သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ေရး လႊတ္ေတာ္မွာ စတင္ျပင္ဆင္


ျပည္ေထာင္စုလႊတ္ေတာ္ ပံုမွန္ အစည္းအေ၀းက်င္းပေနတဲ့ ျမင္ကြင္း (ေမ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

ျပည္ေထာင္စုလႊတ္ေတာ္ေခၚယူ က်င္းပတဲ့အခါမွာ COVID-19 ေရာဂါကာကြယ္ေရးအတြက္ လႊတ္ေတာ္အမတ္ေတြကို ဘယ္လိုက်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေပးမလဲဆိုတာကို တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

၁၆ ႀကိမ္ေျမာက္ လႊတ္ေတာ္ပုံမွန္အစည္းအေဝးကို အခုလ ၁၈ ရက္ေန႔ကစၿပီး ေနျပည္ေတာ္မွာ က်င္းပမွာျဖစ္လို႔ တက္ေရာက္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဝန္ထမ္းေတြမွာ ကိုဗစ္ေရာဂါရွိ၊ မရွိ စစ္ေဆးေပးတာကို သုံးရက္တာ လုပ္ေဆာင္သြားမွာပါ။

လာမယ့္ ၁၃ ရက္ေန႔မွာ အေထာက္အကူျပဳ ဝန္ထမ္းေတြျဖစ္တဲ့ စည္ပင္ဧည့္ရိပ္သာက ဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္မွာ ရွိတဲ့ဝန္ထမ္းေတြအပါအဝင္ ယာဥ္ေမာင္းေတြကို စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ ၁၄ ရက္ေန႔မွာ စစ္ေဆးမွာ ျဖစ္ၿပီး ၁၅ ရက္ေန႔မွာေတာ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကို စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ရန္ကုန္ကေန ေရာက္လာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ တခ်ိဳ႕ကိုေတာ့ အထူးအစီအစဥ္ တခုအေနနဲ႔ ဒီကေန႔မွာပဲ စၿပီးစစ္ခဲ့တယ္လို႔ ေနျပည္ေတာ္မွာရွိတဲ့ ဒုတိယတိုင္းက်န္းမာေရးဦးစီးမႉး ေဒါက္တာမ်ိဳးစုၾကည္က VOA ကိုေျပာပါတယ္။

“က်မတို႔ရဲ႕ အထူးအစီအစဥ္တခုက ရန္ကုန္တိုင္းမွာ Stay at Home လုပ္ထားတဲ့ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္ကေန လာေသာကိုယ္စားလွယ္မ်ားကိုပါ။ အဲဒါကိုေတာ့ ဒီေန႔စစ္ေပးဖို႔ေတာင္းဆိုလာလို႔ က်မတို႔က ဒီေန႔စစ္ေပးလိုက္တာပါရွင့္။”

စစ္ေဆးေပးမယ့္ သတ္မွတ္ကာလ ၃ ရက္အတြင္းမွာ လူဦးေရ ၉၀၀ ဝန္းက်င္ကို ဓာတ္ခြဲနမူနာယူသြားမွာလို႔ သိရပါတယ္။ စစ္ေဆးခံရသူေတြထဲမွာ ေရာဂါပိုးရွိလူနာေတြ႕ခဲ့တယ္ဆိုရင္ ေနျပည္ေတာ္ခုတင္ ၁,၀၀၀ ေဆး႐ုံနဲ႔ ခ်ိတ္ဆက္ၿပီး ကုသေရးအတြက္ စီစဥ္ထားတယ္လို႔ေျပာပါတယ္။

လႊတ္ေတာ္မတိုင္ခင္မွာ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးမွာျဖစ္ၿပီးေတာ့ လႊတ္ေတာ္ကာလအတြင္းမွာလည္း က်န္းမာေရးေစာင့္ေရွာက္မႈ အစီအစဥ္ေတြ ျပဳလုပ္သြားမယ့္အေၾကာင္းကို ေဒါက္တာမ်ိဳးစုၾကည္က ဆက္ေျပာပါတယ္။

“လႊတ္ေတာ္ထဲမွာလည္း က်မတို႔က လႊတ္ေတာ္စတက္တဲ့ေန႔ ၁၈ ကေနစၿပီးေတာ့ ၿပီးတဲ့အထိကိုလည္း က်မတို႔ Thermal Scanner ေတြ တပ္ထားပါတယ္။ လႊတ္ေတာ္တက္ေရာက္မယ့္သူမ်ားကို ေန႔စဥ္အဝင္မွာ Fever Screening လုပ္ဖို႔ရယ္၊ လိုအပ္လို႔ရွိရင္ ဆက္လက္ၿပီးေတာ့ ကုသမႈေပးဖို႔ကေတာ့ Medical Cover ေဆးခန္းေတြနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္႐ြက္သြားမယ္။”

ဒီကေန႔မနက္ပိုင္းမွာ ဓာတ္ခြဲနမူနာ စစ္ေဆးခံခဲ့တဲ့ ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စိုးက လႊတ္ေတာ္မွာ ေဆာင္႐ြက္ထားရွိတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့ အခုလိုေျပာပါတယ္။

“လႊတ္ေတာ္မွာလည္း ေသခ်ာစီစဥ္ထားတယ္လို႔ က်မတို႔ၾကားပါတယ္။ ဥပမာ တခုံျခားစီစဥ္ထားတယ္။ ေနာက္တခုကလည္း Social Distancing ျဖစ္ေအာင္လို႔ စားေသာက္ဆိုင္ေတြမွာ ေသခ်ာခုံေတြ ခ်ဲထားတယ္လို႔လည္း က်မတို႔ၾကားရတယ္ေပါ့ေနာ္။ အရင္တုန္းကဆိုရင္ေတာ့ လႊတ္ေတာ္လာတက္လို႔ရွိရင္ ဘာမွလာမေမးပါဘူးရွင့္။ အခုကေတာ့ က်မတို႔ကိုလာေမးပါတယ္။ ဖယ္ရီနဲ႔တက္မွာလား၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ တက္မွာလားဆိုတာေလးေတြေတာ့ ႏွစ္ႀကိမ္ေလာက္ရွိပါၿပီ လာေမးပါတယ္ရွင့္။”

အခုလို ကိုဗစ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ အရွိန္ျမႇင့္ေဆာင္႐ြက္ေနတဲ့ကာလမွာ လူစုလူေဝးနဲ႔ျပဳလုပ္တဲ့ လႊတ္ေတာ္အစည္းအေဝးေတြ ျပန္စမွာျဖစ္လို႔ တခ်ိဳ႕ကိုယ္စားလွယ္ေတြကေတာ့ တက္ေရာက္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ရခိုင္အမ်ိဳးသားပါတီဝင္ ေျမာက္ဦးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာကေတာ့ အခုလိုကာလမွာ လႊတ္ေတာ္အစည္းအေဝး မတက္ျဖစ္ရတဲ့အေၾကာင္းရင္းကို ေျပာလာပါတယ္။

“က်ေနာ္ကေတာ့ တက္ျဖစ္မွာ မဟုတ္ဘူး။ သြားေရးလာေရးကေတာ့ စီစဥ္ေပးမယ္လို႔ ေျပာတာေပါ့ေလ။ ဒါေပမဲ့ က်ေနာ္တို႔က အသက္ႀကီးၿပီဆိုေတာ့ Home Stay ေနတာပဲေကာင္းပါတယ္။ ဒီဟာက တိုင္းျပည္မွာလည္း Home Stay ေနဖို႔ပဲေျပာတာ Home Stay ေနတာေကာင္းတယ္။ အဲေတာ့ သိပ္မသြားခ်င္ဘူး။ ေနာက္တခ်က္က လႊတ္ေတာ္ရဲ႕သေဘာသဘာဝေပါ့ေလ။ ဒါကအေရးေပၚေခၚတယ္။ က်ေနာ္ထင္တာကေတာ့ ဘတ္ဂ်က္ကိစၥေလာက္ပဲထင္တယ္။ ဒီဟာကလည္း က်ေန္ာတို႔႔အတြက္ ဘာမွလည္းသိပ္ၿပီးထူးတာ မဟုတ္ဘူးေပါ့ေနာ္။ အျငင္းပြားစရာလည္း မရွိဘူး။ က်ေနာ္တို႔ ရခိုင္ျပည္ေရးရာကို တင္ျပစရာလည္း အေၾကာင္းမရွိဘူး။ တင္ျပေတာ့လည္း ထူးမွာလည္းမဟုတ္ဘူး။ အဲေတာ့ ဒီအခ်ိန္ကာလမွာ ဘတ္ဂ်က္ပဲဆိုေတာ့ က်ေနာ့္အတြက္ တက္လည္းမထူး၊ မတက္လည္းမထူးဘူးဆိုေတာ့ မတက္တာပဲေကာင္းတယ္ေလ။”

လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေနျပည္ေတာ္မွာရွိတဲ့ နားေနေဆာင္ေတြမွာ ၅ ရက္တာအသြားအလာကန႔္သတ္ထားၿပီး ကိုဗစ္ေရာဂါရွိ၊ မရွိ စစ္ေဆးသြားမွာ ျဖစ္ၿပီးေတာ့ ရလဒ္ကို ၂၄ နာရီအတြင္း အသိေပးသြားမယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး လွှတ်တော်မှာ စတင်ပြင်ဆင်

ပြည်ထောင်စု လွှတ်တော်ခေါ်ယူ ကျင်းပတဲ့အခါမှာ COVID-19 ရောဂါကာကွယ်ရေးအတွက် လွှတ်တော်အမတ်တွေကို ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးမလဲဆိုတာကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

၁၆ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို အခုလ ၁၈ ရက်နေ့ကစပြီး နေပြည်တော်မှာ ကျင်းပမှာဖြစ်လို့ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးတာကို သုံးရက်တာ လုပ်ဆောင်သွားမှာပါ။

လာမယ့် ၁၃ ရက်နေ့မှာ အထောက်အကူပြု ဝန်ထမ်းတွေဖြစ်တဲ့ စည်ပင်ဧည့်ရိပ်သာက ဝန်ထမ်းတွေနဲ့ လွှတ်တော်မှာ ရှိတဲ့ဝန်ထမ်းတွေအပါအဝင် ယာဉ်မောင်းတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ၁၄ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပြီး ၁၅ ရက်နေ့မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်ကနေ ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကိုတော့ အထူးအစီအစဉ် တခုအနေနဲ့ ဒီကနေ့မှာပဲ စပြီးစစ်ခဲ့တယ်လို့ နေပြည်တော်မှာရှိတဲ့ ဒုတိယတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးစုကြည်က VOA ကိုပြောပါတယ်။

“ကျမတို့ရဲ့ အထူးအစီအစဉ်တခုက ရန်ကုန်တိုင်းမှာ Stay at Home လုပ်ထားတဲ့မြို့နယ် ၁၀ မြို့နယ်ကနေ လာသောကိုယ်စားလှယ်များကိုပါ။ အဲဒါကိုတော့ ဒီနေ့စစ်ပေးဖို့တောင်းဆိုလာလို့ ကျမတို့က ဒီနေ့စစ်ပေးလိုက်တာပါရှင့်။”

စစ်ဆေးပေးမယ့် သတ်မှတ်ကာလ ၃ ရက်အတွင်းမှာ လူဦးရေ ၉၀၀ ဝန်းကျင်ကို ဓာတ်ခွဲနမူနာယူသွားမှာလို့ သိရပါတယ်။ စစ်ဆေးခံရသူတွေထဲမှာ ရောဂါပိုးရှိလူနာတွေ့ခဲ့တယ်ဆိုရင် နေပြည်တော်ခုတင် ၁,၀၀၀ ဆေးရုံနဲ့ ချိတ်ဆက်ပြီး ကုသရေးအတွက် စီစဉ်ထားတယ်လို့ပြောပါတယ်။

လွှတ်တော်မတိုင်ခင်မှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပြီးတော့ လွှတ်တော်ကာလအတွင်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ ပြုလုပ်သွားမယ့်အကြောင်းကို ဒေါက်တာမျိုးစုကြည်က ဆက်ပြောပါတယ်။

“လွှတ်တော်ထဲမှာလည်း ကျမတို့က လွှတ်တော်စတက်တဲ့နေ့ ၁၈ ကနေစပြီးတော့ ပြီးတဲ့အထိကိုလည်း ကျမတို့ Thermal Scanner တွေ တပ်ထားပါတယ်။ လွှတ်တော်တက်ရောက်မယ့်သူများကို နေ့စဉ်အဝင်မှာ Fever Screening လုပ်ဖို့ရယ်၊ လိုအပ်လို့ရှိရင် ဆက်လက်ပြီးတော့ ကုသမှုပေးဖို့ကတော့ Medical Cover ဆေးခန်းတွေနဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။”

ဒီကနေ့မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ စစ်ဆေးခံခဲ့တဲ့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက လွှတ်တော်မှာ ဆောင်ရွက်ထားရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။

“လွှတ်တော်မှာလည်း သေချာစီစဉ်ထားတယ်လို့ ကျမတို့ကြားပါတယ်။ ဥပမာ တခုံခြားစီစဉ်ထားတယ်။ နောက်တခုကလည်း Social Distancing ဖြစ်အောင်လို့ စားသောက်ဆိုင်တွေမှာ သေချာခုံတွေ ချဲထားတယ်လို့လည်း ကျမတို့ကြားရတယ်ပေါ့နော်။ အရင်တုန်းကဆိုရင်တော့ လွှတ်တော်လာတက်လို့ရှိရင် ဘာမှလာမမေးပါဘူးရှင့်။ အခုကတော့ ကျမတို့ကိုလာမေးပါတယ်။ ဖယ်ရီနဲ့တက်မှာလား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် တက်မှာလားဆိုတာလေးတွေတော့ နှစ်ကြိမ်လောက်ရှိပါပြီ လာမေးပါတယ်ရှင့်။”

အခုလို ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေတဲ့ကာလမှာ လူစုလူဝေးနဲ့ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးတွေ ပြန်စမှာဖြစ်လို့ တချို့ကိုယ်စားလှယ်တွေကတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီဝင် မြောက်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ အခုလိုကာလမှာ လွှတ်တော်အစည်းအဝေး မတက်ဖြစ်ရတဲ့အကြောင်းရင်းကို ပြောလာပါတယ်။

“ကျနော်ကတော့ တက်ဖြစ်မှာ မဟုတ်ဘူး။ သွားရေးလာရေးကတော့ စီစဉ်ပေးမယ်လို့ ပြောတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့က အသက်ကြီးပြီဆိုတော့ Home Stay နေတာပဲကောင်းပါတယ်။ ဒီဟာက တိုင်းပြည်မှာလည်း Home Stay နေဖို့ပဲပြောတာ Home Stay နေတာကောင်းတယ်။ အဲတော့ သိပ်မသွားချင်ဘူး။ နောက်တချက်က လွှတ်တော်ရဲ့သဘောသဘာဝပေါ့လေ။ ဒါကအရေးပေါ်ခေါ်တယ်။ ကျနော်ထင်တာကတော့ ဘတ်ဂျက်ကိစ္စလောက်ပဲထင်တယ်။ ဒီဟာကလည်း ကျနေ်ာတို့အတွက် ဘာမှလည်းသိပ်ပြီးထူးတာ မဟုတ်ဘူးပေါ့နော်။ အငြင်းပွားစရာလည်း မရှိဘူး။ ကျနော်တို့ ရခိုင်ပြည်ရေးရာကို တင်ပြစရာလည်း အကြောင်းမရှိဘူး။ တင်ပြတော့လည်း ထူးမှာလည်းမဟုတ်ဘူး။ အဲတော့ ဒီအချိန်ကာလမှာ ဘတ်ဂျက်ပဲဆိုတော့ ကျနော့်အတွက် တက်လည်းမထူး၊ မတက်လည်းမထူးဘူးဆိုတော့ မတက်တာပဲကောင်းတယ်လေ။”

လွှတ်တော်ကိုယ်စားလှယ်တွေကို နေပြည်တော်မှာရှိတဲ့ နားနေဆောင်တွေမှာ ၅ ရက်တာအသွားအလာကန့်သတ်ထားပြီး ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီးတော့ ရလဒ်ကို ၂၄ နာရီအတွင်း အသိပေးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG