သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ေၾကာင့္ ကန္ မွာ အလုပ္လက္မဲ့ဦးေရ စံခ်ိန္တင္ မ်ားျပားလာ


အလုပ္လက္မယ့္ခံစားခြင့္ေလွ်ာက္ထားရန္ တန္းစီေနတဲ့ အေမရိကန္ျပည္သူမ်ား

Zawgyi/Unicode

ကမာၻ႔စီးပြါးေရး မႀကံဳစဖူး က်ဆင္းေနတာ ၂ လေလာက္ ရွိလာခ်ိန္မွာေတာ့ အေမရိကန္ႏိုင္ငံရဲ့ အလုပ္လက္မဲ့ဦးေရဟာ ၁၄.၇ % အထိထိုးတက္သြားတဲ့ အတြက္ ဒါဟာ ဥေရာပနဲ႔ တျခားဖြံ႔ၿဖိဳးတဲ့ ဂ်ပန္၊ ၿဗိတိန္တုိ႔လုိ ႏို္င္ငံေတြထက္ အမ်ား ႀကီး ပိုမ်ားသြားတာ ျဖစ္ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါ ျပန္႔ႏွံ႔မႈ မျဖစ္ခင္က ဖြ႔ံၿဖိဳးတဲ့ ႏုိင္ငံေတြၾကား ႏွစ္ေပါင္းမ်ားစြာ ေစ်းကြက္အခိုင္မာဆံုး တႏိုင္ငံျဖစ္ခဲ့တဲ့ အေမရိကန္ဟာ အခု ဒီကပ္ေရာဂါဒဏ္ေၾကာင့္ လံုးဝေျပာင္းလဲသြားတာပါ။

မၾကာေသးခင္ လေတြတုန္းကပဲ အေမရိကန္ရဲ့ အလုပ္လက္မဲ့ႏႈန္းဟာ ၃.၅ % နဲ႔ႏွစ္ေပါင္း၅၀ အတြင္း အလုပ္လက္မဲ့ အနည္းဆံုး ျဖစ္ခဲ့သလို ပွ်မ္းမ ွ် အလုပ္လက္မဲ့ႏႈန္း ၆.၂% ရွိတဲ့ ဥေရာပသမဂၢ ႏုိင္ငံေတြနဲ႔ စာရင္ အမ်ားႀကီး သာေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ အလုပ္လက္မဲ့ ခံစားခြင့္ ေလ ွ်ာက္ထားသူက ၃.၂ သန္းရွိတယ္လို႔အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္တာေၾကာင့္ အခုဆို ေလ ွ်ာက္ထားသူေပါင္း ၃၃ သန္းခြဲ ရွိလာၿပီ ျဖစ္ပါတယ္။ ဒီကပ္ေရာဂါျဖစ္ပြါးတဲ့ အခါ အေမရိကန္အစိုးရက ပုဂၢလိက စီးပြါးေရးလုပ္ငန္း လုပ္ကိုင္ေနသူေတြ အတြက္ ေငြခ်ထားေပး ခဲ့တာ ျဖစ္ၿပီး လုပ္ငန္းေတြ မလည္ပတ္ႏုိင္ပဲ အလုပ္ေတြ ရပ္ဆိုင္းတဲ့ အခါ အလုပ္သမားေတြ အလုပ္လက္မဲ့ ျဖစ္ကုန္ၾကတာပါ။

ဥေရာပ ႏုိင္ငံေတြမွာေတာ့ ဒီႏွစ္ထဲ အလုပ္လက္မဲ့ႏႈန္း ၉ .၅ % တက္ႏိုင္တယ္လုိ႔ ဥေရာပ ေကာ္မရွင္ရဲ့ ခန္႔မွန္းခ်က္ကို ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ဥေရာပ ႏိုင္ငံ ေတြမွာ ပုဂၢလိက ကုမၸဏီေတြက အလုပ္ခြင္ မလာႏုိင္တဲ့ အလုပ္သမားေတြ အတြက္ လစာ ေထာက္ပံ့ေပးခဲ့တာ ေၾကာင့္ အလုပ္လက္မဲ့ ခံစားခြင့္ ေလ ွ်ာက္ထားသူက အေမရိကန္ လို တဟုန္ထိုး မ်ားမလာတာ ျဖစ္ပါတယ္။

[Unicode]

ကမ္ဘာ့စီးပွါးရေး မကြုံစဖူး ကျဆင်းနေတာ ၂ လလောက် ရှိလာချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေဟာ ၁၄.၇ % အထိထိုးတက်သွားတဲ့ အတွက် ဒါဟာ ဥရောပနဲ့ တခြားဖွံ့ဖြိုးတဲ့ ဂျပန်၊ ဗြိတိန်တို့လို နိုင်ငံတွေထက် အများ ကြီး ပိုများသွားတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်နှံ့မှု မဖြစ်ခင်က ဖွံ့ဖြိုးတဲ့ နိုင်ငံတွေကြား နှစ်ပေါင်းများစွာ ဈေးကွက်အခိုင်မာဆုံး တနိုင်ငံဖြစ်ခဲ့တဲ့ အမေရိကန်ဟာ အခု ဒီကပ်ရောဂါဒဏ်ကြောင့် လုံးဝပြောင်းလဲသွားတာပါ။


မကြာသေးခင် လတွေတုန်းကပဲ အမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၃.၅ % နဲ့နှစ်ပေါင်း၅၀ အတွင်း အလုပ်လက်မဲ့ အနည်းဆုံး ဖြစ်ခဲ့သလို ပျှမ်းမ ျှ အလုပ်လက်မဲ့နှုန်း ၆.၂% ရှိတဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ စာရင် အများကြီး သာနေတာ ဖြစ်ပါတယ်။


ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားသူက ၃.၂ သန်းရှိတယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တာကြောင့် အခုဆို လေ ျှာက်ထားသူပေါင်း ၃၃ သန်းခွဲ ရှိလာပြီ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဖြစ်ပွါးတဲ့ အခါ အမေရိကန်အစိုးရက ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အတွက် ငွေချထားပေး ခဲ့တာ ဖြစ်ပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်ပဲ အလုပ်တွေ ရပ်ဆိုင်းတဲ့ အခါ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတာပါ။


ဥရောပ နိုင်ငံတွေမှာတော့ ဒီနှစ်ထဲ အလုပ်လက်မဲ့နှုန်း ၉ .၅ % တက်နိုင်တယ်လို့ ဥရောပ ကော်မရှင်ရဲ့ ခန့်မှန်းချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဥရောပ နိုင်ငံ တွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေက အလုပ်ခွင် မလာနိုင်တဲ့ အလုပ်သမားတွေ အတွက် လစာ ထောက်ပံ့ပေးခဲ့တာ ကြောင့် အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားသူက အမေရိကန် လို တဟုန်ထိုး များမလာတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG