သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အတိုင္ပင္ခံပုဂိၢဳလ္ သမၼတျဖစ္ဖို႔ ဟန္႔တားေနတဲ့ပုဒ္မျပင္ဆင္ေရး မေအာင္ျမင္


(သတင္းဓာတ္ပံု - ျပည္ေထာင္စုလႊတ္ေတာ္)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတလုပ္ႏိုင္ဖို႔ အဟန္႔အတားျဖစ္ေနတဲ့ ဖဲြ႕စည္းပံု ဥပေဒပုဒ္မ ၅၉(စ)နဲ႔၊ ဖဲြ႕စည္းပံုျပင္ဆင္ေရးမွာ အၾကပ္အတည္းျဖစ္ေနတဲ့ ပုဒ္မ ၄၃၆(က)တို႔ ျပင္ဆင္ဖို႔ ဥပေဒၾကမ္း မဲခဲြရာမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းမေက်ာ္တာေၾကာင့္ ဒီပုဒ္မေတြ ျပင္ဆင္ေရး မေအာင္မျမင္ ျဖစ္ခဲ့ရပါတယ္။ ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ထဲ ဒီပုဒ္မေတြ အပါအ၀င္ အျခားဖဲြ႕စည္းပံုျပင္ဆင္ေရး အဆိုျပဳခ်က္ေတြ မဲခဲြတဲ့အေျခအေနကိုေတာ့ ဗြီအိုေအ သတင္းေထာက္ ကိုမိုးေဇာ္ သတင္းေပးပို႔ထားပါတယ္။

ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကို ဆက္လက္မဲခဲြဆံုးျဖတ္မဲ့ ဒုတိယေျမာက္ေန႔မွာ တက္ေရာက္ခြင့္ရိွသူ လႊတ္ေတာ္ကိုယ္စားလွယ္ ၆၅၄ ဦးအနက္ ၆၃၅ ဦး တက္ေရာက္ခဲ့ၿပီး ၂၁ ဦးကေတာ့ ခြင့္တိုင္ၾကားခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ဒုတိယအၾကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းပါ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က) မွာ အက်ံဳး၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြ ၁၅ ခုကို ျပင္ဆင္၊ ပယ္ဖ်က္ေရးအတြက္ မဲေပးခဲ့ၾကတာျဖစ္ပါတယ္။

ျပင္ဆင္၊ ပယ္ဖ်က္ဖို႔ မဲခဲြဆံုးျဖတ္ခ်က္ရယူရာမွာေတာ့ ပုုဒ္မ၊ ပုဒ္မခဲြ ၁၅ ခုလံုးဟာ လိုအပ္တဲ့ ေထာက္ခံမဲ ရာခိုင္ႏႈန္း မရရိွတာေၾကာင့္ မူလအတိုင္းထားရိွဖို႔ ဆံုးျဖတ္ေၾကာင္း လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က အခုလို ေၾကညာခဲ့ပါတယ္။

“ပုဒ္မ ၅၉ ပုဒ္မခဲြ (စ) ပယ္ဖ်က္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၃၉၃မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။ ပုဒ္မ ၁၀၉ ပုဒ္မခဲြ (ခ) ျပင္ဆင္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၂မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။”

ပုဒ္မ ၅၉(စ)ဟာ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ မျဖစ္ေစေရးအတြက္ ရည္ရြယ္ထည့္သြင္းထားတဲ့ ပုဒ္မအျဖစ္ ေ၀ဖန္ထားတဲ့ ပုဒ္မျဖစ္ပါတယ္။ ဒီပုဒ္မကို ဥပေဒၾကမ္းမွာ ပယ္ဖ်က္ဖို႔အတြက္ တင္ျပထားတာပါ။

ပုဒ္မ ၁၀၉(ခ)ဟာ ျပည္သူ႔လႊတ္ေတာ္မွာ တပ္မေတာ္သားပါ၀င္မႈကို ၂၅ ရာခိုင္ႏႈန္းကေန ေနာက္တၾကိမ္သက္တမ္းမွာ ၁၅ ရာခုိင္ႏႈန္း၊ စတုတၱအၾကိမ္မွာ ၁၀ ရာခိုင္ႏႈန္းနဲ႔ ပဥၥမအၾကိမ္မွာ ၅ ရာခုိင္ႏႈန္းအထိ ေလ်ာ့ခ်သြားဖုိ႔ျဖစ္ပါတယ္။ ပုဒ္မ ၁၄၁(ခ) နဲ႔ ပုဒ္မ ၁၆၁ (ဃ) တို႔ကေတာ့ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တုိင္းေဒသၾကီး၊ ျပည္နယ္ လႊတ္ေတာ္ေတြနဲ႔ အလားတူေလ်ာ့ခ်ဖို႔ ျဖစ္ပါတယ္။

မဲခဲြဆံုးျဖတ္တဲ့ ပုဒ္မေတြထဲမွာ အမ်ဳိးသားကာကြယ္ေရးနဲ႔ လံုျခံဳေရးေကာင္စီ (ကာလံု)နဲ႔ ပတ္သက္တဲ့ ပုဒ္မ ၂၀၁၊ ေနာက္သူ႔ရဲ့ ပုဒ္မခဲြေတြနဲ႔ သက္ဆိုင္တဲ့ ျပည္သူ႔လႊတ္ေတာ္နဲ အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠ႒ေတြ ျဖည့္စြက္ေရး၊ ကာလံုရဲ့ တာ၀န္ပိုင္းဆိုင္ရာ ျဖည့္စြက္ခ်က္ေတြလည္း ပါ၀င္ပါတယ္။

ဒီလို ျပင္ဆင္၊ ျဖည့္စြက္ခြင့္ မရေပမဲ့ဖဲြ႔စည္းပံုျပင္ဆင္ေရးအတြက္ကို ဆက္လက္ၾကိဳးစားသြားမွာျဖစ္တယ္လို႔ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးက ေျပာပါတယ္။

“ဒီေန႔ မဲခဲြဆံုးျဖတ္မႈရလဒ္ကို ၾကည့္မယ္ဆုိရင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က တင္တဲ့ ျပင္ဆင္လုိတဲ့ ပယ္ဖ်က္လိုတဲ့ ဥပေဒ ပုဒ္မေတြကို ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြရဲ့ ၈၅ ရာခုိင္ႏႈန္းအထက္က ေထာက္ခံမဲေပးခဲ့ေပမဲ့ ဒီေန႔ ဆရာတို႔ ျပင္ဆင္ခြင့္ မရခဲ့ဘူးေပါ့။ ဒါ အင္မတန္မွ ၀မ္းနည္းစရာေကာင္းတယ္ေပါ့။ ဒါ ျပည္သူလူထုက mandate ေပးထားတဲ့ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္ထားတဲ့ ကိုယ္စားလွယ္ေတြ အမ်ားစုက ျပင္ဆင္လုိတဲ့၊ ပယ္ဖ်က္လိုတဲ့ ဆႏၵရိွေပမဲ့လည္း ျပင္ဆင္ခြင့္ မရခဲ့ပါဘူး။ အဲဒီအတြက္လည္း ဆရာတုိ႔ အမ်ိဳးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္အေနနဲ႔လည္း ဆက္ၿပီးေတာ့ ၾကိဳးစားေနရအံုးမွာ ျဖစ္ပါတယ္။”

မတ္လ ၁၃ ရက္ေန႔မွာေတာ့ ဖဲြ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၄၃၆(က) နဲ႔ အက်ံဳး၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြ ၁၄ခု ပါ၀င္တဲ့ ျပင္ဆင္ခ်က္ကို ဆက္လက္ မဲခဲြဆံုးျဖတ္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်နိုင်ဖို့ အဟန့်အတားဖြစ်နေတဲ့ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၅၉(စ)နဲ့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အကြပ်အတည်းဖြစ်နေတဲ့ ပုဒ်မ ၄၃၆(က)တို့ ပြင်ဆင်ဖို့ ဥပဒေကြမ်း မဲခွဲရာမှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံမဲ ၇၅ရာခိုင်နှုန်းမကျော်တာကြောင့် ဒီပုဒ်မတွေ ပြင်ဆင်ရေး မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ထဲ ဒီပုဒ်မတွေ အပါအဝင် အခြားဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်တွေ မဲခွဲတဲ့အခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆက်လက်မဲခွဲဆုံးဖြတ်မဲ့ ဒုတိယမြောက်နေ့မှာ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးအနက် ၆၃၅ ဦး တက်ရောက်ခဲ့ပြီး ၂၁ ဦးကတော့ ခွင့်တိုင်ကြားခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို ပြင်ဆင်၊ ပယ်ဖျက်ရေးအတွက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

ပြင်ဆင်၊ ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ချက်ရယူရာမှာတော့ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုလုံးဟာ လိုအပ်တဲ့ ထောက်ခံမဲ ရာခိုင်နှုန်း မရရှိတာကြောင့် မူလအတိုင်းထားရှိဖို့ ဆုံးဖြတ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က အခုလို ကြေညာခဲ့ပါတယ်။

“ပုဒ်မ ၅၉ ပုဒ်မခွဲ (စ) ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၃၉၃မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။ ပုဒ်မ ၁၀၉ ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၂မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။”

ပုဒ်မ ၅၉(စ)ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရေးအတွက် ရည်ရွယ်ထည့်သွင်းထားတဲ့ ပုဒ်မအဖြစ် ဝေဖန်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မကို ဥပဒေကြမ်းမှာ ပယ်ဖျက်ဖို့အတွက် တင်ပြထားတာပါ။

ပုဒ်မ ၁၀၉(ခ)ဟာ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားပါဝင်မှုကို ၂၅ ရာခိုင်နှုန်းကနေ နောက်တကြိမ်သက်တမ်းမှာ ၁၅ ရာခိုင်နှုန်း၊ စတုတ္တအကြိမ်မှာ ၁၀ ရာခိုင်နှုန်းနဲ့ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်းအထိ လျော့ချသွားဖို့ဖြစ်ပါတယ်။ ပုဒ်မ ၁၄၁(ခ) နဲ့ ပုဒ်မ ၁၆၁ (ဃ) တို့ကတော့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေနဲ့ အလားတူလျော့ချဖို့ ဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်တဲ့ ပုဒ်မတွေထဲမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၀၁၊ နောက်သူ့ရဲ့ ပုဒ်မခွဲတွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့လွှတ်တော်နဲ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌတွေ ဖြည့်စွက်ရေး၊ ကာလုံရဲ့ တာဝန်ပိုင်းဆိုင်ရာ ဖြည့်စွက်ချက်တွေလည်း ပါဝင်ပါတယ်။

ဒီလို ပြင်ဆင်၊ ဖြည့်စွက်ခွင့် မရပေမဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ကို ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောပါတယ်။

“ဒီနေ့ မဲခွဲဆုံးဖြတ်မှုရလဒ်ကို ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်တဲ့ ပြင်ဆင်လိုတဲ့ ပယ်ဖျက်လိုတဲ့ ဥပဒေ ပုဒ်မတွေကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းအထက်က ထောက်ခံမဲပေးခဲ့ပေမဲ့ ဒီနေ့ ဆရာတို့ ပြင်ဆင်ခွင့် မရခဲ့ဘူးပေါ့။ ဒါ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်ပေါ့။ ဒါ ပြည်သူလူထုက mandate ပေးထားတဲ့၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ အများစုက ပြင်ဆင်လိုတဲ့၊ ပယ်ဖျက်လိုတဲ့ ဆန္ဒရှိပေမဲ့လည်း ပြင်ဆင်ခွင့် မရခဲ့ပါဘူး။ အဲဒီအတွက်လည်း ဆရာတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဆက်ပြီးတော့ ကြိုးစားနေရအုံးမှာ ဖြစ်ပါတယ်။”

မတ်လ ၁၃ ရက်နေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ခု ပါဝင်တဲ့ ပြင်ဆင်ချက်ကို ဆက်လက် မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG