သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေ ဈေးတက်လို့ ပို့ကုန်တင်ပို့မှု ထိခိုက်


ဓာတ်ပုံ (AP / Khin Maung Win)
ဓာတ်ပုံ (AP / Khin Maung Win)

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့ဈေးကွက်မှာ စားနပ်ရိက္ခာ ဝယ်လိုအား တက်လာတာကြောင့် မြန်မာ့ လယ်ယာ ထွက်ကုန်တွေ အဝယ်လိုက်လာပေမယ့် မြန်မာ ငွေဈေးတက်ပြီး နိုင်ငံခြားငွေ ဈေးကျတာကြောင့် ပို့ကုန် တင်ပို့သူတွေ အထိနာနေပါတယ်။ ပို့ကုန် ပြန်လည် တင်ပို့နိုင်ရေး အလားအလာ ရှိပါသေးသလားဆိုတာကို စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းနဲ့ ဆက်သွယ်ပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဒေါက်တာ စိုးထွန်း ။ ။ ရှိပါတယ်။ ဝယ်လိုအားကတော့ များတယ်။ အခုလောလောဆယ် ဒီအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ စားနပ်ရိက္ခာ ဝယ်တဲ့ Demand ကတော့ ရှိတယ်ပေါ့နော်။ ကျနော်တို့ဘက်က မြန်မာငွေ တန်ဖိုး မာတဲ့ အတွက်ကြောင့် မို့လို့ တင်ပို့တဲ့သူတွေ အခက်အခဲ ဖြစ်တာပေါ့နော်။
ဘယ်တိုင်းပြည် ဖြစ်ဖြစ် ကိုယ့်ငွေ တန်ဖိုးမာရင် Exporter အတွက် အခက်အခဲ ရှိတယ်၊ Import လုပ်တဲ့ လူတွေ အတွက်ကတော့ တအားသာတယ်ပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဆန်ဈေးကွက်က တရုတ်ကိုဘဲလား ဆရာ ဘယ်နိုင်ငံတွေများ ရှိပါသေးလဲ။

ဒေါက်တာ စိုးထွန်း ။ ။ မဟုတ်ပါဘူး။ အခုက လက်ရှိတော့ နိုင်ငံပေါင်း ၄၀ ကျော် ၅၀ နီးပါးလောက် တင်ပို့နေတာ ရှိပါတယ်။ ဥရောပ နိုင်ငံတွေ တင်ပို့တာ ရှိတယ်။ အာဖရိက ဈေးကွက် ရှိတယ်။ အာဆီယံ နိုင်ငံတွေ တင်ပို့တာ ရှိတယ်။ ဈေးကွက်ကတော့ တရုတ် တခုတင် မဟုတ်ဘူးပေါ့နော်။ နောက် အခုနောက်ပိုင်းက အရင်တုန်းကတော့ အရင်နှစ်တွေကတော့ နယ်စပ် ကုန်သွယ်ရေးက တဆင့် တရုတ်ကို သွားတာ အားသာတယ်ပေါ့နော်။
အခုကတော့ ဒီ နယ်စပ် ကုန်သွယ်ရေးထက် စာရင် Normal Trade လို့ ခေါ်တာပေါ့နော် Oversea သဘောၤတင်ပြီး တင်ပို့ရောင်းချတာ ပိုပြီးတော့ ပမာဏ များလာတယ်။
လက်ရှိ ဒီနှစ် ဘဏ္ဍာရေးနှစ် မှာတော့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၁ ဒသမ ၃ သန်းလောက် ရှိနေပြီပေါ့။

သိင်္ဂ ီထိုက် ။ ။ ငွေလဲနှုန်း မတည်ငြိမ်တဲ့ အခြေအနေက ဆရာတို့ ဘယ်လောက် ကြာဦးမယ်လို့ ခန့်မှန်းထားပါသလဲ။ ဒီ ပို့ကုန် တင်ပို့သူများ အနေနဲ့။

ဒေါက်တာ စိုးထွန်း ။ ။ မြင်တာတော့ ဒီ အကြမ်းဖျဉ်းတော့ သင်္ကြန် ဧပြီလလောက်ထိတော့ ဖြစ်မယ် ထင်တာဘဲ။ လောလောဆယ်တော့ ဒီ ဧပြီလလောက်ထိ ငွေဈေး ဒီ ဗမာပြည်က ထွက်ကုန်တွေ များတဲ့ အချိန်မှာတော့ ဒီ ငွေဈေးနဲ့ ပတ်သက်ရင် ဒေါ်လာဈေး ကျတာပေါ့နော် ဗမာငွေ မာတဲ့ အပိုင်းရှိတယ်။ သင်္ကြန် ဧပြီ ကျော်သွားရင်တော့ ပြန်ပြီးတော့ တည်ငြိမ်လာမယ်လို့ မှန်းပါတယ်။

သိင်္ဂ ီထိုက် ။ ။ အခု လောလောဆယ်မှာ ထိခိုက်နေတဲ့ ကဏ္ဍတွေများ ရှိနေပြီလား။

ဒေါက်တာ စိုးထွန်း ။ ။ လောလောဆယ်တော့ တောင်သူ ထိခိုက်တဲ့ အဆင့် ထိတော့ မရောက်သေးဘူးပေါ့နော်။ ပထမဆုံး ထိခိုက်တဲ့ဟာက Exporter ပေါ့။ သူတို့ကတော့ စာချုပ် ချုပ်ထားတယ်၊ ရောင်းထားတယ်၊ ငွေဝင်လာတယ်၊ Exporter အနေနဲ့ ထိခိုက်တာပေါ့နော်။
နောက် တဖြည်းဖြည်းနဲ့မှ ဒုတိယ အဆင့်ရောက်မှ Exporter ပြီးတော့မှ ပြည်တွင်းမှာ ရှိတဲ့ ဆန်စက်တို့ ၊ ပြည်တွင်း ရောင်းဝယ်တဲ့ ကုန်သည်တို့ နောက်တဆင့်ရောက်မှ Primary Producer တွေ ဖြစ်တဲ့ တောင်သူတွေ ထိခိုက်မှာ။ လောလောဆယ် အနေအထားကတော့ ကျနော်တို့ ဒါ Exporter တွေဘဲ ထိခိုက်တဲ့ အနေအထားလို့ ကျနော် မြင်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီအခြေအနေက ဆရာတို့ မှန်းထားတဲ့ ဧပြီ သင်္ကြန် အပြီးလောက်ထိ ကောင်းမလာဘူးဆိုရင် ဘာတွေများ လုပ်လို့ ရပါသေးသလဲ။

ဒေါက်တာ စိုးထွန်း ။ ။ လက်ရှိကတော့ ကျန်တဲ့ တိုင်းပြည်တွေမှာ လုပ်တဲ့ဟာကတော့ ခုန ကိုယ့်ရဲ့ ငွေတန်ဖိုးမာတယ်ဆိုရင် Export အားပေးချင်ရင်တော့ ဗဟိုဘဏ်တို့ ဘာတို့က ဝင်ပြီးတော့ ထိန်းကျောင်းတဲ့ ဟာမျိုး ရှိတာပေါ့။ ဒေါ်လာ ပြန်ဝယ်ပေးတဲ့ဟာမျိုး လုပ်တာ ရှိတယ်။ နောက်တခုက ခုန အတိုးနှုန်းတွေ ပြန်ပြီးတော့ Adjustment ပြန်လုပ်တာပေါ့နော် ၊ အတိုးနှုန်း ချပေးတဲ့ ပုံစံ ဒါတွေကတော့ ကျန်တဲ့ တိုင်းပြည်တွေ လုပ်လေ့ရှိတာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီ Exporter တွေ အနေနဲ့ လက်ရှိ ဘာတွေ လုပ်နေကြပါသလဲရှင့်။ ဆုံးရှုံးနိုင်ခြေ နည်းအောင်ပေါ့။

ဒေါက်တာ စိုးထွန်း ။ ။ ဆန်စပါး အသင်းချုပ်က Exporter ကော်မတီကတော့ အစည်းအဝေး လုပ်တာပေါ့နော်။ ကျနော်တို့က လက်ရှိကတော့ ကျနော်တို့ Exporter တွေ အနေနဲ့ ဘယ်သူက ဘယ်လောက် ရောင်းထားတယ်ဆိုတဲ့ ဒေတာလေးတွေကိုတော့ ကျနော်တို့ ပြန်ကောက်နေတယ်ပေါ့နော်။
ပြီးရင်တော့ ကျနော်တို့ စီးပွားကူးသန်းတို့၊ အစိုးရ အဖွဲ့တို့နဲ့ ကျနော်တို့ အစည်းအဝေး သွားမယ်လို့တော့ ကျနော်တို့ စဉ်းစားထားတယ်။ လောလောဆယ်တော့ ဒေတာ ကောက်တဲ့ အဆင့်ဘဲ ရှိသေးတာပေါ့။ ဘယ်လို ကြားဝင် ဆောင်ရွက်မလဲ ဆိုတဲ့ဟာတော့ မရှိသေးဘူးပေါ့နော်။ ရောင်းထားပြီးတာ ဘယ်လောက်လဲပေါ့။ နောက် ရောင်းဖို့ Focus ဘယ်လောက် ရှိလဲ အဲဒီ ဒေတာလေးတွေ ပြုစုနေတယ်။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ ဆရာတို့ ဒေတာ ရလာတော့ရော ဘာလုပ်လို့ ရနိုင်ပါသလဲရှင့်။

ဒေါက်တာ စိုးထွန်း ။ ။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တိုင်ပင်ရမှာပေါ့နော်။ ရောင်းထားပြီးတာ ဘယ်လောက်လဲ ၊ တင်ပို့ကျန်တာ ဘယ်လောက်လဲ၊ ထပ်ရောင်းဖို့ ရှိတာ ဘယ်လောက်လဲပေါ့။ ဒေတာလေးတွေတော့ စနေပြီ။ အခုဟာက ဘယ်သူက ဘယ်လောက် ရောင်းထားတဲ့ ဒေတာ ကျနော်တို့ ဆီမှာ အစစ်အမှန်ပေါ့နော်။ Reality ကျနော်တို့ မသိသေးဘူး။
ပထမဆုံး စပြီးတော့ အဲဒီဟာတော့ စလုပ်နေတယ်။ ဘာလုပ်မလဲ ဆိုတဲ့ဟာတော့ မရှိသေးဘူး။ ခုန ပြောတဲ့ဟာပေါ့နော် ရောင်းတဲ့ ဒေါ်လာရောင်းတဲ့ဟာလည်း အများစုက ကြောက်ပြီး ရောင်းကြတာပေါ့နော်။

ထပ်ကျလာမလား ကြောက်တဲ့ အခါကျတော့ ကျနော်တို့က ရှိတဲ့ငွေ ဝင်တာနဲ့ ချက်ချင်း ပြေးရောင်းကြတာပေါ့နော်။ ဒီလိုမျိုးတွေ မလုပ်အောင်လည်းဘဲ ဒါ သိပ်ကြောက်စရာ မလိုဘူးပေါ့နော်။ အခုကတော့ တယောက်နဲ့ တယောက် Information Share လုပ်ပြီးတော့ ပြန်ပြီးတော့ အားပေးကြတာပေါ့။ အမှန်တော့ ဖြစ်နေတဲ့ ငွေဈေးကျတဲ့ Exchange Rate ကျတဲ့ဟာကလည်း ရှိသင့်တာထက် ပိုဖြစ်နေတာပေါ့နော်။ ဒါလည်း ကြောက်စိတ်ကြောင့်လည်း တခု ပါတာပေါ့။ ကြောက်စိတ်ကို ဘယ်လို ဖြေမလဲ ဆိုတာလည်း ကျနော်တို့ နည်းလမ်း ရှာရမှာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီ ဗိုင်းရပ်စ် ဂယက်ကြောင့် စီးပွားရေး သိသိသာသာ ထိခိုက်လာတဲ့ အခြေအနေမျိုး အရိပ်လက္ခဏာမျိုးတွေရော တွေ့နေရပါပြီလားရှင့် မြန်မာနိုင်ငံထဲမှာ။

ဒေါက်တာ စိုးထွန်း ။ ။ အထည်ချုပ် စက်ရုံတော့ လောလောဆယ် တွေ့ရတာကတော့ ၇ ရုံလောက် ပိတ်တယ်လို့ ကြားတာပေါ့နော်။ ထပ်ပြီးတော့ ပိတ်မယ်ဆိုတော့ အလုပ်လက်မဲ့ အထည်ချုပ် စက်ရုံပေါ် မှီခိုနေတဲ့ အလုပ်သမားတွေတော့ အကြမ်းဖျဉ်း ၄,၀၀၀ / ၅,၀၀၀ လောက် အလုပ်လက်မဲ့ ရှိတယ်။ ၁ က ကုန်ကြမ်းမရလို့ပေါ့နော်။ နံပတ် ၂ အချက်က အော်ဒါ ထပ်မရဘူး။ နံပတ် ၃ အချက်က ခုန Exchange Rate ပေါ့နော် သူတို့ရတဲ့ ဒေါ်လာနဲ့ မြန်မာ ငွေနဲ့ လဲတဲ့ အခါမှာ ငွေလဲနှုန်း ကျတာပေါ့နော်။ အဲတော့ ဒီဟာနဲ့ ပတ်သက်ရင်တော့ အထည်ချုပ် စက်ရုံတွေ လောလောဆယ် စပြီး ပိတ်တာပေါ့။ အထည်ချုပ် စက်ရုံကတော့ ဝန်ထမ်း အင်အား များတာပေါ့နော်။

နောက် ဒုတိယ အချက်က ကျနော်က စိုးရိမ်တာက Export လုပ်တဲ့ လူတွေ မပို့တော့ဘူးဆိုရင် ဒီ လယ်ယာထွက်ကုန် ပစ္စည်းတွေ ဈေးကျနိုင်တယ်။ နောက် ကျနော်တို့ ဆီမှာ အထူးသဖြင့် ဖရဲတို့ ဘာတို့ စိုက်တဲ့သူတွေ အရင်ကတော့ တရုတ်ပြည်ကို ပို့တာပေါ့။
အခု တရုတ်ပြည်ကလည်း ဝယ်တဲ့ ဈေးကွက် မရှိတဲ့ အခါကျတော့ ဖရဲဈေး ဈေးကွက် ပျက်တယ်ပေါ့နော်။ အခုဆိုလည်း ကျနော်တို့ ဖရဲသီးတို့ ဘာတို့ ဆိုလည်း အရင်က ၃၀၀၀ / ၄၀၀၀ တန်တဲ့ဟာ အခု ၁၀၀၀ - ၁၅၀၀ ဖြစ်နေတာပေါ့နော်။ အဲဒီဟာတော့ ရှိတာပေါ့။ လက်ရှိမှာ။ နောက် ကျန်တဲ့ အပိုင်းကတော့ လက်ရှိ အနေအထားမှာတော့လည်း ခရီးသွား လုပ်ငန်းတော့ ထိခိုက်တာပေါ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် အခုဟာ တကမ္ဘာလုံးက ခရီးသွားတာ လျော့ကျသွားပြီလေ။ နိုင်ငံတကာ ခရီးသွားတွေ လျော့ကျတော့ ကျန်တဲ့ နှီးနွယ်တဲ့ လုပ်ငန်းတွေ ထိခိုက်တဲ့ အနေအထားလို့ ကျနော် မြင်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)









သိငျ်ဂ ီထိုကျ ။ ။ အခု လောလောဆယျမှာ ထိခိုကျနတေဲ့ ကဏ်ဍတှမြေား ရှိနပွေီလား။











XS
SM
MD
LG