သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO အမွတ္တံဆိပ္ပါကား ပစ္ခတ္ခံရမႈ ယာဥ္ေမာင္းေသဆုံး


ေသဆံုးသြားတဲ့ ယာဥ္ေမာင္းကို သယ္ေဆာင္ေနၾကတဲ့ ၾကက္ေျခနီအဖဲြ႔ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ ကုလသမဂၢ ယာဥ္တစင္းပစ္ခတ္ခံရတာေၾကာင့္ ကားေမာင္းတဲ့ ကုလ၀န္ထမ္း တဦး ေသဆံုးခဲ့တဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။

ရခိုင္ျပည္နယ္ကေန COVID-19 ေစာင့္ၾကည့္လူနာေတြရဲ႕ ႏွာေခါင္း၊ အာေခါင္တို႔ပက္ နမူနာေတြကို ရန္ကုန္ကို သြားေရာက္ပို႔ေဆာင္တဲ့ WHO ကမၻာ့က်န္းမာေရးအဖဲြ႔ပိုင္ UN တံဆိပ္ပါကားတစ္စီးကို မေန႔ကညေန ၅ နာရီေလာက္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတာေၾကာင့္ ကားေပၚမွာ ပါလာတဲ့ ဝန္ထမ္းတစ္ဦး ေသဆံုးၿပီး တစ္ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

အဲဒီကားကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ပစ္ခတ္ခဲ့တာျဖစ္ၿပီး အခုလို COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးကို အားစိုက္လုပ္ေဆာင္ေနခ်ိန္ WHO ကားကို ပစ္ခတ္လိုက္တာဟာ လူသားမဆန္ဘူးလို႔ အစိုးရဘက္က ထုတ္ျပန္ပါတယ္။

AA အဖြဲ႔ဘက္ကေတာ့ WHO ကားကို သူတို႔ ပစ္ခတ္တာ မဟုတ္သလို ပစ္ခတ္ခံရတဲ့ ဝန္ထမ္းႏွစ္ဦးကို ေဆးရံုကို ပို႔ေဆာင္ခဲ့တယ္လို႔ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"ရာေမာင္တံတားမွာ အေျခခ်ထားတဲ့ စစ္ေဆးေရးဂိတ္ကေနၿပီးေတာ့ ခြင့္ျပဳခ်က္ေတာင္းတာကို သူတို႔က ခြင့္ျပဳလိုက္တယ္။ ခြင့္ျပဳလိုက္ေတာ့ အဲဒီတံတားက ရာေမာင္တံတားကို ျဖတ္လာတယ္။ အဲမွာခြင့္ျပဳလိုက္တဲ့ ျမန္မာစစ္သားေတြက လက္နက္ငယ္ေတြနဲ႔ ပစ္တာ အဲဒီမွာ ကားက လမ္းေဘးကို ထိုးခ်သြားတယ္။ အဲဒီမွာ တစ္ရီေလာက္ၾကာတဲ့ အခါမွာ က်ေနာ္တို႔ တပ္ဖြဲ႔ေတြက အဲဒီကားကို ေတြ႔ၿပီး ကယ္ထုတ္လာခဲ့ရတာဟာ WHO ကားတစ္စီး လမ္းေဘးထိုးက်ေနတယ္ဆိုၿပီးေတာ့ ဒဏ္ရာရသူေတြကို ဆြဲထုတ္ၿပီးေတာ့ ရြာသားေတြ ဆီကေနတစ္ဆင့္ မင္းျပားေဆးရံုကို ပို႔ေဆာင္ေပးခဲ့တယ္။"

တပ္မေတာ္ ေျပာခြင့္ရသူကို ဆက္သြယ္တဲ့ေမးျမန္းတဲ့အခါမွာေတာ့ သီးျခားေျပာစရာမရွိဘဲ အစိုးရရဲ႕ ထုတ္ျပန္ခ်က္အတိုင္းျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

မေန႔က မင္းျပားၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြလည္း ျပင္းထန္ေနၿပီး WHO ကားပစ္ခတ္ခံရတာနဲ႔ပတ္သတ္ၿပီး တပ္နဲ႔ AA ႏွစ္ဘက္လံုးကေတာ့ တစ္ဘက္ကို တစ္ဘက္စြပ္စြဲေျပာ ဆိုေနၾကပါတယ္။

ဘယ္သူပစ္တာကို မသိရေသးေပမယ့္ ၾကားထဲမွာ သားတစ္ေယာက္ကို ဆံုးလိုက္ရလိုက္တာနဲ႔ ပတ္သတ္ၿပီး မေန႔က ပစ္ခတ္ခံရၿပီး ေသဆံုးသြားတဲ့ WHO ယာဥ္ေမာင္ရဲ႕ ဖခင္ကအခုလိုေျပာပါတယ္။

"က်ေနာ္တို႔သား ဆံုး႐ံူးသြားရတဲ့အတြက္ ရင္ထုမနာ ေသမေလာက္ခံစားရတာေပါ့ဗ်ာ။ က်ေနာ့္မိန္းမလည္း ေသမေလာက္ျဖစ္ေနၿပီ။ ဘယ္ဘက္ေတြ၊ ညာဘက္ေတြ က်ေနာ္တို႔မသိဘူးေလေနာ္။ က်ေနာ္တို႔သားက တာဝန္ တစ္ခုနဲ႔ သြားတာ လမ္းမွာ ဆံုး႐ံူးသြားပီေလ ဒီေလာက္ပဲ ေျပာပါရေစဗ်ာ။"

UN တံဆိပ္ပါ၊ WHO ပိုင္ ကားပစ္ခတ္ခံရၿပီး ဝန္ထမ္းတစ္ဦး ေသဆံုးသြားတာေၾကာင့္ စိတ္မေကာင္းျဖစ္ရသလို အဲဒီပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီးေတာ့ စံုစမ္းေနတယ္လို႔ ကုလသမဂၢျပန္ၾကားေရးအရာရွိ ဦးေအးဝင္းက ေျပာပါတယ္။

"အခုအခ်ိန္မွာ က်ေနာ္တို႔ေျပာခ်င္တာကေတာ့ က်ေနာ္တို႔ လုပ္ေဖာ္ကိုင္ဘက္ WHO ဝန္ထမ္းတစ္ဦး အသက္ဆံုးရံူးသြားရတဲ့အတြက္ စိတ္မေကာင္းျဖစ္တာေပါ့ဗ်ာ။ ေလာေလာဆယ္မွာေတာ့ အဲဒီအျဖစ္အပ်က္နဲ႔ ပတ္သတ္ၿပီး စံုစမ္းစစ္ေဆးေနတုန္းပဲ ရွိေသးတယ္ ဘာမွအထြအထူး ေျပာစရာမရွိပါဘူး။"

ဒါအျပင့္ မေန႔က မင္ျပားၿမိဳ႕နယ္ ငါးစရိုင္းေက်းရြာဘက္မွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ျမစ္နားေက်းရြာက အမ်ိဳးသမီးတစ္ဦး ေသဆံုးခဲ့သလို အရပ္သား ၇ ဦးေလာက္ ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာဆိုၾက ပါတယ္။

ဒီကေန႔မွာလည္း တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ မင္းျပားၿမိဳ႕နယ္ အဲဒီငါးစရိုင္းေက်းရြာနဲ႔ တစ္ျခားနီးစပ္ရာေက်းရြာေတြက ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးေနၾကရတယ္လို႔ အမည္မေဖာ္လိုတဲ့ ျမစ္နားေက်းရြာ ေဒသခံတစ္ဦးကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

WHO အမှတ်တံဆိပ်ပါကား ပစ်ခတ်ခံရမှု ယာဉ်မောင်းသေဆုံး

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ ကုလသမဂ္ဂ ယာဉ်တစင်းပစ်ခတ်ခံရတာကြောင့် ကားမောင်းတဲ့ ကုလဝန်ထမ်း တဦး သေဆုံးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်ကနေ COVID-19 စောင့်ကြည့်လူနာတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ပက် နမူနာတွေကို ရန်ကုန်ကို သွားရောက်ပို့ဆောင်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် UN တံဆိပ်ပါကားတစ်စီးကို မနေ့ကညနေ ၅ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာ ပါလာတဲ့ ဝန်ထမ်းတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီကားကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုလို COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးကို အားစိုက်လုပ်ဆောင်နေချိန် WHO ကားကို ပစ်ခတ်လိုက်တာဟာ လူသားမဆန်ဘူးလို့ အစိုးရဘက်က ထုတ်ပြန်ပါတယ်။

