သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အကြောင်း လူထုပိုသိလာအောင် ဘာသာရေးခေါင်းဆောင်တွေပါ ပူပေါင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း 


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူထုပိုသိလာအောင် ပြောကြားကြဖို့နဲ့ ဒီကပ်ရောဂါဒဏ်ကနေ ပြန်နလံထူလာစေရေးမှာ ဦးဆောင်လှုပ်ရှားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဘာသာရေးခေါင်းဆောင်တွေကို အင်္ဂါနေ့မှာ ပန်ကြားလိုက်ပါတယ်။

“HIV/AIDS နဲ့ အီဘိုလာလို လူထု ကျန်းမာရေး ဆိုင်ရာပြဿနာတွေနဲ့ အရင် ကြုံခဲ့ရချိန်မှာ လူတွေရဲ့ စံတန်ဖိုးတွေ၊ သဘောထားတွေ၊ အပြုအမူတွေနဲ့ လုပ်ရပ်တွေ အပေါ် ဘာသာရေး ခေါင်းဆောင်တွေက လွှမ်းမိုးနိုင်တယ် ဆိုတာကို သိခဲ့ကြတာကြောင့် အခု အချိန်မျိုးမှာလည်း အားလုံး မတူညီတာတွေကို ဘေးဖယ်ထားပြီး အတူတကွ လက်တွဲ လုပ်ဆောင်လာအောင် ကြိုးပမ်းပေးဖို့ ပန်ကြားခဲ့တာပါ။”

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်ရောဂါပိုး အကူးစက်ခံရသူက အင်္ဂါနေ့မှာ (၄,၂၂၂ ,၉ ၆၈) ၄ သန်း ၂ သိန်းကျော်ရှိနေပြီး သေဆုံးရသူက (၂၈၉,၃၄၉ ) ၃ သိန်းနီးပါး ရှိနေပြီလို့ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့ကတော့ ဒီကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာတလွှား အပစ်အခတ် ရပ်စဲကြဖို့ ကုလအတွင်းရေးမှူးချုပ်က ပန်ကြားခဲ့တာ ဖြစ်ပြီး ဒီပန်ကြားချက်ကို ဘာသာရေးခေါင်းဆောင်တွေ ကူညီပံ့ပိုးခဲ့တာ အတွက် ကျေးဇူးတင်ပေမယ့် အခုထိ နေရာ အတော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲ လို့လည်း အတွင်းရေးမှူးချုုပ်က ပြောပါတယ်။

ဒီရောဂါပိုးကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာကြီး ပိုနေချင်စရာ ဖြစ်လာအောင် လူမှုအသိုင်းဝိုင်းတွေအားလုံး လက်တွဲလုပ်ဆောင်ဖို့လိုအပ်ကြောင်းနဲ့ အမုန်းစကားတွေ မပွားစေဖို့၊ အကြမ်းမဖက်ဖို့ အပြင် လူမျိုးရေး ဘာသာရေး အစွဲတွေပယ်ပြီး ခွဲခြားဆက်ဆံမှု မျိုးစုံ မရှိစေရေး လုပ်ဆောင် ပေးဖို့လည်း ဘာသာရေး ခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ်က ပန်ကြားလိုက်ပါတယ်။

ခရစ်ယာန်၊ အစ္စလာမ်နဲ့ Judaism ဘာသာဝင်တွေကလည်း အခုလို ကမ္ဘာကြီး တခုလုံး ဒုက္ခခံစားနေရချိန် မရေမရာ ဖြစ်နေချိန် မျိုးမှာ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ အသီးသီးပန်ကြား ခဲ့ကြပါတယ်။

................


(Unicode)







XS
SM
MD
LG