သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ လူတိုင်းကို စစ်ဆေးမည်


Wuhan အထက်တန်းကျောင်း
Wuhan အထက်တန်းကျောင်း

(Zawgyi/Unicode)

တရုတ်နိုင်ငံ ဝူဟန်မြို့က မြို့သူမြို့သားတိုင်းကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ အစီအစဉ်တွေကို မနေ့ အင်္ဂါနေ့ နေ့လည်ပိုင်းနောက်ဆုံးထားပြီး တင်ပြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ အစိုးရ ညွှန်ကြားလွှာ Notice တစ်ခုကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။ မြို့တွင်းက ခရိုင်တခုချင်းစီ အနေနဲ့ ကိုယ့်နယ်မြေအတွင်းမှာ ၁၀ ရက် အတောအတွင်း လူတိုင်းကို ပိုး ရှိမရှိစစ်ဆေးနိုင်မယ့် အစီအစဉ်တွေ ရေးဆွဲထားရမယ် လို့ အဲဒီ အစိုးရရဲ့ ညွှန်ကြားလွှာမှာ ပါရှိတယ်။

ကိုရိုနာဗိုင်းရပ်စ် စပြီး ပြန့်နှံ့ခဲ့တဲ့ လူဦးရေ ၁၁ သန်းရှိတဲ့ဝူဟန်မြို့မှာ အသွားအလာ ပိတ်ပင် ကန့်သတ်ထားတာတွေကို ဧပြီ ၈ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပြီး နောက် COVID-19 ကူးစက်မှု အသစ်တွေထပ်ပြီး တွေ့ရတဲ့အတွက် အခုလို အစိုးရ ညွှန်ကြားလွှာ ထွက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဝူဟန်မြို့ Dongxihu အရပ် သီးသန့် အိမ်ရာဝင်းတခုက ရောဂါကူးစက်သူ လူနာ ၆ ဦးအထိ တွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီညွှန်ကြားလွှာ Notice နဲ့ ပတ်သက်လို့ တစုံတရာမသိရှိသေးကြောင်း Dongxihu ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေး ဌာနတာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ရေးဌာန အကြီးအကဲ WU Zunyou ကတော့ ဝူဟန်မြို့မှာ နေထိုင်သူတိုင်း စမ်းသပ်စစ်ဆေးစရာမလို ကြောင်းနဲ့ ကိုယ်နေထိုင်ရာ ရပ်ကွက်အတွင်း ကူးစက်သူမရှိရင် စစ်စရာမလိုဘူးလို့လည်း နိုင်ငံပိုင်သတင်းဌာန CCTV ကို ပြောပါတယ်။

တရုတ်နိုင်ငံက COVID-19 ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင်း အသွားအလာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပြုခဲ့ပြီး အခု တဖန် ကူးစက်မှု ဒုတိယလှိုင်းနဲ့ ကြုံတွေ့ရတာပါ။

တရုတ် - ရုရှားနယ်စပ် Jilin နဲ့Heilongjiang ပြည်နယ် တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ ကူးစက်မှု အသစ်တွေကတွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လက်ရှိ ရောဂါဆက်လက် ပြန့်နှံ့ နေဆဲဖြစ်တဲ့ အတွက် တရုတ်က ပြည်ပနိုင်ငံခြားသားတွေ နိုင်ငံတွင်း ဝင်ရောက်တာကိုလည်း တားမြစ်ထားပါတယ်။

ဒီဇင်ဘာလက စပြီး ဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ ဝူဟန်မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၈၆၉ ယောက်ရှိခဲ့ပြီး နိုင်ငံအတွင်း လူ အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်




.............


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG