သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး ဥပေဒမူၾကမ္း တုိင္းရင္းသားေတြအတြက္ ပါရဲ႕လား


ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (Photo- Pyidaungsu Hluttaw)
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

မတ္လ ၃ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေ၀းမွာ ရေသ့ေတာင္ အမတ္ ေဒၚခင္ေစာေ၀က လက္ရွိ လႊတ္ေတာ္ထဲ ေဆြးေႏြးေနၾကတဲ့ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ဆင္ေရး ဆိုတာဟာ “စည္းကမ္းျပည့္၀ေသာ ဒီမိုကေရစီ” လိုလားတဲ့ အဖြဲ႕နဲ႔ “စစ္မွန္ေသာ ဒီမုိကေရစီ” လိုလားေသာ အဖြဲ႕ ႏွစ္ခုၾကား လုပ္ပိုင္ခြင့္အာဏာကို သူႏုိင္ကိုယ္ႏိုင္ အားျပိဳင္ေနၾကတဲ့ ျပင္ဆင္ခ်က္ေတြ ျဖစ္ေၾကာင္း ေတြ႕ရွိေနရပါတယ္ ဆိုျပီး ေ၀ဖန္ေျပာဆုိလိုက္ပါတယ္။ သူဆိုလိုတာက လက္ရွိ လႊတ္ေတာ္တြင္းက ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ေရးဆုိတာဟာ တပ္မေတာ္နဲ႔ ျပည္ခိုင္ျဖိဳးပါတီက တဖက္၊ အင္န္အယ္လ္ဒီ က တစ္ဖက္ ဒီမိုကေရစီ အေရးနဲ႔ ပတ္သက္တဲ့ အားျပိဳင္ေနၾကတာမ်ိဳးပဲ ျဖစ္ျပီး တိုင္းရင္းသားအေရးနဲ႔ မဆိုင္သလုိ ျဖစ္ေနတယ္လို႔ ဆိုလိုလိုက္တာပါ။ ေဒၚခင္ေစာေ၀က “တိုင္းရင္းသားပါတီ၊ တိုင္းရင္းသားေတြကို အေလးမထားတာလား၊ ျပည္ေထာင္စု တည္ေဆာက္ခ်င္တယ္ ဆိုတာ ဟုတ္ပါရဲ႕လား” ဆုိျပီးေတာင္ ေမးခြန္းထုတ္လိုက္ပါေသးတယ္။ လက္ရွိ လႊတ္ေတာ္ထဲက ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ေရး ဥပေဒ မူၾကမ္းထဲမွာ ဖက္ဒရယ္ ျပည္ေထာင္စု အေရး၊ တိုင္းရင္းသား အေရးနဲ႔ ဆုိင္တာ ဘာေတြ ပါသလဲ၊ တကယ္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္မယ္ ဆိုရင္ အဲဒီ ျပင္ဆင္ခ်က္ေတြနဲ႔ လံုေလာက္ပါရဲ႕လား၊ အင္န္အယ္လ္ဒီ ဘက္က တင္တဲ့ အခ်က္ အမ်ားစုပါ၀င္တဲ့ ဒီ ဖြဲ႕စည္းပံုျပင္ေရး မူၾကမ္းမွာ တိုင္းရင္းသား အခြင့္အေရးနဲ႔ ဆုိင္တာ ဘာေၾကာင့္ မ်ားမ်ားစားစား ပါမလာသလဲ ဆုိတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

အခု လႊတ္ေတာ္ထဲ ေဆြးေႏြးေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ေရး ဥပေဒၾကမ္းမွာ စုစုေပါင္း အခ်က္ ၁၄၂ ခ်က္ပါပါတယ္။ တပ္မေတာ္နဲ႔ ျပည္ခုိင္ျဖိဳးဘက္က တင္တာ ၂၈ ခ်က္၊ အင္န္အယ္လ္ဒီ ဦးေဆာင္တဲ့ လႊတ္ေတာ္တြင္းက ၄၅ ဦးေကာ္မတီက တင္တာ ၁၁၄ ခ်က္ျဖစ္ပါတယ္။ နဂိုတုန္းက လႊတ္ေတာ္တြင္းမွာ ပါတီ အသီးသီးရဲ႕ တင္ျပခ်က္အျဖစ္ ၄၅ ဦးေကာ္မတီဟာ အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ စုစည္းရခဲ့တယ္လို႔ ဆုိပါတယ္။ အဲဒီအထဲမွာ ရခုိင္အမ်ိဳးသားပါတီ ANP က တင္တဲ့ အခ်က္ ၈၅၈ ခ်က္ ပါ၀င္ပါတယ္။ ဒါေပမယ့္ တကယ္တမ္း ၄၅ ဦးေကာ္မတီက အဲဒါေတြ စုစည္းျပီး မူၾကမ္း ျပဳစုတဲ့အခါ ၁၁၄ ခ်က္ရခဲ့ေပမယ့္ အဲဒီအထဲမွာ ANP က တင္တာ တစ္ခ်က္မွ ပါမလာဘူးလို႔ ရေသ့ေတာင္ အမတ္ ေဒၚခင္ေစာေ၀က ဆုိပါတယ္။ အဓိပၸါယ္ကေတာ့ တိုင္းရင္းသားေတြ တင္လာတာကို အင္န္အယ္လ္ဒီ ဘက္က အေရးမထားဘူး ဆုိတဲ့ သေဘာပါ။

လက္ရွိ ဖြဲ႕စည္းပံုျပင္ေရး ဥပေဒၾကမ္းမွာ ထင္ထင္ရွားရွား တုိင္းရင္းသား အေရးဆိုလို႔ ျပည္ခုိင္ျဖိဳးနဲ႔ တပ္မေတာ္ဘက္က တင္တဲ့ ပုဒ္မ ၂၆၁ ျပင္ဆင္ခ်က္ တစ္ခုေတာ့ ပါလာတာ ေတြ႕ၾကရပါတယ္။ အဲဒါကေတာ့ မူလ ဖြဲ႕စည္းပံုမွာ ျပည္နယ္နဲ႔ တုိင္း ၀န္ၾကီးခ်ဳပ္ေတြကို သမၼတ က ခန္႔အပ္ဖို႔ ျပဌာန္းထားတာကို ျပင္ဆင္ခ်က္မွာေတာ့ သက္ဆုိင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက မဲေပး ေရြးခ်ယ္ေစမယ္လို႔ ျပင္ဆင္ထားတာပါ။ ဒီ ျပင္ဆင္ခ်က္ကို ျပည္ခုိင္ျဖိဳးနဲ႔ တပ္မေတာ္ဘက္က တင္ထားေပမယ့္ အင္န္အယ္လ္ဒီဘက္ကေတာ့ လက္မခံပါဘူး။ အေၾကာင္းကေတာ့ ၀န္ၾကီးခ်ဳပ္ေတြကို သက္ဆုိင္ရာ ျပည္နယ္နဲ႔ တုိင္း လႊတ္ေတာ္ေတြက ေရြးမယ္ ဆုိရင္ အဲဒီ လႊတ္ေတာ္ေတြထဲမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၂၅ ရာခုိင္ႏွဳန္း ပါ၀င္ေနတာေၾကာင့္ ဒီမိုကေရစီ မက်ႏုိင္ဘူး၊ တိုင္းရင္းသားေတြရဲ႕ ဆႏၵလည္း မျပည့္၀ႏိုင္ဘူး ဆုိျပီး သေဘာ မတူတာပါ။

လႊတ္ေတာ္တြင္း ေဆြးေႏြးမွဳေတြမွာ အင္န္အယ္လ္ဒီ အမတ္ေတြက ရွမ္းျပည္နယ္ လႊတ္ေတာ္ရဲ႕ ၂၀၁၅ ေရြးေကာက္ပြဲ ရလာဒ္ကို နမူနာျပျပီး ေဆြးေႏြးၾကပါတယ္။ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ ရလာဒ္အရ ရွမ္းျပည္နယ္ လႊတ္ေတာ္မွာ ျပည္ခုိင္ျဖိဳး ပါတီက အမတ္ ၃၂ ေနရာ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ SNLD က ၂၄ ေနရာ၊ အင္န္အယ္လ္ဒီ က ၂၁ ေနရာ၊ အျခားပါတီေတြက ၁၉ ေနရာ အသီးသီး အႏိုင္ရၾကပါတယ္။

တကယ္လို႔သာ လႊတ္ေတာ္ထဲမွာ ေရြးေကာက္ခံ အမတ္ေတြနဲ႕ခ်ည္းပဲ ၀န္ၾကီးခ်ဳပ္ကို ေရြးခ်ယ္မယ္ ဆိုရင္ SNLD နဲ႔ အင္န္အယ္လ္ဒီပါတီ ေပါင္းထားတဲ့ အုပ္စုက အသာစီး ရဖုိ႔ မ်ားပါတယ္။ ဒါေပမယ့္ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္ ၃၃ ေယာက္ ရွိေနေလေတာ့ လႊတ္ေတာ္တစ္ခုလံုးရဲ႕ အဆံုးအျဖတ္ အတုိင္းဆုိရင္ တပ္မေတာ္သား တစ္ေယာက္ ဒါမွမဟုတ္ ျပည္ခုိင္ျဖိဳးပါတီက တစ္ေယာက္ေယာက္ ၀န္ၾကီးခ်ဳပ္ ျဖစ္သြားႏိုင္တယ္လို႔ အင္န္အယ္လ္ဒီ အမတ္ေတြက ေထာက္ျပၾကပါတယ္။ အင္န္အယ္လ္ဒီ ဘက္က ဆုိလိုရင္းကေတာ့ ၀န္ၾကီးခ်ဳပ္ကိုိ သက္ဆုိင္ရာ လႊတ္ေတာ္ေတြက ေရြးခ်ယ္တာကို မူအားျဖင့္ သေဘာတူတယ္၊ ဒါေပမယ့္ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပါ၀င္ေနေသးသ၍ အဲဒါကို သေဘာမတူႏုိင္ေသးဘူး၊ “ ေပးကားေပး၏ မရ ျဖစ္သြားႏိုင္တယ္”လို႔ ဆုိလိုက္တာပါ။

ျပည္နယ္ ၀န္ၾကီးခ်ဳပ္ ေရြးခ်ယ္ေရးနဲ႔ ပတ္သက္ျပီး SNLD အမတ္ စိုင္းသီဟေက်ာ္က ျပည္နယ္နဲ႔ တိုင္း ၀န္ၾကီးခ်ဳပ္ေတြကို သက္ဆိုင္ရာ ျပည္နယ္နဲ႔ တုိင္း လႊတ္ေတာ္ေတြထဲက ေရြးေကာက္ခံ အမတ္ ထက္၀က္ေက်ာ္မဲနဲ႔ ေရြးခ်ယ္တင္ေျမွာက္တာမ်ိဳး ျဖစ္သင့္တယ္လို႔ ေဆြးေႏြးပါတယ္။ ဒါဟာ SNLD ရဲ႕ မူသေဘာထား ျဖစ္သလို၊ အင္န္အယ္လ္ဒီ ဘက္ကလည္း လက္ခံႏိုင္တယ္ ဆိုေပမယ့္ ျပင္ဆင္ခ်က္ မူၾကမ္းမွာ ပါမလာေတာ့ မဲခြဲတဲ့အခါ အဲဒီအခ်က္ ပါ၀င္မွာ မဟုတ္ပါဘူး။

တကယ္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုကို တိုင္းရင္းသားေတြ တကယ္ လက္ခံႏိုင္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စု ပံုစံနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္မယ္ဆိုရင္ ၀န္ၾကီးခ်ဳပ္ ခန္႔အပ္ေရးတင္မက အမ်ိဳးသားလႊတ္ေတာ္ ဆိုင္ရာ အခ်က္အလက္ေတြ အပါအ၀င္ အခ်က္ေပါင္း မ်ားစြာ ျပင္ၾကရပါလိမ့္မယ္။ လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပံုမွာ အမ်ိဳးသား လႊတ္ေတာ္ ဆိုတာကို သီးျခား ဖြဲ႕စည္းထားတာမို႔ တိုင္းရင္းသားေတြကို တန္းတူအခြင့္အေရး ေပးထားသေယာင္ ထင္ရေပမယ့္ အဲဒါဟာ ဟန္ျပ သေဘာသာသာ ျဖစ္ျပီး လႊတ္ေတာ္ႏွစ္ရပ္ အႏွစ္သာရနဲ႔လည္း မကိုက္ညီပါဘူး။ လႊတ္ေတာ္ ႏွစ္ရပ္ သေဘာထားကြဲလြဲတာေတြကို အဲဒီ လႊတ္ေတာ္ ႏွစ္ရပ္ ေပါင္းထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္မွာ ေျဖရွင္းၾကမယ္၊ လိုအပ္ရင္ မဲခြဲၾကမယ္ ဆုိကတည္းက အမတ္ အေရအတြက္ နည္းတဲ့ အမ်ိဳးသားလႊတ္ေတာ္ရဲ႕ သေဘာထား ဘာမွ သိပ္ အေရးမပါေတာ့ဘူး ဆိုတာ သာမန္ ႏိုင္ငံေရး စိတ္၀င္စားသူေတြေတာင္ နားလည္ႏုိင္ၾကပါတယ္။ အေမရိကန္ ျပည္ေထာင္စု အပါအ၀င္ လႊတ္ေတာ္ႏွစ္ရပ္ စနစ္ ဖြဲ႕စည္းထားတဲ့ ႏုိင္ငံေတြမွာ အဲဒီ လႊတ္ေတာ္ႏွစ္ရပ္ တကယ့္ကို အဆင့္အတန္း တန္းတူ ရွိၾကျပီး ဥပေဒၾကမ္း တစ္ခုခုကို လႊတ္ေတာ္ ႏွစ္ရပ္လံုးက သေဘာတူပါမွ အတည္ျဖစ္တယ္လို႔ ျပဌာန္းထားၾကပါတယ္။ လႊတ္ေတာ္ တစ္ရပ္ရပ္က သေဘာမတူတာနဲ႔ အတည္ျပဳလို႔ မရႏိုင္ေတာ့ပါဘူး။

ျမန္မာႏိုင္ငံကို ဒီမိုကေရစီ ဖက္ဒရယ္ ႏိုင္ငံတစ္ခုအျဖစ္ တည္ေဆာက္မယ္ ဆုိရင္ ဖက္ဒရယ္အႏွစ္သာရ ပါလာေအာင္ ၂၀၀၈ ဖြဲ႕စည္းပံုကို ျပင္ဆင္ရပါလိမ့္မယ္။ အဲဒီအတြက္ အမ်ိဳးသားလႊတ္ေတာ္လို လႊတ္ေတာ္တည္ေဆာက္ပံုကအစ အခ်က္ေပါင္းမ်ားစြာ ျပင္ဆင္ရမွာ ေသျခာပါတယ္။ အင္န္အယ္လ္ဒီရဲ႕ လက္ရွိ ဖြဲ႕စည္းပံုျပင္ေရး တင္ျပထားခ်က္ေတြကိုၾကည့္ရင္ ဒီမိုကေရစီ ပိုဆန္ေရး၊ တပ္မေတာ္ရဲ႕ ႏုိင္ငံေရးမွာ ပါ၀င္ေနတဲ့ အခန္းက႑ ေလ်ာ့ခ်ေရး အတြက္ကိုပဲ ဦးစားေပးထားတာ ေတြ႕ႏိုင္ပါတယ္။ ဒါဟာ တပ္မေတာ္ကို ႏုိင္ငံေရးကေန ဆုတ္ခြာေစျပီး ေနာက္တဆင့္က်မွ ဖြဲ႕စည္းပံုကို ဖက္ဒရယ္ပံုစံ ျဖစ္ေအာင္ ျပင္ဆင္ဖို႔ စဥ္းစားေလသလား၊ ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။ ေသျခာတာကေတာ့ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ဆင္ေရးဟာ လက္ရွိ အစိုးရက အေကာင္အထည္ ေဖာ္ေနတဲ့ ျပည္တြင္းျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ တိုက္ရိုက္ အဆက္အစပ္ရွိေနတာမို႔ ဖြဲ႕စည္းပံုကို ဖက္ဒရယ္ပံုစံနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ေရး မလြဲမေသြ ဆက္ျပီး ေဆာင္ရြက္သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

-------------- Unicode-------

“ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်း တိုင်းရင်းသားတွေအတွက် ပါရဲ့လား”
မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက လက်ရှိ လွှတ်တော်ထဲ ဆွေးနွေးနေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာဟာ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” လိုလားတဲ့ အဖွဲ့နဲ့ “စစ်မှန်သော ဒီမိုကရေစီ” လိုလားသော အဖွဲ့ နှစ်ခုကြား လုပ်ပိုင်ခွင့်အာဏာကို သူနိုင်ကိုယ်နိုင် အားပြိုင်နေကြတဲ့ ပြင်ဆင်ချက်တွေ ဖြစ်ကြောင်း တွေ့ရှိနေရပါတယ် ဆိုပြီး ဝေဖန်ပြောဆိုလိုက်ပါတယ်။ သူဆိုလိုတာက လက်ရှိ လွှတ်တော်တွင်းက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာဟာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက တဖက်၊ အင်န်အယ်လ်ဒီ က တစ်ဖက် ဒီမိုကရေစီ အရေးနဲ့ ပတ်သက်တဲ့ အားပြိုင်နေကြတာမျိုးပဲ ဖြစ်ပြီး တိုင်းရင်းသားအရေးနဲ့ မဆိုင်သလို ဖြစ်နေတယ်လို့ ဆိုလိုလိုက်တာပါ။ ဒေါ်ခင်စောဝေက “တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားတွေကို အလေးမထားတာလား၊ ပြည်ထောင်စု တည်ဆောက်ချင်တယ် ဆိုတာ ဟုတ်ပါရဲ့လား” ဆိုပြီးတောင် မေးခွန်းထုတ်လိုက်ပါသေးတယ်။ လက်ရှိ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေ မူကြမ်းထဲမှာ ဖက်ဒရယ် ပြည်ထောင်စု အရေး၊ တိုင်းရင်းသား အရေးနဲ့ ဆိုင်တာ ဘာတွေ ပါသလဲ၊ တကယ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် ဆိုရင် အဲဒီ ပြင်ဆင်ချက်တွေနဲ့ လုံလောက်ပါရဲ့လား၊ အင်န်အယ်လ်ဒီ ဘက်က တင်တဲ့ အချက် အများစုပါဝင်တဲ့ ဒီ ဖွဲ့စည်းပုံပြင်ရေး မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေးနဲ့ ဆိုင်တာ ဘာကြောင့် များများစားစား ပါမလာသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
အခု လွှတ်တော်ထဲ ဆွေးနွေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်းမှာ စုစုပေါင်း အချက် ၁၄၂ ချက်ပါပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်က တင်တာ ၂၈ ချက်၊ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ လွှတ်တော်တွင်းက ၄၅ ဦးကော်မတီက တင်တာ ၁၁၄ ချက်ဖြစ်ပါတယ်။ နဂိုတုန်းက လွှတ်တော်တွင်းမှာ ပါတီ အသီးသီးရဲ့ တင်ပြချက်အဖြစ် ၄၅ ဦးကော်မတီဟာ အချက်ပေါင်း ၃၇၀၀ ကျော် စုစည်းရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ရခိုင်အမျိုးသားပါတီ ANP က တင်တဲ့ အချက် ၈၅၈ ချက် ပါဝင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ၄၅ ဦးကော်မတီက အဲဒါတွေ စုစည်းပြီး မူကြမ်း ပြုစုတဲ့အခါ ၁၁၄ ချက်ရခဲ့ပေမယ့် အဲဒီအထဲမှာ ANP က တင်တာ တစ်ချက်မှ ပါမလာဘူးလို့ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ တိုင်းရင်းသားတွေ တင်လာတာကို အင်န်အယ်လ်ဒီ ဘက်က အရေးမထားဘူး ဆိုတဲ့ သဘောပါ။
လက်ရှိ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းမှာ ထင်ထင်ရှားရှား တိုင်းရင်းသား အရေးဆိုလို့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ချက် တစ်ခုတော့ ပါလာတာ တွေ့ကြရပါတယ်။ အဲဒါကတော့ မူလ ဖွဲ့စည်းပုံမှာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်အပ်ဖို့ ပြဌာန်းထားတာကို ပြင်ဆင်ချက်မှာတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ်စေမယ်လို့ ပြင်ဆင်ထားတာပါ။ ဒီ ပြင်ဆင်ချက်ကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်ထားပေမယ့် အင်န်အယ်လ်ဒီဘက်ကတော့ လက်မခံပါဘူး။ အကြောင်းကတော့ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေက ရွေးမယ် ဆိုရင် အဲဒီ လွှတ်တော်တွေထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကြောင့် ဒီမိုကရေစီ မကျနိုင်ဘူး၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒလည်း မပြည့်ဝနိုင်ဘူး ဆိုပြီး သဘော မတူတာပါ။
လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာ အင်န်အယ်လ်ဒီ အမတ်တွေက ရှမ်းပြည်နယ် လွှတ်တော်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကို နမူနာပြပြီး ဆွေးနွေးကြပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်အရ ရှမ်းပြည်နယ် လွှတ်တော်မှာ ပြည်ခိုင်ဖြိုး ပါတီက အမတ် ၃၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ၂၄ နေရာ၊ အင်န်အယ်လ်ဒီ က ၂၁ နေရာ၊ အခြားပါတီတွေက ၁၉ နေရာ အသီးသီး အနိုင်ရကြပါတယ်။
တကယ်လို့သာ လွှတ်တော်ထဲမှာ ရွေးကောက်ခံ အမတ်တွေနဲ့ချည်းပဲ ဝန်ကြီးချုပ်ကို ရွေးချယ်မယ် ဆိုရင် SNLD နဲ့ အင်န်အယ်လ်ဒီပါတီ ပေါင်းထားတဲ့ အုပ်စုက အသာစီး ရဖို့ များပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃၃ ယောက် ရှိနေလေတော့ လွှတ်တော်တစ်ခုလုံးရဲ့ အဆုံးအဖြတ် အတိုင်းဆိုရင် တပ်မတော်သား တစ်ယောက် ဒါမှမဟုတ် ပြည်ခိုင်ဖြိုးပါတီက တစ်ယောက်ယောက် ဝန်ကြီးချုပ် ဖြစ်သွားနိုင်တယ်လို့ အင်န်အယ်လ်ဒီ အမတ်တွေက ထောက်ပြကြပါတယ်။ အင်န်အယ်လ်ဒီ ဘက်က ဆိုလိုရင်းကတော့ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်တာကို မူအားဖြင့် သဘောတူတယ်၊ ဒါပေမယ့် လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်နေသေးသ၍ အဲဒါကို သဘောမတူနိုင်သေးဘူး၊ “ ပေးကားပေး၏ မရ ဖြစ်သွားနိုင်တယ်”လို့ ဆိုလိုက်တာပါ။
ပြည်နယ် ဝန်ကြီးချုပ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး SNLD အမတ် စိုင်းသီဟကျော်က ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေထဲက ရွေးကောက်ခံ အမတ် ထက်ဝက်ကျော်မဲနဲ့ ရွေးချယ်တင်မြှောက်တာမျိုး ဖြစ်သင့်တယ်လို့ ဆွေးနွေးပါတယ်။ ဒါဟာ SNLD ရဲ့ မူသဘောထား ဖြစ်သလို၊ အင်န်အယ်လ်ဒီ ဘက်ကလည်း လက်ခံနိုင်တယ် ဆိုပေမယ့် ပြင်ဆင်ချက် မူကြမ်းမှာ ပါမလာတော့ မဲခွဲတဲ့အခါ အဲဒီအချက် ပါဝင်မှာ မဟုတ်ပါဘူး။
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ တကယ် လက်ခံနိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်မယ်ဆိုရင် ဝန်ကြီးချုပ် ခန့်အပ်ရေးတင်မက အမျိုးသားလွှတ်တော် ဆိုင်ရာ အချက်အလက်တွေ အပါအဝင် အချက်ပေါင်း များစွာ ပြင်ကြရပါလိမ့်မယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသား လွှတ်တော် ဆိုတာကို သီးခြား ဖွဲ့စည်းထားတာမို့ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးထားသယောင် ထင်ရပေမယ့် အဲဒါဟာ ဟန်ပြ သဘောသာသာ ဖြစ်ပြီး လွှတ်တော်နှစ်ရပ် အနှစ်သာရနဲ့လည်း မကိုက်ညီပါဘူး။ လွှတ်တော် နှစ်ရပ် သဘောထားကွဲလွဲတာတွေကို အဲဒီ လွှတ်တော် နှစ်ရပ် ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဖြေရှင်းကြမယ်၊ လိုအပ်ရင် မဲခွဲကြမယ် ဆိုကတည်းက အမတ် အရေအတွက် နည်းတဲ့ အမျိုးသားလွှတ်တော်ရဲ့ သဘောထား ဘာမှ သိပ် အရေးမပါတော့ဘူး ဆိုတာ သာမန် နိုင်ငံရေး စိတ်ဝင်စားသူတွေတောင် နားလည်နိုင်ကြပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအဝင် လွှတ်တော်နှစ်ရပ် စနစ် ဖွဲ့စည်းထားတဲ့ နိုင်ငံတွေမှာ အဲဒီ လွှတ်တော်နှစ်ရပ် တကယ့်ကို အဆင့်အတန်း တန်းတူ ရှိကြပြီး ဥပဒေကြမ်း တစ်ခုခုကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူပါမှ အတည်ဖြစ်တယ်လို့ ပြဌာန်းထားကြပါတယ်။ လွှတ်တော် တစ်ရပ်ရပ်က သဘောမတူတာနဲ့ အတည်ပြုလို့ မရနိုင်တော့ပါဘူး။
မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်မယ် ဆိုရင် ဖက်ဒရယ်အနှစ်သာရ ပါလာအောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရပါလိမ့်မယ်။ အဲဒီအတွက် အမျိုးသားလွှတ်တော်လို လွှတ်တော်တည်ဆောက်ပုံကအစ အချက်ပေါင်းများစွာ ပြင်ဆင်ရမှာ သေခြာပါတယ်။ အင်န်အယ်လ်ဒီရဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ရေး တင်ပြထားချက်တွေကိုကြည့်ရင် ဒီမိုကရေစီ ပိုဆန်ရေး၊ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍ လျော့ချရေး အတွက်ကိုပဲ ဦးစားပေးထားတာ တွေ့နိုင်ပါတယ်။ ဒါဟာ တပ်မတော်ကို နိုင်ငံရေးကနေ ဆုတ်ခွာစေပြီး နောက်တဆင့်ကျမှ ဖွဲ့စည်းပုံကို ဖက်ဒရယ်ပုံစံ ဖြစ်အောင် ပြင်ဆင်ဖို့ စဉ်းစားလေသလား၊ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သေခြာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ လက်ရှိ အစိုးရက အကောင်အထည် ဖော်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုက်ရိုက် အဆက်အစပ်ရှိနေတာမို့ ဖွဲ့စည်းပုံကို ဖက်ဒရယ်ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေး မလွဲမသွေ ဆက်ပြီး ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG