သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကုဖို့ မြန်မာအပါအဝင် ယူနန်နယ်စပ်ဒေသတလျှောက် ဆေးရုံ ၂၅ ခု တရုတ်ဆောက်မည်


(Zawgyi/Unicode)

မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့နဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံပိုင် Global Times သတင်းစာကဆိုပါတယ်။ တရုတ်နိုင်ငံ ပြင်ပကနေပြန်လာသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများနေတာကို တုံ့ပြန်ဖို့ တရုတ်အရှေ့မြောက်ပိုင်းက တာဝန်ရှိသူတွေ ယူနန် ပြည်နယ်ကို သွားရောက် ကူညီနေတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံထဲမှာ ဗုဒ္ဓဟူးနေ့က ရောဂါ ကူးစက်သူ အသစ် ၄၆ ယောက်တွေ့ရှိပြီး ပြည်ပ က ပြန်လာသူ ၃၆ ယောက် ပါဝင်တယ်လို့ Global Times သတင်းမှာ ဖော်ပြထားပါတယ်။

ယူနန် ပြည်နယ် အစိုးရက နယ်စပ်က မြို့နယ် ၂၅ ခုမှာ ဆေးရုံတွေ ဆောက်ဖို့အပြင် ရောဂါ ရှာဖွေ စမ်းသပ်တဲ့ နေရာတွေနဲ့ စောင့်ကြည့်လူနာ သီးခြား ခွဲထားနေရာတွေကိုပါ ထားရှိဖို့ စီစဉ်နေပါတယ်။ ရောဂါ တားဆီးထိန်းချုပ်ရေး ဌာန ၂၅ ခုကို လည်း မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနယ်စပ်က မြို့နယ် ၂၀ မှာ ဒီလမကုန်ခင် အပြီးဆောက်မှာ ဖြစ်ပါတယ်။

ယူနန်ပြည်နယ်မှာ အခုရက်ပိုင်း ပြည်ပက ရောဂါ ကူးစက်လာသူ ဦးရေ မြင့်တက်လာတာမရှိဘဲ ၁၀ ဦးမှာသာ ရောဂါ ကူးစက်နေတာကို တွေ့ရှိတာကြောင့် အခုလို လုပ်ဆောင်တာဟာ ကြိုတင် ပြင်ဆင်တဲ့ သဘောလို့ဆိုပါတယ်။ မြန်မာ၊ ဗီယက်နမ်နဲ့ လာအို နိုင်ငံတွေမှာလည်း လက်ရှိ ရောဂါ ကူးစက်မှုနှုန်း မြင့်မားတာမျိုး မရှိသေးပါဘူး။ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့ညပိုင်း နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID -19 ကူးစက်ခံရသူ ၇၄ ဦး ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့က ထုတ်ပြန် ချက်အရ ဗီယက်နမ်မှာ ၂၆၅ ဦးနဲ့ လာအိုမှာ ၁၉ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

...................


(Unicode)




XS
SM
MD
LG