သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္အေရးေပၚ အသုံးစရိတ္ ဥပေဒၾကမ္း လႊတ္ေတာ္မွာ တင္သြင္း


ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - Pyidaungsu Hluttaw - ေမ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးေတြကို ျပန္စတဲ့ ဒီကေန႔မွာေတာ့ COVID-19 ကပ္ေရာဂါျပန႔္ပြားမႈ တားဆီးေရးအတြက္ လိုအပ္တဲ့ ဘတ္ဂ်က္လ်ာထားသုံးစြဲမႈေတြနဲ႔ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္းေတြကို တင္သြင္းခဲ့တယ္ဆိုတဲ့ သတင္းကို ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးထားပါတယ္။

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)

ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းအေဝး ေတြကို ဒီကေန႔ ျပန္လည္က်င္းပၿပီး ျပည္သူ႔ လႊတ္ေတာ္မွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက “ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္း” ကို တင္သြင္းခဲ့သလို ျပည္ေထာင္စုလႊတ္ေတာ္မွာေတာ့ COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ အေျခအေနအတြင္းမွာ လိုအပ္ေနတဲ့ ေငြေၾကးသုံးစြဲႏိုင္ဖို႔ ဘတ္ဂ်က္သုံးစြဲမႈေတြ၊ ေခ်းေငြရယူမႈေတြကို တင္ျပခဲ့ပါတယ္။

COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ ကာလအတြင္း လႊတ္ေတာ္ေခၚယူ က်င္းပရတဲ့အတြက္ လႊတ္ေတာ္အစည္းအေဝးေတြကို အခုတႀကိမ္ ႏွစ္ပတ္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္သြားဖို႔နဲ႔ COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ အေျခအေနအတြင္းမွာ လိုအပ္ေနတဲ့ ေငြေၾကးသုံးစြဲႏိုင္ဖို႔ ဘတ္ဂ်က္သုံးစြဲမႈေတြ၊ ေခ်းေငြရယူမႈေတြကို အတည္ျပဳႏိုင္ဖို႔ လုပ္ေဆာင္သြားဖို႔ လႊတ္ေတာ္ ဥကၠ႒ေတြကတိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ တင္သြင္းတဲ့ “ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္း” မွာ အခန္း ၁၁ ခန္း ပါဝင္ၿပီး ဥပေဒပုဒ္မေပါင္း ၅၀ ေက်ာ္ပါဝင္ပါတယ္။ ျပစ္ဒဏ္အေနနဲ႔ အျမင့္ဆုံးအေနနဲ႔ ၂ ႏွစ္အထိ အျပစ္ေပးႏိုင္ေအာင္ ျပင္ဆင္ထားတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္း ေကာ္မတီကေျပာပါတယ္။ ဥပေဒၾကမ္းေကာ္မတီ အဖြဲ႕ဝင္ ေဒါက္တာေဝၿဖိဳးေအာင္က ေခတ္နဲ႔ ေလ်ာ္ညီစြာကိုင္တြယ္သြားႏိုင္ဖို႔ လိုအပ္တာမို႔ အခုလို ျပင္ဆင္တာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)

