သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ ျမန္မာ အထည္ခ်ဳပ္၀န္ထမ္းေတြရဲ႕ က်န္းမာေရး၊ လူမႈဖူလံုေရး ေထာက္ပံ့ေရး သေဘာတူညီခ်က္ရ


ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံတခုမွ အလုပ္သမတဦး။ (ေမ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာ့နာမည္ႀကီး ဖက္ရွင္ အ၀တ္အထည္ ကုမၸဏီေတြျဖစ္တဲ့ H&M, Zara, Inditext နဲ႔ C&A စတဲ့ ကုမၸဏီေတြဟာ COVID-19 ကပ္ေရာဂါေၾကာင့္ နစ္နာထိခိုက္မႈေတြရွိေနတဲ့ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္စက္႐ုံေတြန႔ဲ အလုပ္သမားေတြကို အကာအကြယ္ေပးေရး ကမၻာလံုးဆိုင္ရာ အလုပ္သမားသမဂၢနဲ႔ သေဘာတူညီမႈ ရခဲ့ပါတယ္။

အဲဒီလို သေဘာတူညီခ်က္မွာ ျမန္မာအလုပ္သမားေတြကိုယ္စား ျမန္မာႏုိင္ငံ ကုန္ထုတ္နဲ႔ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႔ခ်ဳပ္ (IWFM) လည္း ပါ၀င္ခဲ့ပါတယ္။

ေမလ ၁၄ ရက္ေန႔က ထုတ္ျပန္တဲ့ IndustriALL Global Union ကမၻာလံုးဆိုင္ရာ အလုပ္သမားသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ အခုလို ကမၻာေက်ာ္ ဖက္ရွင္ အ၀တ္အထည္ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြနဲ႔ သေဘာတူညီခ်က္အရ ျမန္မာအထည္ခ်ဳပ္ အလုပ္သမား အေရအတြက္ ၁၀၀,၀၀၀ ေလာက္ အက်ဳိးခံစားခြင့္ ရရွိမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အခုလုိ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္အလုပ္သမားေတြ အကာအကြယ္ေပးဖို႔ ကမၻာလံုးဆိုင္ရာ အလုပ္သမားသမဂၢ၊ IWFM ျမန္မာအလုပ္သမားမ်ား အဖဲြ႔ခ်ဳပ္တို႔နဲ႔ သေဘာတူညီထားတဲ့ ကမၻာ့ဖက္ရွင္ အ၀တ္အထည္ ကုမၸဏီေတြထဲမွာ Next, Bestseller နဲ႔ Tchibo တို႔လည္း ပါ၀င္ပါတယ္။

အလုပ္သမားသမဂၢေတြ၊ ဖက္ရွင္ အ၀တ္အထည္ ကုမၸဏီေတြနဲ႔ စက္႐ုံပိုင္ရွင္ေတြၾကား သေဘာတူညီခ်က္ေတြအရ ျမန္မာအထည္ခ်ဳပ္စက္႐ုံေတြနဲ႔ ဖိနပ္စက္႐ုံေတြရဲ႕ အလုပ္ခြင္ က်န္းမာေရးနဲ႔ လံုၿခံဳမႈရွိေရး၊ အလုပ္သမားေတြအေပၚ ဆိုးက်ဳိးသက္ေရာက္မႈေတြ ေလွ်ာ့ခ်ႏိုင္ေရး ေစတနာအမွန္နဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္ဆိုတဲ့ အခ်က္လည္း ပါ၀င္ပါတယ္။

ဒီကုမၸဏီေတြအေနနဲ႔ ကုန္ေခ်ာနဲ႔ ကုန္ၾကမ္းပစၥည္းေတြ စတာေတြအတြက္ စက္႐ုံပိုင္ရွင္ေတြကို ကုန္က်စရိတ္ေပးဖို႔၊ ျမန္မာႏိုင္ငံက စက္႐ုံလုပ္ငန္းခြင္ အေျခအေနနဲ႔ အနာဂတ္စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ အျခားကုမၸဏီေတြနဲ႔ ထိထိေရာက္ေရာက္၊ ပြင့္ပြင့္လင္းလင္း ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။

ဒါ့အျပင္ ဧၿပီလကေန ဇူလိုင္လအထိ အထည္ခ်ဳပ္နဲ႔ ဖိနပ္စက္႐ုံ လုပ္ငန္းေတြမွာ လုပ္ခလစာမရတဲ့ အလုပ္သမားေတြအတြက္ ေထာက္ပံ့ေရး သက္ဆိုင္ရာ အဖဲြ႔အစည္းေတြနဲ႔ ညႇိႏိႈင္းေဆာင္ရြက္ဖို႔၊ အထည္ခ်ဳပ္လုပ္ငန္း ေထာက္ပံ့ကူညီေရး ကမၻာလံုးဆိုင္ရာ လႈပ္ရွားမႈွမွာ ပူးေပါင္းပါ၀င္ဖို႔၊ လစာဆုံး႐ႈံးမႈအတြက္ လုိအပ္ေသာ ရန္ပုံေငြကို တြက္ခ်က္တဲ့ ILO သုေတသနလုပ္ငန္းကို ေထာက္ပံ့ေပးဖို႔ စတဲ့အခ်က္ေတြကိုလည္း ကမၻာ့ဖက္ရွင္ အ၀တ္အထည္ ကုမၸဏီေတြဘက္က သေဘာတူညီခဲ့ၾကပါတယ္။

IndustriALL Global Union ဟာ ႏိုင္ငံေပါင္း ၁၄၀ က အလုပ္သမား သန္း ၅၀ ကို ကိုယ္စားျပဳထားတဲ့ ကမၻာလံုးဆိုင္ရာ အလုပ္သမားသမဂၢ ျဖစ္ပါတယ္။ သတၱဳတူးေဖာ္ေရး၊ စြမ္းအင္နဲ႔ စက္႐ုံအလုပ္႐ုံ စတဲ့က႑ေတြက အလုပ္သမားေတြကို ကိုယ္စားျပဳပါတယ္။

ကမၻာတ၀န္းမွာ အလုပ္ခြင္ ပိုမိုေကာင္းမြန္ေရးေတြ၊ အလုပ္သမား အခြင့္အေရးေတြ အျပည့္အ၀ ရရွိေရး ဦးေဆာင္တိုက္ပြဲ၀င္ေနတဲ့ အလုပ္သမားအဖဲြ႔ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

COVID-19 ကာလ မြန်မာ အထည်ချုပ်ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ လူမှုဖူလုံရေး ထောက်ပံ့ရေး သဘောတူညီချက်ရ

ကမ္ဘာ့နာမည်ကြီး ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေဖြစ်တဲ့ H&M, Zara, Inditext နဲ့ C&A စတဲ့ ကုမ္ပဏီတွေဟာ COVID-19 ကပ်ရောဂါကြောင့် နစ်နာထိခိုက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။

အဲဒီလို သဘောတူညီချက်မှာ မြန်မာအလုပ်သမားတွေကိုယ်စားမြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) လည်း ပါဝင်ခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ IndustriALL Global Union ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ အခုလို ကမ္ဘာကျော် ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့ သဘောတူညီချက်အရ မြန်မာအထည်ချုပ် အလုပ်သမား အရေအတွက် ၁၀၀,၀၀၀ လောက်အကျိုးခံစားခွင့် ရရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေ အကာအကွယ်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ IWFMမြန်မာအလုပ်သမားများ အဖွဲ့ချုပ်တို့နဲ့ သဘောတူညီထားတဲ့ ကမ္ဘာ့ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေထဲမှာ Next, Bestseller နဲ့ Tchibo တို့လည်း ပါဝင်ပါတယ်။

အလုပ်သမားသမဂ္ဂတွေ၊ ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေနဲ့ စက်ရုံပိုင်ရှင်တွေကြား သဘောတူညီချက်တွေအရ မြန်မာအထည်ချုပ်စက်ရုံတွေနဲ့ ဖိနပ်စက်ရုံတွေရဲ့ အလုပ်ခွင် ကျန်းမာရေးနဲ့ လုံခြုံမှုရှိရေး၊ အလုပ်သမားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ လျှော့ချနိုင်ရေး စေတနာအမှန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒီကုမ္ပဏီတွေအနေနဲ့ ကုန်ချောနဲ့ ကုန်ကြမ်းပစ္စည်းတွေ စတာတွေအတွက် စက်ရုံပိုင်ရှင်တွေကို ကုန်ကျစရိတ်ပေးဖို့၊ မြန်မာနိုင်ငံက စက်ရုံလုပ်ငန်းခွင် အခြေအနေနဲ့ အနာဂတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ အခြားကုမ္ပဏီတွေနဲ့ ထိထိရောက်ရောက်၊ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် ဧပြီလကနေ ဇူလိုင်လအထိ အထည်ချုပ်နဲ့ ဖိနပ်စက်ရုံ လုပ်ငန်းတွေမှာ လုပ်ခလစာမရတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ အထည်ချုပ်လုပ်ငန်း ထောက်ပံ့ကူညီရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုှမှာ ပူးပေါင်းပါဝင်ဖို့၊ လစာဆုံးရှုံးမှုအတွက် လိုအပ်သော ရန်ပုံငွေကို တွက်ချက်တဲ့ ILO သုတေသနလုပ်ငန်းကို ထောက်ပံ့ပေးဖို့ စတဲ့အချက်တွေကိုလည်း ကမ္ဘာ့ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေဘက်က သဘောတူညီခဲ့ကြပါတယ်။

IndustriALL Global Union ဟာ နိုင်ငံပေါင်း ၁၄၀ က အလုပ်သမား သန်း ၅၀ ကို ကိုယ်စားပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဖြစ်ပါတယ်။ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ စက်ရုံအလုပ်ရုံ စတဲ့ကဏ္ဍတွေက အလုပ်သမားတွေကို ကိုယ်စားပြုပါတယ်။

ကမ္ဘာတဝန်းမှာ အလုပ်ခွင် ပိုမိုကောင်းမွန်ရေးတွေ၊ အလုပ်သမား အခွင့်အရေးတွေ အပြည့်အ၀ ရရှိရေး ဦးဆောင်တိုက်ပွဲဝင်နေတဲ့ အလုပ်သမားအဖွဲ့ ဖြစ်ပါတယ်။

XS
SM
MD
LG