သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အလုပ်လက်မဲ့လျှောက်ထားသူ ၃၃ သန်းကျော် ရှိနေ


အမေရိကန်တွင်အလုပ်လက်မယ့် လျှောက်ထားရန်တန်းစီနေသူများ
အမေရိကန်တွင်အလုပ်လက်မယ့် လျှောက်ထားရန်တန်းစီနေသူများ

Zawgyi/Unicode

အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လေ ျှာက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ လျော့ကျသွားခဲ့ပေမယ့် အခုအချိန်အထိ နိုင်ငံ့စီးပွါးရေး အခြေနေက ဆက်ပြီး ဆိုးနေဆဲမို့ အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားမယ့် သူ နောက်ထပ် ၃.၂ သန်းလောက် ရှိနေ ပါတယ်။

မတ်လလယ် လောက်ကတည်းက စက်ရုံတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံးတွေ အပါအဝင် လုပ်ငန်းခွင်တွေကို ပိတ်ခဲ့တဲ့နောက် အဲဒီက အလုပ်သမားတွေ အလုပ်လက်မဲ့ခံစားခွင့် လေ ျှာက်ထားခဲ့ကြတဲ့ အတွက် အခုဆို လေ ျှာက်ထားသူပေါင်း ၃၃ သန်းခွဲ ရှိနေပြိလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အလုပ်သမား ၅ ယောက်မှာ တယောက် လောက်က ခံစားခွင့် လေ ျှာက်ခဲ့တာ ဖြစ်ပါတယ်။

အရင်က အခုလို ခံစားခွင့် လေ ျှာက်ထားရင် သူတို့ မူလက ရတဲ့ လစာထက် နည်းနည်း နဲလေ့ရှိပေမယ့် အခု ကပ်ရောဂါ ဖြစ်နေချိန် မှာတော့ အစိုးရက တပတ်ကို ဒေါ်လာ ၆၀၀ နဲ့ ၄ လ ထပ်ဆောင်း ပေးမှာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားမှုဟာ မတ်လကုန်လောက်မှာ အများဆုံး ဖြစ်ပြီး အဲဒီအချိန်က အလုပ်သမား ၇ သန်းနီးပါး လေ ျှာက်ထားခဲ့တာပါ။ နောက်ပိုင်း သီတင်းပတ်တွေမှာ တော့ ခံစားခွင့် လေ ျှာက်ထားသူ ဦးရေ တဖြေးဖြေး လျော့ကျလာ နေပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ စီးပွါးရေး ကပ်ဆိုက်ခဲ့ချိန်တွေနဲ့ ယှဉ်ရင်တော့ အများကြီး ဆိုးနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်နယ် ပေါင်း ၅၀ ထဲက ၄၃ ပြည်နယ်က အုပ်ချုပ်ရေးမှုး တွေက သူတို့ ပြည်နယ်တွင်း စီးပွါးရေး ပြန်တိုးတက်လာစေဖို့ ကန့်သတ်မှုတွေ တဖြေးဖြေး ပြန်ဖြေလေ ျှာ့ ပေးနေပါတယ်။ ဒါပေမယ့် တဦးနဲ့ တဦး ခပ်ခွါခွါနေဖို့ ကန့်သတ်ချက်တွေ တော့ ထုတ်ပြန်ထားကြဆဲပါ။

[Unicode]






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG