သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ဒဏ်ကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ထပ်တိုးမယ့် အလားအလာရှိ


အမေရိကန်ပြည်ထောင်စု Arkansas ပြည်နယ်တွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားရန် တန်းစီနေသူများ။ (ဧပြီ ၆၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု Arkansas ပြည်နယ်တွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားရန် တန်းစီနေသူများ။ (ဧပြီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် နာလန်မထူနိုင်ခင် ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မယ့် ရာခိုင်နှုန်းဟာ ၂၅ ရာခိုင်နှုန်းထိ ရောက်နိုင်ကြောင်း သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိကြီးတဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

လက်ရှိ တရားဝင် ကိန်းဂဏန်းတွေအရ အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေဟာ ၁၄.၇ ရာခိုင်နှုန်းထိ ရှိခဲ့ပါပြီ။

၂၀၂၀ ပြည့်အတွက် ကျန်တဲ့နှစ်ဝက်နဲ့ ၂၀၂၁ ခုနှစ် အကူးအပြောင်းကာလ အမေရိကန်မှာ စီးပွားရေးတွေ ပြန်ပြီး တိုးတက်လာမယ့်ကာလ မတိုင်ခင် ရှိလာမယ့် အလုပ်လက်မဲ့ဦးရေဟာ ပိုမိုဆိုးရွားနိုင်ခြေရှိပြီး ၂၅ ရာခိုင်နှုန်းလောက်ထိ ဖြစ်နိုင်ဖို့ရှိကြောင်း Fox News သတင်းဌာန တနင်္ဂနွေ အစီအစဉ်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ပြောခဲ့ပါတယ်။

အလားတူ အိမ်ဖြူတော် စီးပွားရေးအကြံပေးပုဂ္ဂိုလ် Kevin Hassett က CBS သတင်းဌာနနဲ့ မေးမြန်းခန်းမှာလည်း အလုပ်လက်မဲ့ ရာခိုင်နှုန်း ၂၀ အထက်မှာ ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ပြောပါတယ်။ သန်းနဲ့ချီ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ ခံစားခွင့်ကို မေနဲ့ ဇွန်လအတွင်း ပိုမို လျှောက်ထားဖို့ ရှိနေပါတယ်။

သောကြာနေ့က တရားဝင် ကြေညာခဲ့တဲ့ အလုပ်လက်မဲ့ဦးရေ ၁၄.၇ ရာခိုင်နှုန်းဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၃၀ ပြည့်နှစ်တဝိုက် ရင်ဆိုင်ခဲ့ရတဲ့ စီးပွားပျက်ကပ် အခြေအနေပြီးရင် အဆိုးရွားဆုံး ဖြစ်ပါတယ်။

COVID ဒဏ်ကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ထပ်တိုးမယ့် အလားအလာရှိ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)







XS
SM
MD
LG