သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကုတ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ NLD ပါတီဝင္ေတြ ၿခိမ္းေျခာက္ခံရ


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (ဓာတ္ပံု - NLD)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕နဲ႔ အာဏာရ NLD ပါတီ၀င္တခ်ိဳ႕ ျခိမ္းေျခာက္ခံေနရတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ရခိုင္ေတာင္ပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီဝင္တခ်ိဳ႕နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ႏွစ္ဦးကို အမည္မသိသူေတြက လာေရာက္ၿခိမ္းေျခာက္တာေတြ ရွိေနတာေၾကာင့္ တိမ္းေရွာင္ေနရတယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဒုဥကၠ႒ ဦးထြန္းၾကည္က ေျပာပါတယ္။

"အားလံုးေပါင္းရင္ေတာ့ ဝင္းလိႈင္တေယာက္ရယ္၊ သန္းေဌးတေယာက္ရယ္၊ ဦးတင္သိန္းေအာင္တေယာက္ရယ္ဆိုေတာ့ အဓိကက်တဲ့ သံုးေယာက္ေပါ့။ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ေယာက္ပါဆိုရင္ေတာ့ ငါးေယာက္ေပါ့။ လႊတ္ေတာ္ကိုယ္စားလွယ္ ႏွစ္ေယာက္ကေတာ့ ၿမိဳ႕မွာ ရွိတယ္။ ေဒၚနီနီျမင့္ကေတာ့ ရန္ကုန္ကို ျပန္သြားတယ္။ က်န္တဲ့ ဝင္းလႈိင္တို႔ အုပ္စုကေတာ့ တိမ္းေရွာင္ေနၾကတယ္။"

ေတာင္ကုတ္ၿမိဳ႕နယ္ ဘူးေရႊေမာ္ေက်းရြာက NLD ပါတီဝင္ တစ္ဦးကိုလည္း ရဲအေယာင္ေဆာင္ၿပီး ေနအိမ္ကို လာေရာက္ေခၚေဆာင္ခဲ့ေပမဲ့ လြတ္ေျမာက္ခဲ့တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ ေျပာခြင့္ရ မံုရြာေအာင္ရွင္က ေျပာပါတယ္။

"သူတို႔ကေတာ့ AA လို႔ထင္တယ္ဗ်ာ။ ဒါေပမဲ့ ဒါဟာမေသခ်ာေသးပါဘူး ခင္ဗ်ာ။ က်ေနာ္အဲေလာက္ပဲ သိေသးတယ္ခင္ဗ်ာ။ ပထမတေယာက္ကေတာ့ ဦးသန္းေဌးဆိုတဲ့ တေယာက္ကို သူတို႔က အရပ္ဝတ္နဲ႔ လာၿပီးေတာ့ ေခၚတယ္တဲ့ ရဲဆိုၿပီးေတာ့ ရဲပံုစံမေပါက္ေတာ့ ဦးသန္းေဌးက မလိုက္ဘူးေပါ့ေနာ္။ အဲတာမ်ိဳးေတြလည္း ၾကားတယ္။ ဒါကက်ေနာ္ၾကားတာေပါ့ေနာ္။ တျခားႏွစ္ေယာက္ေပါ့ေနာ္။ ၿမိဳ႕နယ္ ေကာ္မတီနဲ႔ ခရိုင္ေကာ္မတီ အဲႏွစ္ေယာက္ကိုေတာ့ ျခိမ္းေျခာက္တယ္လို႔ ၾကားတယ္မေန႔က။"

ဒါအျပင္ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီျမင့္ကိုလည္း ၿပီးခဲ့တဲ့ လပိုင္းေလာက္က ၿခိမ္းေျခာက္ခံခဲ့ရတယ္လို႔ ေဒၚနီနီျမင့္က ေျပာပါတယ္။

"က်မကို ၿခိမ္းေျခာက္တယ္ဆိုတာက က်မတို႔ကို ပူးတြဲၿပီးေတာ့ ရြာေတြမွာ Quarantine စင္တာေတြကို လွဴဒါန္းေနတာကို ရြာေတြမွာ AA ကို ဘယ္လိုလုပ္ခိုင္းေနတယ္။ ဒါဟာ တပ္ရဲ႕ သတင္းေပးပါ ဘာညာဆိုၿပီးေတာ့ အေကာင့္အတု တစ္ခုကေန လိုင္းေပၚတင္ၿပီးေတာ့ ဘယ္လိုရွင္းပလိုက္ရမယ္ဆိုၿပီးေတာ့ online ေပၚမွာ တင္ၿပီးေတာ့ ဖြတာေပါ့သတင္း။"

အခုလိုပါတီဝင္ေတြ ၿခိမ္ေျခာက္ခံေနရတာကို အစိုးရအေနနဲ႔ ေျဖရွင္းေပးသင့္တယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ပါတီ ဒုဥကၠ႒ ဦးထြန္းၾကည္ ကေျပာပါတယ္။

"ၿခိမ္းေျခာက္မႈဆိုတာက တကယ္လို႔သာ လူကိုေတြ႔လို႔ ဖမ္းဆီးေခၚေဆာင္သြားမယ္ဆိုရင္ ဖမ္းၿပီးေတာ့ ေမးစရာ၊ စစ္စရာ ေဆြးေႏြးစရာလည္း ရွိမွာမဟုတ္ဘဲနဲ႔ ဒါအသတ္ခံရတဲ့ အတိုင္းအတာအထိ ျဖစ္သြားႏိုင္တယ္။ ေရတိုေရရွည္ စဥ္းစားၾကည့္တဲ့အခါ ေရတိုအေနနဲ႔ ဒါၿပီးသြားမယ့္ ကိစၥမ်ိဳးလည္း မဟုတ္ဘူး။ ဘယ္အခ်ိန္ထိ ဒီလိုၿခိမ္းေျခာက္ေနမလဲ အစိုးရပိုင္းဆိုင္ရာေတြကေကာ ဒီၿခိမ္းေျခာက္မႈေတြကို ဘယ္လိုေျဖရွင္းေပးမလဲ အစိုးရအေနနဲ႔ တာဝန္ယူၿပီးေတာ့ ေျဖရွင္းေပးေစခ်င္တယ္။"

မေန႔ကလည္း ေတာင္ကုတ္ၿမိဳ႕နယ္ ဘူးေရႊေမာ္ေက်းသားတစ္ဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အစိုးရဘက္က ထုတ္ျပန္ထားပါတယ္။ AA ဘက္ကေတာ့ ေတာင္ကုတ္ေဒသခံတစ္ဦး ဖမ္းဆီးခဲ့တယ္ဆိုတာ သတင္းမွာသာျဖစ္တယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာဆိုထားပါတယ္။

"ေတာင္ကုတ္ဘက္မွာ ေဒသခံတေယာက္ကို က်ေနာ္တို႔ဘက္က ဖမ္းေခၚတယ္ဆိုတာလံုးဝ မဟုတ္ပါဘူးခင္ဗ်ာ။ ဒါသတင္းအမွားေတြပဲ ျဖစ္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ေဒသခံေတြဆီက သိရသေလာက္ ကေတာ့ ရဲက လာဖမ္းသြားတယ္လို႔ ေျပာတယ္။ သူတို႔ကို ဘာေၾကာင့္ ဖမ္းတယ္ ဘယ္လိုျပသာနာေတြေၾကာင့္ ဖမ္းသလဲဆိုတာကေတာ့ က်ေနာ္တို႔လည္း မသိဘူး။ က်ေနာ္တို႔ဘက္က ဖမ္းတာ မရွိဘူးဗ်ာ ဒါသက္သက္ စြပ္စြဲတာျဖစ္တယ္။"

ရခိုင္ျပည္နယ္အတြင္း အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္းမွာ NLDပါတီဝင္ေတြ လြတ္ေတာ္ကိုယ္စားလွယ္ေတြကို AA အဖြဲ႔ဘက္က ဖမ္းဆီးခဲ့တာရွိသလို တပ္မေတာ္ဘက္ကလည္း ေဒသခံေတြကို မၾကာခဏဆိုသလို ဖမ္းဆီးစစ္ေဆးေနတာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကုတ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီဝင်တွေ ခြိမ်းခြောက်ခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အာဏာရ NLD ပါတီဝင်တချို့ ခြိမ်းခြောက်ခံနေရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်မသိသူတွေက လာရောက်ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောပါတယ်။

"အားလုံးပေါင်းရင်တော့ ဝင်းလှိုင်တယောက်ရယ်၊ သန်းဌေးတယောက်ရယ်၊ ဦးတင်သိန်းအောင်တယောက်ရယ်ဆိုတော့ အဓိကကျတဲ့ သုံးယောက်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ပါဆိုရင်တော့ ငါးယောက်ပေါ့။ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ကတော့ မြို့မှာ ရှိတယ်။ ဒေါ်နီနီမြင့်ကတော့ ရန်ကုန်ကို ပြန်သွားတယ်။ ကျန်တဲ့ ဝင်းလှိုင်တို့ အုပ်စုကတော့ တိမ်းရှောင်နေကြတယ်။"

တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာက NLD ပါတီဝင် တစ်ဦးကိုလည်း ရဲအယောင်ဆောင်ပြီး နေအိမ်ကို လာရောက်ခေါ်ဆောင်ခဲ့ပေမဲ့ လွတ်မြောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရ မုံရွာအောင်ရှင်က ပြောပါတယ်။

"သူတို့ကတော့ AA လို့ထင်တယ်ဗျာ။ ဒါပေမဲ့ ဒါဟာမသေချာသေးပါဘူး ခင်ဗျာ။ ကျနော်အဲလောက်ပဲ သိသေးတယ်ခင်ဗျာ။ ပထမတယောက်ကတော့ ဦးသန်းဌေးဆိုတဲ့ တယောက်ကို သူတို့က အရပ်ဝတ်နဲ့ လာပြီးတော့ ခေါ်တယ်တဲ့ ရဲဆိုပြီးတော့ ရဲပုံစံမပေါက်တော့ ဦးသန်းဌေးက မလိုက်ဘူးပေါ့နော်။ အဲတာမျိုးတွေလည်း ကြားတယ်။ ဒါကကျနော်ကြားတာပေါ့နော်။ တခြားနှစ်ယောက်ပေါ့နော်။ မြို့နယ် ကော်မတီနဲ့ ခရိုင်ကော်မတီ အဲနှစ်ယောက်ကိုတော့ ခြိမ်းခြောက်တယ်လို့ ကြားတယ်မနေ့က။"

ဒါအပြင် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမြင့်ကိုလည်း ပြီးခဲ့တဲ့ လပိုင်းလောက်က ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဒေါ်နီနီမြင့်က ပြောပါတယ်။

"ကျမကို ခြိမ်းခြောက်တယ်ဆိုတာက ကျမတို့ကို ပူးတွဲပြီးတော့ ရွာတွေမှာ Quarantine စင်တာတွေကို လှူဒါန်းနေတာကို ရွာတွေမှာ AA ကို ဘယ်လိုလုပ်ခိုင်းနေတယ်။ ဒါဟာ တပ်ရဲ့ သတင်းပေးပါ ဘာညာဆိုပြီးတော့ အကောင့်အတု တစ်ခုကနေ လိုင်းပေါ်တင်ပြီးတော့ ဘယ်လိုရှင်းပလိုက်ရမယ်ဆိုပြီးတော့ online ပေါ်မှာ တင်ပြီးတော့ ဖွတာပေါ့သတင်း။"

အခုလိုပါတီဝင်တွေ ခြိမ်ခြောက်ခံနေရတာကို အစိုးရအနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းကြည် ကပြောပါတယ်။

"ခြိမ်းခြောက်မှုဆိုတာက တကယ်လို့သာ လူကိုတွေ့လို့ ဖမ်းဆီးခေါ်ဆောင်သွားမယ်ဆိုရင် ဖမ်းပြီးတော့ မေးစရာ၊ စစ်စရာ ဆွေးနွေးစရာလည်း ရှိမှာမဟုတ်ဘဲနဲ့ ဒါအသတ်ခံရတဲ့ အတိုင်းအတာအထိ ဖြစ်သွားနိုင်တယ်။ ရေတိုရေရှည် စဉ်းစားကြည့်တဲ့အခါ ရေတိုအနေနဲ့ ဒါပြီးသွားမယ့် ကိစ္စမျိုးလည်း မဟုတ်ဘူး။ ဘယ်အချိန်ထိ ဒီလိုခြိမ်းခြောက်နေမလဲ အစိုးရပိုင်းဆိုင်ရာတွေကကော ဒီခြိမ်းခြောက်မှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲ အစိုးရအနေနဲ့ တာဝန်ယူပြီးတော့ ဖြေရှင်းပေးစေချင်တယ်။"

မနေ့ကလည်း တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးသားတစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။ AA ဘက်ကတော့ တောင်ကုတ်ဒေသခံတစ်ဦး ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းမှာသာဖြစ်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။

"တောင်ကုတ်ဘက်မှာ ဒေသခံတယောက်ကို ကျနော်တို့ဘက်က ဖမ်းခေါ်တယ်ဆိုတာလုံးဝ မဟုတ်ပါဘူးခင်ဗျာ။ ဒါသတင်းအမှားတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒေသခံတွေဆီက သိရသလောက် ကတော့ ရဲက လာဖမ်းသွားတယ်လို့ ပြောတယ်။ သူတို့ကို ဘာကြောင့် ဖမ်းတယ် ဘယ်လိုပြသာနာတွေကြောင့် ဖမ်းသလဲဆိုတာကတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ဘက်က ဖမ်းတာ မရှိဘူးဗျာ ဒါသက်သက် စွပ်စွဲတာဖြစ်တယ်။"

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ NLDပါတီဝင်တွေ လွတ်တော်ကိုယ်စားလှယ်တွေကို AA အဖွဲ့ဘက်က ဖမ်းဆီးခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း ဒေသခံတွေကို မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။

XS
SM
MD
LG