(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံ Wuhan ၿမိဳ႕မွာ ေသဆံုးသူဟာ အရင္ထင္ထားတာထက္ မ်ားတယ္လို႔ တ႐ုတ္ႏိုင္ငံက ေျပာၾကားလိုက္ပါတယ္။
Wuhan ၿမိဳ႕က ေသဆံုးသူအေရအတြက္ကို မူလစာရင္းထက္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ျဖစ္တဲ့ ေနာက္ထပ္ ၁,၂၉၀ ေသဆံုးတယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြက ေၾကညာခ်က္ထုတ္ျပန္တဲ့အတြက္ ဒီၿမိဳ႕မွာ စုစုေပါင္းေသဆုံးသူ ၃,၈၆၉ ေယာက္ျဖစ္သြားပါတယ္။ ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳသူ အေရအတြက္ကိုလည္း ၃၂၅ ေယာက္တိုးလိုက္တဲ့အတြက္ စုစုေပါင္း ၅၀,၃၃၃ ျဖစ္သြားပါတယ္။
COVID-19 ေၾကာင့္ အိမ္ေတြမွာ ေသဆံုးခ့ဲၾကေပမဲ့ တရားဝင္စာရင္းထဲ မဝင္တာမ်ဳိး တခ်ဳိ႕ေဆး႐ံုေတြမွာ မႏိုင္မနင္း ျဖစ္ခဲ့တာေၾကာင့္ အရင္စုစည္းတဲ့ စာရင္းေတြထဲ မပါခဲ့တာမ်ဳိးေတြေၾကာင့္ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ႀကီးမားက်ယ္ျပန္႔တဲ့ တ႐ုတ္ႏိုင္ငံက ေသဆံုးသူ အေရအတြက္ေတြဟာ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ နည္းေနတယ္လို႔ဆိုၿပီး ႏိုင္ငံျခားက က်န္းမာေရးတာဝန္႐ွိသူေတြက တ႐ုတ္ရဲ႕ စာရင္းေတြကို သံသယ႐ွိခဲ့ၾကတာပါ။
အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္က ျပဳစုေနတဲ့ COVID-19 ေရာဂါဆိုင္ရာ ႏိုင္ငံတကာစာရင္းအရ ကမာၻတဝန္း COVID ေရာဂါျဖစ္ပြားေနသူ ၂,၀၀၀,၀၀၀ ေက်ာ္သြားၿပီး ေသဆံုးသူ ၁၅၀,၀၀၀ နီးပါး႐ွိပါတယ္။ အဲဒီထဲမွာ တ႐ုတ္ႏိုင္ငံက စုစုေပါင္းကူးစက္သူ ၈၀,၀၀၀ ေက်ာ္ ေသဆံုးသူ ၄,၆၀၀ ေက်ာ္လို႔ ေဖာ္ျပထားပါတယ္။
[Unicode Version]
Wuhan မှာ COVID-19 ကြောင့် သေဆုံးခဲ့သူအရေအတွက် တိုးမြှင့်ကြေညာ
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ Wuhan မြို့မှာ သေဆုံးသူဟာ အရင်ထင်ထားတာထက် များတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
Wuhan မြို့က သေဆုံးသူအရေအတွက်ကို မူလစာရင်းထက် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ နောက်ထပ် ၁,၂၉၀ သေဆုံးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်တဲ့အတွက် ဒီမြို့မှာ စုစုပေါင်းသေဆုံးသူ ၃,၈၆၉ ယောက်ဖြစ်သွားပါတယ်။ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူ အရေအတွက်ကိုလည်း ၃၂၅ ယောက်တိုးလိုက်တဲ့အတွက် စုစုပေါင်း ၅၀,၃၃၃ ဖြစ်သွားပါတယ်။
COVID-19 ကြောင့် အိမ်တွေမှာ သေဆုံးခဲ့ကြပေမဲ့ တရားဝင်စာရင်းထဲ မဝင်တာမျိုး တချို့ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်ခဲ့တာကြောင့် အရင်စုစည်းတဲ့ စာရင်းတွေထဲ မပါခဲ့တာမျိုးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ တရုတ်နိုင်ငံက သေဆုံးသူ အရေအတွက်တွေဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်းနေတယ်လို့ဆိုပြီး နိုင်ငံခြားက ကျန်းမာရေးတာဝန်ရှိသူတွေက တရုတ်ရဲ့ စာရင်းတွေကို သံသယရှိခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ပြုစုနေတဲ့ COVID-19 ရောဂါဆိုင်ရာ နိုင်ငံတကာစာရင်းအရ ကမ္ဘာတဝန်း COVID ရောဂါဖြစ်ပွားနေသူ ၂,၀၀၀,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၁၅၀,၀၀၀ နီးပါးရှိပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက စုစုပေါင်းကူးစက်သူ ၈၀,၀၀၀ ကျော် သေဆုံးသူ ၄,၆၀၀ ကျော်လို့ ဖော်ပြထားပါတယ်။