သံုးရလြယ္ကူေစသည့္ Link မ်ား

ေတာင္ကုတ္ၿမိဳ႕နယ္ ANP ဥကၠ႒နဲ႔ စည္ပင္အရာရွိေတြ ဖမ္းဆီးခံရ


ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) ဒုဥကၠ႒အပါအဝင္ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒နဲ႔ ဥကၠ႒ေဟာင္းတို႔ ဖမ္းဆီးအေရးယူခံရတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)
ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)

အၾကမ္းဖက္ အဖဲြ႕အစည္းအျဖစ္ အစိုးရ သတ္မွတ္ေၾကညာထားတဲ့ AA ရခိုင္လက္နက္ကိုင္အဖဲြ႕ ဆက္စပ္တယ္ဆိုၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က) နဲ႔ ဖမ္းဆီးအေရးယူတာလို႔ သိရပါတယ္။

ရခိုင္ေတာင္ပိုင္း ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ ဦးေဝေသာင္းကို အာဏာပိုင္ေတြက ဒီကေန႔ မနက္ပိုင္းက ဖမ္းဆီးခံခဲ့ရတယ္လို႔ ရခိုင္အမ်ိဳးသားပါတီက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

"၉ နာရီ ၄၀ ေလာက္က ဖမ္းတယ္လို႔ ေျပာပါတယ္။ သူ႔အိမ္မွာ လာၿပီးဖမ္းသြားတယ္လို႔ သူ႔မိသားစုက ေျပာပါတယ္။ ခဏေမးျမန္းစရာ ရွိတယ္ဆိုၿပီးေတာ့ ေခၚသြားတယ္လို႔ ေျပာပါတယ္။"

အခုလို တရားဝင္ႏိုင္ငံေရးပါတီက ေခါင္းေဆာင္တစ္ဦးကို အေၾကာင္းမၾကားဘဲ ဖမ္းဆီးတာဟာ ပါတီကို ၿခိမ္းေျခာက္တာ ျဖစ္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ေျပာခြင့္ရ ဦးခိုင္ျပည္စိုးက ေျပာပါတယ္။

"ဘာေၾကာင့္ ဖမ္းတယ္ဆိုတာကေတာ့ က်ေနာ္တို႔ သံုးသပ္ဖို႔ ခက္တယ္။ က်ေနာ္တို႔ ႏိုင္ငံေရး ပါတီေတြကေတာ့ တရားဝင္ႏိုင္ငံေရး အလုပ္ကိုပဲ လုပ္တယ္။ အဲလိုလုပ္တဲ့အေပၚမွာ အခုလိုဖမ္းတာကေတာ့ ရခိုင္အမ်ိဳးသားပါတီကို ၿခိမ္းေျခာက္တဲ့ သေဘာလို႔ပဲ က်ေနာ္ျမင္ပါတယ္။"

ဒါ့အျပင္ ေတာက္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ကိုေဇယ်ေက်ာ္နဲ႔ ဥကၠ႒ေဟာင္း ဦးစန္းေငြတို႔ကိုလည္း မေန႔က ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ ဦးေဇယ်ေက်ာ္ရဲ႕ ေရွ႕ေန ေဒၚသိဂီ ၤေမာင္က ေျပာပါတယ္။

"အခုေလာေလာဆယ္ကေတာ့ ကိုေဇယ်ေက်ာ္ကို ေတာင္ကုတ္ၿမိဳ႕နယ္မွဴးရယ္၊ ရပ္ကြက္လူႀကီးရယ္၊ SB ရယ္ ေမးစရာေလးရွိလို႔ပါဆိုၿပီး ေခၚသြားတာေပါ့ေနာ္။ ေခၚသြားၿပီးေတာ့ မေန႔က ၂၄ နာရီေက်ာ္အခ်ိန္အထိ သူတို႔က တိုင္ခ်က္လည္း မဖြင့္ဘူး၊ ရမာန္လည္း မယူဘူး။ က်မတို႔ သြားေတြ႔ေတာ့လည္း အေတြ႔မေပးဘဲနဲ႔ ဦးစန္းေငြကို ထပ္ဖမ္းတယ္။ ဒီေန႔မနက္က်ေတာ့ ဦးေဝေသာင္းကို ထပ္ဖမ္းတယ္။"

လက္ရွိ ဖမ္းဆီးခံထားရတဲ့ ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒အပါအဝင္ သံုးေယာက္ကို အၾကမ္းဖ်က္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀ (က)နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ ဘူးေရႊေမာ္ေက်းရြာဥကၠ႒ ဦးေမာင္ဆန္းက တရားလိုလုပ္ၿပီးေတာ့ အမႈဖြင့္ထားတာျဖစ္ၿပီး ဖမ္းဆီးခံရသူေတြကို ရန္ကုန္ကိုေခၚသြားတယ္လို႔ ဦးေဇယ်ေက်ာ္ရဲ႕ ေရွ႕ေနေဒၚသိဂီ ၤေမာင္ကေျပာပါတယ္။

"သူတို႔သံုးေယာက္ကို တစ္မႈတည္းအေနနဲ႔ အမႈဖြင့္လိုက္တာ။ အခုေလာေလာဆယ္ကေတာ့ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ၅၀(က)နဲ႔ ရမာန္ယူ တာေပါ့ေနာ္။အမႈက ပံုမွန္အရဆိုရင္ ေအးေအးေဆးေဆး ရမာန္ယူရမွာေလ။ ဒီမွာဆက္ၿပီး မစစ္တာလားေတာ့ မေျပာတတ္ဘူး။ မနက္မိုးလင္းကတည္းက သူတို႔က ရမာန္ယူၿပီး ခ်က္ခ်င္း ေခၚၿပီးေတာ့ သတင္းအရေတာ့ ရန္ကုန္ကို ေခၚသြားတယ္လို႔ေတာ့ သိရတာေပါ့။ ရခိုင္ရိုးမေပၚကေန ျဖတ္ေန တယ္လို႔ သတင္းေတာ့ရတယ္။ "

ရခိုင္ျပည္နယ္အတြင္း အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ အတြင္းမွာ NLD ပါတီဝင္ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို AA အဖြဲ႔ဘက္က ဖမ္းဆီးခဲ့တာရွိသလို တပ္မေတာ္ဘက္ကလည္း ေဒသခံေတြကို မၾကာခဏဆိုသလို ဖမ္းဆီးစစ္ေဆးေနတာေတြ ရွိေနပါတယ္။ ရခိုင္ပဋိပကၡသတင္း ေရးသားတဲ့ သတင္းသမားအခ်ိဳ႕ကိုလည္း အၾကမ္းဖက္ပုဒ္မနဲ႔ စဲြခ်က္တင္ အေရးယူတာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကုတ်မြို့နယ် ANP ဥက္ကဋ္ဌနဲ့ စည်ပင်အရာရှိတွေ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌအပါအဝင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌဟောင်းတို့ ဖမ်းဆီးအရေးယူခံရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အစိုးရ သတ်မှတ်ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) နဲ့ ဖမ်းဆီးအရေးယူတာလို့ သိရပါတယ်။

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို အာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"၉ နာရီ ၄၀ လောက်က ဖမ်းတယ်လို့ ပြောပါတယ်။ သူ့အိမ်မှာ လာပြီးဖမ်းသွားတယ်လို့ သူ့မိသားစုက ပြောပါတယ်။ ခဏမေးမြန်းစရာ ရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်လို့ ပြောပါတယ်။"

အခုလို တရားဝင်နိုင်ငံရေးပါတီက ခေါင်းဆောင်တစ်ဦးကို အကြောင်းမကြားဘဲ ဖမ်းဆီးတာဟာ ပါတီကိုခြိမ်းခြောက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်တို့သုံးသပ်ဖို့ ခက်တယ်။ ကျနော်တို့ နိုင်ငံရေး ပါတီတွေကတော့ တရားဝင်နိုင်ငံရေး အလုပ်ကိုပဲ လုပ်တယ်။ အဲလိုလုပ်တဲ့အပေါ်မှာ အခုလိုဖမ်းတာကတော့ ရခိုင်အမျိုးသားပါတီကို ခြိမ်းခြောက်တဲ့ သဘောလို့ပဲ ကျနော်မြင်ပါတယ်။"

ဒါ့အပြင် တောက်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကိုဇေယျကျော်နဲ့ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ကိုလည်း မနေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဦးဇေယျကျော်ရဲ့ ရှေ့နေ ဒေါ်သိဂီ ၤမောင်က ပြောပါတယ်။

"အခုလောလောဆယ်ကတော့ ကိုဇေယျကျော်ကို တောင်ကုတ်မြို့နယ်မှူးရယ်၊ ရပ်ကွက်လူကြီးရယ်၊ SB ရယ် မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာပေါ့နော်။ ခေါ်သွားပြီးတော့ မနေ့က ၂၄ နာရီကျော်အချိန်အထိ သူတို့က တိုင်ချက်လည်း မဖွင့်ဘူး ရမာန်လည်း မယူဘူး။ ကျမတို့ သွားတွေ့တော့လည်း အတွေ့မပေးဘဲနဲ့ ဦးစန်းငွေကို ထပ်ဖမ်းတယ်။ ဒီနေ့မနက်ကျတော့ ဦးဝေသောင်းကို ထပ်ဖမ်းတယ်။"

လက်ရှိဖမ်းဆီးခံထားရတဲ့ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌအပါအဝင် သုံးယောက်ကို အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)နဲ့ တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာဥက္ကဋ္ဌ ဦးမောင်ဆန်းက တရားလိုလုပ်ပြီးတော့ အမှုဖွင့်ထားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ရန်ကုန်ကိုခေါ်သွားတယ်လို့ ဦးဇေယျကျော်ရဲ့ ရှေ့နေဒေါ်သိဂီ ၤမောင်ကပြောပါတယ်။

"သူတို့သုံးယောက်ကို တစ်မှုတည်းအနေနဲ့ အမှုဖွင့်လိုက်တာ။ အခုလောလောဆယ်ကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)နဲ့ ရမာန်ယူ တာပေါ့နော်။အမှုက ပုံမှန်အရဆိုရင် အေးအေးဆေးဆေး ရမာန်ယူရမှာလေ။ ဒီမှာဆက်ပြီး မစစ်တာလားတော့ မပြောတတ်ဘူး။ မနက်မိုးလင်းကတည်းက သူတို့က ရမာန်ယူပြီး ချက်ချင်း ခေါ်ပြီးတော့ သတင်းအရတော့ ရန်ကုန်ကို ခေါ်သွားတယ်လို့တော့ သိရတာပေါ့။ ရခိုင်ရိုးမပေါ်ကနေ ဖြတ်နေ တယ်လို့ သတင်းတော့ရတယ်။ "

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ NLD ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကို AA အဖွဲ့ဘက်က ဖမ်းဆီးခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း ဒေသခံတွေကို မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။ ရခိုင်ပဋိပက္ခသတင်း ရေးသားတဲ့ သတင်းသမားအချို့ကိုလည်း အကြမ်းဖက်ပုဒ်မနဲ့ စွဲချက်တင် အရေးယူတာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG