(Zawgyi / Unicode)
အိႏၵိယႏိုင္ငံမွာ COVID-19 ကူးစက္မႈ ဆက္မျဖစ္ရေအာင္ တားဆီးႏုိင္ဖုိ႔ အသြားအလာ ကန္႔သတ္မႈအမိန္႔ကို ေနာက္ထပ္ သီတင္း ၂ ပတ္ တိုးလိုက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။
အျပင္မထြက္ရလို႔ တားျမစ္ထားေပမယ့္ ေရာဂါကူးစက္မႈနည္းတဲ့ ေဒသေတြမွာ ေျဖေလွ်ာ့မႈ အေတာ္မ်ားမ်ား လုပ္သြားမွာျဖစ္ၿပီး ေရာဂါကူးစက္ႏုိင္ေျခနည္းတဲ့ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ခြင့္ေပးသြားမယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။
အခုဆိုရင္ အိႏၵိယႏိုင္ငံမွာ COVID ကူးစက္သူ ၉၁,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂,၈၀၀ ေက်ာ္ရွိတယ္လို႔ Johns Hopkins တကၠသိုလ္ ကုိ႐ုိနာဗိုင္းရပ္စ္စင္တာ စာရင္းမွာ ေဖာ္ျပပါတယ္။
-------------------------------
(Unicode)
အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး အိန္ဒိယမှာ အသွားအလာ ကန့်သတ်မှု သီတင်း ၂ ပတ်ထပ်တိုး
အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှု ဆက်မဖြစ်ရအောင် တားဆီးနိုင်ဖို့ အသွားအလာ ကန့်သတ်မှုအမိန့်ကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
အပြင်မထွက်ရလို့ တားမြစ်ထားပေမယ့် ရောဂါကူးစက်မှုနည်းတဲ့ ဒေသတွေမှာ ဖြေလျှော့မှု အတော်များများ လုပ်သွားမှာဖြစ်ပြီး ရောဂါကူးစက်နိုင်ခြေနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးသွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။
အခုဆိုရင် အိန္ဒိယနိုင်ငံမှာ COVID ကူးစက်သူ ၉၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂,၈၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စင်တာ စာရင်းမှာ ဖော်ပြပါတယ်။