သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၈၈ ယောက်ရှိပြီ


ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)
ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီကနေ့ ည ၈ နာရီအထိ COVID-19 ဓါတ်ခွဲနမူနာ ၃၅၈ ခုကို စစ်ဆေးခဲ့တဲ့ထဲမှာ အတည်ပြုလူနာ ၁ ယောက်ကို ထပ်တွေ့ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၁၈၈ ယောက် ရှိပါတယ်။

ဒီနေ့ နောက်ထပ်အတည်ပြုလူနာဟာ ရခိုင်ပြည်နယ် သံတွဲမြို့မှာ နေသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သူဟာ မလေးရှားနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူဖြစ်ပါတယ်။

ဒီနေ့အတွက် ဆေးသုတေသနဦးစီးဌာန (DMR) မှာ ဓာတ်ခွဲနမူနာ ၁၇၀၊ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) မှာ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ စုစုပေါင်း ၃၅၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညပိုင်းက ရန်ကုန် အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနမှာ ဒုတိယအသုတ်စစ်ခဲ့တဲ့ ဓါတ်ခွဲ နမူနာ ၁၉၀ ထဲမှာလည်း မလေးရှားက ပြန်လာသူ ၃ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ၂ ယောက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး ၁ ယောက်က တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ ၃ ယောက်လုံးက အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေကြရသူတွေဖြစ်တယ်လို့ မနက် ၇ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ဖြစ်ခဲ့သူ လူနာဟောင်းတွေထဲမှာ ၂ ကြိမ်ဆက်တိုက် ဆေးစစ်မှုတွေမှာ ပိုး မတွေ့လို့ ပိုးကင်စင်သွားသူကတော့ အခုချိန်ထိ ၁၀၁ ယောက်ရှိပြီး အဲဒီထဲက ၈၈ ယောက်ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာတွေထဲက သေဆုံးသူ ၆ ယောက်ရှိပါတယ်။

[Unicode Version]







XS
SM
MD
LG