သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ူဟန္မွာ COVID-19 ေၾကာင့္ ေသဆုံးသူ မူလစာရင္းထက္ ၅၀% ေက်ာ္တုိးလာ


(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္စ္ စတင္ျပန္႔ပြားရာ တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ မွာ ဒီေရာဂါေၾကာင့္ ေသဆံုးရသူ ဦးေရဟာ နဂိုထုတ္ျပန္ထားတဲ့ စာရင္းထက္ ၅၀ % ေက်ာ္ တိုးလာတဲ့ အတြက္ အခုဆို ေသဆံုးသူ အေရတြက္က စုစုေပါင္း (၃၈၆၉ ) ၄ ေထာင္နီးပါးျဖစ္သြားပါၿပီ။ ေသာၾကာေန႔မွာလည္း ဝူဟန္မွာ ေနာက္ထပ္ ၅ ဦး ေသဆံုးခဲ့ရတာပါ။ ေရာဂါ အကူးစက္ခံရသူကလည္း (၅၀,၃၃၃) ၅ ေသာင္း ေက်ာ္ျဖစ္သြားတယ္လို႔ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒီလို အေရအတြက္ မွန္ကန္မႈ မရွိတာဟာ ဒီေရာဂါနဲ႔ေနအိမ္ေတြမွာ ေသဆံုးတာေတြ ေဆးရံုေတြမွာ မႏိုင္မနင္းျဖစ္ရတာေတြေၾကာင့္ စာရင္းထဲမွာပါမသြားတာမ်ိဳး ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တရုတ္အစိုးရရဲ႕ ဒီေရာဂါေၾကာင့္ ေသဆံုးရသူ စာရင္း ကနဦး ထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္္ၿပီး သတင္းဖံုးကြယ္ဖုိ႔ ႀကိဳစားတာ ျဖစ္ေၾကာင္း ေဝဖန္မႈေတြရွိေနေပမယ့္ တရုတ္ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ ကေတာ့ မဟုတ္ေၾကာင္း ျငင္းဆိုပါတယ္။

ကမာၻတလႊား ဒီေရာဂါဒဏ္ အဆိုးဝါးဆံုး ခံစားရတဲ့ ႏုိင္ငံ တႏိုင္ငံျဖစ္တဲ့ စပိန္ မွာလည္း လူေပါင္း း (၁၈၈,၀၀၀) ေက်ာ္ ေရာဂါ အကူးစက္ခံေနရတာ ျဖစ္ၿပီး ေသဆံုးသူက (၁၉,၅၀၀) ၂ ေသာင္းနီးပါး ရွိေနၿပီလို႔ John’s Hopkins တကၠသိုလ္ရဲ့ စစ္တမ္းမွာေဖၚျပထားပါတယ္။

ေသာၾကာေန႔အထိ ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူ ၂.၂ သန္း နီးပါးရွိၿပီး ေသဆံုးသူက ၁၄၈, ၀၀၀ ေလာက္ရွိနၿပီလို႔လည္း John’s Hopkins စစ္တမ္းက ဆိုပါတယ္။

အေမရိကန္မွာေတာ့ ဒီေရာဂါ အကူးစက္ခံရသူ ၆၇၂,၃၀၀ ေက်ာ္ရွိတာေၾကာင့္ ကမာၻ႔တလႊား ေရာဂါျဖစ္ပြားသူ စုစုေပါင္းရဲ့ သံုးပံု တပံု ေလာက္ ရွိေနတာ ျဖစ္ၿပီး ေသဆံုးရသူက ၃၃,၈၅၀ ေက်ာ္ရွိ ေနပါတယ္။

အေမရိကန္သမၼတ Donald Trump ကေတာ ့ႏုိင္ငံတြင္း တားျမစ္ခ်က္ ေတြကို ေျဖေလွ်ာ့ ေပးဖို႔ လုပ္ေန ခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံသားေတြရဲ႕ က်န္းမာေရးနဲ႔ လံုၿခံဳေရးကို ဦးစားေပး လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေၾကညာၿပီး တေျဖးေျဖး ေျဖေလ ွ်ာ့ ေပးမယ့္ အစီအစဥ္ကို ၾကာသပေတးေန႔မွာပဲ ေၾကညာခဲ့တာပါ။ ဒါေပမယ့္ ဒီအစီအစဥ္ဟာ မျဖစ္မေန လုိက္နာရမယ့္ အစီစဥ္ေတာ့ မဟုတ္ပါဘူး။

တိုက္႐ိုက္ လင့္ခ္


...............

ဝူဟန်မှာ COVID-19 ကြောင့် သေဆုံးသူ မူလစာရင်းထက် ၅၀% ကျော်တိုးလာ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့ မှာ ဒီရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ နဂိုထုတ်ပြန်ထားတဲ့ စာရင်းထက် ၅၀ % ကျော် တိုးလာတဲ့ အတွက် အခုဆို သေဆုံးသူ အရေတွက်က စုစုပေါင်း (၃၈၆၉ ) ၄ ထောင်နီးပါးဖြစ်သွားပါပြီ။ သောကြာနေ့မှာလည်း ဝူဟန်မှာ နောက်ထပ် ၅ ဦး သေဆုံးခဲ့ရတာပါ။ ရောဂါ အကူးစက်ခံရသူကလည်း (၅၀,၃၃၃) ၅ သောင်း ကျော်ဖြစ်သွားတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီလို အရေအတွက် မှန်ကန်မှု မရှိတာဟာ ဒီရောဂါနဲ့နေအိမ်တွေမှာ သေဆုံးတာတွေ ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်ရတာတွေကြောင့် စာရင်းထဲမှာပါမသွားတာမျိုး ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဒီရောဂါကြောင့် သေဆုံးရသူ စာရင်း ကနဦး ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး သတင်းဖုံးကွယ်ဖို့ ကြိုစားတာ ဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေပေမယ့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကတော့ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ကမ္ဘာတလွှား ဒီရောဂါဒဏ် အဆိုးဝါးဆုံး ခံစားရတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ စပိန် မှာလည်း လူပေါင်း း (၁၈၈,၀၀၀) ကျော် ရောဂါ အကူးစက်ခံနေရတာ ဖြစ်ပြီး သေဆုံးသူက (၁၉,၅၀၀) ၂ သောင်းနီးပါး ရှိနေပြီလို့ John’s Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းမှာဖေါ်ပြထားပါတယ်။

သောကြာနေ့အထိ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ ၂.၂ သန်း နီးပါးရှိပြီး သေဆုံးသူက ၁၄၈, ၀၀၀ လောက်ရှိနပြီလို့လည်း John’s Hopkins စစ်တမ်းက ဆိုပါတယ်။

အမေရိကန်မှာတော့ ဒီရောဂါ အကူးစက်ခံရသူ ၆၇၂,၃၀၀ ကျော်ရှိတာကြောင့် ကမ္ဘာ့တလွှား ရောဂါဖြစ်ပွားသူ စုစုပေါင်းရဲ့ သုံးပုံ တပုံ လောက် ရှိနေတာ ဖြစ်ပြီး သေဆုံးရသူက ၃၃,၈၅၀ ကျော်ရှိ နေပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့နိုင်ငံတွင်း တားမြစ်ချက် တွေကို ဖြေလျှော့ ပေးဖို့ လုပ်နေ ချိန်မှာပဲ အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ကြေညာပြီး တဖြေးဖြေး ဖြေလေ ျှာ့ ပေးမယ့် အစီအစဉ်ကို ကြာသပတေးနေ့မှာပဲ ကြေညာခဲ့တာပါ။ ဒါပေမယ့် ဒီအစီအစဉ်ဟာ မဖြစ်မနေ လိုက်နာရမယ့် အစီစဉ်တော့ မဟုတ်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG