သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO ဝန္ထမ္း ရခိုင္မွာ ပစ္သတ္ခံရမႈ စံုစမ္းဖို႔ အရပ္ဘက္အဖြဲ႔ေတြ ေတာင္းဆို


၂၀၁၉ ခုနွစ္က လႊတ္ေတာ္ေကာ္မတီမ်ားနဲ႔ CSO ကိုယ္စားလွယ္ေတြ ေနျပည္ေတာ္မွာ ေတြ႔ဆံု (ဓာတ္ပံု- ညီမွ်ျခင္းျမန္မာဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း WHO ကမၻာ့က်န္းမာေရးအဖြဲ႔၀န္ထမ္း တဦး ပစ္သတ္ခံရမႈနဲ႔ စပ္လွ်င္းျပီး လြတ္လပ္တဲ့ စုံစမ္းေရးေကာ္မရွင္ဖြဲ႔ျပီးေဖၚထုတ္ဖို႔နဲ႔ COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႕ေနတဲ့ကာလမွာ လက္နက္ကိုင္အဖြဲ႔ေတြ အပစ္ ခတ္ရပ္စဲေပးဖို႔ ျမန္မာအရပ္ဘက္အဖြဲ႔ေပါင္း ၂၇၈ ဖြဲ႔က ေတာင္းဆုိတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္အတြင္း ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ၀န္ထမ္း ဦးျပည့္စုံ၀င္းေမာင္ ပစ္သတ္ခံရမႈမွာ အမႈမွန္ေပၚေပါက္ေရးအတြက္ လြတ္လပ္ၿပီး တရားမ်ွတတဲ့ စုံစမ္းေရးအဖြဲ႔နဲ႔ အမွန္တရား အျမန္ဆုံးေဖာ္ထုတ္ေပးဖို႔ အရပ္ဘက္အဖြဲ႔အစည္းေတြကေတာင္းဆိုေၾကာင္းအဖြဲ႔ရဲ႕ ကုိယ္စားျပဳ ေျပာခြင့္ရပုဂၢဳိလ္ ေဒၚမြန္ရည္ေက်ာ္က ဗီြအိုေအကို ေျပာပါတယ္။

“ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အမႈမွန္ေပၚေပါက္ေရးအတြက္ လြတ္လတ္တဲ့ တရားမွ်တတဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ဖြဲ႔ဖို႔ ေပါ့ေနာ္။ အျမန္ဆုံးေဖၚထုတ္ေပးဖို႔ ရည္ရြယ္ခ်က္နဲ႔ က်မတို႔ ေတာင္းဆိုတာ ျဖစ္ပါတယ္။”

COVID-19 ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြ သယ္ေဆာင္လာတဲ့ ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီး WHO ကားကို တနလာၤေန႔ ညေနပိုင္းက မင္းျပားၿမိဳ႕နယ္တြင္း တိုက္ခိုက္ခံခဲ့ရျပီး WHO အဖြဲ႔ႀကီးရဲ႕ ေဒသခန႔္ ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္ ေသဆုံးခဲ့သလို အစိုးရဝန္ထမ္း ဦးေအာင္မ်ိဳးဦးဟာလည္း ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရရွိခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔လက္ခ်က္လို႔ အစိုးရနဲ႔ တပ္မေတာ္ဘက္က စြပ္စြဲထားသလို AA ဘက္ကေတာ့ ဒါကိ္ုျငင္းဆန္ထားျပီး တပ္မေတာ္ကေန ပစ္ခတ္တာလို႔ တန္ျပန္ စြပ္စြဲထားပါတယ္။

အေမရိကန္အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ HRW ကေတာ့ WHO ဝန္ထမ္းေသဆုံးမႈျဖစ္ပြားခဲ့တဲ့ မင္းျပားၿမိဳ႕နယ္မွာ ကုလသမဂၢ စုံစမ္းစစ္ေဆးသူေတြကို ဝင္ေရာက္ခြင့္ျပဳၿပီး လြတ္လပ္စြာ စုံစမ္းစစ္ေဆးခြင့္ေပးဖို႔ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ကို ေတာင္းဆိုထားပါတယ္။

ဒီလိုေတာင္းဆိုခ်က္နဲ႔ ပတ္သက္ျပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလိုေျပာပါတယ္။

“ဒီျဖစ္စဥ္ေတြ က်ေနာ္တို႔ သတင္းထုတ္ျပန္ေပးထားပါတယ္။ အစိုးရကလည္း ထုတ္ျပန္ေပးထားတယ္။ နိုင္ငံျခားေရး ၀န္ၾကီးဌာနကလည္း ထုတ္ျပန္ထားတယ္ဆိုေတာ့ေလ။ ဒါနဲ႔ပက္သက္ၿပီးေတာ့မွ ဘာမ်ား ၀င္ျပီးစစ္ေဆးစရာလိုလုိ႔လဲဗ်ာ။ ထင္ရွားေနတဲ့ျဖစ္စဥ္အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ အျပင္ကေန ၀င္စုံစမ္းစစ္ေဆးဖို႔ဆိုတဲ့ဟာ မလိုအပ္ဘူးလို႔ ထင္တယ္။ ဘာလို႔ဆိုေတာ့ က်ေနာ္တို႔ဆီမွာ အစိုးရရွိတာပဲေနာ္။”

WHO ဝန္ထမ္း ေသဆုံးမႈျဖစ္ပြားခဲ့တဲ့ ဒီတိုက္ခိုက္မႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ လြတ္လပ္စြာ စုံစမ္းစစ္ေဆးၿပီး အေရးယူေပးဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကလည္း ေတာင္းဆိုထားပါတယ္။

ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႕ေနတဲ့ကာလမွာ လက္နက္ကိုင္အဖြဲ႔ေတြ အေနနဲ႔ အပစ္ခတ္ရပ္စဲေပးဖို႔ကိုလည္း ေတာင္းဆိုေၾကာင္း လူမႈအဖြဲ႔အစည္းေတြရဲ႕ကိုယ္စား ေဒၚမြန္ရည္ေက်ာ္ကဆက္ေျပာပါတယ္။

“COVID ကလည္း တေန႔တျခားပ်ံ႕ႏွံ႔လာတယ္။ ပိုျပီးေတာ့ တိုးလာတယ္ေပါ့ေနာ္။ ေရာဂါျဖစ္ေနတဲ့ကာလမွာ တိုက္ပြဲေတြနဲ႔ အက်ဆုံးပိုျပီးေတာ့ ေသတဲ့ရြာေတြေရာ မ်ားလာတယ္။ ဒီဟာေတြ လုံး၀မျဖစ္သင့္ဘူးေပါ့ေနာ္။ လက္ရွိကာလမွာ ဒီလက္နက္ကိုင္အဖြဲ႔ေတြက အပစ္ခတ္ရပ္ထားေပးဖို႔ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ လိုက္နာဖို႔လို တယ္လို႔ က်မတို႔က ျမင္တယ္ေပါ့။”

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကလည္း COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႕ေနတဲ့ကာလမွာ စစ္ေရးပဋိပကၡေတြ ရပ္ဆိုင္းဖို႔အတြက္ တိုက္တြန္းထားပါတယ္။

လက္ရွိျမန္မာနိုင္ငံ အေနာက္ပိုင္း ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား စစ္ေရးျပင္းထန္ေနဆဲျဖစ္သလို စစ္ေရးျဖစ္စဥ္အတြင္း အရပ္သားေတြ ထိခိုက္ ေသဆုံးမႈကလည္း တေန႔တျခား မ်ားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

WHO ဝန်ထမ်း ရခိုင်မှာပစ်သတ်ခံရမှု စုံစမ်းဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ရခိုင်ပြည်နယ်အတွင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း တဦး ပစ်သတ်ခံရမှုနဲ့ စပ်လျှင်းပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဖေါ်ထုတ်ဖို့နဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အပစ် ခတ်ရပ်စဲပေးဖို့ မြန်မာအရပ်ဘက်အဖွဲ့ပေါင်း ၂၇၈ ဖွဲ့က တောင်းဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ပစ်သတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းရေးအဖွဲ့နဲ့ အမှန်တရား အမြန်ဆုံးဖော်ထုတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကတောင်းဆိုကြောင်းအဖွဲ့ရဲ့ ကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်မွန်ရည်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လတ်တဲ့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ပေါ့နော်။ အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကျမတို့ တောင်းဆိုတာ ဖြစ်ပါတယ်။”

COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကားကို တနလာၤနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရပြီး WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့သလို အစိုးရဝန်ထမ်း ဦးအောင်မျိုးဦးဟာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့လက်ချက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က စွပ်စွဲထားသလို AA ဘက်ကတော့ ဒါကိုငြင်းဆန်ထားပြီး တပ်မတော်ကနေ ပစ်ခတ်တာလို့ တန်ပြန် စွပ်စွဲထားပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ WHO ဝန်ထမ်းသေဆုံးမှုဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်မှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်ခွင့်ပြုပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရဗိုလ်ချုပ်ထွန်းထွန်းညီက အခုလိုပြောပါတယ်။

“ဒီဖြစ်စဉ်တွေ ကျနော်တို့ သတင်းထုတ်ပြန်ပေးထားပါတယ်။ အစိုးရကလည်း ထုတ်ပြန်ပေးထားတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတယ်ဆိုတော့လေ။ ဒါနဲ့ပက်သက်ပြီးတော့မှ ဘာများ ဝင်ပြီးစစ်ဆေးစရာလိုလို့လဲဗျာ။ ထင်ရှားနေတဲ့ဖြစ်စဉ်အတွက်ကြောင့်မို့လို့ ကျနော်တို့ အပြင်ကနေ ဝင်စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ဟာ မလိုအပ်ဘူးလို့ ထင်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့ဆီမှာ အစိုးရရှိတာပဲနော်။”

WHO ဝန်ထမ်း သေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်ခတ်ရပ်စဲပေးဖို့ကိုလည်း တောင်းဆိုကြောင်း လူမှုအဖွဲ့အစည်းတွေရဲ့ကိုယ်စား ဒေါ်မွန်ရည်ကျော်ကဆက်ပြောပါတယ်။

“COVID ကလည်း တနေ့တခြားပျံ့နှံ့လာတယ်။ ပိုပြီးတော့ တိုးလာတယ်ပေါ့နော်။ ရောဂါဖြစ်နေတဲ့ကာလမှာ တိုက်ပွဲတွေနဲ့ အကျဆုံးပိုပြီးတော့ သေတဲ့ရွာတွေရော များလာတယ်။ ဒီဟာတွေ လုံးဝမဖြစ်သင့်ဘူးပေါ့နော်။ လက်ရှိကာလမှာ ဒီလက်နက်ကိုင်အဖွဲ့တွေက အပစ်ခတ်ရပ်ထားပေးဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုက်နာဖို့လို တယ်လို့ ကျမတို့က မြင်တယ်ပေါ့။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ စစ်ရေးပဋိပက္ခတွေ ရပ်ဆိုင်းဖို့အတွက် တိုက်တွန်းထားပါတယ်။

လက်ရှိမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပြင်းထန်နေဆဲဖြစ်သလို စစ်ရေးဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက် သေဆုံးမှုကလည်း တနေ့တခြား များလာနေပါတယ်။

XS
SM
MD
LG