"ဒီဥပေဒက အသစ္ျပန္ျပင္ေရးတာ၊ အခုလက္ရွိက ၁/ ၉၅ ကို က်င့္သုံးေနတာ။ တခါတေလက်ရင္ ဥပေဒရဲ႕ ဟေနတဲ့ အားနည္းခ်က္ေတြရွိရင္ ေျမျပင္မွာလုပ္ရတာ က်ေတာ့ ဥပေဒထက္အာဏာက်င့္သုံးတာ ကြၽံသြားတာမ်ိဳးေတြျဖစ္လာမွာစိုးလို႔ က်ေနာ္တို႔က အခ်ိဳ႕အခ်က္ေလးေတြ ျပင္ရတာမ်ိဳးေတြ ရွိတယ္။ ျပစ္ဒဏ္အမ်ိဳးအစား မ်ားသြားတယ္။ ၿပီးတဲ့အခါက်ေတာ့ ေခတ္ကာလနဲ႔ ေလ်ာ္ညီတဲ့ ဒဏ္ေငြေတြျဖစ္သြားတယ္။ ျပစ္ဒဏ္အမ်ိဳးအစား ႏွစ္မ်ိဳးရွိတာကိုး။ အဲ့ထဲမွာ ေသးတဲ့ ျပစ္ဒဏ္ေတြရွိတယ္၊ ႀကီးတဲ့ ျပစ္ဒဏ္ေတြရွိတယ္။ ေငြဒဏ္ရွိတယ္၊ ေထာင္ဒဏ္ ရွိတယ္။ ေနာက္တခ်က္က်ေတာ့ ဘာရွိသလဲဆိုေတာ့ ျပစ္ဒဏ္ကို ႏွစ္ဆင့္ျဖစ္သြားတယ္။ ပထမတၾကိမ္ဆိုရင္ ျပစ္ဒဏ္က နည္းနည္းေလးနည္းမယ္။ အဲ့ဒါကိုမွ မရဘူး ... ေနာက္တႀကိမ္ ထပ္ျဖစ္မယ္ဆိုရင္ေတာ့ ျပစ္ဒဏ္ ေငြဒဏ္ဆိုလည္း ေငြဒဏ္၊ တခ်ိဳ႕ဟာေတြမွာ ေငြဒဏ္နဲ႔မရေတာ့ဘူးဆိုရင္ ပထမတႀကိမ္မွာ ေငြဒဏ္၊ ေနာက္တႀကိမ္ ျဖစ္တယ္ဆိုရင္ေတာ့ ေထာင္ဒဏ္ျဖစ္သြားမွာေပါ့။"

COVID-19 ကာကြယ္ကုသ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအတြက္ ကမာၻ႔ဘဏ္က အေမရိကန္ ေဒၚလာသန္း ၅၀ ေခ်းယူမယ့္ ကိစၥနဲ႔ အစိုးရရဲ႕ ျဖည့္စြက္ဘတ္ဂ်က္ကိုလည္း ဒီကေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ျပခဲ့တာေတြ ရွိပါတယ္။

ကမၻာ့ဘဏ္ဘက္က ေခ်းေငြရယူႏိုင္ဖို႔ အတြက္ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးမင္းက အခုလိုတင္ျပခဲ့တာပါ။

"ျမန္မာႏိုင္ငံအေနနဲ႔ အေထာက္ပံ့ ၂ ခုေပါင္း အေမရိကန္ေဒၚလာ သန္း ၃၅၀ မွ ၇၀၀ အထိ ရယူႏိုင္ပါေၾကာင္း အေၾကာင္း ၾကားလာခဲ့ပါတယ္။ အေရးေပၚေထာက္ပံ့ေငြက အတိုးမဲ့ ေခ်းတာျဖစ္ၿပီးေတာ့ ဆိုင္းငံ့ကာလ ၅ ႏွစ္ခြဲအပါအဝင္ ေခ်းေငြ ကာလ ၁၀ ႏွစ္ျဖစ္ပါတယ္။ အေရးေပၚေခ်းေငြအစီအစဥ္ RFI ဟာ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖစ္ၿပီး ေခ်းေငြကာလက ၃ ႏွစ္ကေန ၅ ႏွစ္ျဖစ္ပါတယ္။ COVID-19 သက္ေရာက္မႈကို တံု႔ျပန္ေဆာင္ရြက္ေနတဲ့ကာလမွာ ႏိုင္ငံသားမ်ားရဲ႕ က်န္းမာေရးလံုျခံဳမႈ စိတ္ခ်ရမႈ ေဆာင္ရြက္ႏိုင္ရန္ က်န္းမာေရးအသံုးစရိတ္ တိုးျမွင့္ျခင္း၊ ႏိုင္ငံသားမ်ားအတြက္ အေထာက္အပံ့ေပးျခင္း စတဲ့အသံုးစရိတ္မ်ားေၾကာင့္ ျဖစ္ေပၚလာမယ့္ ဘတ္ဂ်က္လိုေငြကို ျဖည့္ဆည္းရန္ ရည္ရြယ္ၿပီးေတာ့ ေပးအပ္လာျခင္း ျဖစ္ပါတယ္။"

တင္ျပလာတာေတြနဲ႔ ပတ္သတ္လို႔ ေနာက္တရက္မွာ အေသးစိတ္ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က စိုင္းထြန္းေအးကေတာ့ ေခ်းေငြရယူတာေတြကို ေထာက္ခံေပမယ့္ တကယ္လိုအပ္တဲ့ ေနရာေတြနဲ႔ တိုင္းရင္းသားေဒသေတြအတြက္ အေသအခ်ာ အက်ိဳးရွိေအာင္သုံးစြဲဖို႔ သူက လိုလားေနပါတယ္။

"ဒီ ေခ်းေငြ ယူတဲ့ ကိစၥကေတာ့ က်ေနာ့္အေနနဲ႔လည္း ဒါ ကန႔္ကြက္ခ်င္တဲ့ စိတ္ေတာ့ မရွိပါဘူး။ လိုအပ္တ့ဲေနရာမွာ သံုးစဲြဖို႔နဲ႔ ေနာက္ တိုင္းရင္းသားေဒသမွာလည္း အခက္အခဲေတြရွိလာတဲ့ တခ်ိန္က်ရင္ ေခ်းေငြေတြ လိုအပ္တဲ့ ပံုစံမ်ိဳးေတြ ရွိလာခဲ့ရင္ အစိုးရအေနနဲ႔ ဒါ တာ၀န္သိသိနဲ႔ ေဆာင္ရြက္ဖို႔ က်ေနာ္ေတာ့ အဲ့ဒီလိုမ်ိဳးပဲ လိုလားတာေပါ့။"

ဒီကေန႔ လႊတ္ေတာ္ေတြကို ျပန္လည္စတင္တာမွာ လႊတ္ေတာ္ တက္ေရာက္တဲ့ ကိုယ္စားလွယ္ေတြကို အပူခ်ိန္စစ္ေဆးျခင္း လႊတ္ေတာ္ထဲတြင္ တစ္ဦးနဲ႔ တစ္ဦး ခပ္ခြာခြာ ေနထိုင္ႏိုင္ရန္ထားျခင္း၊ ႏွေခါင္းစည္းမ်ား တပ္ဆင္ေစတာအျပင္ လႊတ္ေတာ္တက္ သတင္းယူတဲ့ သတင္းသမားေတြကိုလည္း အပူခ်ိန္တိုင္းတာေတြ ျပဳလုပ္ခဲ့ပါတယ္။

COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ အေျခအေနအတြင္းမွာ လိုအပ္ေနတဲ့ ေငြေၾကးသုံးစြဲႏိုင္ဖို႔ ဘတ္ဂ်က္သုံးစြဲမႈေတြ၊ ေခ်းေငြရယူမႈေတြကို ႏွစ္ပတ္အတြင္း ေဆြးေႏြးအတည္ျပဳၿပီး လႊတ္ေတာ္ေတြ ယာယီရပ္နားထားဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အရေးပေါ် အသုံးစရိတ် ဥပဒေကြမ်း လွှတ်တော်မှာ တင်သွင်း

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ပြန်စတဲ့ ဒီကနေ့မှာတော့ COVID-19 ကပ်ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်လျာထားသုံးစွဲမှုတွေနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းတွေကို တင်သွင်းခဲ့တယ်ဆိုတဲ့ သတင်းကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး တွေကို ဒီကနေ့ ပြန်လည်ကျင်းပပြီး ပြည်သူ့ လွှတ်တော်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက “ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း” ကို တင်သွင်းခဲ့သလို ပြည်ထောင်စုလွှတ်တော်မှာတော့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေအတွင်းမှာ လိုအပ်နေတဲ့ ငွေကြေးသုံးစွဲနိုင်ဖို့ ဘတ်ဂျက်သုံးစွဲမှုတွေ၊ ချေးငွေရယူမှုတွေကို တင်ပြခဲ့ပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း လွှတ်တော်ခေါ်ယူ ကျင်းပရတဲ့အတွက် လွှတ်တော်အစည်းအဝေးတွေကို အခုတကြိမ် နှစ်ပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားဖို့နဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေအတွင်းမှာ လိုအပ်နေတဲ့ ငွေကြေးသုံးစွဲနိုင်ဖို့ ဘတ်ဂျက်သုံးစွဲမှုတွေ၊ ချေးငွေရယူမှုတွေကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်သွားဖို့ လွှတ်တော် ဥက္ကဋ္ဌတွေကတိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ တင်သွင်းတဲ့ “ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း” မှာ အခန်း ၁၁ ခန်း ပါဝင်ပြီး ဥပဒေပုဒ်မပေါင်း ၅၀ ကျော်ပါဝင်ပါတယ်။ ပြစ်ဒဏ်အနေနဲ့ အမြင့်ဆုံးအနေနဲ့ ၂ နှစ်အထိ အပြစ်ပေးနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီကပြောပါတယ်။ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါက်တာဝေဖြိုးအောင်က ခေတ်နဲ့ လျော်ညီစွာကိုင်တွယ်သွားနိုင်ဖို့ လိုအပ်တာမို့ အခုလို ပြင်ဆင်တာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီဥပဒေက အသစ်ပြန်ပြင်ရေးတာ၊ အခုလက်ရှိက ၁/ ၉၅ ကို ကျင့်သုံးနေတာ။ တခါတလေကျရင် ဥပဒေရဲ့ ဟနေတဲ့ အားနည်းချက်တွေရှိရင် မြေပြင်မှာလုပ်ရတာ ကျတော့ ဥပဒေထက်အာဏာကျင့်သုံးတာ ကျွံသွားတာမျိုးတွေဖြစ်လာမှာစိုးလို့ ကျနော်တို့က အချို့အချက်လေးတွေ ပြင်ရတာမျိုးတွေ ရှိတယ်။ ပြစ်ဒဏ်အမျိုးအစား များသွားတယ်။ ပြီးတဲ့အခါကျတော့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ဒဏ်ငွေတွေဖြစ်သွားတယ်။ ပြစ်ဒဏ်အမျိုးအစား နှစ်မျိုးရှိတာကိုး။ အဲ့ထဲမှာ သေးတဲ့ ပြစ်ဒဏ်တွေရှိတယ်၊ ကြီးတဲ့ ပြစ်ဒဏ်တွေရှိတယ်။ ငွေဒဏ်ရှိတယ်၊ ထောင်ဒဏ် ရှိတယ်။ နောက်တချက်ကျတော့ ဘာရှိသလဲဆိုတော့ ပြစ်ဒဏ်ကို နှစ်ဆင့်ဖြစ်သွားတယ်။ ပထမတကြိမ်ဆိုရင် ပြစ်ဒဏ်က နည်းနည်းလေးနည်းမယ်။ အဲ့ဒါကိုမှ မရဘူး ... နောက်တကြိမ် ထပ်ဖြစ်မယ်ဆိုရင်တော့ ပြစ်ဒဏ် ငွေဒဏ်ဆိုလည်း ငွေဒဏ်၊ တချို့ဟာတွေမှာ ငွေဒဏ်နဲ့မရတော့ဘူးဆိုရင် ပထမတကြိမ်မှာ ငွေဒဏ်၊ နောက်တကြိမ် ဖြစ်တယ်ဆိုရင်တော့ ထောင်ဒဏ်ဖြစ်သွားမှာပေါ့။"

COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာသန်း ၅၀ ချေးယူမယ့် ကိစ္စနဲ့ အစိုးရရဲ့ ဖြည့်စွက်ဘတ်ဂျက်ကိုလည်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာတွေ ရှိပါတယ်။

ကမ္ဘာ့ဘဏ်ဘက်က ချေးငွေရယူနိုင်ဖို့ အတွက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက အခုလိုတင်ပြခဲ့တာပါ။

"မြန်မာနိုင်ငံအနေနဲ့ အထောက်ပံ့ ၂ ခုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ မှ ၇၀၀ အထိ ရယူနိုင်ပါကြောင်း အကြောင်း ကြားလာခဲ့ပါတယ်။ အရေးပေါ်ထောက်ပံ့ငွေက အတိုးမဲ့ ချေးတာဖြစ်ပြီးတော့ ဆိုင်းငံ့ကာလ ၅ နှစ်ခွဲအပါအဝင် ချေးငွေ ကာလ ၁၀ နှစ်ဖြစ်ပါတယ်။ အရေးပေါ်ချေးငွေအစီအစဉ် RFI ဟာ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေကာလက ၃ နှစ်ကနေ ၅ နှစ်ဖြစ်ပါတယ်။ COVID-19 သက်ရောက်မှုကို တုံ့ပြန်ဆောင်ရွက်နေတဲ့ကာလမှာ နိုင်ငံသားများရဲ့ ကျန်းမာရေးလုံခြုံမှု စိတ်ချရမှု ဆောင်ရွက်နိုင်ရန် ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်ခြင်း၊ နိုင်ငံသားများအတွက် အထောက်အပံ့ပေးခြင်း စတဲ့အသုံးစရိတ်များကြောင့် ဖြစ်ပေါ်လာမယ့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ရည်ရွယ်ပြီးတော့ ပေးအပ်လာခြင်း ဖြစ်ပါတယ်။"

တင်ပြလာတာတွေနဲ့ ပတ်သတ်လို့ နောက်တရက်မှာ အသေးစိတ် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က စိုင်းထွန်းအေးကတော့ ချေးငွေရယူတာတွေကို ထောက်ခံပေမယ့် တကယ်လိုအပ်တဲ့ နေရာတွေနဲ့ တိုင်းရင်းသားဒေသတွေအတွက် အသေအချာ အကျိုးရှိအောင်သုံးစွဲဖို့ သူက လိုလားနေပါတယ်။

"ဒီ ချေးငွေ ယူတဲ့ ကိစ္စကတော့ ကျနော့်အနေနဲ့လည်း ဒါ ကန့်ကွက်ချင်တဲ့ စိတ်တော့ မရှိပါဘူး။ လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့နဲ့ နောက် တိုင်းရင်းသားဒေသမှာလည်း အခက်အခဲတွေရှိလာတဲ့ တချိန်ကျရင် ချေးငွေတွေ လိုအပ်တဲ့ ပုံစံမျိုးတွေ ရှိလာခဲ့ရင် အစိုးရအနေနဲ့ ဒါ တာဝန်သိသိနဲ့ ဆောင်ရွက်ဖို့ ကျနော်တော့ အဲ့ဒီလိုမျိုးပဲ လိုလားတာပေါ့။"

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ဓာတ္ပံု - ေမ ၁၈၊ ၂၀၂၀)

ဒီကနေ့ လွှတ်တော်တွေကို ပြန်လည်စတင်တာမှာ လွှတ်တော် တက်ရောက်တဲ့ ကိုယ်စားလှယ်တွေကို အပူချိန်စစ်ဆေးခြင်း လွှတ်တော်ထဲတွင် တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေထိုင်နိုင်ရန်ထားခြင်း၊ နှခေါင်းစည်းများ တပ်ဆင်စေတာအပြင် လွှတ်တော်တက် သတင်းယူတဲ့ သတင်းသမားတွေကိုလည်း အပူချိန်တိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေအတွင်းမှာ လိုအပ်နေတဲ့ ငွေကြေးသုံးစွဲနိုင်ဖို့ ဘတ်ဂျက်သုံးစွဲမှုတွေ၊ ချေးငွေရယူမှုတွေကို နှစ်ပတ်အတွင်း ဆွေးနွေးအတည်ပြုပြီး လွှတ်တော်တွေ ယာယီရပ်နားထားဖို့ ရှိပါတယ်။

XS
SM
MD
LG