သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး ဘာေၾကာင့္ မေအာင္မျမင္ ျဖစ္ရသလဲ


ဖဲြ႔စည္းပံု ျပင္ဆင္ေရး ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္စဥ္
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီဟာ ေရြးေကာက္ပြဲ၀င္ခ်ိန္ ျပည္သူလူထုကို ေပးထားတဲ့ ကတိအတုိင္း ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရးကို ၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းမွာ စျပီး အေကာင္အထည္ ေဖာ္ပါတယ္။ သမရိုးက် လႊတ္ေတာ္တြင္း လမ္းေၾကာင္းက အေကာင္အထည္ ေဖာ္တာပါ။ တစ္ႏွစ္ေက်ာ္ၾကာ လႊတ္ေတာ္တြင္း အျပင္းအထန္ ျငင္းခံု၊ ေဆြးေႏြး၊ ဥပေဒၾကမ္းတင္၊ ေနာက္ဆံုး မဲခြဲဆံုးျဖတ္ခဲ့ျပီးပါျပီ။ ပုဒ္မ ၁၄၀ ေက်ာ္ကို မဲလက္မွတ္(၉) ေစာင္ခြဲျခားျပီး တစ္ရက္ မဲလက္မွတ္ တစ္ေစာင္ႏွဳန္းနဲ႔ မဲခြဲ အဆံုးအျဖတ္ ရယူခဲ့ရာမွာ ဒီကေန႔အထိ (၄) ေစာင္ မဲခြဲဆံုးျဖတ္ခဲ့ျပီးပါျပီ။ ရလာဒ္ကေတာ့ အားလံုး ေမွ်ာ္လင့္ထားခဲ့သလိုပါပဲ။ “ အိုမင္းမစြမ္း” ဆိုတာကို “ သက္ၾကီးရြယ္အို” “ မသန္မစြမ္း” ကို “ မသန္စြမ္း” ဆိုတဲ့ စကားလံုးေတြနဲ႔ ျပင္ဆင္ထားတဲ့ အခ်က္(၂) ခ်က္ေလာက္ကလြဲျပီး အျခားဘာကိုမွ မယ္မယ္ရရ ျပင္ဆင္ႏုိင္တာ မေတြ႕ရပါဘူး။ ဒါဟာ အင္န္အယ္လ္ဒီ ဘက္က ျပင္ဖို႔ တင္သမွ်ကို တပ္မေတာ္ဘက္က သေဘာမတူ ပယ္ခ်ခဲ့လို႔ ျဖစ္ရတာ ဆိုျပီး ေျပာႏုိင္ေပမယ့္ ေသျခာတာ တစ္ခုကေတာ့ အင္န္အယ္လ္ဒီရဲ႕ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ေရး ေအာင္ျမင္မွဳ မရဘူး ဆိုတာပါပဲ။ အင္န္အယ္လ္ဒီ ရဲ႕ ဖြဲ႕စည္းပံုျပင္ေရး ဘာေၾကာင့္ မေအာင္မျမင္ ျဖစ္ရသလဲ ဆုိတဲ့ကိစၥ ေလ့လာ တင္ျပသြားပါ့မယ္။

အင္န္အယ္လ္ဒီ ပါတီဟာ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရးနဲ႔ ပတ္သက္ျပီး ႏွစ္ၾကိမ္ေတာ့ ၾကီးၾကီးက်ယ္က်ယ္ လုပ္ခဲ့ျပီးပါျပီ။ တစ္ၾကိမ္ကေတာ့ သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရ လက္ထက္မွာ ပုဒ္မ ၄၃၆ ျပင္ေရး ဆုိျပီး လုပ္ခဲ့တဲ့ လွဳပ္ရွားမွဳၾကီးပါ။ အဲဒီတုန္းက အင္န္အယ္လ္ဒီ ကို ႏုိင္ငံေရးအရ၊ ဥပေဒေရးရာ အရ အၾကံေပးၾကတဲ့သူေတြက ၂၀၀၈ ဖြဲ႕စည္းပံုကို အေသအျခာ ေလ့လာၾကည့္ရင္ ျပင္စရာေတြ အမ်ားၾကီး ရွိလိမ့္မယ္၊ အဲလို ျပင္စရာေတြ ေလ်ာက္ျပင္ဖို႔ ၾကိဳးစားရင္ အခ်ိန္ေတြၾကာလိမ့္မယ္၊ တကယ္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ဖုိ႔ တံခါးေပါက္ဟာ ပုဒ္မ ၄၃၆ ပဲ။ ပုဒ္မ ၄၃၆ ကိုသာ ျပင္လိုက္ႏုိင္ရင္ ၂၀၀၈ ဖြဲ႕စည္းပံုကို ျပင္မယ့္ တကယ့္ တံခါးေပါက္ၾကီး ပြင့္သြားျပီ၊ ဒါေၾကာင့္ ပုဒ္မ ၄၃၆ ျပင္ေရး ၾကိဳးစားၾကရမယ္ ဆုိျပီး အၾကီးအက်ယ္ လွဳပ္ရွားခဲ့ၾကပါတယ္။ အဲဒီ အၾကံေပးေတြရဲ႕ အဆုိအရ ပုဒ္မ ၄၃၆ မွာ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ဖို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၇၅ ရာခုိင္ႏွဳန္းေက်ာ္ရဲ႕ ေထာက္ခံမဲ လိုတယ္၊ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္ ၂၅ ရာခုိင္ႏွဳန္း ရွိေနတာမို႔ သူတုိ႔ သေဘာမတူရင္ ဘာကိုမွ ျပင္ႏုိင္မွာ မဟုတ္ဘူး၊ ဒါေၾကာင့္ ပုဒ္မ ၄၃၆၊ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခုိင္ႏွဳန္းေက်ာ္ ဆိုတဲ့ ေနရာမွာ ေရြးေကာက္ခံ ကိုယ္စားလွယ္ ၃ ပံု ၂ပံုေက်ာ္ရဲ႕ ေထာက္ခံခ်က္နဲ႔ ျပင္ႏုိင္သည္ ဆုိတာမ်ိဳး အစားထုိးဖုိ႔ စိတ္ကူးယဥ္ခဲ့ၾကတာပါ။

ဒီေနရာမွာ အင္န္အယ္လ္ဒီ အၾကံေပးေတြေရာ၊ ေခါင္းေဆာင္ေတြပါ မစဥ္းစားမိတဲ့ အခ်က္က သူတုိ႔ စဥ္းစားသလို ပုဒ္မ ၄၃၆ ကို ျပင္လိုက္ႏုိင္ရင္ ဖြဲ႕စည္းပံုျပင္ေရး ကိစၥ အားလံုး ေရြးေကာက္ခံေတြ လက္ထဲ ေရာက္သြားမယ္ ဆိုတာပါ။ ဖြဲ႕စည္းပံုျပင္ေရး ေရြးေကာက္ခံေတြ လက္ထဲ ေရာက္သြားတယ္ ဆိုတာဟာလည္း တနည္းေျပာရရင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအ၀င္ တပ္မေတာ္တစ္ခုလံုး နဲ႔ စစ္အာဏာရွင္ေဟာင္းေတြရဲ႕ ကံၾကမၼာ ေရြးေကာက္ခံေတြ လက္ထဲ ေရာက္သြားမယ့္ သေဘာပါ။ ဒါကို တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြဘက္က သေဘာတူဖို႔ မလြယ္၊ ခါးခါးသီးသီး ျဖစ္လိမ့္မယ္ ဆိုတာမ်ိဳး ထည့္တြက္မိၾကဟန္ မတူပါဘူး။ အဓိပၸါယ္ကေတာ့ ၄၃၆ ျပင္ေရး လွဳပ္ရွားမွဳဟာ စိတ္ကူးယဥ္မွဳ တစ္ခုပဲ ျဖစ္ျပီး ေအာင္ျမင္ဖို႔ အလားအလာ လံုး၀ မရွိႏိုင္ဘူး ဆိုတာပါ။ ေနာက္ပိုင္း ၄၃၆ လွဳပ္ရွားမွဳၾကီးလည္း ေအာင္ျမင္မွဳ မရပဲ ျငိမ္သက္သြားခဲ့ပါတယ္။

တကယ္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး ဆုိရာမွာ တစ္ခါတည္းနဲ႔ အျပီးအျပတ္ ျပင္မလား၊ ဒါမွမဟုတ္ အေျခအေန အခ်ိန္အခါကို လိုက္ျပီး ပုဒ္မ နဲ႔ အခ်က္အလက္ နည္းနည္းစီ ျပင္ဖုိ႔ ၾကိဳးစားမလား စဥ္းစားတြက္ခ်က္ဖုိ႔ လိုပါတယ္။ ဒီလို စဥ္းစားရာမွာ လက္ရွိ ႏုိင္ငံေရး အေျခအေန၊ တပ္မေတာ္ရဲ႕ အေနအထား စတာေတြ ထည့္တြက္ဖုိ႔ လိုပါတယ္။ တပ္မေတာ္ဟာ သူ႔အတြင္းမွာ စည္းလံုးညီညြတ္ေနျပီး၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ အဆင့္ဆင့္ေသာ အရာရွိေတြရဲ႕ အမိန္႔ကို အေသအျခာ နာခံေနတယ္၊ ႏုိင္ငံေရးသမားေတြရဲ႕ ဆြဲေဆာင္ စည္းရံုးမွဳေတြကုိ ခုခံ ကာကြယ္ ႏိုင္ေသးတယ္ ဆိုရင္ အားေကာင္းေနဆဲလို႔ မွတ္ယူရမွာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာေတာ့ အာဏာရ အင္္န္အယ္လ္ဒီ ပါတီ အေနနဲ႔ တုိင္းျပည္ကို ပိုင္ပိုင္ႏိုင္ႏုိင္ အုပ္ခ်ဳပ္ႏုိင္ေနျပီလား၊ စီးပြားေရး အရ ဖြံ႕ျဖိဳးတုိးတက္မွဳေတြကို ေဆာင္က်ဥ္းႏိုင္ပါျပီလား၊ ျငိမ္းခ်မ္းေရးလို ကိစၥမ်ိဳးမွာ ေအာင္ျမင္မွဳေတြ ရေအာင္ စြမ္းေဆာင္ႏုိင္ပါျပီလား၊ တပ္မေတာ္ဟာ အရပ္သား အုပ္ခ်ဳပ္ေရး ေအာက္မွာ ရွိသင့္တယ္ ဆိုတာကို တပ္မေတာ္သားေတြ လက္ခံလာေအာင္ စည္းရံုးဆြဲေဆာင္ႏုိင္ျပီလား၊ စတာေတြနဲ႔ ခ်င့္တြက္ျပီး အားေကာင္းသလား အားမေကာင္းဘူးလား ဆံုးျဖတ္ သံုးသပ္ရမွာ ျဖစ္ပါတယ္။

ကိုယ္က အားေကာင္းျပီး တပ္မေတာ္က အားနည္းေနတဲ့ အေျခအေနမ်ိဳးဆုိရင္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ဆင္ေရးကို စိတ္ၾကိဳက္လုပ္ႏုိင္ရံုမက အသစ္ေရးဆြဲရင္ေတာင္ ရႏိုင္ပါတယ္။ ဒီလို အေျခအေနမ်ိဳး မရွိရင္ေတာ့ ဖြဲ႕စည္းပံု ျပင္ေရး ဆုိတာကို တစ္ဆင့္ခ်င္း၊ တစ္လွမ္းခ်င္း စနစ္တက် ေဆာင္ရြက္ပါမွ ေအာင္ျမင္မွဳ ရဖို႔ နီးစပ္ပါလိမ့္မယ္။ လက္ရွိ လႊတ္ေတာ္တြင္း ေဆာင္ရြက္တဲ့ အင္န္အယ္လ္ဒီ ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ဆင္ေရးမွာ အခ်က္ေပါင္း ၁၀၀ေက်ာ္၊ ပုဒ္မေပါင္းမ်ားစြာ ပါ၀င္ျပီး တပ္မေတာ္ရဲ႕ ႏိုင္ငံေရးမွာ ပါ၀င္မွဳ အခန္းက႑ ေလ်ာ့ခ်ဖို႔၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္ေတြ ေလ်ာ့ခ်ဖို႔ ဆိုတာေတြက အဓိက ပါ၀င္ေနတာပါ။ အင္န္အယ္လ္္ဒီ ေခါင္းေဆာင္ေတြ အေနနဲ႔ ဒီနည္းလမ္းအတိုင္း ဒါေတြတင္လိုက္ရင္ မဲခြဲတဲ့အခါ တပ္မေတာ္ဘက္က ကန္႔ကြက္မွာပဲ၊ ပယ္ခ်မွာပဲ အဆံုးမွာ ဘာရလာဒ္မွ ရမလာႏိုင္ဘူး ဆုိတာ ၾကိဳတင္ တြက္ဆ မိေလသလား၊ မခန္႔မွန္း မတြက္ခ်က္ႏိုင္ပဲ ကံစမ္းမဲ ထုိးသလိုမ်ိဳး လုပ္ခဲ့ေလသလား ဆိုတဲ့ ေမးခြန္းကို ေျဖဖို႔ လိုပါတယ္။ မခန္႔မွန္း မတြက္ခ်က္ႏိုင္ဘူး ဆိုရင္ေတာ့ အင္န္အယ္လ္ဒီ ေခါင္းေဆာင္ေတြ အလြန္တရာ အေမွွ်ာ္အျမင္နည္းတယ္လို႔ ဆုိႏုိင္ပါတယ္။ ဒါမွမဟုတ္ ဒီအေျဖထြက္မွာ သိျပီးသား၊ တပ္မေတာ္ဘက္ သေဘာထား ျပည္သူေတြ သိေအာင္ လုပ္ျပတာမ်ိဳး ဆိုရင္လည္း လက္ခံႏိုင္ဖြယ္ မရွိပါဘူး။ ဒီ လုပ္ရပ္ေၾကာင့္ တပ္မေတာ္နဲ႔ ေရြးေကာက္ခံေတြ ပို မနီးစပ္လာရံုမက အမ်ိဳးသားရင္ၾကားေစ့ေရး လုပ္ေနပါတယ္ ဆုိတာမ်ိဳးနဲ႔ေတာင္ ဆန္႔က်င္သလို ျဖစ္ေနပါတယ္။

ဖြဲ႕စည္းပံုျပင္ေရး အေကာင္အထည္ ေဖာ္ရာမွာ ေနာက္ထပ္ ဆန္းစစ္ဖို႔ လိုတာ တစ္ခုက အင္န္အယ္လ္ဒီဟာ တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔ လႊတ္ေတာ္ ျပင္ပမွာ သီးျခား ေတြ႕ဆံုေဆြးေႏြး ညွိႏွိဳင္းတာမ်ိဳး လုပ္ခဲ့ရဲ႕လား ဆုိတာပါ။ မလုပ္ခ့ဲဘူး ဆိုရင္ေတာ့ ဒါဟာ အေတာ္ၾကီးမားတဲ့ အားနည္းခ်က္ ျဖစ္ေနပါလိမ့္မယ္။ တကယ္လို႔ ေတြ႕ဆံုညွိႏွိဳင္းမွဳ လုပ္ခဲ့တယ္၊ ဒါေပမယ့္ မေအာင္မျမင္ ျဖစ္ခဲ့တယ္ ဆိုရင္လည္း ျပည္သူေတြ သိေအာင္ ေျပာျပ၊ ရွင္းျပဖုိ႔ လိုအပ္ပါတယ္။

လက္ရွိ အင္န္အယ္လ္ဒီရဲ႕ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရးဟာ ေအာင္ျမင္မွဳ မရရံုမက လႊတ္ေတာ္တြင္း တစ္ႏွစ္ေက်ာ္ အခ်ိန္ယူခဲ့ရတာမို႔ အခ်ိန္ကုန္ ေငြကုန္ ျဖစ္ေစပါတယ္။ ဒါတင္မက တပ္မေတာ္နဲ႔ ေရြးေကာက္ခံ ဆက္ဆံေရး ေကာင္းမလာ သလို၊ တပ္မေတာ္ကို ျပည္သူနဲ႔ ေ၀းရာ တြန္းပို႔သလိုလည္း ျဖစ္ခဲ့ေစပါတယ္။ တကယ္လို႔သာ စမတ္က်တဲ့ ႏုိင္ငံေရးပါတီ တစ္ခု ဆိုရင္ေတာ့ အင္န္အယ္လ္ဒီဟာ ဖြဲ႕စည္းပံုျပင္ေရး ဘာေၾကာင့္ မေအာင္မျမင္ ျဖစ္ရသလဲ ဆိုတာကို ေကာ္မတီတစ္ခု ဖြဲ႕စည္း၊ ပါတီတြင္းတင္မက ျပည္သူေတြ၊ တုိင္းရင္းသားေတြရဲ႕ အသံကုိပါ နားေထာင္ျပီး ျပန္သံုးသပ္သင့္ပါတယ္။ အဲဒီကေနမွ တဆင့္ အင္န္အယ္လ္ဒီပါတီမွာ လက္ေတြ႕က်တဲ့၊ ေအာင္ျမင္မွဳ ေဆာင္က်ဥ္းေပးႏုိင္မယ့္ ဖြဲ႕စည္းပံုျပင္ေရး လုပ္ငန္းစဥ္ တစ္ရပ္ ရွိသင့္ေနျပီ ျဖစ္ေၾကာင္းပါ။

----------------

NLD ရဲ့၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဘာကြောင့် မအောင်မမြင် ဖြစ်ရသလဲ

အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ရွေးကောက်ပွဲဝင်ချိန် ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကို ၂၀၁၉ ခုနှစ် နှစ်ဆန်းမှာ စပြီး အကောင်အထည် ဖော်ပါတယ်။ သမရိုးကျ လွှတ်တော်တွင်း လမ်းကြောင်းက အကောင်အထည် ဖော်တာပါ။ တစ်နှစ်ကျော်ကြာ လွှတ်တော်တွင်း အပြင်းအထန် ငြင်းခုံ၊ ဆွေးနွေး၊ ဥပဒေကြမ်းတင်၊ နောက်ဆုံး မဲခွဲဆုံးဖြတ်ခဲ့ပြီးပါပြီ။ ပုဒ်မ ၁၄၀ ကျော်ကို မဲလက်မှတ်(၉) စောင်ခွဲခြားပြီး တစ်ရက် မဲလက်မှတ် တစ်စောင်နှုန်းနဲ့ မဲခွဲ အဆုံးအဖြတ် ရယူခဲ့ရာမှာ ဒီကနေ့အထိ (၄) စောင် မဲခွဲဆုံးဖြတ်ခဲ့ပြီးပါပြီ။ ရလာဒ်ကတော့ အားလုံး မျှော်လင့်ထားခဲ့သလိုပါပဲ။ “ အိုမင်းမစွမ်း” ဆိုတာကို “ သက်ကြီးရွယ်အို” “ မသန်မစွမ်း” ကို “ မသန်စွမ်း” ဆိုတဲ့ စကားလုံးတွေနဲ့ ပြင်ဆင်ထားတဲ့ အချက်(၂) ချက်လောက်ကလွဲပြီး အခြားဘာကိုမှ မယ်မယ်ရရ ပြင်ဆင်နိုင်တာ မတွေ့ရပါဘူး။ ဒါဟာ အင်န်အယ်လ်ဒီ ဘက်က ပြင်ဖို့ တင်သမျှကို တပ်မတော်ဘက်က သဘောမတူ ပယ်ချခဲ့လို့ ဖြစ်ရတာ ဆိုပြီး ပြောနိုင်ပေမယ့် သေခြာတာ တစ်ခုကတော့ အင်န်အယ်လ်ဒီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး အောင်မြင်မှု မရဘူး ဆိုတာပါပဲ။ အင်န်အယ်လ်ဒီ ရဲ့ ဖွဲ့စည်းပုံပြင်ရေး ဘာကြောင့် မအောင်မမြင် ဖြစ်ရသလဲ ဆိုတဲ့ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။
အင်န်အယ်လ်ဒီ ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး နှစ်ကြိမ်တော့ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ပြီးပါပြီ။ တစ်ကြိမ်ကတော့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပုဒ်မ ၄၃၆ ပြင်ရေး ဆိုပြီး လုပ်ခဲ့တဲ့ လှုပ်ရှားမှုကြီးပါ။ အဲဒီတုန်းက အင်န်အယ်လ်ဒီ ကို နိုင်ငံရေးအရ၊ ဥပဒေရေးရာ အရ အကြံပေးကြတဲ့သူတွေက ၂၀၀၈ ဖွဲ့စည်းပုံကို အသေအခြာ လေ့လာကြည့်ရင် ပြင်စရာတွေ အများကြီး ရှိလိမ့်မယ်၊ အဲလို ပြင်စရာတွေ လျောက်ပြင်ဖို့ ကြိုးစားရင် အချိန်တွေကြာလိမ့်မယ်၊ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ တံခါးပေါက်ဟာ ပုဒ်မ ၄၃၆ ပဲ။ ပုဒ်မ ၄၃၆ ကိုသာ ပြင်လိုက်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ့် တကယ့် တံခါးပေါက်ကြီး ပွင့်သွားပြီ၊ ဒါကြောင့် ပုဒ်မ ၄၃၆ ပြင်ရေး ကြိုးစားကြရမယ် ဆိုပြီး အကြီးအကျယ် လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီ အကြံပေးတွေရဲ့ အဆိုအရ ပုဒ်မ ၄၃၆ မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမဲ လိုတယ်၊ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတာမို့ သူတို့ သဘောမတူရင် ဘာကိုမှ ပြင်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ပုဒ်မ ၄၃၆၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ဆိုတဲ့ နေရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၃ ပုံ ၂ပုံကျော်ရဲ့ ထောက်ခံချက်နဲ့ ပြင်နိုင်သည် ဆိုတာမျိုး အစားထိုးဖို့ စိတ်ကူးယဉ်ခဲ့ကြတာပါ။
ဒီနေရာမှာ အင်န်အယ်လ်ဒီ အကြံပေးတွေရော၊ ခေါင်းဆောင်တွေပါ မစဉ်းစားမိတဲ့ အချက်က သူတို့ စဉ်းစားသလို ပုဒ်မ ၄၃၆ ကို ပြင်လိုက်နိုင်ရင် ဖွဲ့စည်းပုံပြင်ရေး ကိစ္စ အားလုံး ရွေးကောက်ခံတွေ လက်ထဲ ရောက်သွားမယ် ဆိုတာပါ။ ဖွဲ့စည်းပုံပြင်ရေး ရွေးကောက်ခံတွေ လက်ထဲ ရောက်သွားတယ် ဆိုတာဟာလည်း တနည်းပြောရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော်တစ်ခုလုံး နဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာ ရွေးကောက်ခံတွေ လက်ထဲ ရောက်သွားမယ့် သဘောပါ။ ဒါကို တပ်မတော် စစ်ခေါင်းဆောင်တွေဘက်က သဘောတူဖို့ မလွယ်၊ ခါးခါးသီးသီး ဖြစ်လိမ့်မယ် ဆိုတာမျိုး ထည့်တွက်မိကြဟန် မတူပါဘူး။ အဓိပ္ပါယ်ကတော့ ၄၃၆ ပြင်ရေး လှုပ်ရှားမှုဟာ စိတ်ကူးယဉ်မှု တစ်ခုပဲ ဖြစ်ပြီး အောင်မြင်ဖို့ အလားအလာ လုံး၀ မရှိနိုင်ဘူး ဆိုတာပါ။ နောက်ပိုင်း ၄၃၆ လှုပ်ရှားမှုကြီးလည်း အောင်မြင်မှု မရပဲ ငြိမ်သက်သွားခဲ့ပါတယ်။
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဆိုရာမှာ တစ်ခါတည်းနဲ့ အပြီးအပြတ် ပြင်မလား၊ ဒါမှမဟုတ် အခြေအနေ အချိန်အခါကို လိုက်ပြီး ပုဒ်မ နဲ့ အချက်အလက် နည်းနည်းစီ ပြင်ဖို့ ကြိုးစားမလား စဉ်းစားတွက်ချက်ဖို့ လိုပါတယ်။ ဒီလို စဉ်းစားရာမှာ လက်ရှိ နိုင်ငံရေး အခြေအနေ၊ တပ်မတော်ရဲ့ အနေအထား စတာတွေ ထည့်တွက်ဖို့ လိုပါတယ်။ တပ်မတော်ဟာ သူ့အတွင်းမှာ စည်းလုံးညီညွတ်နေပြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ အဆင့်ဆင့်သော အရာရှိတွေရဲ့ အမိန့်ကို အသေအခြာ နာခံနေတယ်၊ နိုင်ငံရေးသမားတွေရဲ့ ဆွဲဆောင် စည်းရုံးမှုတွေကို ခုခံ ကာကွယ် နိုင်သေးတယ် ဆိုရင် အားကောင်းနေဆဲလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ အာဏာရ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ တိုင်းပြည်ကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်နေပြီလား၊ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ကျဉ်းနိုင်ပါပြီလား၊ ငြိမ်းချမ်းရေးလို ကိစ္စမျိုးမှာ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်နိုင်ပါပြီလား၊ တပ်မတော်ဟာ အရပ်သား အုပ်ချုပ်ရေး အောက်မှာ ရှိသင့်တယ် ဆိုတာကို တပ်မတော်သားတွေ လက်ခံလာအောင် စည်းရုံးဆွဲဆောင်နိုင်ပြီလား၊ စတာတွေနဲ့ ချင့်တွက်ပြီး အားကောင်းသလား အားမကောင်းဘူးလား ဆုံးဖြတ် သုံးသပ်ရမှာ ဖြစ်ပါတယ်။
ကိုယ်က အားကောင်းပြီး တပ်မတော်က အားနည်းနေတဲ့ အခြေအနေမျိုးဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စိတ်ကြိုက်လုပ်နိုင်ရုံမက အသစ်ရေးဆွဲရင်တောင် ရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး မရှိရင်တော့ ဖွဲ့စည်းပုံ ပြင်ရေး ဆိုတာကို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း စနစ်တကျ ဆောင်ရွက်ပါမှ အောင်မြင်မှု ရဖို့ နီးစပ်ပါလိမ့်မယ်။ လက်ရှိ လွှတ်တော်တွင်း ဆောင်ရွက်တဲ့ အင်န်အယ်လ်ဒီ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အချက်ပေါင်း ၁၀၀ကျော်၊ ပုဒ်မပေါင်းများစွာ ပါဝင်ပြီး တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍ လျော့ချဖို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေ လျော့ချဖို့ ဆိုတာတွေက အဓိက ပါဝင်နေတာပါ။ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ အနေနဲ့ ဒီနည်းလမ်းအတိုင်း ဒါတွေတင်လိုက်ရင် မဲခွဲတဲ့အခါ တပ်မတော်ဘက်က ကန့်ကွက်မှာပဲ၊ ပယ်ချမှာပဲ အဆုံးမှာ ဘာရလာဒ်မှ ရမလာနိုင်ဘူး ဆိုတာ ကြိုတင် တွက်ဆ မိလေသလား၊ မခန့်မှန်း မတွက်ချက်နိုင်ပဲ ကံစမ်းမဲ ထိုးသလိုမျိုး လုပ်ခဲ့လေသလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ လိုပါတယ်။ မခန့်မှန်း မတွက်ချက်နိုင်ဘူး ဆိုရင်တော့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ အလွန်တရာ အမျှော်အမြင်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် ဒီအဖြေထွက်မှာ သိပြီးသား၊ တပ်မတော်ဘက် သဘောထား ပြည်သူတွေ သိအောင် လုပ်ပြတာမျိုး ဆိုရင်လည်း လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒီ လုပ်ရပ်ကြောင့် တပ်မတော်နဲ့ ရွေးကောက်ခံတွေ ပို မနီးစပ်လာရုံမက အမျိုးသားရင်ကြားစေ့ရေး လုပ်နေပါတယ် ဆိုတာမျိုးနဲ့တောင် ဆန့်ကျင်သလို ဖြစ်နေပါတယ်။
ဖွဲ့စည်းပုံပြင်ရေး အကောင်အထည် ဖော်ရာမှာ နောက်ထပ် ဆန်းစစ်ဖို့ လိုတာ တစ်ခုက အင်န်အယ်လ်ဒီဟာ တပ်မတော် ခေါင်းဆောင်တွေနဲ့ လွှတ်တော် ပြင်ပမှာ သီးခြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာမျိုး လုပ်ခဲ့ရဲ့လား ဆိုတာပါ။ မလုပ်ခဲ့ဘူး ဆိုရင်တော့ ဒါဟာ အတော်ကြီးမားတဲ့ အားနည်းချက် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ တွေ့ဆုံညှိနှိုင်းမှု လုပ်ခဲ့တယ်၊ ဒါပေမယ့် မအောင်မမြင် ဖြစ်ခဲ့တယ် ဆိုရင်လည်း ပြည်သူတွေ သိအောင် ပြောပြ၊ ရှင်းပြဖို့ လိုအပ်ပါတယ်။
လက်ရှိ အင်န်အယ်လ်ဒီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးဟာ အောင်မြင်မှု မရရုံမက လွှတ်တော်တွင်း တစ်နှစ်ကျော် အချိန်ယူခဲ့ရတာမို့ အချိန်ကုန် ငွေကုန် ဖြစ်စေပါတယ်။ ဒါတင်မက တပ်မတော်နဲ့ ရွေးကောက်ခံ ဆက်ဆံရေး ကောင်းမလာ သလို၊ တပ်မတော်ကို ပြည်သူနဲ့ ဝေးရာ တွန်းပို့သလိုလည်း ဖြစ်ခဲ့စေပါတယ်။ တကယ်လို့သာ စမတ်ကျတဲ့ နိုင်ငံရေးပါတီ တစ်ခု ဆိုရင်တော့ အင်န်အယ်လ်ဒီဟာ ဖွဲ့စည်းပုံပြင်ရေး ဘာကြောင့် မအောင်မမြင် ဖြစ်ရသလဲ ဆိုတာကို ကော်မတီတစ်ခု ဖွဲ့စည်း၊ ပါတီတွင်းတင်မက ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ အသံကိုပါ နားထောင်ပြီး ပြန်သုံးသပ်သင့်ပါတယ်။ အဲဒီကနေမှ တဆင့် အင်န်အယ်လ်ဒီပါတီမှာ လက်တွေ့ကျတဲ့၊ အောင်မြင်မှု ဆောင်ကျဉ်းပေးနိုင်မယ့် ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ် တစ်ရပ် ရှိသင့်နေပြီ ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG