သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးအေပၚ သုံးသပ္သူေတြရဲ႕အျမင္


ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္

(Zawgyi/Unicode)

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းအတြက္ ျပည္ေထာင္စု လႊတ္ေတာ္မွာ ေဆြးေႏြးတာ ဒီကေန႔ဆို ၅ရက္ ရွိလာၿပီျဖစ္ၿပီး အခုခ်ိန္ အထိေတာ့ အက်ိတ္အနယ္ ေဆြးေႏြး ေနၾကဆဲပါ။

အခုလို အာဏာရ NLD ပါတီရဲ႕ လႊတ္ေတာ္တြင္း ဖြဲ႕စည္းပုံျပင္ေရး ႀကိဳးပမ္း ခ်က္က တကယ္ဘဲ ေအာင္ျမင္နိုင္ပါ့မလား။ နိုင္ငံေရးေလ့လာသုံးသပ္သူေတြ ဘက္က ေရာ ဘယ္လိုရႈ ျမင္ပါသလဲ။ ဗြီအိုေအ သတင္း ေထာက္ ေမခက ေမးျမန္းတင္ျပထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး မူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီ ရက္ပိုင္း အတြင္း အၿပီးသတ္ ေဆြးေႏြးသြား ၾကမွာျဖစ္ပါတယ္။ ဒီမိုကေရစီ အေျခခံစံႏႈန္းေတြနဲ႔ ကိုက္ညီျပဌာန္းခဲ့တာ မရွိဘူးဆိုၿပီး ေဝဖန္မႈ ေတြရွိတဲ့တည္ဆဲ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ကို NLD အစိုးရလက္ထက္မွာ ပုဒ္မ ဘယ္ႏွစ္ခု ျပင္ဆင္ႏိုင္ ပါမလဲ၊ အဓိကက်တဲ့ ျပင္ဆင္လိုတဲ့ ဥပေဒေတြကိုေကာ ျပင္ဆင္ နိုင္ပါ့မလား။ နိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ရဲ႕ အျမင္ကို ၾကည့္ရေအာင္ပါ။

“လက္ရွိ လႊတ္ေတာ္တြင္းမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး နဲ႔ ပတ္သက္လို႔ ေဆြးေႏြးေနတာကို ၾကည့္ရင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ႏို္င္ငံေရးကေန တဆင့္ခ်င္းစီ ဆုတ္ခြာဖို႔ အပါအဝင္ ဒီမိုကေရစီစံခ်ိန္ စံညႊန္းေတြနဲ႔ ကိုက္တဲ့ ျပင္ဆင္မႈေတြ ေအာင္ျမင္ဖို႔ အလားအလာနည္းတယ္လို႔ျမင္ပါတယ္။ ဖက္ဒရယ္ မူ၀ါဒေတြကို ေဖာ္ေဆာင္ဖို႔ ဦးတည္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္မႈမ်ိဳးကိုလည္း အတည္ျပဳဖို႔ ခက္ခဲေနတာ ေတြ႕ရပါတယ္”

တည္ဆဲ ဖြဲ႕စည္းပုံအရ ျပင္ဆင္လိုတဲ့ ဥပေဒေတြကို ျပင္ဖို႔ဆိုရင္ လႊတ္ေတာ္ ကိုယ္စားလွယ္ အားလုံးရဲ့ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈ အျပင္ ျပည္လုံးကၽြတ္ ဆႏၵခံယူပြဲပါ လုပ္မွ ျပင္နိုင္မယ့္ ပုဒ္မ ၄၃၆ (က) နဲ႔ အက်ဳံးဝင္တဲ့ အပိုင္းနဲ႔ ကိုယ္ စားလွယ္ အားလုံးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံတာနဲ႔ ျပင္နိုင္တဲ့ ပုဒ္မ ၄၃၆(ခ) နဲ႔ ဆိုင္တဲ့အပိုင္း ဆို ၿပီး ႏွစ္ပိုင္းခြဲျပင္ရမယ္ လို႔ ေဖာ္ျပထားတဲ့ အတြက္ အခု ဥပေဒၾကမ္း ၂ခုခြဲ ၿပီး ျပင္ဖို႔လုပ္ ေနတာပါ။

ခု ျပည္ေထာင္စု လႊတ္ေတာ္မွာ ကိုယ္စားလွယ္ စုစုေပါင္းက ၇၀၀ နီးပါး ရွိပါတယ္။ ဒါေၾကာင့္ တည္ဆဲ ဖြဲ႕စည္းပုံအရ ပုဒ္မတခု ျပင္နိုင္ဖို႔ အနည္းဆုံး ကိုယ္စားလွယ္ အေယာက္ ၅၀၀ ရဲ႕ ေထာက္ခံမႈရမွ ျပင္နိုင္မွာပါ။ ခုလႊတ္ေတာ္မွာ NLD ကိုယ္စားလွယ္က အေယာက္ ၄၀၀ နီးပါး ရွိေနၿပီး တပ္ဘက္က အေယာက္ ၂၀၀ နီးပါး၊ျပည္ခိုင္ၿဖိဳး၊ တိုင္းရင္းသားနဲ႔ တျခား ပါတီဝင္ေတြ အား လုံး ေပါင္းက အေယာက္ ၁၀၀ ေက်ာ္ရွိတာမို႔ တည္ဆဲ ဥပေဒအရ ျပင္ဆင္ေရးမွာ NLD နဲ႔ တပ္မေတာ္ ႏွစ္ဖက္စလုံး ျပင္ဖို႔ သေဘာတူတဲ့ ပုဒ္မေတြ ကိုသာ ျပင္ဆင္နိုင္မွာ လည္း ျဖစ္ပါတယ္။ တပ္ဘက္က သေဘာမတူရင္ ဘယ္အခ်က္ ကိုမွ မျပင္နိုင္ သလို အာဏာရ NLD ပါတီ ဘက္က သေဘာမတူရင္ လည္း ဘာမွ ျပင္နိုင္မွာ မဟုတ္ပါဘူး။

ေနျပည္ေတာ္ လႊတ္ေတာ္တြင္း ေဆြံးေႏြးပြဲကို သြားေရာက္ေလ့လာခဲ့တဲ့နိုင္ငံေရးေလ့လာသုံးသပ္သူ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ ကေတာ့

“ အဲဒီေတာ့ လႊတ္ေတာ္ထဲမွာ ျဖစ္ေနတဲ့ အေနအထားကို ၾကည့္လိုက္ေတာ့ NLD ဘက္က လည္း ႀကိဳက္တယ္၊ ေထာက္ခံတယ္၊ တပ္ဘက္ကလည္း ႀကိဳက္တယ္၊ ေထာက္ခံတယ္ ဆိုတဲ့ အခ်က္ကေတာ့ မေတြ႔ရသေလာက္ပဲ။ ၂ ဘက္စလံုးက ေထာက္ခံတာက ဘာမွ မယ္မယ္ရရမရွိဘူး။ အဲဒါကို အေျဖ ျပန္ရွာလိုက္ရင္ေတာ့ ျပင္ဆင္ႏိုင္ေရးအတြက္ အေရးႀကီးတဲ့ ျပဳျပင္ႏိုင္ဖို႔ဆိုတာကိုေတာ့ ေတြ႔ရမယ္လို႔ မထင္ပါဘူး။”

ခုေဆြးေႏြးတဲ့ ၅ရက္ တာ ကာလ အတြင္း တပ္နဲ႔ NLD တဘက္နဲ႔ တဘက္ အေျခအတင္ စကားလုံး အက် အန ေကာက္ရင္းနဲ႔ အခ်ိန္ကုန္ ေနတာ ေတြ႔ရၿပီး NLD ဟာ ဖြဲ႔စည္းပံုကို ထိထိ ေရာက္ ေရာက္ ျပင္ဆင္ႏိုင္ဖို႔ တပ္ဘက္နဲ႔ လိုအပ္တဲ့ ေဆြးေႏြးတိုင္ပင္တာမ်ိဳး၊ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြး တိုင္ပင္တာ မ်ိဳး မရွိဘူးဆိုၿပီး ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

တိုင္းရင္းသားေတြဘက္က ဒီမိုကေရစီ ဖယ္ဒရယ္ ျပည္ေထာင္စု ေပၚလာဖို႔ ဖြဲ႕စည္းပုံျပင္လိုၾက တာပါ။ ဒါေပမယ့္ ဒါကိုပုံေဖာ္မယ့္ ျပင္ဆင္ခ်က္တစုံတရာကို NLD ဘက္ကတင္လာတာ မရွိတာမို႔ တိုင္း ရင္း သားေတြဘက္က ေဝဖန္မႈတာေတြရွိပါတယ္။ သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းကေတာ့

“ တပါတီ ႀကီးစိုးေရး၊ ဗဟိုက ေနခ်ဳပ္ကိုင္ေရး ၊ ဗဟိုက ေနခ်ဳပ္ကိုင္ထားတဲ့ အာဏာ ဆိုတာကို မစြန႔္ပစ္ခ်င္လို႔ ဆိုတာ တိုင္းရင္းသား ေတြဘက္က ပိုၿပီးေတာ့ ခံစားရတယ္ ။ ပါး စပ္ကသာ ဖက္ဒရယ္ ကို ေျပာေပမယ့္လက္ ေတြ႕မွာ ဖက္ဒရယ္မွာ မလိုလားဘူးလို႔ ဗဟိုခ်ဳပ္ကိုင္မႈကိုပဲ ပိုၿပီးေတာ့ တြယ္တာတယ္ဆိုတာ ေပၚသြားတဲ့အတြက္ NLD အေနနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေဆြးေႏြးပြဲေတြက ထင္သေလာက္ နိုင္ငံေရးအရ အက်ိဳးအျမတ္မရဘူးလုိ႔ က်ေနာ္ကေတာ့ အဲလို သံုးသပ္တယ္။ ၾကားထဲက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ တိုင္းရင္းသား ပါတီေတြကေတာ ့ ေသခ်ာေပါက္ ဒီ NLD အစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးလည္း ရမွာမဟုတ္ဘူး၊ ဖက္ဒရယ္ စနစ္လည္း ျပဳျပင္ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူးလို႔ အဲလိုပဲ မွတ္ယူေနၾကတယ္။”

ဒီကေန႔ ေဆြးေႏြးပြဲ ၅ရက္ေျမာက္ ေန႕မွာ ကိုယ္စားလွယ္ အေယာက္ ၂၀ေက်ာ္ ပါဝင္ ေဆြးေႏြးခဲ့ ၾကတာ ျဖစ္ၿပီး နာမည္ႀကီး ပုဒ္မေတြျဖစ္တဲ့ ပုဒ္မ ၅၉ (စ)၊ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ)၊ ပုဒ္မ ၂၆၁၊ ပုဒ္မ ၂၃၂ စတာေတြ အျပင္ ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ပတ္သတ္တဲ့ ဥပေဒျပင္ဆင္ေရးကိုပါ တင္ျပေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သုံးသပ်သူတွေရဲ့အမြင်

(Unicode)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတာ ဒီကနေ့ဆို ၅ရက် ရှိလာပြီဖြစ်ပြီး အခုချိန် အထိတော့ အကျိတ်အနယ် ဆွေးနွေး နေကြဆဲပါ။

အခုလို အာဏာရ NLD ပါတီရဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်း ချက်က တကယ်ဘဲ အောင်မြင်နိုင်ပါ့မလား။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ဘက်က ရော ဘယ်လိုရှု မြင်ပါသလဲ။ ဗွီအိုအေ သတင်း ထောက် မေခက မေးမြန်းတင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီ ရက်ပိုင်း အတွင်း အပြီးသတ် ဆွေးနွေးသွား ကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံစံနှုန်းတွေနဲ့ ကိုက်ညီပြဌာန်းခဲ့တာ မရှိဘူးဆိုပြီး ဝေဖန်မှု တွေရှိတဲ့တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို NLD အစိုးရလက်ထက်မှာ ပုဒ်မ ဘယ်နှစ်ခု ပြင်ဆင်နိုင် ပါမလဲ၊ အဓိကကျတဲ့ ပြင်ဆင်လိုတဲ့ ဥပဒေတွေကိုကော ပြင်ဆင် နိုင်ပါ့မလား။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

“လက်ရှိ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ဆွေးနွေးနေတာကို ကြည့်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးကနေ တဆင့်ချင်းစီ ဆုတ်ခွာဖို့ အပါအဝင် ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့ ကိုက်တဲ့ ပြင်ဆင်မှုတွေ အောင်မြင်ဖို့ အလားအလာနည်းတယ်လို့မြင်ပါတယ်။ ဖက်ဒရယ် မူဝါဒတွေကို ဖော်ဆောင်ဖို့ ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမျိုးကိုလည်း အတည်ပြုဖို့ ခက်ခဲနေတာ တွေ့ရပါတယ်”

တည်ဆဲ ဖွဲ့စည်းပုံအရ ပြင်ဆင်လိုတဲ့ ဥပဒေတွေကို ပြင်ဖို့ဆိုရင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ လုပ်မှ ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ (က) နဲ့ အကျုံးဝင်တဲ့ အပိုင်းနဲ့ ကိုယ် စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံတာနဲ့ ပြင်နိုင်တဲ့ ပုဒ်မ ၄၃၆(ခ) နဲ့ ဆိုင်တဲ့အပိုင်း ဆို ပြီး နှစ်ပိုင်းခွဲပြင်ရမယ် လို့ ဖော်ပြထားတဲ့ အတွက် အခု ဥပဒေကြမ်း ၂ခုခွဲ ပြီး ပြင်ဖို့လုပ် နေတာပါ။

ခု ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်းက ၇၀၀ နီးပါး ရှိပါတယ်။ ဒါကြောင့် တည်ဆဲ ဖွဲ့စည်းပုံအရ ပုဒ်မတခု ပြင်နိုင်ဖို့ အနည်းဆုံး ကိုယ်စားလှယ် အယောက် ၅၀၀ ရဲ့ ထောက်ခံမှုရမှ ပြင်နိုင်မှာပါ။ ခုလွှတ်တော်မှာ NLD ကိုယ်စားလှယ်က အယောက် ၄၀၀ နီးပါး ရှိနေပြီး တပ်ဘက်က အယောက် ၂၀၀ နီးပါး၊ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားနဲ့ တခြား ပါတီဝင်တွေ အား လုံး ပေါင်းက အယောက် ၁၀၀ ကျော်ရှိတာမို့ တည်ဆဲ ဥပဒေအရ ပြင်ဆင်ရေးမှာ NLD နဲ့ တပ်မတော် နှစ်ဖက်စလုံး ပြင်ဖို့ သဘောတူတဲ့ ပုဒ်မတွေ ကိုသာ ပြင်ဆင်နိုင်မှာ လည်း ဖြစ်ပါတယ်။ တပ်ဘက်က သဘောမတူရင် ဘယ်အချက် ကိုမှ မပြင်နိုင် သလို အာဏာရ NLD ပါတီ ဘက်က သဘောမတူရင် လည်း ဘာမှ ပြင်နိုင်မှာ မဟုတ်ပါဘူး။

နေပြည်တော် လွှတ်တော်တွင်း ဆွေံးနွေးပွဲကို သွားရောက်လေ့လာခဲ့တဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့

“ အဲဒီတော့ လွှတ်တော်ထဲမှာ ဖြစ်နေတဲ့ အနေအထားကို ကြည့်လိုက်တော့ NLD ဘက်က လည်း ကြိုက်တယ်၊ ထောက်ခံတယ်၊ တပ်ဘက်ကလည်း ကြိုက်တယ်၊ ထောက်ခံတယ် ဆိုတဲ့ အချက်ကတော့ မတွေ့ရသလောက်ပဲ။ ၂ ဘက်စလုံးက ထောက်ခံတာက ဘာမှ မယ်မယ်ရရမရှိဘူး။ အဲဒါကို အဖြေ ပြန်ရှာလိုက်ရင်တော့ ပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ ပြုပြင်နိုင်ဖို့ဆိုတာကိုတော့ တွေ့ရမယ်လို့ မထင်ပါဘူး။”

ခုဆွေးနွေးတဲ့ ၅ရက် တာ ကာလ အတွင်း တပ်နဲ့ NLD တဘက်နဲ့ တဘက် အခြေအတင် စကားလုံး အကျ အန ကောက်ရင်းနဲ့ အချိန်ကုန် နေတာ တွေ့ရပြီး NLD ဟာ ဖွဲ့စည်းပုံကို ထိထိ ရောက် ရောက် ပြင်ဆင်နိုင်ဖို့ တပ်ဘက်နဲ့ လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်တာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေး တိုင်ပင်တာ မျိုး မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်လာဖို့ ဖွဲ့စည်းပုံပြင်လိုကြ တာပါ။ ဒါပေမယ့် ဒါကိုပုံဖော်မယ့် ပြင်ဆင်ချက်တစုံတရာကို NLD ဘက်ကတင်လာတာ မရှိတာမို့ တိုင်း ရင်း သားတွေဘက်က ဝေဖန်မှုတာတွေရှိပါတယ်။ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့

“ တပါတီ ကြီးစိုးရေး၊ ဗဟိုက နေချုပ်ကိုင်ရေး ၊ ဗဟိုက နေချုပ်ကိုင်ထားတဲ့ အာဏာ ဆိုတာကို မစွန့်ပစ်ချင်လို့ ဆိုတာ တိုင်းရင်းသား တွေဘက်က ပိုပြီးတော့ ခံစားရတယ် ။ ပါး စပ်ကသာ ဖက်ဒရယ် ကို ပြောပေမယ့်လက် တွေ့မှာ ဖက်ဒရယ်မှာ မလိုလားဘူးလို့ ဗဟိုချုပ်ကိုင်မှုကိုပဲ ပိုပြီးတော့ တွယ်တာတယ်ဆိုတာ ပေါ်သွားတဲ့အတွက် NLD အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွေက ထင်သလောက် နိုင်ငံရေးအရ အကျိုးအမြတ်မရဘူးလို့ ကျနော်ကတော့ အဲလို သုံးသပ်တယ်။ ကြားထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား ပါတီတွေကတော့ သေချာပေါက် ဒီ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး၊ ဖက်ဒရယ် စနစ်လည်း ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ အဲလိုပဲ မှတ်ယူနေကြတယ်။”

ဒီကနေ့ ဆွေးနွေးပွဲ ၅ရက်မြောက် နေ့မှာ ကိုယ်စားလှယ် အယောက် ၂၀ကျော် ပါဝင် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပြီး နာမည်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၄၃၆ (က) နဲ့ (ခ)၊ ပုဒ်မ ၂၆၁၊ ပုဒ်မ ၂၃၂ စတာတွေ အပြင် ရွေးကောက်ပွဲ ကော်မရှင် နဲ့ပတ်သတ်တဲ့ ဥပဒေပြင်ဆင်ရေးကိုပါ တင်ပြဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG