သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ေတြနဲ႔ အေျခခံလူတန္းစားေတြကုိ ျမန္မာအစုိးရ ေငြေၾကးေထာက္ပံ့မည္


ရန္ကုန္ၿမိဳ႕ေနရာတခုတြင္ အိမ္တိုင္ရာေရာက္ က်န္းမာေရး စစ္ေဆးခ်က္မ်ား ျပဳလုပ္ဖို႔ က်န္းမာေရး၀န္ထမ္းမ်ားကို ေစာင့္ေနတဲ့ လူတခ်ိဳ႕ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ COVID ကာလမွာ စားဝတ္ေနေရး အဆင္ေျပေစဖို႔ ဒုတိယအႀကိမ္ေထာက္ပံ့မႈအျဖစ္ ေငြသားေပးဖို႔ အစိုးရက စီစဥ္ေနတယ္ဆိုတဲ့အေၾကာင္းကို ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးပါမယ္။

COVID 19 ကပ္ေရာဂါ အၾကပ္အတည္းကာလမွာ ျပည္သူေတြ စားဝတ္ေနေရးအဆင္ေျပေစဖို႔အတြက္ အစိုးရက ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြနဲ႔ ပဋိပကၡေတြေၾကာင့္ ဒုကၡသည္စခန္းေတြမွာရွိေနၾကတဲ့သူေတြအတြက္ ျမန္မာေငြက်ပ္ ၃၀,၀၀၀ ကေန ၄၀,၀၀၀ ၾကား သတ္မွတ္ၿပီး ေထာက္ပံ့ေပးဖို႔ စီစဥ္ေနပါတယ္။

ယခင္ ပထမတစ္ႀကိမ္ေထာက္ပံ့ရိကၡာ ေဝခဲ့တုန္းက စာရင္းအရ ပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ေထာင္စု အေရအတြက္က ၄ သန္းနီးပါးရွိတဲ့အတြက္ ဒီစာရင္းကိုအေျခခံၿပီး ပိုမိုမွန္ကန္တဲ့ အခ်က္အလက္ေတြရႏိုင္ဖို႔ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာခဲ့ပါတယ္။

“IDP ေတြရယ္ေနာက္ၿပီးေတာ့ ခုနကလို ထိခိုက္လြယ္တဲ့ အေျခခံလူတန္းစား အိမ္ေထာင္စုေတြအတြက္ သင့္တင့္တဲ့ ပမာဏနဲ႔ ေငြေၾကးေထာက္ပံ့ေပးဖို႔ ဆိုတာျဖစ္ပါတယ္။ ဒီတခါ အေျခခံရိကၡာ ၅ မ်ိဳးဆိုတာမ်ိဳး မဟုတ္ေတာ့ဘဲနဲ႔ က်ေနာ္တို႔ ေငြေၾကးကို အိမ္ေထာင္စုတိုင္း အိမ္ေထာင္စုတိုင္းကို ေငြေၾကးေထာက္ပံ့ဖို႔ အစီအစဥ္ ျဖစ္ပါတယ္။ ေငြေၾကးေထာက္ပံ့တဲ့ အခါမွာလည္း online payment နဲ႔ ဥပမာအားျဖင့္ က်ေနာ္တို႔ Wave Money တို႔ KBZ Pay တို႔ စသျဖင့္ေပါ့ေနာ္။ ဒီ တယ္လီဖုန္းေတြကေနတစ္ဆင့္ ေပးလို႔ရတဲ့ အိမ္ေထာင္စုေတြဆီအေရာက္ ေပါ့ေႏွာ္ တိုက္႐ိုက္ေပးလို႔ရတဲ့ ေငြေၾကးေထာက္ပံ့မႈမ်ိဳးကို က်ေနာ္တို႔ ေဆာင္႐ြက္သြားဖို႔လည္း စီစဥ္ေနပါတယ္။”

ေထာက္ပံ့ေၾကးကို လာမယ့္ သီတင္းႏွစ္ပတ္ သုံးပတ္အတြင္း ေပးႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ အစိုးရက ေရးဆြဲထားတဲ့ CERP လို႔ေခၚတဲ့ COVID-19 စီးပြားေရးကုစားမႈအစီအစဥ္အရ အိမ္ေထာင္စုမ်ားအေပၚ သက္ေရာက္မႈေလ်ာ့ပါးေစျခင္းဆိုတဲ့ ေခါင္းစဥ္နဲ႔ အခုလို ေငြသားေထာက္ပံ့မႈေတြ လုပ္ဖို႔ျဖစ္ပါတယ္။ ပထမတႀကိမ္တုန္းကေတာ့ ဆင္းရဲသားျပည္သူေတြအတြက္ စားေသာက္ကုန္ေထာက္ပံ့မႈ လုပ္ေပးခဲ့ၿပီးျဖစ္ပါတယ္။

ခ်င္း၊ ရခိုင္၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ကရင္ႏွင့္ ကယား ျပည္နယ္စတဲ့ ေနရာငါးခုမွာရွိတဲ့ ဒုကၡသည္စခန္းက အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ တစ္ႏိုင္ငံလုံးမွာရွိတဲ့ သက္ႀကီး ဘိုးဘြားေတြကို COVID ကာလ ေထာက္ပံ့ေငြ ေပးသြားမယ္ဆိုတဲ့ အေၾကာင္းကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ စန္းစန္းေအးက VOA ကို ခုလို ေျပာျပပါတယ္။

“လူမႈကာကြယ္ေစာင္ေရွာက္ေရးရဲ႕ အစီအစဥ္ ႏွစ္ရပ္ေပါ့ေနာ္။ တစ္ရပ္ကေတာ့ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ အသက္ ၂ ႏွစ္ေအာက္ကေလးေတြ က်မေျပာခဲ့တဲ့ ျပည္နယ္ ၅ ခုမွာ လုပ္ေနတဲ့ အစီအစဥ္ေတြေပါ့ေႏွာ္။ အဲ့ဒီအစီအစဥ္ေတြေရာ ေနာက္ၿပီးေတာ့ ျမန္မာတစ္ႏိုင္ငံလုံး ၈၅ ႏွစ္အထက္ သက္ႀကီးဘိုးဘြားေတြေရာ COVID Related အေနနဲ႔ က်မတို႔က ဘာေပးမလဲဆိုေတာ့ တစ္ဦးကို တစ္ႀကိမ္တည္းေထာက္ပံ့မွာေပါ့ေနာ္။ COVID Related အေနနဲ႔ ေငြက်ပ္ ၃၀,၀၀၀ စီ ေထာက္ပံ့ဖို႔ က်မတို႔ ေဆြးေႏြးထားပါတယ္။”

ရွမ္းႏွင့္ ကခ်င္က ဒုကၡသည္စခန္းေတြမွာရွိတဲ့ ကိုယ္ဝန္ေဆာင္ေတြနဲ႔ ကေလးေတြကိုေတာ့ လူမႈဝန္ထမ္းရဲ႕ ဘတ္ဂ်က္ထဲကေန ေထာက္ပံ့ေငြ ေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ပုံမွန္ဝင္ေငြမရွိတဲ့ လက္လုပ္လက္စားေတြအေနနဲ႔ ဒီလို႔ ေထာက္ပံ့ေငြက ဘယ္ေလာက္ အတိုင္းအတာထိ အဆင္ေျပေစႏိုင္မလဲဆိုတာကို ပထမ တစ္ႀကိမ္ ေထာက္ပံ့မႈရခဲ့တဲ့ ေဒၚႏုႏုႀကိဳင္က ခုလိုေျပာပါတယ္။

“ဒီကိုဗစ္ကာလမွာ ၃၀,၀၀၀ ရတာကေတာ့ တစ္လစာအတြက္ ဆန္ဖိုးေတာ့ အဆင္ေျပပါတယ္၊ ဆန္ဖိုးေလာက္ေတာ့ ရပါတယ္၊ ဒီအခ်ိန္ေလာက္မွာ ဒီေလာက္ေထာက္ပံ့တာ မရတာထက္စာရင္ေတာ့ အဆင္ေျပတာေပါ့။”

ယခင္တစ္ေခါက္ ေထာက္ပံ့ရိကၡာေပးတုန္းက အေျခခံလူတန္းစားသတ္မွတ္ခ်က္အေပၚ အျငင္းပြားတာေတြ ရွိခဲ့တာေၾကာင့္ အခုတစ္ေခါက္မွာ ပုံစံစာ႐ြက္ေပၚမွာ အမည္ အလုပ္အကိုင္ေတြကို ေ႐ြးခ်ယ္သတ္မွတ္ၿပီး စာရင္းေကာက္ယူမယ့္ စနစ္ကို အသုံးျပဳမယ္လို႔ ဆိုပါတယ္။ အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့တာေတြကို အစိုးရက လုပ္ေပးေနတာေတြရွိသလို ေစတနာရွင္ေတြကလည္း ကူညီလွဴဒါန္းေနတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒုက္ခသည်တွေနဲ့ အခြေခံလူတန်းစားတွေကို မြန်မာအစိုးရ ငွေကြေးထောက်ပံ့မည်

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် COVID ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် ငွေသားပေးဖို့ အစိုးရက စီစဉ်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

COVID 19 ကပ်ရောဂါ အကြပ်အတည်းကာလမှာ ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေနဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာရှိနေကြတဲ့သူတွေအတွက် မြန်မာငွေကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြား သတ်မှတ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ယခင် ပထမတစ်ကြိမ်ထောက်ပံ့ရိက္ခာ ဝေခဲ့တုန်းက စာရင်းအရ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု အရေအတွက်က ၄ သန်းနီးပါးရှိတဲ့အတွက် ဒီစာရင်းကိုအခြေခံပြီး ပိုမိုမှန်ကန်တဲ့ အချက်အလက်တွေရနိုင်ဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

“IDP တွေရယ်နောက်ပြီးတော့ ခုနကလို ထိခိုက်လွယ်တဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေအတွက် သင့်တင့်တဲ့ ပမာဏနဲ့ ငွေကြေးထောက်ပံ့ပေးဖို့ ဆိုတာဖြစ်ပါတယ်။ ဒီတခါ အခြေခံရိက္ခာ ၅ မျိုးဆိုတာမျိုး မဟုတ်တော့ဘဲနဲ့ ကျနော်တို့ ငွေကြေးကို အိမ်ထောင်စုတိုင်း အိမ်ထောင်စုတိုင်းကို ငွေကြေးထောက်ပံ့ဖို့ အစီအစဉ် ဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့တဲ့ အခါမှာလည်း online payment နဲ့ ဥပမာအားဖြင့် ကျနော်တို့ Wave Money တို့ KBZ Pay တို့ စသဖြင့်ပေါ့နော်။ ဒီ တယ်လီဖုန်းတွေကနေတစ်ဆင့် ပေးလို့ရတဲ့ အိမ်ထောင်စုတွေဆီအရောက် ပေါ့နှော် တိုက်ရိုက်ပေးလို့ရတဲ့ ငွေကြေးထောက်ပံ့မှုမျိုးကို ကျနော်တို့ ဆောင်ရွက်သွားဖို့လည်း စီစဉ်နေပါတယ်။”

ထောက်ပံ့ကြေးကို လာမယ့် သီတင်းနှစ်ပတ် သုံးပတ်အတွင်း ပေးနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ အစိုးရက ရေးဆွဲထားတဲ့ CERP လို့ခေါ်တဲ့ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ အိမ်ထောင်စုများအပေါ် သက်ရောက်မှုလျော့ပါးစေခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ငွေသားထောက်ပံ့မှုတွေ လုပ်ဖို့ဖြစ်ပါတယ်။ ပထမတကြိမ်တုန်းကတော့ ဆင်းရဲသားပြည်သူတွေအတွက် စားသောက်ကုန်ထောက်ပံ့မှု လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ချင်း၊ ရခိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်နှင့် ကယား ပြည်နယ်စတဲ့ နေရာငါးခုမှာရှိတဲ့ ဒုက္ခသည်စခန်းက အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ သက်ကြီး ဘိုးဘွားတွေကို COVID ကာလ ထောက်ပံ့ငွေ ပေးသွားမယ်ဆိုတဲ့ အကြောင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ စန်းစန်းအေးက VOA ကို ခုလို ပြောပြပါတယ်။

“လူမှုကာကွယ်စောင်ရှောက်ရေးရဲ့ အစီအစဉ် နှစ်ရပ်ပေါ့နော်။ တစ်ရပ်ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက်ကလေးတွေ ကျမပြောခဲ့တဲ့ ပြည်နယ် ၅ ခုမှာ လုပ်နေတဲ့ အစီအစဉ်တွေပေါ့နှော်။ အဲ့ဒီအစီအစဉ်တွေရော နောက်ပြီးတော့ မြန်မာတစ်နိုင်ငံလုံး ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတွေရော COVID Related အနေနဲ့ ကျမတို့က ဘာပေးမလဲဆိုတော့ တစ်ဦးကို တစ်ကြိမ်တည်းထောက်ပံ့မှာပေါ့နော်။ COVID Related အနေနဲ့ ငွေကျပ် ၃၀,၀၀၀ စီ ထောက်ပံ့ဖို့ ကျမတို့ ဆွေးနွေးထားပါတယ်။”

ရှမ်းနှင့် ကချင်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကိုတော့ လူမှုဝန်ထမ်းရဲ့ ဘတ်ဂျက်ထဲကနေ ထောက်ပံ့ငွေ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ လက်လုပ်လက်စားတွေအနေနဲ့ ဒီလို့ ထောက်ပံ့ငွေက ဘယ်လောက် အတိုင်းအတာထိ အဆင်ပြေစေနိုင်မလဲဆိုတာကို ပထမ တစ်ကြိမ် ထောက်ပံ့မှုရခဲ့တဲ့ ဒေါ်နုနုကြိုင်က ခုလိုပြောပါတယ်။

“ဒီကိုဗစ်ကာလမှာ ၃၀,၀၀၀ ရတာကတော့ တစ်လစာအတွက် ဆန်ဖိုးတော့ အဆင်ပြေပါတယ်၊ ဆန်ဖိုးလောက်တော့ ရပါတယ်၊ ဒီအချိန်လောက်မှာ ဒီလောက်ထောက်ပံ့တာ မရတာထက်စာရင်တော့ အဆင်ပြေတာပေါ့။”

ယခင်တစ်ခေါက် ထောက်ပံ့ရိက္ခာပေးတုန်းက အခြေခံလူတန်းစားသတ်မှတ်ချက်အပေါ် အငြင်းပွားတာတွေ ရှိခဲ့တာကြောင့် အခုတစ်ခေါက်မှာ ပုံစံစာရွက်ပေါ်မှာ အမည် အလုပ်အကိုင်တွေကို ရွေးချယ်သတ်မှတ်ပြီး စာရင်းကောက်ယူမယ့် စနစ်ကို အသုံးပြုမယ်လို့ ဆိုပါတယ်။ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့တာတွေကို အစိုးရက လုပ်ပေးနေတာတွေရှိသလို စေတနာရှင်တွေကလည်း ကူညီလှူဒါန်းနေတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG