သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္ စစ္ပြဲအေရး အတိုင္ပင္ခံပုဂၢိဳလ္႐ံုးထုတ္ျပန္ခ်က္ ေဝဖန္ခံေနရ


နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ုံးကေန ဧၿပီလ ၂၁ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ခံပုဂၢိဳလ္အေနနဲ႔ ရခိုင္ျပည္နယ္တြင္း အရပ္သားေတြအေသအေပ်ာက္မ်ားေနတဲ့ စစ္ပဲြမွာ AA ရခိုင္ လက္နက္ကိုင္အဖဲြ႔ရဲ႕ လုပ္ရပ္ကိုသာ ေထာက္ျပၿပီး ျမန္မာတပ္မေတာ္ကို ခ်ီးက်ဴးဂုဏ္ျပဳေျပာဆိုလိုက္တဲ့အေပၚ တိုင္းရင္းသားအဖဲြ႔အခ်ိဳ႕ ဘ၀င္မက်ျဖစ္ေနတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ဧၿပီလ ၂၁ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္လက္မွတ္နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ုံးထုတ္ျပန္ခ်က္မွာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္း AA အၾကမ္းဖက္အဖြဲ႕က အဖ်က္ အေမွာင့္လုပ္ရပ္ေတြ လုပ္ေဆာင္ေနတယ္လို႔ ေထာက္ျပၿပီး ျမန္မာ့တပ္မေတာ္ကို ရြတ္ရြတ္ခြ်ံခြ်ံ အသက္စြန္႔ တာ၀န္ထမ္းေဆာင္တယ္ဆိုၿပီး ခ်ီးက်ဴးဂုဏ္ျပဳခဲ့တာပါ။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပူးတြဲအေထြေထြအတြင္းေရးမႉး ဆလိုင္းက်ဲအိုဘိခ္ေထာင္ကထုတ္ျပန္ခ်က္ထဲမွာ ရခိုင္လက္နက္ကိုင္ AA ဘက္ကိုသာ ေထာက္ျပထားၿပီး ျမန္မာ့တပ္မေတာ္ရဲ႕လုပ္ေဆာင္ခ်က္ကို ေထာက္ျပထားတာမရွိလို႔ မၽွတမႈမရွိဘူးလို႔ ဗီြအိုေအကို ေျပာပါတယ္။

“ပလက္၀ က်ေနာ္တို႔ ခ်င္းျပည္နယ္ဘက္မွာ ျဖစ္ပြါးေနတဲ့ စစ္ပြဲကေတာ့ ႏွစ္ဘက္စလုံးက စစ္ရာဇ၀တ္မႈကို ခ်ိဳးေဖါက္ေနတဲ့ က်ဴးလြန္ေနတဲ့ အေနအထားျဖစ္ေနတယ္ေပါ့ေလ။ အခုဟာက သူအေနနဲ႔က တဘက္ကိုပဲ ေထာက္ျပျပီးေတာ့ တဘက္ကို ခ်ီးက်ဴးသလိုျဖစ္သြားတဲ့အခါက်ေတာ့ အဲဒီဟာ မဟုတ္ေသးဘူး က်ေနာ္တို႔ ျမင္တယ္။ က်ေနာ္တို႔ရဲ႕ ဒီဘက္မွာျပီးခဲ့တဲ့ ရက္ေပါင္း ၄၀ အတြင္း ျဖစ္ပြားခဲ့တဲ့ အေနအထားအရၾကည့္မယ္ဆိုလို႔ရွိရင္ေတာ့ ၁၀၀ မွာ ၉၀ ရာခိုင္ႏႈန္းေလာက္က အရပ္သားေသဆုံးမႈက တပ္မေတာ္ရဲ႕ လက္နက္ေတြေၾကာင့္ျဖစ္ေနတယ္ေလ။ ဒါကိုက်ေတာ့ သူက မေထာက္ျပလိုက္ဘူးေပါ့။”

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ ႏွစ္ဘက္စလုံး အပစ္ခတ္ရပ္စဲျပီး ေတြ႕ဆုံေဆြးေႏြးဖို႕ တိုက္တြန္းေျပာဆိုသင့္ေၾကာင္း ဆလိုင္းက်ဲအိုဘိခ္ေထာင္က ေထာက္ျပပါတယ္။

