ထိန်းချုပ်ထားတော့ ဝယ်လက်တွေ ဒီ ပြည်မကနေ မဆင်းနိုင်ဘူး။ မဆင်းနိုင်တော့ ဝယ်လိုအားက ကျတယ်။ နောက်ပြီးတော့ သူ့ ပြည်မထဲမှာ ဈေးကွက်တွေ တော်တော်များများက ပိတ်ထားတာ ရှိတယ်။ ပိတ်ထားတယ် ဆိုတာ ဈေးတွေပိတ်တော့ အဝယ်တွေ မရှိဘူး။

မသိင်္ဂ ီထိုက် ။ ။ ရောင်းရတဲ့ နှုန်းနဲ့ တွက်ကြည့်ရင်တော့ ခါတိုင်း ရောင်းရတာထက် ဘယ်နှ ရာခိုင်နှုန်းလောက် ကျသွားပါလဲရှင့်။

စိုင်းခင်မောင်။ ။ ခါတိုင်း ရောင်းရတာထက် ဒီ ဖရဲသီး အပိုင်းမှာ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ ကျနော်တို့ ဒီ သခွားမွှေးကျတော့ ခါတိုင်း ရောင်းရတာထက် ၃၀ ရာခိုင်နှုန်းလောက် ပမာဏ အားဖြင့် ကျဆင်းတာပေါ့လေနော်။ သရက်သီးရဲ့ အခုလက်ရှိနဲ့ တွက်မယ်ဆိုရင်တော့ ဒီ ရောင်းရတဲ့ ပမာဏက ၈၀ -၉၀ ရာခိုင်နှုန်းထိကို ကျဆင်းသွားတယ်။

ဒီရောင်းဈေး အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီ ဖရဲသီးကလည်း ဒီတိုင်းဘဲ ၈၀ ရာခိုင်နှုန်းထိကို ဈေးကျဆင်းသွားတယ်။ သခွားမွှေး ဆိုရင် ၅၀ ကနေ ၄၀ အတွင်းမှာ ဈေးနှုန်း ကျဆင်းမှုတွေ ရှိတာပေါ့။

မသိင်္ဂ ီထိုက် ။ ။ အခြေအနေက အခု နည်းနည်းလေးတော့ ပြန်တက်လာပြီ ဆိုတဲ့ အနေအထားမျိုး ဆရာ ပြောတယ်ဆိုတော့ ရှေ့အလားအလာပေါ့နော် ဘယ်လို မျှော်မှန်းထားပါသလဲ။

စိုင်းခင်မောင်။ ။ ကျနော်တို့ ရှေ့ အလားအလာကို ပြောရမယ်ဆိုရင်တော့ ဒီ တရုတ်ဘက်က သူ့ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေ ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီ အခု ဖေဖော်ဝါရီလ ၁၈ ကနေ ၂၃ ရက် အတွင်းမှာ တော်တော်များများတော့ သူ ထိန်းချုပ်နိုင်ဖို့ သူ့ဘက်ကလည်း မျှော်လင့်တယ်။ နောက်ပြီးတော့ ထိန်းချုပ်နိုင်သည် ဖြစ်စေ မထိန်းချုပ်နိုင်သည် ဖြစ်စေ သူ့ဘက်က လည်ပတ်မယ့် သူ့ရဲ့ အစိုးရ ယန္တယားတွေ တော်တော်များများလည်း အဲဒီရက်ပိုင်းမှာ ပြန်ပြီး လည်ပတ်လိမ့်မယ်။

အဓိက သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ နောက်ပြီးတော့ သူ့ဘက်က ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ နောက်ပြီး ဒီ အုပ်ချုပ်ရေး အပိုင်းတွေပေါ့နော် နောက် အကောက်ခွန် စစ်ဆေးမှု အပိုင်းတွေကို စတင် လည်ပတ်နေပြီ၊ တချို့က လည်ပတ်ဖို့ တာစူနေပြီ။ ဒါပေမယ့် အရေးအကြီးဆုံးက ဘာလဲ ဆိုတော့ သူ့ရဲ့ ခရီးသွားလာရေး ကဏ္ဍ၊ ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ ဟိုတယ်တို့ စားသောက်ဆိုင်တို့ အဲဒီ အပိုင်းတွေမှာ ပုံမှန် အခြေအနေ ဖြစ်မှ ကျနော်တို့ သစ်သီးတွေရဲ့ စားသုံးမှုကလည်း တဖြည်းဖြည်း တက်လာမယ်။

သူ့ဘက်က ပုံမှန် အခြေအနေ ဖြစ်ပြီးတာနဲ့ ကျနော်တို့ရဲ့ ရောင်းဝယ်မှု ကျနော်တို့ရဲ့ ဈေးကွက် ချက်ချင်း တက်လာမယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။
ဘာလို့ဆို သူ့ဘက်က အခြေအနေ တည်ငြိမ်သွားပြီးတဲ့ နောက်မှာ လိုက်လာပြီးတော့ သူ့ရဲ့ စားသုံးမှု ပမာဏကလည်း တဖြည်းဖြည်း တက်လာလိမ့်မယ်။ ခုန ပြောသလို ခရီးသွား ကဏ္ဍ အပေါ်မှာ ကျနော်တို့ သစ်သီးကလည်း မှီခိုနေရတယ်။

မသိင်္ဂ ီထိုက် ။ ။ အဲဒီတော့ ဆရာ့အနေနဲ့ နယ်စပ် ကုန်သည်ကြီး တဦး အနေနဲ့ ပြည်တွင်းက ဒီ စိုက်ပျိုးထုတ်လုပ်သူတွေ ဖရဲခင်း၊ သခွားခင်း ပိုင်ရှင်တွေ ပေါ့နော် သူတို့ကို ဆရာ ဘာများ အကြံပေးနိုင်ပါသလဲ။ ဆုံးရှုံးမှု နည်းအောင်ပေါ့။

စိုင်းခင်မောင်။ ။ ကျနော်တို့ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချတဲ့ တောင်သူတွေကို အကြံပေးချင်တာ လောလောဆယ် အဆိုးရွားဆုံး အခြေအနေကို ကျနော်တို့ ကြုံတွေ့နေရပြီ။ နောက်ပြီးတော့ အခု ဒီဘက်ကို လောလောဆယ် တင်ပို့မယ်ဆိုလို့ ရှိရင်တော့ ဒီဘက်မှာ ရှိတဲ့ ဝန်ဆောင်မှု အစိုးရကို သွင်းရတဲ့ အခွန်အခ၊ နောက်ပြီးတော့ ဒီ သယ်ယူပို့ဆောင်မှု စာရိတ်၊ နောက်ပြီးတော့ ထုပ်ပိုးမှု စာရိတ်တွေနဲ့ ဘယ်လိုမှ မကာမိပါဘူး။

ဒါကြောင့် အခု လောလောဆယ် ကျနော်တို့ ခြံထဲမှာ ရှိနေတဲ့ လတ်ဆတ်နေတဲ့ အသီးတွေ ခန ထိန်းထားမယ်၊ နောက်ပြီးတော့ ပုံထားမယ်၊ အဆုံးရှုံးခံရင်လည်း ကိုယ့်ခြံထဲမှာ အဆုံးရှုံးခံတာမှ ဒါက တရင်းဘဲ ရင်းရတာပေါ့လေနော်။ အဲဒီမှာ ထပ်ပြီးတော့ အခု အခြေအနေနဲ့ ဒီဘက်ကို တင်ပို့မယ်ဆိုရင်တော့ နောက်တရင်း ရင်းရပါလိမ့်မယ်။ ဆိုတော့ ၂ ရင်း စလုံး ရှုံးသွားနိုင်တယ်။ အရှုံးသက်သာအောင်တော့ အခြေအနေကို စောင့်ကြည့်ရုံဘဲ ရှိတယ်။ ဒီထက် ပိုပြီးတော့လည်း ကျနော်က အကြံပေးလို့ မရပါဘူး။

မသိင်္ဂ ီထိုက် ။ ။ ကုန်စည် အဝင်ပေါ့နော်။ ဆရာတို့ ဒိုင်ကို ကုန်စည် ဝင်တာရောက်တော့ ဘယ်လို ပုံစံမျိုးနဲ့ ဝင်နေလဲ။ တောင်သူတွေက ဆက်ပြီးတော့ဘဲ ပို့နေလို့ ဆရာတို့ ကုန်စည်ဒိုင်တွေမှာ အသီးတွေ ပိုလျှံနေတဲ့ အနေအထားမျိုး ရှိပါသလား။

စိုင်းခင်မောင်။ ။ အခု အနေအထား အရ သစ်သီးပို့တဲ့ တောင်သူတွေလည်း သတင်းအချက်အလက်တော့ သိကြတယ်။ သတင်းအချက်အလက် သိကြတော့ ဒီမှာ ဈေးကွက် နည်းနည်းဖြစ်တဲ့ သခွားမွှေးတော့ နည်းနည်း ပမာဏ တခုနဲ့ တင်နေတာ တွေ့ရတယ်။ သခွားမွှွေးက အစီး ၇၀ ကနေ ၈၀ အတွင်း နေ့စဉ် ဝင်တယ်။ ရောင်းရတယ်။ ဖရဲသီးကျတော့ ရောင်းလို့ကို မရတဲ့ သဘော အရောင်းအဝယ်ကို ရပ်ထားလု နီးနီး အခြေအနေမျိုး ရှိတယ်။

လက်ရှိ အခြေအနေပေါ်မှာ တောင်သူတွေကို ထိန်းချုပ်ဖို့ တောင်သူတွေကို လျှော့ပြီး တင်ပို့တော့ ကျနော်တို့ သတင်းပေးနိုင်ခဲ့တယ်။ ဒီတော့ တင်ပို့တဲ့ ပမာဏကလည်း ကျဆင်းလာတော့ သူ့ရဲ့ ဝယ်လိုအားနဲ့ သူ့ဟာသူတော့ အချိုးညီနေတာ တွေ့ရတယ်။ သိပ်ပြီး ဒီမှာ ပုံနေတာမျိုးတော့ မရှိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျနော်တို့ ဒီ ဝမ်တိန် ကွင်းမှာ ပုံနေတဲ့ ဖရဲသီးတွေ တန်ချိန် ၅၀၀ လောက် ရှိတယ်။ အဲဒါလည်း နေ့စဉ် ၁၀ တန် ၁၅ တန် ပုပ်ပြီးတော့ ကုန်သွားသလောက်ကို ဖြစ်နေတာ တွေ့ရတယ်။ ဒါက ဆုံးရှုံး နစ်နာမှုတွေပေါ့လေ။

XS
SM
MD
LG