သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပျဖစ္မွာလား


ကိုဗစ္ကပ္ေရာဂါ အႏၱရာယ္ကာကြယ္ထိန္းခ်ဳပ္ေရး lockdown လုပ္ထားတဲ့ ရန္ကုန္ၿမိဳ႕ျမင္ကြင္း (ဧၿပီ ၁၇၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ေမလ ၈ ရက္ေန႔အထိ စာရင္းေတြအရ ကမၻာမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄ သန္းနီးပါးနဲ႔ ဗိုင္းရပ္စ္္ေၾကာင့္ ေသဆံုးသူ ၂ သိန္း ၇ ေသာင္းေက်ာ္ ရွိခဲ့ပါျပီ။ ေရာဂါကူးစက္မွဳနဲ႔ ေသဆံုးမွဳ တန္႕သြားတဲ့ ႏုိင္ငံ တစ္ခ်ိဳ႕၊ က်ဆင္းလာတဲ့ ႏိုင္ငံ တစ္ခ်ိဳ႕မွာေတာ့ အကန္႔အသတ္နဲ႔ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔၊ စက္ရံု အလုပ္ရံု လုပ္ငန္းေတြ ျပန္စဖုိ႔၊ Lockdown ခ်ထားတာေတြ ေျဖေလ်ာ့ဖို႔၊ ေဘာလံုးပြဲလို အားကစားပြဲေတြကို ပရိတ္သတ္မပါပဲ က်င္းပဖို႔ စတဲ့ ကိစၥေတြ ေဆြးေႏြး၊ လုပ္ကိုင္ ျပင္ဆင္ေနၾကခ်ိန္ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၂ ေယာက္ စေတြ႕ခဲ့တဲ့ မတ္လ ၂၃ ရက္ေန႔ကေန စတြက္ရင္ ၄၆ ရက္အတြင္း ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၇၆ ေယာက္၊ ေသဆံုးသူ ၆ ေယာက္ ရွိျပီး ေရာဂါျပန္လည္ သက္သာလာသူ ၆၂ ေယာက္ရွိေနပါတယ္။ ေပၚထြက္လာတဲ့ ကိန္းဂဏန္းႏွိဳင္းယွဥ္ခ်က္ေတြအရ ျမန္မာႏုိင္ငံဟာ ဗိုင္းရပ္စ္ ကူးစက္ခံရမွဳ အရည္အတြက္ နည္းတဲ့ ႏုိင္ငံေတြစာရင္းထဲ ပါ၀င္ေနေသးတာ ေတြ႕ရပါတယ္။ ဒီအခ်ိန္အတြင္း ျမန္မာ့ႏုိင္ငံေရး ေလာကမွာ ေျပာဆုိလာၾကတဲ့ အေၾကာင္းအရာ တစ္ခုကေတာ့ အခုႏွစ္အတြင္း အေထြေထြေရြးေကာက္ပြဲၾကီး က်င္းပျဖစ္မလား၊ ဒါမွမဟုတ္ ေရႊ႕ဆုိင္းသြားႏိုင္သလား ဆုိတဲ့ ကိစၥပါပဲ။ ျမန္မာႏိုင္ငံအတြက္ အေထြေထြ ေရြးေကာက္ပြဲ ဆိုတာ ဘယ္ေလာက္ အေရးၾကီးသလဲ၊ ကမၻာမွာေရာ ျမန္မာမွာပါ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး ဆုိက္ေရာက္ေနခ်ိန္ ေရြးေကာက္ပြဲ က်င္းပ သင့္ပါရဲ႕လား၊ ေရြးေကာက္ပြဲ ဘယ္အေျခအေန ဆုိက္သြားႏိုင္သလဲ ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ ေရြးေကာက္ပြဲ ဆုိင္ရာ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။


လက္ရွိ ျမန္မာႏုိင္ငံဟာ ဒီမိုကေရစီ အသြင္ကူးေျပာင္းဆဲ ႏုိင္ငံေတြထဲမွာ ပါ၀င္ပါတယ္။ ဒီမိုကေရစီ စနစ္ ခိုင္ခုိင္ျမဲျမဲ မျဖစ္ေသးသလို၊ စစ္အာဏာရွင္ စနစ္လက္ေအာက္ ျပန္ေရာက္မသြားေတာ့ပါဘူးလို႔ ရာခုိင္ႏွဳန္းျပည့္ အာမခံလို႔ ရႏုိင္တဲ့ အေျခအေနကိုလည္း မေရာက္ေသးပါဘူး။ ျမန္မာႏိုင္ငံမွာ ပါလီမန္ဒီမိုကေရစီေခတ္က ေနာက္ဆံုး ေရြးေကာက္ပြဲ လုပ္ခဲ့တာ ၁၉၆၀ ခုႏွစ္ကပါ။ ေနာင္ အႏွစ္ ၃၀ အၾကာ ၁၉၉၀ မွာ စစ္အစိုးရက အေထြေထြ ေရြးေကာက္ပြဲ တစ္ခု က်င္းပေပးခဲ့ေပမယ့္ ရလာဒ္ကို ဘယ္တုန္းကမွ အသိအမွတ္မျပဳခဲ့လို႔ အက်ိဳးသက္ေရာက္မွဳလည္း မရွိခဲ့ပါဘူး။ စစ္အာဏာရွင္ေတြကပဲ ၾကီးမွဴးက်င္းပေပးခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပြဲကလည္း မည္ကာမတၱ ေရြးေကာက္ပြဲပဲ ျဖစ္ျပီး လြတ္လပ္မွဳ မရွိသလို တရားမွ်တမွဳလည္း ရွိခဲ့တာမ်ိဳး မဟုတ္ပါဘူး။ ၂၀၁၅ ေရြးေကာက္ပြဲေရာက္မွသာ လြတ္လပ္တဲ့ ေရြးေကာက္ပြဲ ေပၚေပါက္ခဲ့ျပီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ ပါတီ အႏုိင္ရ၊ အစိုးရဖြဲ႕ႏိုင္ခဲ့တာပါ။ ၁၉၆၀ ခုႏွစ္က စတြက္ရင္ ၄၅ ႏွစ္ေလာက္ ေရာက္တဲ့ အခ်ိန္က်မွ လြတ္လပ္တဲ့ ေရြးေကာက္ပြဲလည္းျဖစ္၊ အာဏာကို ဆုပ္ကိုင္ထားသူေတြကလည္း ရလာဒ္ကို လက္ခံတဲ့ ေရြးေကာက္ပြဲ တစ္ၾကိမ္ပဲ က်င္းပႏုိင္တာမို႔ ေနာက္လာမယ့္ အေထြေထြ ေရြးေကာက္ပြဲေတြဟာ ျမန္မာႏုိင္ငံ ႏုိင္ငံေရး အတြက္ အေတာ့္ကို အေရးၾကီးတယ္ ဆိုတာကိုေတာ့ ျငင္းလို႔ မရပါဘူး။


အျခားတစ္ဖက္က ၾကည့္မယ္ဆုိရင္လည္း ဒီမိုကေရစီ အသြင္ကူးေျပာင္းဆဲ ႏုိင္ငံေတြမွာ ဒီမုိကေရစီ စနစ္ ပီပီျပင္ျပင္ ျဖစ္လာဖို႔၊ ဒီမုိကေရစီ ခုိင္မာဖို႔ ဆိုရင္ လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေတြ က်င္းပ၊ ျငိမ္းျငိမ္းခ်မ္းခ်မ္း အာဏာလဲႊေပးတဲ့ အေလ့အထ အစဥ္အဆက္မျပတ္ ရွင္သန္ေနေစဖို႔ဟာလည္း အထူးအေရးၾကီးပါတယ္။ ဒီအတြက္ ျမန္မာႏိုင္ငံမွာ လက္ရွိ လႊတ္ေတာ္နဲ႔ အစိုးရ သက္တမ္း ကုန္ဆံုးမယ့္ အခ်ိန္ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပႏုိင္ေရး အလြန္အေရးၾကီးတယ္ ဆိုတာ ျငင္းလို႔ မရႏုိင္ပါဘူး။
ဒါေပမယ့္လည္း လတ္တေလာ ထင္မွတ္မထားပဲ ၾကံဳလိုက္ရတာက ကမၻာနဲ႔အ၀ွမ္း ရင္ဆုိင္ေနရတဲ့ COVID-19 ကပ္ေဘး ျပသနာပါ။ အႏၱရာယ္ၾကီးလွတဲ့ ဒီ ဗိုင္းရပ္စ္ ကပ္ေဘးၾကီး တည္ရွိေနခ်ိန္ လူေတြ စုၾက၊ ေ၀းၾက၊ ေဟာၾက၊ ေျပာၾကမယ့္၊ လူစုလူေ၀းနဲ႔ မဲရံုေတြဆီသြား မဲေပးၾကရမယ့္ ေရြးေကာက္ပြဲလိုမ်ိဳး က်င္းပသင့္ရဲ႕လား ဆုိတာ အဓိက ေမးခြန္းျဖစ္လာေနပါတယ္။ ဒါဆုိရင္ ကပ္ေဘးၾကီး ျပီးဆံုးမွ ေရြးေကာက္ပြဲ က်င္းပၾကမလား ဆုိတာကိုလည္း တြက္ဆၾကည့္ဖို႔ လိုပါတယ္။ လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘး ဆုိတာ ျမန္မာတစ္ႏုိင္ငံထဲမွာပဲ ျပီးဆံုးသြားျပီဆိုျပီး လုပ္လို႔ရတ့ဲ အေနအထား မရွိပါဘူး။ ကမၻာၾကီးမွာ ကပ္ေဘး ျပီးဆံုးမွ ျမန္မာႏုိင္ငံမွာလည္း ျပီးဆံုးမွာပါ။ ကမၻာမွာလည္း ဘယ္အခ်ိန္ ေရာဂါကုသေဆး ေတြ႕မလဲ၊ ဘယ္အခ်ိန္ ကာကြယ္ေဆး ေဖာ္ထုတ္ႏိုင္မလဲ ဘယ္သူမွ မမွန္းဆႏုိင္ေသးတဲ့ အေျခအေနေအာက္မွာ ျမန္မာႏုိင္ငံကလည္း COVID-19 ကပ္ေဘး ေအာက္မွာပဲ ေနထုိင္၊ လုပ္ကိုင္၊ ရုန္းကန္ေနၾကရပါဦးမယ္။


ဒီအေျခအေနမွာ အေရးၾကီးတဲ့ ေမးခြန္းတစ္ခုက ေရြးေကာက္ပြဲေတြ မက်င္းပႏုိင္ရင္ လႊတ္ေတာ္ေတြ သက္တမ္းကုန္သြားမယ္၊ အစိုးရအဖြဲ႕ သက္တမ္း ကုန္သြားမယ္ ဆိုရင္ တိုင္းျပည္ ဘာေတြ ဆက္ျဖစ္လာႏိုင္မလဲ ဆိုတာမ်ိဳးပါ။ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒထဲမွာေတာ့ လႊတ္ေတာ္ေတြ သက္တမ္းကုန္၊ အစိုးရအဖြဲ႕လည္း သက္တမ္းကုန္သြားတဲ့တုိင္ ေရြးေကာက္ပြဲ မက်င္းပျဖစ္ရင္ ဘယ္လို ဆက္လုပ္လို႔ ရႏိုင္တဲ့ ျပဌာန္းခ်က္မ်ိဳး မေတြ႕ၾကရပါဘူး။ တစ္ခ်ိဳ႕ႏိုင္ငံေရးသမားေတြကေတာ့ အေရးေပၚကာလ ျပဌာန္းခ်က္မ်ားပါ သမၼတ ကေန တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို အာဏာလဲႊေပးတဲ့ ပုဒ္မေတြကို ကိုးကားျပီး တုိင္းျပည္ကို ေနာက္ျပန္လွည့္ဖို႔ အခါေပးၾကတာမ်ိဳးလည္း ရွိေနပါတယ္။


ဒီေနရာမွာ ျပန္ၾကည့္ဖို႔ လိုတာက လက္ရွိ ျမန္မာႏုိင္ငံ အေနနဲ႔ ေရြးေကာက္ပြဲေတြကို ဘယ္အခ်ိန္ ေနာက္ဆံုးထား က်င္းပရင္ ျဖစ္ႏုိင္မလဲ ဆိုတာပါ။ လက္ရွိ လႊတ္ေတာ္သက္တမ္းဟာ ၅ ႏွစ္ျဖစ္ျပီး ၂၀၂၁ ဇန္န၀ါရီမွာ သက္တမ္းကုန္ပါမယ္။ သမၼတ နဲ႔ အစိုးရအဖြဲ႕ သက္တမ္းကလည္း ၅ ႏွစ္ျဖစ္ျပီး ၂၀၂၁ ဧျပီ ၃၀ မွာ သက္တမ္း ကုန္မွာျဖစ္ပါတယ္။ ေရြးေကာက္ပြဲ တစ္ခု က်င္းပႏုိင္ေရးမွာ ေရြးေကာက္ပြဲ ေကာ္မရွင္ သက္တမ္းရွိ တရား၀င္ ျဖစ္ေနဖို႔ေတာ့ လိုပါလိမ့္မယ္။ အရင္ စစ္အာဏာရွင္ အစိုးရဟာ ၂၀၁၀ မတ္လ ၁၁ ရက္ေန႔မွာ စစ္ဗိုလ္ခ်ဳပ္ေဟာင္း တစ္ေယာက္ျဖစ္တဲ့ ဦးသိန္းစိုးကို ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ခန္႔အပ္ျပီး ေရြးေကာက္ပြဲ က်င္းပေစခဲ့ပါတယ္။ ေရြးေကာက္ပြဲ ျပီးတဲ့ေနာက္ အာဏာရလာတဲ့ သမၼတ ဦးသိန္းစိန္ဟာ ဖြဲ႕စည္းပံု အရ ၂၀၁၁ ခုႏွစ္ မတ္လ ၃၀ ရက္ေန႔မွာ စစ္ဗိုလ္ခ်ဳပ္ေဟာင္း တစ္ေယာက္ျဖစ္တဲ့ ဦးတင္ေအးကို ေကာ္မရွင္ ဥကၠဌ အျဖစ္ ခန္႔အပ္ခဲ့ပါတယ္။ အဲဒီ ေကာ္မရွင္ဟာ ၅ ႏွစ္ျပည့္ျပီးေနာက္ သမၼတ ဦးသိန္းစိန္ အစိုးရ နဲ႕အတူ သက္တမ္းကုန္ဆံုး ခဲ့ပါတယ္။ ၂၀၁၆ မတ္လ ၃၀ ရက္ေန႔မွာေတာ့ အာဏာရ အင္န္အယ္လ္ဒီ ပါတီရဲ႕ သမၼတ ဦးထင္ေက်ာ္ကေန ဦးလွသိန္းကို ေကာ္မရွင္ဥကၠဌ တာ၀န္ေပးအပ္ခဲ့တာမို႔ ေကာ္မရွင္ရဲ႕ သက္တမ္းဟာ အင္န္အယ္လ္ဒီ အစိုးရ ၅ ႏွစ္ သက္တမ္းနဲ႔ အတူ လာမယ့္ ၂၀၂၁ မတ္လ ၃၀ ရက္ေန႔မွ ကုန္ဆံုးမွာ ျဖစ္ပါတယ္။


ေရြးေကာက္ပြဲ က်င္းပသင့္မသင့္ ေနာက္ထပ္ ထည့္သြင္းစဥ္းစားဖို႔ လိုတာက ႏိုင္ငံေရးပါတီေတြရဲ႕ ဆႏၵပါ။ လက္ရွိ အစိုးရသက္တမ္းမွာ ဖြဲ႕စည္းခဲ့တဲ့ ျပည္ေထာင္စု တစ္၀ွမ္းလံုး ေရြးေကာက္ပြဲ၀င္မယ့္ ပါတီၾကီးေတြေရာ၊ လူမ်ိဳးစုတူ ပါတီ အခ်င္းခ်င္း ေပါင္းစည္းထားတဲ့ တုိင္းရင္းသားပါတီၾကီးေတြကပါ ေရြးေကာက္ပြဲ၀င္ဖို႔ အဆင္သင့္ ျဖစ္ေနၾကတာပါပဲ။ ဒီအေျခအေနေတြ အားလံုးေအာက္မွာ ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ သူ႔နဂို ရည္မွန္းခ်က္ျဖစ္တဲ့ လာမယ့္ ႏို၀င္ဘာလ အတြင္းျဖစ္ေစ၊ ဒါမွမဟုတ္ သူတုိ႔ သက္တမ္း မကုန္ဆံုးေသးတဲ့ ၂၀၂၁ မတ္လကုန္ မတုိင္ခင္ ျဖစ္ေစ အခ်ိန္ေနာက္ဆုတ္ျပီးမွ က်င္းပဖုိ႔ ေရြးခ်ယ္မယ္ ဆုိရင္လည္း ျဖစ္ႏုိင္ပါတယ္။ အဲဒီအခ်ိန္ကာလ အထိ COVID-19 ကပ္ေရာဂါေဘး ကင္းေ၀းျခင္း မရွိေသးတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ အဲလို အေျခအေန ၾကံဳခဲ့ရင္လည္း WHO နဲ႔ ျမန္မာႏုိင္ငံ က်န္းမာေရး၀န္ၾကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြ ေအာက္ကေန က်င္းပတဲ့ ေရြးေကာက္ပြဲမ်ိဳး ျဖစ္ေကာင္းျဖစ္သြားႏုိင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံလို ဒီမိုကေရစီ အသြင္ကူးေျပာင္းစ ႏုိင္ငံ တစ္ႏုိင္ငံအတြက္ အရင္ အာဏာရွင္ ေခတ္ေဟာင္းကို ျပန္ ေရာက္မသြားေစဖို႔ရာ လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေတြ မွန္မွန္က်င္းပဖို႔ လိုအပ္ခ်က္တခုျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

---------------------

မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖြစ်မှာလား


၂၀၂၀ မေလ ၈ ရက်နေ့အထိ စာရင်းတွေအရ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းနီးပါးနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သိန်း ၇ သောင်းကျော် ရှိခဲ့ပါပြီ။ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု တန့်သွားတဲ့ နိုင်ငံ တစ်ချို့၊ ကျဆင်းလာတဲ့ နိုင်ငံ တစ်ချို့မှာတော့ အကန့်အသတ်နဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေ ပြန်စဖို့၊ Lockdown ချထားတာတွေ ဖြေလျော့ဖို့၊ ဘောလုံးပွဲလို အားကစားပွဲတွေကို ပရိတ်သတ်မပါပဲ ကျင်းပဖို့ စတဲ့ ကိစ္စတွေ ဆွေးနွေး၊ လုပ်ကိုင် ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက် စတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကနေ စတွက်ရင် ၄၆ ရက်အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၆ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိပြီး ရောဂါပြန်လည် သက်သာလာသူ ၆၂ ယောက်ရှိနေပါတယ်။ ပေါ်ထွက်လာတဲ့ ကိန်းဂဏန်းနှိုင်းယှဉ်ချက်တွေအရ မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှု အရည်အတွက် နည်းတဲ့ နိုင်ငံတွေစာရင်းထဲ ပါဝင်နေသေးတာ တွေ့ရပါတယ်။ ဒီအချိန်အတွင်း မြန်မာ့နိုင်ငံရေး လောကမှာ ပြောဆိုလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ အခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖြစ်မလား၊ ဒါမှမဟုတ် ရွှေ့ဆိုင်းသွားနိုင်သလား ဆိုတဲ့ ကိစ္စပါပဲ။ မြန်မာနိုင်ငံအတွက် အထွေထွေ ရွေးကောက်ပွဲ ဆိုတာ ဘယ်လောက် အရေးကြီးသလဲ၊ ကမ္ဘာမှာရော မြန်မာမှာပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆိုက်ရောက်နေချိန် ရွေးကောက်ပွဲ ကျင်းပ သင့်ပါရဲ့လား၊ ရွေးကောက်ပွဲ ဘယ်အခြေအနေ ဆိုက်သွားနိုင်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် ရွေးကောက်ပွဲ ဆိုင်ရာ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။


လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီမိုကရေစီ စနစ် ခိုင်ခိုင်မြဲမြဲ မဖြစ်သေးသလို၊ စစ်အာဏာရှင် စနစ်လက်အောက် ပြန်ရောက်မသွားတော့ပါဘူးလို့ ရာခိုင်နှုန်းပြည့် အာမခံလို့ ရနိုင်တဲ့ အခြေအနေကိုလည်း မရောက်သေးပါဘူး။ မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီခေတ်က နောက်ဆုံး ရွေးကောက်ပွဲ လုပ်ခဲ့တာ ၁၉၆၀ ခုနှစ်ကပါ။ နောင် အနှစ် ၃၀ အကြာ ၁၉၉၀ မှာ စစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲ တစ်ခု ကျင်းပပေးခဲ့ပေမယ့် ရလာဒ်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့လို့ အကျိုးသက်ရောက်မှုလည်း မရှိခဲ့ပါဘူး။ စစ်အာဏာရှင်တွေကပဲ ကြီးမှူးကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလည်း မည်ကာမတ္တ ရွေးကောက်ပွဲပဲ ဖြစ်ပြီး လွတ်လပ်မှု မရှိသလို တရားမျှတမှုလည်း ရှိခဲ့တာမျိုး မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲရောက်မှသာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရ၊ အစိုးရဖွဲ့နိုင်ခဲ့တာပါ။ ၁၉၆၀ ခုနှစ်က စတွက်ရင် ၄၅ နှစ်လောက် ရောက်တဲ့ အချိန်ကျမှ လွတ်လပ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်၊ အာဏာကို ဆုပ်ကိုင်ထားသူတွေကလည်း ရလာဒ်ကို လက်ခံတဲ့ ရွေးကောက်ပွဲ တစ်ကြိမ်ပဲ ကျင်းပနိုင်တာမို့ နောက်လာမယ့် အထွေထွေ ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ နိုင်ငံရေး အတွက် အတော့်ကို အရေးကြီးတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။


အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ဒီမိုကရေစီ စနစ် ပီပီပြင်ပြင် ဖြစ်လာဖို့၊ ဒီမိုကရေစီ ခိုင်မာဖို့ ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပ၊ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွဲှပေးတဲ့ အလေ့အထ အစဉ်အဆက်မပြတ် ရှင်သန်နေစေဖို့ဟာလည်း အထူးအရေးကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ လက်ရှိ လွှတ်တော်နဲ့ အစိုးရ သက်တမ်း ကုန်ဆုံးမယ့် အချိန် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး အလွန်အရေးကြီးတယ် ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။


ဒါပေမယ့်လည်း လတ်တလော ထင်မှတ်မထားပဲ ကြုံလိုက်ရတာက ကမ္ဘာနဲ့အဝှမ်း ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ဘေး ပြသနာပါ။ အန္တရာယ်ကြီးလှတဲ့ ဒီ ဗိုင်းရပ်စ် ကပ်ဘေးကြီး တည်ရှိနေချိန် လူတွေ စုကြ၊ ဝေးကြ၊ ဟောကြ၊ ပြောကြမယ့်၊ လူစုလူဝေးနဲ့ မဲရုံတွေဆီသွား မဲပေးကြရမယ့် ရွေးကောက်ပွဲလိုမျိုး ကျင်းပသင့်ရဲ့လား ဆိုတာ အဓိက မေးခွန်းဖြစ်လာနေပါတယ်။ ဒါဆိုရင် ကပ်ဘေးကြီး ပြီးဆုံးမှ ရွေးကောက်ပွဲ ကျင်းပကြမလား ဆိုတာကိုလည်း တွက်ဆကြည့်ဖို့ လိုပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဆိုတာ မြန်မာတစ်နိုင်ငံထဲမှာပဲ ပြီးဆုံးသွားပြီဆိုပြီး လုပ်လို့ရတဲ့ အနေအထား မရှိပါဘူး။ ကမ္ဘာကြီးမှာ ကပ်ဘေး ပြီးဆုံးမှ မြန်မာနိုင်ငံမှာလည်း ပြီးဆုံးမှာပါ။ ကမ္ဘာမှာလည်း ဘယ်အချိန် ရောဂါကုသဆေး တွေ့မလဲ၊ ဘယ်အချိန် ကာကွယ်ဆေး ဖော်ထုတ်နိုင်မလဲ ဘယ်သူမှ မမှန်းဆနိုင်သေးတဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံကလည်း COVID-19 ကပ်ဘေး အောက်မှာပဲ နေထိုင်၊ လုပ်ကိုင်၊ ရုန်းကန်နေကြရပါဦးမယ်။


ဒီအခြေအနေမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုက ရွေးကောက်ပွဲတွေ မကျင်းပနိုင်ရင် လွှတ်တော်တွေ သက်တမ်းကုန်သွားမယ်၊ အစိုးရအဖွဲ့ သက်တမ်း ကုန်သွားမယ် ဆိုရင် တိုင်းပြည် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာမျိုးပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာတော့ လွှတ်တော်တွေ သက်တမ်းကုန်၊ အစိုးရအဖွဲ့လည်း သက်တမ်းကုန်သွားတဲ့တိုင် ရွေးကောက်ပွဲ မကျင်းပဖြစ်ရင် ဘယ်လို ဆက်လုပ်လို့ ရနိုင်တဲ့ ပြဌာန်းချက်မျိုး မတွေ့ကြရပါဘူး။ တစ်ချို့နိုင်ငံရေးသမားတွေကတော့ အရေးပေါ်ကာလ ပြဌာန်းချက်များပါ သမ္မတ ကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာလွဲှပေးတဲ့ ပုဒ်မတွေကို ကိုးကားပြီး တိုင်းပြည်ကို နောက်ပြန်လှည့်ဖို့ အခါပေးကြတာမျိုးလည်း ရှိနေပါတယ်။

ဒီနေရာမှာ ပြန်ကြည့်ဖို့ လိုတာက လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ ရွေးကောက်ပွဲတွေကို ဘယ်အချိန် နောက်ဆုံးထား ကျင်းပရင် ဖြစ်နိုင်မလဲ ဆိုတာပါ။ လက်ရှိ လွှတ်တော်သက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီမှာ သက်တမ်းကုန်ပါမယ်။ သမ္မတ နဲ့ အစိုးရအဖွဲ့ သက်တမ်းကလည်း ၅ နှစ်ဖြစ်ပြီး ၂၀၂၁ ဧပြီ ၃၀ မှာ သက်တမ်း ကုန်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ တစ်ခု ကျင်းပနိုင်ရေးမှာ ရွေးကောက်ပွဲ ကော်မရှင် သက်တမ်းရှိ တရားဝင် ဖြစ်နေဖို့တော့ လိုပါလိမ့်မယ်။ အရင် စစ်အာဏာရှင် အစိုးရဟာ ၂၀၁၀ မတ်လ ၁၁ ရက်နေ့မှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးသိန်းစိုးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ခန့်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပစေခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးတဲ့နောက် အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံ အရ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးတင်အေးကို ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီ ကော်မရှင်ဟာ ၅ နှစ်ပြည့်ပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရ နဲ့အတူ သက်တမ်းကုန်ဆုံး ခဲ့ပါတယ်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာတော့ အာဏာရ အင်န်အယ်လ်ဒီ ပါတီရဲ့ သမ္မတ ဦးထင်ကျော်ကနေ ဦးလှသိန်းကို ကော်မရှင်ဥက္ကဌ တာဝန်ပေးအပ်ခဲ့တာမို့ ကော်မရှင်ရဲ့ သက်တမ်းဟာ အင်န်အယ်လ်ဒီ အစိုးရ ၅ နှစ် သက်တမ်းနဲ့ အတူ လာမယ့် ၂၀၂၁ မတ်လ ၃၀ ရက်နေ့မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။


ရွေးကောက်ပွဲ ကျင်းပသင့်မသင့် နောက်ထပ် ထည့်သွင်းစဉ်းစားဖို့ လိုတာက နိုင်ငံရေးပါတီတွေရဲ့ ဆန္ဒပါ။ လက်ရှိ အစိုးရသက်တမ်းမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု တစ်ဝှမ်းလုံး ရွေးကောက်ပွဲဝင်မယ့် ပါတီကြီးတွေရော၊ လူမျိုးစုတူ ပါတီ အချင်းချင်း ပေါင်းစည်းထားတဲ့ တိုင်းရင်းသားပါတီကြီးတွေကပါ ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေကြတာပါပဲ။ ဒီအခြေအနေတွေ အားလုံးအောက်မှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ သူ့နဂို ရည်မှန်းချက်ဖြစ်တဲ့ လာမယ့် နိုဝင်ဘာလ အတွင်းဖြစ်စေ၊ ဒါမှမဟုတ် သူတို့ သက်တမ်း မကုန်ဆုံးသေးတဲ့ ၂၀၂၁ မတ်လကုန် မတိုင်ခင် ဖြစ်စေ အချိန်နောက်ဆုတ်ပြီးမှ ကျင်းပဖို့ ရွေးချယ်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်ကာလ အထိ COVID-19 ကပ်ရောဂါဘေး ကင်းဝေးခြင်း မရှိသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲလို အခြေအနေ ကြုံခဲ့ရင်လည်း WHO နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံလို ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံ တစ်နိုင်ငံအတွက် အရင် အာဏာရှင် ခေတ်ဟောင်းကို ပြန် ရောက်မသွားစေဖို့ရာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပဖို့ လိုအပ်ချက်တခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဦးစည်သူအောင်မြင့်

XS
SM
MD
LG