AA အဖွဲ့ဘက်ကတော့ WHO ကားကို သူတို့ ပစ်ခတ်တာ မဟုတ်သလို ပစ်ခတ်ခံရတဲ့ ဝန်ထမ်းနှစ်ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"ရာမောင်တံတားမှာ အခြေချထားတဲ့ စစ်ဆေးရေးဂိတ်ကနေပြီးတော့ ခွင့်ပြုချက်တောင်းတာကို သူတို့က ခွင့်ပြုလိုက်တယ်။ ခွင့်ပြုလိုက်တော့ အဲဒီတံတားက ရာမောင်တံတားကို ဖြတ်လာတယ်။ အဲမှာခွင့်ပြုလိုက်တဲ့ မြန်မာစစ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်တာ အဲဒီမှာ ကားက လမ်းဘေးကို ထိုးချသွားတယ်။ အဲဒီမှာ တစ်ရီလောက်ကြာတဲ့ အခါမှာ ကျနော်တို့ တပ်ဖွဲ့တွေက အဲဒီကားကို တွေ့ပြီး ကယ်ထုတ်လာခဲ့ရတာဟာ WHO ကားတစ်စီး လမ်းဘေးထိုးကျနေတယ်ဆိုပြီးတော့ ဒဏ်ရာရသူတွေကို ဆွဲထုတ်ပြီးတော့ ရွာသားတွေ ဆီကနေတစ်ဆင့် မင်းပြားဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။"

တပ်မတော် ပြောခွင့်ရသူကို ဆက်သွယ်တဲ့မေးမြန်းတဲ့အခါမှာတော့ သီးခြားပြောစရာမရှိဘဲ အစိုးရရဲ့ ထုတ်ပြန်ချက်အတိုင်းဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

မနေ့က မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး WHO ကားပစ်ခတ်ခံရတာနဲ့ပတ်သတ်ပြီး တပ်နဲ့ AA နှစ်ဘက်လုံးကတော့ တစ်ဘက်ကို တစ်ဘက်စွပ်စွဲပြော ဆိုနေကြပါတယ်။

ဘယ်သူပစ်တာကို မသိရသေးပေမယ့် ကြားထဲမှာ သားတစ်ယောက်ကို ဆုံးလိုက်ရလိုက်တာနဲ့ ပတ်သတ်ပြီး မနေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ WHO ယာဉ်မောင်ရဲ့ ဖခင်ကအခုလိုပြောပါတယ်။

"ကျနော်တို့သား ဆုံးရူံးသွားရတဲ့အတွက် ရင်ထုမနာ သေမလောက်ခံစားရတာပေါ့ဗျာ။ ကျနော့်မိန်းမလည်း သေမလောက်ဖြစ်နေပြီ။ ဘယ်ဘက်တွေ၊ ညာဘက်တွေ ကျနော်တို့မသိဘူးလေနော်။ ကျနော်တို့သားက တာဝန် တစ်ခုနဲ့ သွားတာ လမ်းမှာ ဆုံးရူံးသွားပီလေ ဒီလောက်ပဲ ပြောပါရစေဗျာ။"

UN တံဆိပ်ပါ၊ WHO ပိုင် ကားပစ်ခတ်ခံရပြီး ဝန်ထမ်းတစ်ဦး သေဆုံးသွားတာကြောင့် စိတ်မကောင်းဖြစ်ရသလို အဲဒီပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ စုံစမ်းနေတယ်လို့ ကုလသမဂ္ဂပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

"အခုအချိန်မှာ ကျနော်တို့ပြောချင်တာကတော့ ကျနော်တို့ လုပ်ဖော်ကိုင်ဘက် WHO ဝန်ထမ်းတစ်ဦး အသက်ဆုံးရူံးသွားရတဲ့အတွက် စိတ်မကောင်းဖြစ်တာပေါ့ဗျာ။ လောလောဆယ်မှာတော့ အဲဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတုန်းပဲ ရှိသေးတယ် ဘာမှအထွအထူး ပြောစရာမရှိပါဘူး။"

ဒါအပြင့် မနေ့က မင်ပြားမြို့နယ် ငါးစရိုင်းကျေးရွာဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြစ်နားကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အရပ်သား ၇ ဦးလောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြ ပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မင်းပြားမြို့နယ် အဲဒီငါးစရိုင်းကျေးရွာနဲ့ တစ်ခြားနီးစပ်ရာကျေးရွာတွေက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ မြစ်နားကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

XS
SM
MD
LG