သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚအေျခေအန ေၾကညာတာနဲ႔ဆိုင္တဲ့ ပုဒ္မတခ်ဳိ႕ျပင္ဆင္ေရး မေအာင္ျမင္


ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၁)ရက္ေျမာက္ေန႔ က်င္းပ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

ႏုိင္္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာတာ၊ အေရးေပၚကာလမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာအပ္ႏွင္းတာ စတာေတြနဲ႔ သက္ဆိုင္တဲ့ ၂၀၀၈ အေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို ျပင္ဆင္ဖို႔ အဆိုျပဳခ်က္ေတြကို ဒီကေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးအတြင္း မဲခြဲဆံုးျဖတ္တာမွာ ေအာင္ျမင္မႈ မရခဲ့ပါဘူး။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္က ဆက္ေျပာျပပါမယ္။

ဒီကေန႔ မဲခဲြဆံုးျဖတ္တဲ့ ဒုတိယအၾကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းပါ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က)မွာ အက်ံဳး၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြ ၁၄ ခုဟာ ၂၀၀၈ ဖဲြ႔စည္းပုံအေျခခံဥပေဒ အခန္း ၁၁၊ အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္မွာပါ၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြေတြ ျဖစ္ပါတယ္။

🔹၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးအေပၚ သုံးသပ္သူေတြရဲ႕အျမင္ကိုလည္း ဖတ္ရႈႏို္င္ပါၿပီ။

ပယ္ဖ်က္၊ ျပင္ဆင္ေရး၊ ျဖည့္စြက္ႏိုင္ေရးအတြက္ ျပည္ေထာင္စု လႊတ္ေတာ္မွာ ဒီကေန႔ မဲခဲြဆံုးျဖတ္ရာမွာ သတ္မွတ္ထားတဲ့ ေထာက္ခံ မဲ ၇၅ ရာခုိင္ႏႈန္း မေက်ာ္လြန္တာေၾကာင့္ မူလအတိုင္းထားရိွဖို႔ ဆံုးျဖတ္ေၾကာင္း လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့ပါတယ္။

“ပုဒ္မ ၄၁၂ ပုဒ္မခဲြ (က) ပယ္ဖ်က္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၄မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။ ပုဒ္မ ၄၁၂ ပုဒ္မခဲြ (ခ) ပယ္ဖ်က္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၄ မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။ ပုဒ္မ ၄၁၃ ပယ္ဖ်က္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၄ မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။”

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၁)ရက္ေျမာက္ေန႔ က်င္းပ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၂၊ ၂၀၂၀)
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၁)ရက္ေျမာက္ေန႔ က်င္းပ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၂၊ ၂၀၂၀)

ပုဒ္မ ၄၁၂၊ ပုဒ္မခဲြ (က)နဲ႔ (ခ)က ျပည္သူေတြရဲ့ အသက္အိုးအိမ္စည္းစိမ္ထိပါးမယ့္ အေျခအေနၾကံဳရင္ သမၼတက အမ်ိဳးသား ကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ (ကာလံု)နဲ႔ ညိွႏိႈင္းၿပီး အေရးေပၚအေျခအေန ေၾကညာဖို႔ ျဖစ္ပါတယ္။

ပုဒ္မ ၄၁၃၊ ပုဒ္မခဲြ(က)နဲ႔ (ခ)က အေရးေပၚအေျခအေနေၾကညာတဲ့ ေဒသမွာ တပ္မေတာ္ရဲ့ အကူအညီရယူေဆာင္ရြက္ဖုိ႔နဲ႔ လိုအပ္ရင္ စစ္အုပ္ခ်ဳပ္ေရးအမိန္႔ ထုတ္ျပန္ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ဆိုင္ရာ လုပ္ပိုင္ခြင့္နဲ႔ တာ၀န္ေတြကို အပ္ႏွင္းဖုိ႔ ပါ၀င္တာျဖစ္ပါတယ္။

ဒီကေန႔ ဆံုးျဖတ္တဲ့ ပုဒ္မေတြက ၄၁၂၊ ၄၁၃၊ ၄၁၅။ ၄၁၇၊ ၄၁၈၊ ၄၁၉၊၄၂၀၊ ၄၂၁ တို႔ ပါ၀င္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကလည္း အခန္း ၁၁၊ အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္မွာ ပါ၀င္တဲ့ ပုဒ္မ ၄၁၀နဲ႔ ၄၁၁ကို ျပင္ဆင္၊ ျဖည့္စြက္ဖို႔ မဲခဲြခဲ့ေပမဲ့ ေျပာင္းလဲႏိုင္တာမရိွခဲ့ပါဘူး။

ဖဲြ႔စည္းပံုျပင္ဆင္ေရးအတြက္ ဒီေန႔ တတိယေျမာက္ေန႔အထိ ပုုဒ္မ၊ ပုဒ္မခဲြ ၄၄ခုကို မဲခဲြဆံုးျဖတ္ခဲ့ေပမဲ့ ပုဒ္မ ၃၂၊ ပုဒ္မခဲြ (က)နဲ႔ (ခ)ကိုသာ ျပင္ဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရိွ ဖဲြ႔စည္းပံုျပင္ဆင္ေရးအတြက္ ေဆာင္ရြက္ေနတဲ့ အေျခအေနအေပၚမွာ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက အခုလို ေျပာဆိုထားပါတယ္။

“အဓိကကေတာ့ အန္ကယ္လ္အျမင္ကေတာ့ ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ေနတာထက္ လက္ရိွ ႏိုင္ငံေတာ္ရဲ့အေျခအေန၊ ပကတိအေျခအေန ျပည္သူျပည္သားေတြ ႏိုင္ငံသူႏိုင္ငံသားေတြရဲ့ ဘ၀ကို ေသခ်ာသိၿပီးေတာ့ လုိအပ္တဲ့ က႑ေတြမွာပဲ ထိန္းေၾကာင္းၿပီးေတာ့ ျပဳျပင္ေဆာင္ရြက္သြားရမယ္။ အဲလို ထိန္းေၾကာင္းၿပီး ျပဳျပင္ေဆာင္ရြက္ေနတဲ့ေနရာမွာမွ ဒီအေျခခံဥပေဒၾကီးနဲ႔ သက္ေရာက္မႈ တစ္ခုရိွေနတယ္ ဆုိရင္ အဲဒီဟာကို အားလံုးညိွႏိႈင္းၿပီးေတာ့ ျပင္ဆင္သြားမယ္။ အဲဒါဆုိရင္ေတာ့ ျပင္ဆင္ေရးလုပ္ငန္းလည္း အဆင္ေျပမယ္။ ေနာက္တစ္ခါ တုိင္းျပည္ရဲ့ ဖံြ႔ျဖိဳးတုိးတက္မႈ၊ ျပည္သူေတြရဲ့ ခံစားေနရတဲ့ ဒုကၡ ဒါေတြလည္း ကင္းေ၀းသြားႏိုင္မယ္လုိ႔ အန္ကယ္လ္က ဒီလုိပဲ ျမင္ပါတယ္။”

အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးက လက္ရိွအခ်ိန္မွာ မေအာင္ျမင္ေသးေပမဲ့ ဖဲြ႔စည္းပံုျပင္ဆင္ေရးအတြက္ကို ဆက္လက္ၾကိဳးစားသြားမယ္လို႔ ေျပာဆိုပါတယ္။

ႏိုင္ငံေရး ေလ့လာသံုးသပ္သူေတြကေတာ့ အာဏာရ အမ်ိဳးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ေခါင္းေဆာင္ေတြနဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြအၾကား အရင္ဆံုးညိွႏိႈင္းသင့္ေၾကာင္း ေထာက္ျပတာေတြလည္း ရိွခဲ့ပါတယ္။

မနက္ျဖန္မွာေတာ့ ဒုတိယအၾကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းပါ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က)မွာ အက်ံဳး၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြ ၁၂ခုကို မဲေပးၿပီး ဆက္လက္ ဆံုးျဖတ္မွာ ျဖစ္ပါတယ္။ ဒီ ပုဒ္မ၊ ပုဒ္မခဲြေတြကလည္း အေရးေပၚကာလဆုိင္ရာျပဌာန္းခ်က္အခန္းက ပုဒ္မအမ်ားစု ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရေးပေါ်အခြေအေန ကြေညာတာနဲ့ဆိုင်တဲ့ ပုဒ်မတချို့ပြင်ဆင်ရေး မအောင်မြင်

နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတာ၊ အရေးပေါ်ကာလမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းတာ စတာတွေနဲ့ သက်ဆိုင်တဲ့ ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်ဖို့ အဆိုပြုချက်တွေကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်တာမှာ အောင်မြင်မှုမရခဲ့ပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ဆက်ပြောပြပါမယ်။

ဒီကနေ့ မဲခွဲဆုံးဖြတ်တဲ့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်မှာပါဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ ဖြစ်ပါတယ်။

🔹၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သုံးသပ်သူတွေရဲ့အမြင်ကိုလည်း ဖတ်ရှုနိုင်ပါပြီ။

ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဖြည့်စွက်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ ထောက်ခံ မဲ ၇၅ ရာခိုင်နှုန်း မကျော်လွန်တာကြောင့် မူလအတိုင်းထားရှိဖို့ ဆုံးဖြတ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

“ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၄မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (ခ) ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။ ပုဒ်မ ၄၁၃ ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။”

ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)နဲ့ (ခ)က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ထိပါးမယ့် အခြေအနေကြုံရင် သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေ ကြေညာဖို့ ဖြစ်ပါတယ်။

ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)နဲ့ (ခ)က အရေးပေါ်အခြေအနေကြေညာတဲ့ ဒေသမှာ တပ်မတော်ရဲ့ အကူအညီရယူဆောင်ရွက်ဖို့နဲ့ လိုအပ်ရင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို အပ်နှင်းဖို့ ပါဝင်တာဖြစ်ပါတယ်။

ဒီကနေ့ ဆုံးဖြတ်တဲ့ ပုဒ်မတွေက ၄၁၂၊ ၄၁၃၊ ၄၁၅။ ၄၁၇၊ ၄၁၈၊ ၄၁၉၊၄၂၀၊ ၄၂၁ တို့ ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်မှာ ပါဝင်တဲ့ ပုဒ်မ ၄၁၀နဲ့ ၄၁၁ကို ပြင်ဆင်၊ ဖြည့်စွက်ဖို့ မဲခွဲခဲ့ပေမဲ့ ပြောင်းလဲနိုင်တာမရှိခဲ့ပါဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီနေ့ တတိယမြောက်နေ့အထိ ပုဒ်မ၊ ပုဒ်မခွဲ ၄၄ခုကို မဲခွဲဆုံးဖြတ်ခဲ့ပေမဲ့ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က)နဲ့ (ခ)ကိုသာ ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေအပေါ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အခုလို ပြောဆိုထားပါတယ်။

“အဓိကကတော့ အန်ကယ်လ်အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေတာထက် လက်ရှိ နိုင်ငံတော်ရဲ့အခြေအနေ၊ ပကတိအခြေအနေ ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝကို သေချာသိပြီးတော့ လိုအပ်တဲ့ ကဏ္ဍတွေမှာပဲ ထိန်းကြောင်းပြီးတော့ ပြုပြင်ဆောင်ရွက်သွားရမယ်။ အဲလို ထိန်းကြောင်းပြီး ပြုပြင်ဆောင်ရွက်နေတဲ့နေရာမှာမှ ဒီအခြေခံဥပဒေကြီးနဲ့ သက်ရောက်မှု တစ်ခုရှိနေတယ် ဆိုရင် အဲဒီဟာကို အားလုံးညှိနှိုင်းပြီးတော့ ပြင်ဆင်သွားမယ်။ အဲဒါဆိုရင်တော့ ပြင်ဆင်ရေးလုပ်ငန်းလည်း အဆင်ပြေမယ်။ နောက်တစ်ခါ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ ဒါတွေလည်း ကင်းဝေးသွားနိုင်မယ်လို့ အန်ကယ်လ်က ဒီလိုပဲ မြင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက လက်ရှိအချိန်မှာ မအောင်မြင်သေးပေမဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ကို ဆက်လက်ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေအကြား အရင်ဆုံးညှိနှိုင်းသင့်ကြောင်း ထောက်ပြတာတွေလည်း ရှိခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၂ခုကို မဲပေးပြီး ဆက်လက် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီ ပုဒ်မ၊ ပုဒ်မခွဲတွေကလည်း အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အခန်းက ပုဒ်မအများစု ဖြစ်ပါတယ်။

XS
SM
MD
LG