သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၅ ဦးထပ္တိုးၿပီး ၁၃၂ ေယာက္ရွိၿပီ


ေရႊတိဂံုဘုရား၀န္းထဲတြင္ COVID-19 ကာကြယ္ေဆးျဖန္းေနသည့္ ၀န္ထမ္း ႏွစ္ဦး။ (မတ္ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ဒီကေန႔ညမွာ ၅ ေယာက္ တုိးလာ တာေၾကာင့္ စုစုေပါင္း ေရာဂါပိုးကူးစက္သူ ၁၃၂ ေယာက္ရွိသြားပါၿပီ။

ဧၿပီလ ၂၃ ရက္ေန႔အတြက္ ပထမအသုတ္ဓါတ္ခြဲနမူနာစစ္ေဆးတာမွာ COVID-19 ေရာဂါပိုး႐ွိသူ ေနာက္ထပ္ ၅ ေယာက္ကို ေတြ႔ခဲ့တဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar
သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar

ခုခ်ိန္ထိ COVID-19 ေၾကာင့္ ေသဆံုးသူ ၅ ေယာက္၊ ေရာဂါသက္သာလို႔ ေဆး႐ံုက ဆင္းသြားသူ ၉ ေယာက္႐ွိပါတယ္။

တခ်ိန္ထဲမွာပဲ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ျမန္မာႏိုင္ငံထဲမွာ အသြားအလာ ကန္႔သတ္မႈေတြ လုပ္ထားတဲ့အတြက္ အေမရိကန္ႏိုင္ငံသားေတြ ခရီးသြားမယ္ဆိုရင္ ဘယ္ေနရာေတြမွာ ဘယ္လို သတ္မွတ္ခ်က္ေတြ ႐ွိတယ္ဆိုတာ သိေအာင္လုပ္ၾကဖို႔ ရန္ကုန္ အေမရိကန္သံ႐ံုးက အႀကံျပဳခ်က္ ထုတ္ျပန္ထားပါတယ္။

ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္၊ ေဒသေတာ္ေတာ္မ်ားမ်ားမွာ ေရာက္လာတဲ့ခရီးသည္ေတြကို သီးျခားခဲြေစာင့္ၾကည့္တာ၊ ညမထြက္ရအမိန္႔ ထုတ္ျပန္ထာတာနဲ႔ မလိုအပ္ရင္ အိမ္ျပင္ မထြက္ရ ကန္႔သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏိုင္ငံတြင္း ခရီးသြားလာဖုိ႔ ပိုခက္ခဲလာတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၅ ဦးထပ်တိုးပြီး ၁၃၂ ယောက်ရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ဒီကနေ့ညမှာ ၅ ယောက် တိုးလာ တာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၁၃၂ ယောက်ရှိသွားပါပြီ။

ဧပြီလ ၂၃ ရက်နေ့အတွက် ပထမအသုတ်ဓါတ်ခွဲနမူနာစစ်ဆေးတာမှာ COVID-19 ရောဂါပိုးရှိသူ နောက်ထပ် ၅ ယောက်ကို တွေ့ခဲ့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ခုချိန်ထိ COVID-19 ကြောင့် သေဆုံးသူ ၅ ယောက်၊ ရောဂါသက်သာလို့ ဆေးရုံက ဆင်းသွားသူ ၉ ယောက်ရှိပါတယ်။

တချိန်ထဲမှာပဲ ကပ်ရောဂါထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံထဲမှာ အသွားအလာ ကန့်သတ်မှုတွေ လုပ်ထားတဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ခရီးသွားမယ်ဆိုရင် ဘယ်နေရာတွေမှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိတယ်ဆိုတာ သိအောင်လုပ်ကြဖို့ ရန်ကုန် အမေရိကန်သံရုံးက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။

မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ ဒေသတော်တော်များများမှာ ရောက်လာတဲ့ခရီးသည်တွေကို သီးခြားခွဲစောင့်ကြည့်တာ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထာတာနဲ့ မလိုအပ်ရင် အိမ်ပြင် မထွက်ရ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံတွင်း ခရီးသွားလာဖို့ ပိုခက်ခဲလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG