သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 က ျမန္မာမွာ က်န္းမာေရးက႑ လုိအပ္ခ်က္ရွိေနတာကုိ မီးေမာင္းထုိးျပေန


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါဆိုင္ရာအၾကပ္အတည္းအေျခအေနေၾကာင့္ က်န္းမာေရးနဲ႔ပတ္သက္တဲ့ ႏိုင္ငံေတာ္အဆင့္ မူဝါဒေတြ၊ ကြၽမ္းက်င္ က်န္းမာေရးဝန္ထမ္း အရင္းအျမစ္ေတြ၊ ေဆးဘက္ဆိုင္ရာ အေထာက္အပံ့ေတြမွာ လိုအပ္ခ်က္ ႀကီးႀကီးမားမားရွိေနတာဆိုတာ ေပၚလြင္ခဲ့တယ္ဆိုတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပမွာပါ။

NLD အစိုးရလက္ထက္မွာ ပညာေရး၊ က်န္းမာေရးအသုံးစရိတ္ကို ရာခိုင္ႏႈန္းနည္းနည္း ထပ္ထိုး သုံးစြဲထားေပမဲ့ က်န္းမာေရးလိုအပ္ခ်က္ကမ်ား လာလို႔ ဘ႑ာေရးေကာ္မရွင္က ထပ္တိုးသုံးစြဲဖို႔ အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္ျပန္စတာနဲ႔ COVID-19 အေရးေပၚ အသုံးစရိတ္ အတြက္ပါ ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္းက VOA ကို ေျပာပါတယ္။

“ အက်ပ္အတည္းေတာ့ အက်ပ္အတည္းပါပဲ။ သို႔ေသာ္လည္းပဲ တတ္ႏိုင္သေလာက္ေတာ့ တိုးသုံးဖို႔ရာ သူတို႔ (အစိုးရ) အစီအစဥ္ရွိပါတယ္။ အခုဆိုရင္ ထပ္တိုးအသုံးစရိတ္ကို ဘ႑ာေရးေကာ္မရွင္က အတည္ျပဳထားၿပီးၿပီ၊ အဲဒါကို လႊတ္ေတာ္ကေန ျပန္ၿပီး အတည္ျပဳ ေပးရမယ္ေပါ့။ အဲဒီေတာ့ လႊတ္ေတာ္အစည္းအေဝး ျပန္လုပ္တဲ့အခါမွာ အဲဒီကိစၥေတြဟာ လိုအပ္တာေတြက အမ်ားႀကီးရွိမယ္ဆိုေတာ့ COVID အတြက္ကို ထပ္ၿပီးေတာ့ အေရးေပၚရံပုံေငြသေဘာမ်ိဳး ထပ္ၿပီး တိုးေပးခ်င္လည္း ေပးရမယ့္ အေနအထားမ်ိဳးရွိပါတယ္။”

ျပည္နယ္ေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္က ၿမိဳ႕ႀကီးေတြထက္စာရင္ ပိုအားနည္းပါတယ္။ ဒီလိုအေျခအေနမ်ိဳး ဆယ္စုႏွစ္မ်ားစြာၾကာခဲ့ၿပီးမွ၊ အခုလို COVID-19 ေရာဂါျဖစ္လာမွ ေပၚလြင္လာတယ္လို႔ က်န္းမာေရးဝန္ထမ္းေတြက ေျပာပါတယ္။

“ ဒီဟာက Wuhan virus infection က က်ေနာ္တို႔ကို alert လုပ္လိုက္တာ၊ က်ေနာ္တို႔ကို တန႔္လွန႔္လိုက္တာပဲေပါ့ေနာ္။ က်ေနာ္တို႔ တိုင္းျပည္မွာ လူသားလုံၿခဳံေရးအတြက္ အဓိက ျပင္ဆင္ရေတာ့မယ့္အခ်က္ ဆိုတဲ့ဟာ ဒါက က်ေနာ္တို႔အတြက္ အက်ိဳးအျမတ္လို႔ ေျပာလို႔ရတယ္။ လူသားလုံၿခဳံေရးကို ႏိုင္ငံေတာ္အစိုးရ ဘက္ဂ်က္ကေန ျပည္ေထာင္စုရန္ပုံေငြကေန ဘယ္ေလာက္သုံးမလဲ ဆိုတဲ့ဟာ budget sharing ေပါ့၊ က်ေနာ္တို႔က ဂ႐ုစိုက္ရေတာ့မယ္။ တက္လာတဲ့ အႏိုင္ရ အစိုးရတိုင္း ဒီဟာကို ေသေသခ်ာခ်ာ အာ႐ုံစိုက္သင့္တယ္။”

ကခ်င္ျပည္နယ္က ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာ အမ္ေကာန္လ ေျပာသြားတာပါ။ လိုအပ္ခ်က္ေတြရွိေနေပမဲ့ အစိုးရရဲ႕ အမ်ိဳးသားက်န္းမာေရးစီမံကိန္းေတြ တိုးၿပီးလုပ္သြားႏိုင္မယ္လို႔ ရွမ္းအေရွ႕ပိုင္း ျပည္သူ႔က်န္းမာေရးဦးစီး႒ာနမႉး ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

“ က်ေနာ္တို႔ ျပည္မနဲ႔ ယွဥ္မယ္ဆိုရင္ က်ေနာ္တို႔ဘက္က က်န္းမာေရးဝန္ထမ္းလိုအပ္မႈ နဂိုကတည္းက ရွိပါတယ္ဗ်။ သို႔ေသာ္ COVID မျဖစ္ခင္ကလည္း ႏွစ္အလိုက္ က်ေနာ္တို႔က အေျခခံ အေဆာက္အအုံပိုင္းဆိုင္ရာေရာ၊ က်န္းမာေရးဝန္ထမ္းအင္အား ေမြးထုတ္ေပးမႈေရာ လူတိုင္းလက္လွမ္းမီတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ universal health coverage ကိုေရာက္ေအာင္ သြားေနတာ ျဖစ္တဲ့အတြက္ ႏိုင္ငံရဲ႕ တိုးတက္ဖြံ႕ၿဖိဳးမႈအေျခအေန၊ ခြင့္ျပဳအင္အား ဘ႑ာေငြ ခ်ထားႏိုင္မႈအေျခအေနမွာ မူတည္ၿပီးေတာ့ နဂိုရွိၿပီးသား စီမံကိန္းေတြအေပၚမွာ အေျခခံၿပီး တိုးျမႇင့္ေဆာင္႐ြက္သြားမယ္လို႔ က်ေနာ္ျမင္ပါတယ္ခင္ဗ်။”

၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္ ျပည္ေထာင္စု စုစုေပါင္း အသုံးစရိတ္မွာ ပါဝင္တဲ့ ရာခိုင္ႏႈန္းက စီမံကိန္းနဲ႔ဘ႑ာေရးက ၂၃.၀၈ နဲ႔ အမ်ားဆုံးျဖစ္ၿပီး ကာကြယ္ေရးက ၁၃.၁၉ ရွိပါတယ္။ က်န္းမာေရးနဲ႔ အာကစားမွာေတာ့ ၄.၅၈ ရာခိုင္ႏႈန္းသုံးစြဲထားတာကို ေတြ႕ရပါတယ္။ အစိုးရဲ႕ ေငြစာရင္းအခ်က္အလက္အရဆိုရင္ ကာကြယ္ေရး အသုံးစရိတ္က ဝင္ေငြရဲ႕၂၀% အထိ တခ်ိန္က ရွိခဲ့ဖူးတာပါ။

ၿငိမ္းခ်မ္းေရးေၾကာင့္ ျပည္တြင္း တိုက္ပြဲေတြဆင္ႏြဲေနရတယ္ဆိုတဲ့ တပ္မေတာ္ရဲ႕ ဘက္ဂ်က္ ေတာင္းဆိုမႈေတြ အေပၚမွာလည္း အစိုးရက ျပန္သုံးသပ္ဖို႔ အႀကံျပဳတာလည္းရွိပါတယ္။

“ က်ေနာ္တို႔ရဲ႕ လူသားလုံၿခဳံေရးက တပ္မေတာ္ရဲ႕ လူသားလုံၿခဳံေရးနဲ႔ အတူတူပဲဗ်၊ အဲဒီဟာကို သေဘာေပါက္ဖို႔လိုမယ္၊ အဲဒီေတာ့ တပ္မေတာ္ရဲ႕ဘက္ဂ်က္ေတြ၊ ဘက္ဂ်က္ေတာင္းဆိုမႈေတြ၊ ျပည္ေထာင္စု ရန္ပုံေငြအေပၚမွာဒီအေပၚမွာ ထည့္ဝင္စဥ္းစားသင့္ၿပီလို႔ အႀကံျပဳတိုက္တြန္းလိုတယ္ တပ္မေတာ္ကိုလည္း။”

ေဒါက္တာ အမ္ေကာန္လ ေျပာသြားတာပါ။ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္း ကေတာ့ အစိုးရအေနနဲ႔ အသုံးစရိတ္ေတြ ပိုသုံးရမွာျဖစ္လို႔ ဝင္ေငြရမယ့္အပိုင္းကိုလည္း အားစိုက္လုပ္ဖို႔ အႀကံေပးပါတယ္၊ ကာကြယ္ေရးအသုံးစရိတ္ အေပၚလည္း သူက အခုလိုေဝဖန္ထားပါတယ္။

“ တိုင္းျပည္ မၿငိမ္းခ်မ္းတာလည္း ပါတာေပါ့၊ အာဏာပိုင္ ပုဂၢိဳလ္ေတြကလည္း တပ္မေတာ္က ပုဂၢိဳလ္ေတြ ျဖစ္တာလည္းပဲ တေၾကာင္း ပါတာေပါ့။ လႊတ္ေတာ္အေနနဲ႔ကလည္း ကာကြယ္ေရး ဘက္ဂ်က္ဆိုရင္ ဘာမွ စစ္ေဆးခြင့္ မရွိဘူးေပါ့ေနာ္ ဒီအတိုင္းခြင့္ျပဳခဲ့ရတဲ့ သေဘာမ်ိဳးရွိတယ္၊ အဲဒါေၾကာင့္ မ်ားေနတယ္။”

အခုလို အေရးႀကီးတဲ့အခ်ိန္မွာ ခြင့္ျပဳထားတဲ့ ထပ္တိုး က်န္းမာေရး အသုံးစရိတ္ထက္ ပိုၿပီးလိုႏိုင္လို႔ အေရးေပၚထုတ္သုံးေငြေၾကးအေနနဲ႔ ႏိုင္ငံေတာ္ သမၼတက ခြင့္ျပဳေပးဖို႔လည္း စီးပြားေရး ပညာရွင္တခ်ိဳ႕က အႀကံျပဳပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

COVID-19 က မြန်မာမှာ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်ရှိနေတာကို မီးမောင်းထိုးပြနေ

(Unicode)

COVID-19 ကပ်ရောဂါဆိုင်ရာအကြပ်အတည်းအခြေအနေကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ နိုင်ငံတော်အဆင့် မူဝါဒတွေ၊ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်း အရင်းအမြစ်တွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေမှာ လိုအပ်ချက် ကြီးကြီးမားမားရှိနေတာဆိုတာ ပေါ်လွင်ခဲ့တယ်ဆိုတဲ့အကြောင်း ကိုဇော်ထက် ပြောပြမှာပါ။

NLD အစိုးရလက်ထက်မှာ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်ကို ရာခိုင်နှုန်းနည်းနည်း ထပ်ထိုး သုံးစွဲထားပေမဲ့ ကျန်းမာရေးလိုအပ်ချက်ကများ လာလို့ ဘဏ္ဍာရေးကော်မရှင်က ထပ်တိုးသုံးစွဲဖို့ အတည်ပြုထားပါတယ်။ ဒါကြောင့် လွှတ်တော်ပြန်စတာနဲ့ COVID-19 အရေးပေါ် အသုံးစရိတ် အတွက်ပါ ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက VOA ကို ပြောပါတယ်။

“ အကျပ်အတည်းတော့ အကျပ်အတည်းပါပဲ။ သို့သော်လည်းပဲ တတ်နိုင်သလောက်တော့ တိုးသုံးဖို့ရာ သူတို့ (အစိုးရ) အစီအစဉ်ရှိပါတယ်။ အခုဆိုရင် ထပ်တိုးအသုံးစရိတ်ကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုထားပြီးပြီ၊ အဲဒါကို လွှတ်တော်ကနေ ပြန်ပြီး အတည်ပြု ပေးရမယ်ပေါ့။ အဲဒီတော့ လွှတ်တော်အစည်းအဝေး ပြန်လုပ်တဲ့အခါမှာ အဲဒီကိစ္စတွေဟာ လိုအပ်တာတွေက အများကြီးရှိမယ်ဆိုတော့ COVID အတွက်ကို ထပ်ပြီးတော့ အရေးပေါ်ရံပုံငွေသဘောမျိုး ထပ်ပြီး တိုးပေးချင်လည်း ပေးရမယ့် အနေအထားမျိုးရှိပါတယ်။”

ပြည်နယ်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က မြို့ကြီးတွေထက်စာရင် ပိုအားနည်းပါတယ်။ ဒီလိုအခြေအနေမျိုး ဆယ်စုနှစ်များစွာကြာခဲ့ပြီးမှ၊ အခုလို COVID-19 ရောဂါဖြစ်လာမှ ပေါ်လွင်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

“ ဒီဟာက Wuhan virus infection က ကျနော်တို့ကို alert လုပ်လိုက်တာ၊ ကျနော်တို့ကို တန့်လှန့်လိုက်တာပဲပေါ့နော်။ ကျနော်တို့ တိုင်းပြည်မှာ လူသားလုံခြုံရေးအတွက် အဓိက ပြင်ဆင်ရတော့မယ့်အချက် ဆိုတဲ့ဟာ ဒါက ကျနော်တို့အတွက် အကျိုးအမြတ်လို့ ပြောလို့ရတယ်။ လူသားလုံခြုံရေးကို နိုင်ငံတော်အစိုးရ ဘက်ဂျက်ကနေ ပြည်ထောင်စုရန်ပုံငွေကနေ ဘယ်လောက်သုံးမလဲ ဆိုတဲ့ဟာ budget sharing ပေါ့၊ ကျနော်တို့က ဂရုစိုက်ရတော့မယ်။ တက်လာတဲ့ အနိုင်ရ အစိုးရတိုင်း ဒီဟာကို သေသေချာချာ အာရုံစိုက်သင့်တယ်။”

ကချင်ပြည်နယ်က ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ အမ်ကောန်လ ပြောသွားတာပါ။ လိုအပ်ချက်တွေရှိနေပေမဲ့ အစိုးရရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်းတွေ တိုးပြီးလုပ်သွားနိုင်မယ်လို့ ရှမ်းအရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

“ ကျနော်တို့ ပြည်မနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့ဘက်က ကျန်းမာရေးဝန်ထမ်းလိုအပ်မှု နဂိုကတည်းက ရှိပါတယ်ဗျ။ သို့သော် COVID မဖြစ်ခင်ကလည်း နှစ်အလိုက် ကျနော်တို့က အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာရော၊ ကျန်းမာရေးဝန်ထမ်းအင်အား မွေးထုတ်ပေးမှုရော လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု universal health coverage ကိုရောက်အောင် သွားနေတာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုအခြေအနေ၊ ခွင့်ပြုအင်အား ဘဏ္ဍာငွေ ချထားနိုင်မှုအခြေအနေမှာ မူတည်ပြီးတော့ နဂိုရှိပြီးသား စီမံကိန်းတွေအပေါ်မှာ အခြေခံပြီး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု စုစုပေါင်း အသုံးစရိတ်မှာ ပါဝင်တဲ့ ရာခိုင်နှုန်းက စီမံကိန်းနဲ့ဘဏ္ဍာရေးက ၂၃.၀၈ နဲ့ အများဆုံးဖြစ်ပြီး ကာကွယ်ရေးက ၁၃.၁၉ ရှိပါတယ်။ ကျန်းမာရေးနဲ့ အာကစားမှာတော့ ၄.၅၈ ရာခိုင်နှုန်းသုံးစွဲထားတာကို တွေ့ရပါတယ်။ အစိုးရဲ့ ငွေစာရင်းအချက်အလက်အရဆိုရင် ကာကွယ်ရေး အသုံးစရိတ်က ဝင်ငွေရဲ့၂၀% အထိ တချိန်က ရှိခဲ့ဖူးတာပါ။

ငြိမ်းချမ်းရေးကြောင့် ပြည်တွင်း တိုက်ပွဲတွေဆင်နွဲနေရတယ်ဆိုတဲ့ တပ်မတော်ရဲ့ ဘက်ဂျက် တောင်းဆိုမှုတွေ အပေါ်မှာလည်း အစိုးရက ပြန်သုံးသပ်ဖို့ အကြံပြုတာလည်းရှိပါတယ်။

“ ကျနော်တို့ရဲ့ လူသားလုံခြုံရေးက တပ်မတော်ရဲ့ လူသားလုံခြုံရေးနဲ့ အတူတူပဲဗျ၊ အဲဒီဟာကို သဘောပေါက်ဖို့လိုမယ်၊ အဲဒီတော့ တပ်မတော်ရဲ့ဘက်ဂျက်တွေ၊ ဘက်ဂျက်တောင်းဆိုမှုတွေ၊ ပြည်ထောင်စု ရန်ပုံငွေအပေါ်မှာဒီအပေါ်မှာ ထည့်ဝင်စဉ်းစားသင့်ပြီလို့ အကြံပြုတိုက်တွန်းလိုတယ် တပ်မတော်ကိုလည်း။”

ဒေါက်တာ အမ်ကောန်လ ပြောသွားတာပါ။ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း ကတော့ အစိုးရအနေနဲ့ အသုံးစရိတ်တွေ ပိုသုံးရမှာဖြစ်လို့ ဝင်ငွေရမယ့်အပိုင်းကိုလည်း အားစိုက်လုပ်ဖို့ အကြံပေးပါတယ်၊ ကာကွယ်ရေးအသုံးစရိတ် အပေါ်လည်း သူက အခုလိုဝေဖန်ထားပါတယ်။

“ တိုင်းပြည် မငြိမ်းချမ်းတာလည်း ပါတာပေါ့၊ အာဏာပိုင် ပုဂ္ဂိုလ်တွေကလည်း တပ်မတော်က ပုဂ္ဂိုလ်တွေ ဖြစ်တာလည်းပဲ တကြောင်း ပါတာပေါ့။ လွှတ်တော်အနေနဲ့ကလည်း ကာကွယ်ရေး ဘက်ဂျက်ဆိုရင် ဘာမှ စစ်ဆေးခွင့် မရှိဘူးပေါ့နော် ဒီအတိုင်းခွင့်ပြုခဲ့ရတဲ့ သဘောမျိုးရှိတယ်၊ အဲဒါကြောင့် များနေတယ်။”

အခုလို အရေးကြီးတဲ့အချိန်မှာ ခွင့်ပြုထားတဲ့ ထပ်တိုး ကျန်းမာရေး အသုံးစရိတ်ထက် ပိုပြီးလိုနိုင်လို့ အရေးပေါ်ထုတ်သုံးငွေကြေးအနေနဲ့ နိုင်ငံတော် သမ္မတက ခွင့်ပြုပေးဖို့လည်း စီးပွားရေး ပညာရှင်တချို့က အကြံပြုပါတယ်။

XS
SM
MD
LG