အခုလို အေျခအေနမွာ လက္ရွိ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရကေန ေဖၚေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဟာ အလွမ္းေ၀းသြားတဲ့သေဘာ ေဆာင္သြားတယ္လို႕ ျငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ပါ၀င္ေနတဲ့ ကခ်င္ျငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ ဦးလမိုင္ဂြမ္ဂ်ာက ဆိုပါတယ္။

“AA ကိုအၾကမ္းဖက္သေဘာနဲ႔ သတ္မွတ္လိုက္ျပီးဆိုရင္ကေတာ့ ဘာပဲျဖစ္ျဖစ္ ေနာက္ထပ္ေတြ႔ဆုံ ေဆြးေႏြးဖို႔အတြက္ ေတာ္ေတာ္ေလး အလွမ္းေ၀းသြားတယ္ျဖစ္သြားျပီေလ။ AA မပါေတာ့ဘူးဆိုရင္ေတာ့ KIO အေနနဲ႔လည္း သူတို႔က FPNCC အဖြဲ႕၀င္ေတြ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒါကေတာ့ ေတာ္ေတာ္ေလးေတာ့ ျပန္ညိွႏိႈင္းရမယ့္ အေျခအေန ရွိတယ္။ ေတြ႔ဆုံမယ့္ အေျခအေနကေတာ့ အလွမ္းေ၀းသြားမဲ့ အေျခအေနရွိတာေပါ့။”

AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ အခုလို ထုတ္ျပန္ေျပာဆိုခ်က္ေၾကာင့္ ရခိုင္ေတြအတြက္ ေမွ်ာ္လင့္စရာ မရိွေတာ့ဘူးလို႔ တုံ႔ျပန္ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ထုတ္ျပန္ခ်က္ကို ျခံဳျပီးေတာ့ သုံးသပ္ရရင္ေတာ့ ရခိုင္နဲ႔ ဗမာေတြၾကားမွာ ရန္ငါစည္း ျပတ္သြားတာ ပိုျပီးေတာ့ ထင္ရွားသြားတာေပါ့ေနာ္။ ႏွစ္အခ်က္ကေတာ့ လက္ရွိ ဗမာနိုင္ငံေရးေခါင္းေဆာင္ေတြအထဲမွာ တရားမွ်တမႈကို ျမတ္နိုးတဲ့သူတေယာက္မွ မရွိေတာ့ဘူး။ ဒါေၾကာင့္မို႔လို႔ ဗမာမဟုတ္တဲ့ လူမ်ိဳးေတြ ေမွ်ာ္လင့္ထားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္ႏိႈက္ကလည္းပဲ အခုလက္ရွိမွာ ဗမာစစ္ေခါင္းေဆာင္ေတြထက္ပိုျပီးေတာ့ ေၾကာက္စရာ ေကာင္းတဲ့အာဏာရွင္ျဖစ္သြားျပီး။ ေနာက္တခုက က်ေနာ္တို႔ ရခိုင္ေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ဖို႔အတြက္ စစ္ရာဇ၀တ္သားေတြကို ေဒၚေအာင္ဆန္းစုၾကည္က အမိန္႔ေပးထားျပီ။ ဒါေၾကာင့္မို႔လို႔ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရဆီကေန က်ေနာ္တို႔ ရခိုင္ေတြ ဘာမွ ေမွ်ာ္လင့္စရာအေၾကာင္းေတြ မရွိေတာ့ဘူး။”

နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္႐ုံးထုတ္ျပန္ခ်က္ထဲ ခ်င္းျပည္နယ္ ပလက္ဝျမိဳ႕နယ္မွ ျပည္သူေတြအတြက္ ရိကၡာ ဆန္ေတြကို ဧၿပီလ ၁၉ ရက္ေန႔ မွာ ေရာက္ရွိေအာင္ ပို႔ေဆာင္နိုင္ခဲ့လို႔ ၀မ္းေျမာက္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ ရခိုင္နဲ႔ ခ်င္းျပည္နယ္အတြင္း ပဋိပကၡေတြေၾကာင့္ ေသဆုံး၊ ဒဏ္ရာရရွိခဲ့တဲ့ အရပ္သားေတြရဲ႕ မိသားစု၀င္ေတြအတြက္ နိုင္ငံေတာ္အစိုးရအေနနဲ႔ လိုအပ္တဲ့ ပံ့ပိုးကူညီ ေထာက္ပံ့မႈေတြ ေဆာင္ရြက္ေပးသြားမယ္လို႔ နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္႐ုံး ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA ႏွစ္ဘက္ၾကား တိုက္ပြဲျဖစ္ပြားရာေနရာေတြမွာ ျမန္မာစစ္တပ္က ေလေၾကာင္း ပစ္ခတ္မႈေၾကာင့္ မိတ္ဆာ၀၊ ၀က္မ၊ နန္းေခ်ာင္း၀၊ ေဘာင္၀နဲ႔ စိမ္းစင္းေက်းရြာကအရပ္သား ၂၉ ဦး ေသဆုံးခဲ့ၿပီး အနည္းဆုံး ၄၀ဦးခန္႔ ထိခိုက္ဒဏ္ရာရျပီးေတာ့ အိမ္အလုံးေရ ၅၀ နီးပါး မီးေလာင္ပ်က္စီးခဲ့ရေၾကာင္း ခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ (KACC) ကေန ဧၿပီလ ၂၂ ရက္ေန႔ ထုတ္ျပန္ခဲ့ ပါတယ္။

အလားတူ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျပင္းထန္ေနဆဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာလည္း တိုက္ပြဲျဖစ္ပြားရာ ေက်းရြာေတြအေပၚ လက္နက္ၾကီးက်ည္ပစ္ခတ္မႈေၾကာင့္ အရပ္သားေတြ အမ်ားအျပား ေသဆုံးထိခိုက္ဒဏ္ရာရရွိမႈ ျဖစ္ပြါးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ရန္ကုန္ စစ္ေတြလမ္းေပၚမွာ WHO ကမၻာ့က်န္းမာေရး အဖဲြ႔ကား တိုက္ခိုက္ခံရလို႔ ကားေမာင္းသူ တဦးေသဆံုးၿပီး ကုလ၀န္ထမ္းေနာက္တဦး ဒဏ္ရာရခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈကို ျမန္မာအစိုးရဘက္ကေတာ့ AA လက္ခ်က္လို႔ စြပ္စဲြေပမဲ့ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ဘက္ကေတာ့ ဒါကို ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်စစ်ပွဲအရေး အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထုတ်ပြန်ချက် ဝေဖန်ခံနေရ

နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း အရပ်သားတွေအသေအပျောက်များနေတဲ့ စစ်ပွဲမှာ AA ရခိုင် လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်ကိုသာ ထောက်ပြပြီး မြန်မာတပ်မတော်ကို ချီးကျူးဂုဏ်ပြုပြောဆိုလိုက်တဲ့အပေါ် တိုင်းရင်းသားအဖွဲ့အချို့ ဘဝင်မကျဖြစ်နေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ဧပြီလ ၂၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က အဖျက် အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ထောက်ပြပြီး မြန်မာ့တပ်မတော်ကို ရွတ်ရွတ်ချွံချွံ အသက်စွန့် တာဝန်ထမ်းဆောင်တယ်ဆိုပြီး ချီးကျူးဂုဏ်ပြုခဲ့တာပါ။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကထုတ်ပြန်ချက်ထဲမှာ ရခိုင်လက်နက်ကိုင် AA ဘက်ကိုသာ ထောက်ပြထားပြီး မြန်မာ့တပ်မတော်ရဲ့လုပ်ဆောင်ချက်ကို ထောက်ပြထားတာမရှိလို့ မျှတမှုမရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ပလက်၀ ကျနော်တို့ ချင်းပြည်နယ်ဘက်မှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲကတော့ နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှုကို ချိုးဖေါက်နေတဲ့ ကျူးလွန်နေတဲ့ အနေအထားဖြစ်နေတယ်ပေါ့လေ။ အခုဟာက သူအနေနဲ့က တဘက်ကိုပဲ ထောက်ပြပြီးတော့ တဘက်ကို ချီးကျူးသလိုဖြစ်သွားတဲ့အခါကျတော့ အဲဒီဟာ မဟုတ်သေးဘူး ကျနော်တို့ မြင်တယ်။ ကျနော်တို့ရဲ့ ဒီဘက်မှာပြီးခဲ့တဲ့ ရက်ပေါင်း ၄၀ အတွင်း ဖြစ်ပွားခဲ့တဲ့ အနေအထားအရကြည့်မယ်ဆိုလို့ရှိရင်တော့ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်က အရပ်သားသေဆုံးမှုက တပ်မတော်ရဲ့ လက်နက်တွေကြောင့်ဖြစ်နေတယ်လေ။ ဒါကိုကျတော့ သူက မထောက်ပြလိုက်ဘူးပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ နှစ်ဘက်စလုံး အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပြောဆိုသင့်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ထောက်ပြပါတယ်။

အခုလို အခြေအနေမှာ လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကနေ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အလှမ်းဝေးသွားတဲ့သဘော ဆောင်သွားတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ဆိုပါတယ်။

“AA ကိုအကြမ်းဖက်သဘောနဲ့ သတ်မှတ်လိုက်ပြီးဆိုရင်ကတော့ ဘာပဲဖြစ်ဖြစ် နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့အတွက် တော်တော်လေး အလှမ်းဝေးသွားတယ်ဖြစ်သွားပြီလေ။ AA မပါတော့ဘူးဆိုရင်တော့ KIO အနေနဲ့လည်း သူတို့က FPNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ တော်တော်လေးတော့ ပြန်ညှိနှိုင်းရမယ့် အခြေအနေ ရှိတယ်။ တွေ့ဆုံမယ့် အခြေအနေကတော့ အလှမ်းဝေးသွားမဲ့ အခြေအနေရှိတာပေါ့။”

AA ပြောခွင့်ရ ခိုင်သုခကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခုလို ထုတ်ပြန်ပြောဆိုချက်ကြောင့် ရခိုင်တွေအတွက် မျှော်လင့်စရာ မရှိတော့ဘူးလို့ တုံ့ပြန်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ထုတ်ပြန်ချက်ကို ခြုံပြီးတော့ သုံးသပ်ရရင်တော့ ရခိုင်နဲ့ ဗမာတွေကြားမှာ ရန်ငါစည်း ပြတ်သွားတာ ပိုပြီးတော့ ထင်ရှားသွားတာပေါ့နော်။ နှစ်အချက်ကတော့ လက်ရှိ ဗမာနိုင်ငံရေးခေါင်းဆောင်တွေအထဲမှာ တရားမျှတမှုကို မြတ်နိုးတဲ့သူတယောက်မှ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ ဗမာမဟုတ်တဲ့ လူမျိုးတွေ မျှော်လင့်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်ကလည်းပဲ အခုလက်ရှိမှာ ဗမာစစ်ခေါင်းဆောင်တွေထက်ပိုပြီးတော့ ကြောက်စရာ ကောင်းတဲ့အာဏာရှင်ဖြစ်သွားပြီး။ နောက်တခုက ကျနော်တို့ ရခိုင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့အတွက် စစ်ရာဇဝတ်သားတွေကို ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးထားပြီ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရဆီကနေ ကျနော်တို့ ရခိုင်တွေ ဘာမှ မျှော်လင့်စရာအကြောင်းတွေ မရှိတော့ဘူး။”

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးထုတ်ပြန်ချက်ထဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ပြည်သူတွေအတွက် ရိက္ခာ ဆန်တွေကို ဧပြီလ ၁၉ ရက်နေ့ မှာ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်းလည်း ဖော်ပြထားပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားတွေရဲ့ မိသားစုဝင်တွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ မြန်မာစစ်တပ်က လေကြောင်း ပစ်ခတ်မှုကြောင့် မိတ်ဆာဝ၊ ဝက်မ၊ နန်းချောင်းဝ၊ ဘောင်ဝနဲ့ စိမ်းစင်းကျေးရွာကအရပ်သား ၂၉ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ဦးခန့် ထိခိုက်ဒဏ်ရာရပြီးတော့ အိမ်အလုံးရေ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကနေ ဧပြီလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့ ပါတယ်။

အလားတူ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာလည်း တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေအပေါ် လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အရပ်သားတွေ အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန် စစ်တွေလမ်းပေါ်မှာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကား တိုက်ခိုက်ခံရလို့ ကားမောင်းသူ တဦးသေဆုံးပြီး ကုလဝန်ထမ်းနောက်တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို မြန်မာအစိုးရဘက်ကတော့ AA လက်ချက်လို့ စွပ်စွဲပေမဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG