သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြြတ္ၿငိမ္းခ်မ္းသာခြင့္ဆိုင္ရာ အေျခခံဥပေဒျပင္ဆင္ခ်က္အဆို အေရးနိမ့္


ျပည္ေထာင္စုလႊတ္ေတာ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

အေျခခံဥပေဒျပင္ဆင္ေရး ဒုတိယအႀကိမ္ ဥပေဒမူၾကမ္းပါ ေနာက္ထပ္အဆိုျပဳခ်က္ေတြကို ဒီကေန႔ မဲခြဲဆံုးျဖတ္တာမွာလည္း ေအာင္ျမင္မႈ မရဘဲ အဆိုေတြ အေရးနိမ့္ပါတယ္။ ဘယ္ျပင္ဆင္ခ်က္ေတြကို မဲခြဲခဲ့ၾကတာပါလဲ။ ဗီြအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

နိုင္ငံေတာ္သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးနိုင္ဖို႔ ျပင္ဆင္ခ်က္ပါတဲ့ ဥပေဒၾကမ္းကို ဒီကေန႔မဲခြဲခဲ့ၿပီး လိုေလာက္တဲ့မဲအေရအတြက္မရလို႔ ျပင္ဆင္ခ်က္ ရႈံးနိမ့္သြားပါတယ္။

နိုင္ငံေတာ္သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးနိုင္ဖို႔ ျပင္ဆင္ခ်က္ပါဝင္တဲ့ ျပင္ဆင္ခ်က္ ၁၅ခုေက်ာ္ကို မဲခြဲတာမွာ ဖြဲ႕စည္းပုံသတ္မွတ္ခ်က္အရ ဘယ္တခုမွ ၇၅ ရာခိုင္ႏႈန္းမေက်ာ္ခဲ့ပါဘူး။ ျပင္ဆင္ခ်က္ ၁၅ ခုေက်ာ္စလုံး ရႈံးနိမ့္ခဲ့တာပါ။

ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၆၊ ၂၀၂၀)
ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၆၊ ၂၀၂၀)

"ပုဒ္မ ၂၀၄၊ ပုဒ္မခြဲ (ခ) ျပင္ဆင္မႈအတြက္ ေထာက္ခံဆႏၵမဲ ၄၀၃ မဲ ျဖစ္ပါတယ္။ ေထာက္ခံဆႏၵမဲ ၇၅ ရာခိုင္ႏႈန္းမေက်ာ္တဲ့အတြက္ မူလအတိုင္း ျဖစ္ေၾကာင္းေၾကျငာပါတယ္။"

ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ျပင္ဆင္ခ်က္ တခုခ်င္းဆီနဲ႔ ပတ္သတ္လို႔ အခုလို ေၾကျငာသြားတာပါ။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ဆိုရင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းဆုံးတစ္ေယာက္ရဲ့ ေထာက္ခံခ်က္မပါရင္ ျပင္ဆင္လို႔ မရတဲ့ ပုဒ္မေတြျဖစ္တဲ့ ပုဒ္မ ၄၃၆(က)နဲ႔ (ခ)ပုဒ္မ၊ ပုဒ္မခြဲေတြ နဲ႔ပတ္သတ္လို႔ မဲခြဲဆုံးျဖတ္တာျဖစ္ပါတယ္။

ဒီကေန႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းသေဘာတူရင္ ျပင္ဆင္လို႔ရမယ့္ ပုဒ္မ ၄၃၆(ခ) နဲ႔ အက်ဳံးဝင္တဲ့ ပုဒ္မေတြကို မဲခြဲရာမွာလည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ့ ၇၅ ရာခိုင္ႏႈန္းေက်ာ္က သေဘာမတူတာေၾကာင့္ မူလအတိုင္းပဲထားရွိဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။

လက္ရွိတည္ဆဲ ဥပေဒမွာ သမၼတက လြတ္ၿငိမ္းခြင့္ေပးပိုင္ခြင့္ရွိေပမယ့္ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံျခဳံေရး ေကာင္စီ(ကာလုံ)ရဲ့ ေထာက္ခံခ်က္ရမွ ေပးခြင့္ရွတယ္လို႔ျပဌာန္းထားလို႔ NLD ဘက္က သမၼတက “လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးပိုင့္ခြင့္ရွိတယ္။” လို႔ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။ ဒီအေပၚရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဖြဲ႕စည္းပုံ ျပင္ဆင္ခ်က္ေတြ မဲခြဲတာ ၅ ရက္ေျမာက္ရွိေနေပမဲ့ အဓိက က်တဲ့ ပုဒ္မေတြ ဘာတခုမွ မျပင္နိုင္ခဲ့ပါဘူး။ စကားလုံး ျပင္ဆင္တဲ့ ျပင္ဆင္ခ်က္ ၂ခုပဲ ျပင္ႏိုင္ဖို႔ သေဘာတူထားပါတယ္။

ျပင္ဆင္ေရးလုပ္ေဆာင္မႈ ထင္သေလာက္ေဆာင္ရြက္နိုင္တာ မရွိတဲ့အေပၚ ျပင္ဆင္ေရးလုပ္ေဆာင္မႈက အၿပီးသတ္ၿပီလားဆိုတဲ့ ေမးခြန္းေတြထြက္ေပၚေနတဲ့ အေပၚ NLD ပါတီကလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္နိုင္ဦးက အခုလိုေျဖၾကားခဲ့ပါတယ္။

"က်ေနာ္တို႔ ဒီဖြဲ႕စည္းပုံျပင္ဆင္ေရး ဆိုတာကေတာ့ ၂၀၀၈ ဖဲြ႔စည္းပံုဥပေဒေဘာင္ထဲက လုပ္တာေပါ့ေနာ္။ ျပင္ဆင္ေရးကေတာ့ ဖဲြ႔စည္းပံု ျပင္ဆင္ေရးလုပ္မလား၊ ေနာက္တခါ ဖဲြ႔စည္းပံုအသစ္တခု ေပၚေပါက္ေရးကို ႀကိဳးစားမလားဆ္ိုတာကေတာ့ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေခါင္းေဆာင္ေတြေရာ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ၊ ျပည္သူလူထုေတြေရာ အကုန္လံုးတိုင္ပင္ေဆြးေႏြးၿပီးမွ အေျဖထုတ္သင့္တဲ့ ကိစၥတခုလို႔ ထင္ပါတယ္။ လမ္းေၾကာင္းကေတာ့ မဆုံးပါဘူး။ လႊတ္ေတာ္အတြင္းက ႀကိဳးစားတာက အကန႔္အသတ္တအားျဖစ္သြားတယ္... မဲရလဒ္ေၾကာင့္။ က်ေနာ္တို႔အမ်ားႀကီး ေမ်ွာ္လင့္ထားခဲ့ပါတယ္။ တပ္မေတာ္ဘက္က ပူးေပါင္းေဆာင္ရြက္လိမ့္မယ္လို႔ ေမ်ွာ္လင့္ထားခဲ့ေပမဲ့ ခုလိုမဲရလဒ္ထြက္လာတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္မိတယ္ေပါ့ေနာ္။ ေနာက္... လာမွာပါ ဖဲြ႔စည္းပံုျပင္ဆင္ေရး ၂၀၀၈ ဖဲြ႔စည္းပံု ျပင္ဆင္ေရးနဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္ ဒီလမ္းေၾကာင္း တခုေတာ့ ပါတီဘက္က ႀကိဳးစားလိမ့္မယ္လို႔ ယူဆပါတယ္။"

ျပည္ေထာင္စုလႊတ္ေတာ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၆၊ ၂၀၂၀)
ျပည္ေထာင္စုလႊတ္ေတာ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၆၊ ၂၀၂၀)

ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၃၆(ခ)နဲ႔အက်ဳံးဝင္တဲ့ပုဒ္မေပါင္း ဟာ အခု ၄၀၀ နီးပါးရွိၿပီး ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္မွ ျပင္ဆင္နိုင္မွာ ျဖစ္ပါတယ္။

မနက္ျဖန္မွာေတာ့ ဥပေဒမူၾကမ္းပါ ပုဒ္မ ၄၃၆၊ ပုဒ္မခြဲ(ခ)မွာ အက်ဳံးဝင္တဲ့ က်န္ရွိတဲ့ ျပင္ဆင္ခ်က္ ပုဒ္မ၊ ပုဒ္မခြဲ ေတြထဲက ေနာက္ထပ္ ၁၅ ခုကို ဆက္လက္ မဲခြဲသြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အခြေခံဥပဒေပြင်ဆင်ချက်အဆို အရေးနိမ့်

အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယအကြိမ် ဥပဒေမူကြမ်းပါ နောက်ထပ်အဆိုပြုချက်တွေကို ဒီကနေ့ မဲခွဲဆုံးဖြတ်တာမှာလည်း အောင်မြင်မှု မရဘဲ အဆိုတွေ အရေးနိမ့်ပါတယ်။ ဘယ်ပြင်ဆင်ချက်တွေကို မဲခွဲခဲ့ကြတာပါလဲ။ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ဖို့ ပြင်ဆင်ချက်ပါတဲ့ ဥပဒေကြမ်းကို ဒီကနေ့မဲခွဲခဲ့ပြီး လိုလောက်တဲ့မဲအရေအတွက်မရလို့ ပြင်ဆင်ချက် ရှုံးနိမ့်သွားပါတယ်။

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ဖို့ ပြင်ဆင်ချက်ပါဝင်တဲ့ ပြင်ဆင်ချက် ၁၅ခုကျော်ကို မဲခွဲတာမှာ ဖွဲ့စည်းပုံသတ်မှတ်ချက်အရ ဘယ်တခုမှ ၇၅ ရာခိုင်နှုန်းမကျော်ခဲ့ပါဘူး။ ပြင်ဆင်ချက် ၁၅ ခုကျော်စလုံး ရှုံးနိမ့်ခဲ့တာပါ။

"ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၃ မဲ ဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ ၇၅ရာခိုင်နှုန်းမကျော်တဲ့အတွက် မူလအတိုင်း ဖြစ်ကြောင်းကြေငြာပါတယ်။"

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြင်ဆင်ချက် တခုချင်းဆီနဲ့ ပတ်သတ်လို့ အခုလို ကြေငြာသွားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ယောက်ရဲ့ ထောက်ခံချက်မပါရင် ပြင်ဆင်လို့ မရတဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆(က)နဲ့ (ခ)ပုဒ်မ၊ ပုဒ်မခွဲတွေ နဲ့ပတ်သတ်လို့ မဲခွဲဆုံးဖြတ်တာဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသဘောတူရင် ပြင်ဆင်လို့ရမယ့် ပုဒ်မ ၄၃၆(ခ) နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို မဲခွဲရာမှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောမတူတာကြောင့် မူလအတိုင်းပဲထားရှိဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

လက်ရှိတည်ဆဲ ဥပဒေမှာ သမ္မတက လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိပေမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ(ကာလုံ)ရဲ့ ထောက်ခံချက်ရမှ ပေးခွင့်ရှတယ်လို့ပြဌာန်းထားလို့ NLD ဘက်က သမ္မတက “လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင့်ခွင့်ရှိတယ်။” လို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွေ မဲခွဲတာ ၅ ရက်မြောက်ရှိနေပေမဲ့ အဓိက ကျတဲ့ ပုဒ်မတွေ ဘာတခုမှ မပြင်နိုင်ခဲ့ပါဘူး။ စကားလုံး ပြင်ဆင်တဲ့ ပြင်ဆင်ချက် ၂ခုပဲ ပြင်နိုင်ဖို့ သဘောတူထားပါတယ်။

ပြင်ဆင်ရေးလုပ်ဆောင်မှု ထင်သလောက်ဆောင်ရွက်နိုင်တာ မရှိတဲ့အပေါ် ပြင်ဆင်ရေးလုပ်ဆောင်မှုက အပြီးသတ်ပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေတဲ့ အပေါ် NLD ပါတီကလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အခုလိုဖြေကြားခဲ့ပါတယ်။

"ကျနော်တို့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဘောင်ထဲက လုပ်တာပေါ့နော်။ ပြင်ဆင်ရေးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်မလား၊ နောက်တခါ ဖွဲ့စည်းပုံအသစ်တခု ပေါ်ပေါက်ရေးကို ကြိုးစားမလားဆိုတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်တွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပြည်သူလူထုတွေရော အကုန်လုံးတိုင်ပင်ဆွေးနွေးပြီးမှ အဖြေထုတ်သင့်တဲ့ ကိစ္စတခုလို့ ထင်ပါတယ်။ လမ်းကြောင်းကတော့ မဆုံးပါဘူး။ လွှတ်တော်အတွင်းက ကြိုးစားတာက အကန့်အသတ်တအားဖြစ်သွားတယ်... မဲရလဒ်ကြောင့်။ ကျနော်တို့အများကြီး မျှော်လင့်ထားခဲ့ပါတယ်။ တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ခုလိုမဲရလဒ်ထွက်လာတဲ့အခါကျတော့ တော်တော်လေး စိတ်ပျက်မိတယ်ပေါ့နော်။ နောက်... လာမှာပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး နောက်ထပ် ဒီလမ်းကြောင်း တခုတော့ ပါတီဘက်က ကြိုးစားလိမ့်မယ်လို့ ယူဆပါတယ်။"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ)နဲ့အကျုံးဝင်တဲ့ပုဒ်မပေါင်း ဟာ အခု ၄၀၀ နီးပါးရှိပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)မှာ အကျုံးဝင်တဲ့ ကျန်ရှိတဲ့ ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ တွေထဲက နောက်ထပ် ၁၅ ခုကို ဆက်လက် မဲခွဲသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG