(Zawgyi/Unicode)
ျမန္မာႏို္င္ငံမွာ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဗဟို ေကာ္မတီက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္း၊ ၫႊန္ၾကားခ်က္ေတြကို ေမလ ၁၅ ရက္ေန႔ အထိ တိုးျမႇင့္ သတ္မွတ္ဖို႔ဆုံးျဖတ္ခဲ့တယ္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ Fcebook စာမ်က္ႏွာမွာ ဒီကေန႔ ေဖာ္ျပပါတယ္။
ပထမ ဧၿပီ ၃၀ ရက္ေန႔ထိ ေစာင့္ဖို႔ ပန္ၾကားထားလို႔ နယ္စပ္မွာ ျပန္လာဖို႔ ေစာင့္ေနၾကတဲ့ အလုပ္သမား အမ်ားအျပား႐ွိေနတယ္ဆိုတာကိုလည္း အသိအမွတ္ျပဳေျပာထားပါတယ္။ သူတုိ႔ ကိုယ့္ရပ္၊ ကိုယ့္႐ြာကို ေအးေဆး လုံၿခဳံစြာျပန္ႏိုင္ဖို႔ က်န္းမာေရးအစီအစဥ္ေတြ၊ quarantine အစီအစဥ္ေတြ၊ ပို႔ေဆာင္ေရး အစီအစဥ္ေတြလည္း ခ်မွတ္ေနပါၿပီလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
ဘယ္ႏိုင္ငံမွာမွ ဒီေန႔အထိ COVID-19 ေရာဂါ ျပႆနာကို ေအာင္ႏိုင္ၿပီလို႔ မေျပာႏိုင္ေသးသလို တခ်ဳိ႕ႏိုင္ငံေတြမွာဆို ဒုတိယလႈိင္းေတာင္ ထလာေနၿပီလို႔ ဆိုေနၾကတ့ဲအေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ COVID ပထမလႈိင္းႀကီး မၿပီးျပတ္ေသးဘူး။ လႈိင္းထိပ္က ဘယ္ေလာက္ထိ ျမင့္ႏိုင္မယ္ဆိုတာ မသိႏိုင္ေသးသလို၊ ဘယ္ေတာ့ ျပန္က်မယ္ဆိုတာလည္း မသိႏိုင္ေသးတဲ့အတြက္ အေကာင္းဆုံးကို ေမွ်ာ္လင့္ၿပီး အဆိုးဆုံးအတြက္ ျပင္ထားရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 တားဆီးရေး ကန့်သတ်ချက်တွေ မေလ ၁၅ ရက်ထိ သက်တမ်းတိုး
မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Fcebook စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။
ပထမ ဧပြီ ၃၀ ရက်နေ့ထိ စောင့်ဖို့ ပန်ကြားထားလို့ နယ်စပ်မှာ ပြန်လာဖို့ စောင့်နေကြတဲ့ အလုပ်သမား အများအပြားရှိနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုပြောထားပါတယ်။ သူတို့ ကိုယ့်ရပ်၊ ကိုယ့်ရွာကို အေးဆေး လုံခြုံစွာပြန်နိုင်ဖို့ ကျန်းမာရေးအစီအစဉ်တွေ၊ quarantine အစီအစဉ်တွေ၊ ပို့ဆောင်ရေး အစီအစဉ်တွေလည်း ချမှတ်နေပါပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဘယ်နိုင်ငံမှာမှ ဒီနေ့အထိ COVID-19 ရောဂါ ပြဿနာကို အောင်နိုင်ပြီလို့ မပြောနိုင်သေးသလို တချို့နိုင်ငံတွေမှာဆို ဒုတိယလှိုင်းတောင် ထလာနေပြီလို့ ဆိုနေကြတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီး မပြီးပြတ်သေးဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ်ဆိုတာလည်း မသိနိုင်သေးတဲ့အတွက် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ထားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။