သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာၿမိဳ႕နယ္မွာ အင္တာနက္ဆက္သြယ္မႈေတြ ျပန္ဖြင့္


အင္တာနက္သံုးေနတဲ့ ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ေန အမ်ိဳးသားႏွစ္ဦး (ႏို၀င္ဘာ ၀၉၊ ၂၀၁၄)

(Zawgyi/Unicode)

အင္တာနက္သံုးစြဲမႈ ပိတ္ပင္ထားတဲ့ ရခိုင္ျပည္နယ္ ရွစ္ ၿမိဳ႕နယ္ထဲက ေမာင္ေတာၿမိဳ႕နယ္မွာ ေမလ ၂ ရက္ ေန႔ကစၿပီး အင္တာနက္လိုင္း ျပန္လည္ဖြင့္ေပးခဲ့တဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကတည္းက ဆက္သြယ္ေရးဝန္ႀကီးဌာနက အင္တာနက္လိုင္း ပိတ္ပင္ထားတာလည္း ျဖစ္ပါတယ္။

အဲဒီအင္တာနက္ ပိတ္ခံထားရတဲ့ ၿမိဳ႕နယ္ေတြထဲက ေမာင္ေတာၿမိဳ႕နယ္ကိုေတာ့ ဒီလ ၂ ရက္ေန႔က အင္တာနက္လိုင္း ျပန္လည္ ဖြင့္ေပးခဲ့တယ္လို႔ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက မသဇင္က VOA ကို ေျပာပါတယ္။

"ရခိုင္ျပည္နယ္မွာဆိုရင္ေတာ့ အခုလက္ရွိမွာ ေမာင္ေတာတၿမိဳ႕နယ္ပဲ ေျပာလို႔ရပါေသးတယ္။ က်န္တဲ့ၿမိဳ႕ေတြ ဖြင့္ရင္ေတာ့ အေၾကာင္းၾကားေပးပါလိမ့္မယ္။ လက္ရွိမွာေတာ့ က်န္တဲ့ၿမိဳ႕နယ္ေတြကို ဖြင့္ေပးဖို႔ အေၾကာင္းၾကားထားတာေတာ့ မရွိေသးဘူး။ ေမာင္ေတာကေတာ့ ဒီလ ၂ ရက္ေန႔က ဖြင့္ေပးထားတာ။"

အခုလိုအင္တာလိုင္းေတြ ျပန္ဖြင့္ေပးရတာဟာ လက္ရွိျဖစ္ပြားေနတဲ့ COVID-19 ေရာဂါနဲ႔ပတ္သတ္ၿပီး သတင္းအခ်က္ေတြ ရယူႏိုင္တဲ့ အျပင္ ကုန္စည္စီးဆင္းမႈေတြ ျမန္ဆန္ဖို႔အတြက္ျဖစ္တယ္လို႔ ေမာင္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးေအာင္က ေျပာပါတယ္။

"က်ေနာ္သိသေလာက္ကေတာ့ ဒီ COVID နဲ႔ ပတ္သတ္တဲ့ သတင္အခ်က္အလက္ေတြ ဘာေတြ မွ်ေဝလို႔ရေအာင္ ေနာက္တစ္ခုကေတာ့ ကုန္စည္စီးဆင္းမႈေပါ့ဗ်ာ။ လူခ်င္းေတြ႔ၿပီးမွာစရာ မလိုေတာ့ဘူးေပါ့ဗ်ာ အင္တာနက္ကေန မွာေတာ့ လူခ်င္းတစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႔ဆံုဆက္ဆံရတာလည္း နည္းတာေပါ့။ ေငြလြဲတာေတြကလည္း online banking ေတြရွိေနေတာ့ ဘဏ္ေတြကို သြားစရာမလုိေတာ့ဘူးေပါ့။ လူစည္ကားတဲ့ေနရာေတြ မသြားရေသးဘူးေပါ့။"

အခုလိုအခ်ိန္မ်ိဳးမွာ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြကို အင္တာနက္အျမန္ဆံုး ဖြင့္ေပးသင့္သလို စစ္ပြဲေတြကိုလည္း အျမန္ဆံုးရပ္ေပးသင့္တယ္လို႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာပါတယ္။

"ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ အားလံုးမွာ အင္တာနက္လိုင္းေတြကို အျမန္ဆံုးျပန္ဖြင့္ေပးႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္ တယ္။ အထူးသျဖင့္ လက္ရွိ COVID-19 ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔ေနတဲ့ အေျခအေနမ်ိဳး ေနာက္ၿပီးေတာ့ လာမည့္ ကာလေတြမွာ သဘာဝေဘးအႏၱရာယ္ က်ေရာက္ႏိုင္တဲ့ အလားအလာ ရွိေနတဲ့ ကာလမ်ိဳးမွာ အင္တာနက္ဆက္သြယ္မႈဟာ ျပည္သူလူထုအတြက္ကို အယ္မတန္မွ အေထာက္အကူျပဳႏိုင္တဲ့ အရာတစ္ခုလို႔ က်ေနာ္က သံုးသပ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အားလံုးမွာ အင္တာနက္လိုင္းေတြကို အျမန္ဆံုး ဖြင့္ေပးဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။"

လက္ရွိအခ်ိန္မွာ ေမာင္ေတာၿမိဳ႕နယ္ကို အင္တာနက္လိုင္းေတြ ျပန္လည္ဖြင့္ေပးလိုက္တာေၾကာင့္ လက္ရွိျဖစ္ပြားေနတဲ့ COVID-19 ေရာဂါနဲ႔ ပတ္သတ္ၿပီး သတင္းအခ်က္အလက္ေတြ သိရွိခြင့္ရသလို တစ္ျခားလူမႈေရး စီးပြားေရး က်န္းမာေရးေတြအတြက္လည္း ပိုမိုေကာင္းမြန္တယ္လို႔ ေမာင္ေတာေဒသခံေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၈ ခုနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြကို အင္တာလိုင္းျဖတ္ေတာက္ထားတာနဲ႔ ပတ္သတ္ၿပီး ျပန္ဖြင့္ေပးဖို႔ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာေရာ ျပည္တြင္းက လႊတ္ေတာ္အမတ္ေတြနဲ႔ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မောင်တောမြို့နယ်မှာ အင်တာနက်ဆက်သွယ်မှုတွေ ပြန်ဖွင့်

အင်တာနက်သုံးစွဲမှု ပိတ်ပင်ထားတဲ့ ရခိုင်ပြည်နယ် ရှစ် မြို့နယ်ထဲက မောင်တောမြို့နယ်မှာ မေလ ၂ ရက် နေ့ကစပြီး အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့တဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီအင်တာနက် ပိတ်ခံထားရတဲ့ မြို့နယ်တွေထဲက မောင်တောမြို့နယ်ကိုတော့ ဒီလ ၂ ရက်နေ့က အင်တာနက်လိုင်း ပြန်လည် ဖွင့်ပေးခဲ့တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မသဇင်က VOA ကို ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာဆိုရင်တော့ အခုလက်ရှိမှာ မောင်တောတမြို့နယ်ပဲ ပြောလို့ရပါသေးတယ်။ ကျန်တဲ့မြို့တွေ ဖွင့်ရင်တော့ အကြောင်းကြားပေးပါလိမ့်မယ်။ လက်ရှိမှာတော့ ကျန်တဲ့မြို့နယ်တွေကို ဖွင့်ပေးဖို့ အကြောင်းကြားထားတာတော့ မရှိသေးဘူး။ မောင်တောကတော့ ဒီလ ၂ ရက်နေ့က ဖွင့်ပေးထားတာ။"

အခုလိုအင်တာလိုင်းတွေ ပြန်ဖွင့်ပေးရတာဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါနဲ့ပတ်သတ်ပြီး သတင်းအချက်တွေ ရယူနိုင်တဲ့ အပြင် ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်ဖို့အတွက်ဖြစ်တယ်လို့ မောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"ကျနော်သိသလောက်ကတော့ ဒီ COVID နဲ့ ပတ်သတ်တဲ့ သတင်အချက်အလက်တွေ ဘာတွေ မျှဝေလို့ရအောင် နောက်တစ်ခုကတော့ ကုန်စည်စီးဆင်းမှုပေါ့ဗျာ။ လူချင်းတွေ့ပြီးမှာစရာ မလိုတော့ဘူးပေါ့ဗျာ အင်တာနက်ကနေ မှာတော့ လူချင်းတစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဆက်ဆံရတာလည်း နည်းတာပေါ့။ ငွေလွဲတာတွေကလည်း online banking တွေရှိနေတော့ ဘဏ်တွေကို သွားစရာမလိုတော့ဘူးပေါ့။ လူစည်ကားတဲ့နေရာတွေ မသွားရသေးဘူးပေါ့။"

အခုလိုအချိန်မျိုးမှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အင်တာနက်အမြန်ဆုံး ဖွင့်ပေးသင့်သလို စစ်ပွဲတွေကိုလည်း အမြန်ဆုံးရပ်ပေးသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

"ရခိုင်ပြည်နယ် မြို့နယ် အားလုံးမှာ အင်တာနက်လိုင်းတွေကို အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင် တယ်။ အထူးသဖြင့် လက်ရှိ COVID-19 ကူးစက်ရောဂါ ပျံ့နှံ့နေတဲ့ အခြေအနေမျိုး နောက်ပြီးတော့ လာမည့် ကာလတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အလားအလာ ရှိနေတဲ့ ကာလမျိုးမှာ အင်တာနက်ဆက်သွယ်မှုဟာ ပြည်သူလူထုအတွက်ကို အယ်မတန်မှ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုလို့ ကျနော်က သုံးသပ်ပါတယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်နယ် မြို့နယ်အားလုံးမှာ အင်တာနက်လိုင်းတွေကို အမြန်ဆုံး ဖွင့်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်။"

လက်ရှိအချိန်မှာ မောင်တောမြို့နယ်ကို အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးလိုက်တာကြောင့် လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေ သိရှိခွင့်ရသလို တစ်ခြားလူမှုရေး စီးပွားရေး ကျန်းမာရေးတွေအတွက်လည်း ပိုမိုကောင်းမွန်တယ်လို့ မောင်တောဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို အင်တာလိုင်းဖြတ်တောက်ထားတာနဲ့ ပတ်သတ်ပြီး ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရော ပြည်တွင်းက လွှတ်တော်အမတ်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG