သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀ွမ္း ကုိဗစ္ေၾကာင့္ ကန္႔သတ္ထားမႈေတြ တျဖည္းျဖည္းခ်င္း ေျဖေလ်ာ့လာ


Virus Outbreak Economy Jobs Report

Zawgyi/Unicode

ႏိုင္ငံအမ်ားအျပားမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါပိုး အကူးစက္ခံရသူ တိုးလာေနၿပီး ေနာက္တေက်ာ့ ထပ္ျဖစ္မွာကို သတိေပးေနတဲ့ ၾကားကပဲ ဒီေရာဂါ မျပန္႔ပြါးေအာင္း ကန္႔သတ္ထားတာ ေတြကို စတင္ ေျဖေလ ွ်ာ့ ေပးေနၾကပါတယ္။

တနလၤာေန႔မွာ ဒီေရာဂါ ေနာက္ထပ္အကူးစက္ခံရသူ ၃၆၀၀ ေလာက္ ရွိလာေနတဲ့ အိႏၵိယ ႏိုင္ငံက မတ္လ ကတည္းက ပိတ္ထားတဲ့ ရထားလမ္းေၾကာင္း တခ်ိဳ႕ကို အဂၤါေန႔မွာပဲ ျပန္ဖြင့္ ေပးလိုက္ပါတယ္။

ရုရွားႏိုင္ငံမွာလည္း အခုဆို ဒီေရာဂါ အကူးစက္ခံရသူ (၂၃၂ ၂၀၀) နဲ႔ အေမရိကန္ၿပီးရင္ ဒုတိယ အမ်ားဆံုး ျဖစ္လာၿပီး အကူးစက္ခံရသူ အေရအတြက္ တိုးလာေနတဲ့ ၾကားကပဲ ကန္႔သတ္ထားမႈ တခ်ိဳ႕ကို အဂၤါေန႔ကစ တေျဖးေျဖး ေျဖေလ ွ်ာ့ ေပးလိုက္တာ ျဖစ္ၿပီး အခု ေဆာက္လုပ္ေရးနဲ႔ စက္ရံုလုပ္သားေတြကို အလုပ္ခြင္ ျပန္ဝင္ခြင့္ ေပးခဲ့တာပါ။

အေမရိကန္ ႏိုင္ငံကေတာ့ CDC စစ္တမ္းအရ အခုခ်ိန္အထိ ကမာၻမွာ အကူးစက္ခံရသူ အမ်ားဆံုး တသန္း ၃ သိန္းေက်ာ္ (၁ ၃၂၄ ၄၈၈) နဲ႔ ေသဆံုးသူ ၈ ေသာင္း (၇၉ ၇၅၆) ေလာက္ရွိေနတာ ေၾကာင့္ ဒီကပ္ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ခင္မွာ ပံုမွန္လုပ္ငန္းေတြ လုပ္ခြင့္ ျပန္ေပးလိုက္ရင္ မလိုလား အပ္တဲ့ ေသဆံုးမႈေတြနဲ႔ ဒုကၡေတြ ျပန္ေရာက္ႏုိင္တယ္လို႔ အဂၤါေန႔ အထက္လႊတ္ေတာ္ ၾကားနာပြဲမွာ ထိပ္တန္း ကူးစက္ေရာဂါဆိုင္ရာ ပညာရွင္ Anthony Fauci က သတိေပးခဲ့ပါတယ္။

ဒါေပမဲ့ အေမရိကန္ႏုိင္ငံဟာ အရင္ စီးပြါးေရးကပ္ဆိုက္ခဲ့ခ်ိန္ကစၿပီး အခု မႀကံဳစဖူး အလုပ္လက္မဲ့ ႏႈန္း သိပ္မ်ားေနတာေၾကာင့္ လုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ သမၼတ ထရမ့္က ႀကိဳးစားေနတာ ျဖစ္ၿပီး အခုဆို လူေပါင္း ၉ သန္းေလာက္ ဒီေရာဂါ ရွိမရွိ စမ္းသပ္စစ္ေဆးႏိုင္ခဲ့ေၾကာင္းနဲ႔ စမ္းသပ္စစ္ေဆးမႈေတြ ခုထက္ တိုးလုပ္မယ္ လို႔လည္း ထရမ့္အစိုးရ အဖြဲ႔က တနလၤာ ေန႔က ေျပာပါတယ္။

စပိန္ႏိုင္ငံက ေတာ့ ျပည္ပကေရာက္လာသူေတြကို စပိန္ႏိုင္ငံ ထဲမွာ ၁၄ ရက္ သီးျခားခြဲေနဖို႔ အမိန္႔ ထုတ္ထားသလုိ တရုတ္ႏုိင္ငံကလည္း သူ႔ႏိုင္ငံတြင္း အကူးစက္ခံရသူ သိသိသာသာ က်ဆင္းသြား ေပမဲ့ ဒီေရာဂါ စတင္ရာ ဝူဟန္က ၿမိဳ႕ခံ ၁၁ သန္းကို စမ္းသပ္ စစ္ေဆးမႈေတြ လုပ္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ကမာၻတလႊားက အစိုးရေတြဟာ ဒီေရာဂါပိုး ထပ္မျပန္႔ပြါးေအာင္ ကန္႔သတ္မႈ အသစ္ေတြပဲ ထပ္ၿပီး ခ်ရမလား ဒါမွမဟုတ္ ကိုယ့္ႏုိင္ငံသားေတြကို ပံုမွန္လူမႈဘဝ လႈပ္ရွားခြင့္တခ်ိဳ႕ အတြက္ ခြင့္ေပးရမလား ဆိုတာကို ခ်ိန္ထိုး ေနၾကဆဲ ျဖစ္ပါတယ္။

[Unicode]

နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ တိုးလာနေပြီး နောက်တကျော့ ထပ်ဖြစ်မှာကို သတိပေးနေတဲ့ ကြားကပဲ ဒီရောဂါ မပြန့်ပွါးအောင်း ကန့်သတ်ထားတာ တွေကို စတင် ဖြေလေ ျှာ့ ပေးနေကြပါတယ်။


တနင်္လာနေ့မှာ ဒီရောဂါ နောက်ထပ်အကူးစက်ခံရသူ ၃၆၀၀ လောက် ရှိလာနေတဲ့ အိန္ဒိယ နိုင်ငံက မတ်လ ကတည်းက ပိတ်ထားတဲ့ ရထားလမ်းကြောင်း တချို့ကို အင်္ဂါနေ့မှာပဲ ပြန်ဖွင့် ပေးလိုက်ပါတယ်။


ရုရှားနိုင်ငံမှာလည်း အခုဆို ဒီရောဂါ အကူးစက်ခံရသူ (၂၃၂ ၂၀၀) နဲ့ အမေရိကန်ပြီးရင် ဒုတိယ အများဆုံး ဖြစ်လာပြီး အကူးစက်ခံရသူ အရေအတွက် တိုးလာနေတဲ့ ကြားကပဲ ကန့်သတ်ထားမှု တချို့ကို အင်္ဂါနေ့ကစ တဖြေးဖြေး ဖြေလေ ျှာ့ ပေးလိုက်တာ ဖြစ်ပြီး အခု ဆောက်လုပ်ရေးနဲ့ စက်ရုံလုပ်သားတွေကို အလုပ်ခွင် ပြန်ဝင်ခွင့် ပေးခဲ့တာပါ။


အမေရိကန် နိုင်ငံကတော့CDC စစ်တမ်းအရ အခုချိန်အထိ ကမ္ဘာမှာ အကူးစက်ခံရသူ အများဆုံး တသန်း ၃ သိန်းကျော် (၁ ၃၂၄ ၄၈၈) နဲ့ သေဆုံးသူ ၈ သောင်း (၇၉ ၇၅၆) လောက်ရှိနေတာ ကြောင့် ဒီကပ်ရောဂါကို မထိန်းချုပ်နိုင်ခင်မှာ ပုံမှန်လုပ်ငန်းတွေ လုပ်ခွင့် ပြန်ပေးလိုက်ရင် မလိုလား အပ်တဲ့ သေဆုံးမှုတွေနဲ့ ဒုက္ခတွေ ပြန်ရောက်နိုင်တယ်လို့ အင်္ဂါနေ့ အထက်လွှတ်တော် ကြားနာပွဲမှာ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Anthony Fauci က သတိပေးခဲ့ပါတယ်။


ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ အရင် စီးပွါးရေးကပ်ဆိုက်ခဲ့ချိန်ကစပြီး အခု မကြုံစဖူး အလုပ်လက်မဲ့ နှုန်း သိပ်များနေတာကြောင့် လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ သမ္မတ ထရမ့်က ကြိုးစားနေတာ ဖြစ်ပြီး အခုဆို လူပေါင်း ၉သန်းလောက် ဒီရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်းနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ခုထက် တိုးလုပ်မယ် လို့လည်း ထရမ့်အစိုးရ အဖွဲ့က တနင်္လာ နေ့က ပြောပါတယ်။


စပိန်နိုင်ငံက တော့ပြည်ပကရောက်လာသူတွေကိုစပိန်နိုင်ငံ ထဲမှာ ၁၄ ရက် သီးခြားခွဲနေဖို့ အမိန့် ထုတ်ထားသလို တရုတ်နိုင်ငံကလည်း သူ့နိုင်ငံတွင်း အကူးစက်ခံရသူ သိသိသာသာ ကျဆင်းသွား ပေမဲ့ ဒီရောဂါ စတင်ရာ ဝူဟန်က မြို့ခံ ၁၁ သန်းကို စမ်းသပ် စစ်ဆေးမှုတွေ လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။


ကမ္ဘာတလွှားက အစိုးရတွေဟာ ဒီရောဂါပိုး ထပ်မပြန့်ပွါးအောင် ကန့်သတ်မှု အသစ်တွေပဲ ထပ်ပြီး ချရမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံသားတွေကို ပုံမှန်လူမှုဘဝ လှုပ်ရှားခွင့်တချို့ အတွက် ခွင့်ပေးရမလား ဆိုတာကို ချိန်ထိုး နေကြဆဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG