သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္လမ္းပိတ္ဆို႔မႈ ရခိုင္စစ္ေရွာင္စခန္း ရိကၡာျပတ္


ရခိုင္ျပည္နည္တြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ စစ္ေရွာင္မ်ား (ဓာတ္ပုံ -MP Oung Thaung Shway)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္း ေျမပံုၿမိဳ႕နယ္က စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ရိကၡာသယ္ယူခြင့္ေတြ အခက္အခဲေတြေၾကာင့္ ရိကၡာျပတ္ေနတဲ့ အေျခအေနကို ေျပာျပခ်င္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ေျမပံုၿမိဳ႕နယ္ဘက္မွာ ရွိတဲ့ စစ္ေရွာင္ စခန္းတခ်ိဳ႕မွာ ရိကၡာသယ္ယူခြင့္ေတြ ပိတ္ပင္ထားတာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ ႀကံဳေတြ႔ေနရတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေျမပံုၿမိဳ႕နယ္က ကိုင္းႀကီးစစ္ေရွာင္စခန္းမွာေတာ့ စားနပ္ရိကၡာျပတ္လပ္ေနသလို တျခားေဒသေတြကေန ရိကၡာသယ္ယူခြင့္ပိတ္ပင္ထားတာ ၃ လေလာက္ရွိေနၿပီလို႔ ကိုင္းႀကီးစစ္ေရွာင္စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါ တယ္။

"စားနပ္ရိကၡာကေတာ့ ျပတ္လပ္မယ့္ အေနအထား ရွိေနၿပီခင္ဗ်ာ။ ေနာက္ၿပီးေတာ့ စားနပ္ရိကၡာေတြ သယ္ယူခြင့္မရဘူးခင္ဗ်။ ကိုယ္တိုင္သြားယူမယ္ဆိုရင္လည္း မရဘူး။ လမ္းေတြမွာက်ေတာ့ ၿမိဳ႕နယ္ေတြ မေက်ာ္ရတာရွိတယ္။တပ္မေတာ္က တားတာ COVID-19 ေၾကာင့္ေတာ့ မဟုတ္ဘူးခင္ဗ်ာ။ တပ္မေတာ္က တားတာကေတာ့ ေနာက္အဖြဲ႔အစည္းေတြနဲ႔ ဆက္ႏြယ္ေနတယ္ထင္လို႔ တားတာျဖစ္မယ္။ ရိကၡာမသယ္ရတာေတာ့ သံုးလေလာက္ေတာ့ ရွိေနၿပီ။"

အဲဒီကိုင္းႀကီးစစ္ေရွာင္စခန္းမွာ လူဦးေရ ၃၀၀ ခန္႔ေနထိုင္ၾကၿပီး စားနပ္ရိကၡာေတြ အျပင္ မိုးရာသီေရာက္ေတာ့မွာ ျဖစ္တာေၾကာင့္ ေနထိုင္ဖို႔အတြက္ ေနအိမ္ေတြ လိုအပ္ေနတယ္လို႔လည္း ကိုေရႊစိုးက ေျပာပါတယ္။

ဒါအျပင္ ေျမပံုနဲ႔ အမ္းၿမိဳ႕နယ္ၾကားက စညင္းစစ္ေရွာင္စခန္းမွာလည္း ရိကၡာျပတ္ေတာက္ေနတာေၾကာင့္ စစ္ေရွာင္ေတြအေနနဲ႔ ထမင္းငတ္မယ့္ အေနအထားကို ေရာက္ေနၿပီလို႔ စညင္းစစ္ေရွာင္စခန္းတာဝန္ခံ ကိုယ္ေတာ္သဘာဝနဒီက မိန္႔ပါတယ္။

"ျပီးခဲ့တဲ့ တနဂၤေႏြေန႔ကေနၿပီးေတာ့ ရိကၡာျပတ္ေတာက္မႈ ရွိေနတာေပါ့ေနာ္။ စားဝတ္ ေနေရးအတြက္ကေတာ့ ဦးဇင္းတို႔ ရိကၡာဝယ္ထားတာ ၅ ရက္စာ မနက္ျဖန္ဆိုရင္ ျပည့္ၿပီဗ်ာ။ အဲေတာ့ သန္ဖက္ခါက်ရင္ ဦးဇင္းတို႔က ရိကၡာ ျပန္ဝယ္ရေတာ့မွာ ေပးရေတာ့မယ္ဆိုေတာ့ ဆန္က လံုးဝမရွိေတာ့ဘူး။ ဆန္က ဒုကၡသည္ေတြအားလံုးကို ေပးဖို႔ ေနေနသာသာ စခန္းမွာ လူ ၄၀၀ စားဖို႔အတြက္ ဆန္က ႏို႔စည္တစ္လံုးေတာင္ မရွိေတာ့ပါဘူးခင္မ်ာ။ စခန္းမွာ လူဦးေရ ၄၀၀ ေက်ာ္ရွိတယ္။ သန္ဖက္ခါေနလို႔မွ စားဝန္ေနေရးအတြက္ ဆန္ရိကၡာမရရင္ ငတ္ၿပီဗ်ာ။ "

စညင္းစစ္ေရွာင္စခန္းဟာ အစိုးရက တရားဝင္အသိအမွတ္ျပဳထားတဲ့ စခန္းမဟုတ္သလုိ စညင္းစစ္ေရွာင္စခန္းကို လာေရာက္ကူညီၾကတဲ့ အဖြဲ႔အစည္းအားလံုးကိုလည္း သက္ဆိုင္ရာအာဏာပိုင္ေတြက တားျမစ္ထားတယ္လို႔ ကိုယ္ေတာ္သဘာဝနဒီက မိန္႔ပါတယ္။

"ရခိုင္အရပ္ဘက္အဖြဲ႔အစည္းေတြ အားလံုးအတားခံရတယ္။ ICRC တို႔၊ WFP တို႔က စညင္းစစ္ေရွာင္စခန္း ေထာက္ပံ့ေပးဖို႔အတြက္ ျပည္နယ္အစိုးရဆီမွာ စာတင္တယ္။ စာတင္တဲ့အခါမွာလည္း စညင္းစစ္ေရွာင္စန္းဟာ စစ္ေရွာင္ေတြ စုရပ္စခန္းတစ္ခု မဟုတ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႔ ဒီေန႔အခ်ိန္အထိ တားျမစ္ထားတယ္။ အဲဒါေၾကာင့္စညင္းစစ္ေရွာင္စခန္းဟာ မၾကာခဏဆိုသလို ရိကၡာျပတ္လပ္တာေတြနဲ႔ ႀကံဳေတြ႕ေနရတယ္။"

ေျမပံုၿမိဳ႕နယ္မွာ ရိကၡာသယ္ယူခြင့္ေတြကို တပ္မေတာ္ဘက္က တားျမစ္တယ္လို႕ ေဒသခံေတြကေျပာ ဆိုၾကေပမယ့္ တပ္မေတာ္ဘက္ကေတာ့ တားျမစ္တာမ်ိဳး မဟုတ္ဘဲ လံုၿခံဳေရးအရ ေဆာင္ရြက္ရတာလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

"ေရွ႕က ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြအရေတာ့သူက စစ္ေရွာင္စခန္းလို႔ေျပာေပမဲ့ ဒါေတြက AA အဖြဲ႔ဆီကို ေရာက္သြားတာက ေရွ႕မွာ သာဓကေတြက အမ်ားႀကီး ရွိေနတာ။ ေနာက္ၿပီးေတာ့ AA ကိုယ္တိုင္က စစ္ေရွာင္ေတြပါဆိုၿပီး ရိကၡာလာထုတ္တာေတြ ရွိတယ္။ ဒါမ်ိဳးေတြေတာ့ ရွိေနတာပဲေလေနာ့္။ ခုဏကေျပာသလို တားျမစ္တာေတာ့ မရွိဘူး။ လိုအပ္တဲ့ လံုၿခံဳေရးအရ ေဆာင္ရြက္တာေတြေတာ့ ရွိမွာပါပဲေနာ့္။"

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကသူေတြအတြက္ အစိုးရက တရားဝင္ ဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြရွိသလို တရားမဝင္ဘဲ အဆင္ေျပတဲ့ေနရာေတြမွာ ဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြလည္း အမ်ားအျပားရွိေနပါတယ္။

အစိုးရအေနနဲ႔လည္း တရားဝင္ခြင့္ျပဳထားတဲ့ စစ္ေရွာင္စခန္းေတြကို စားနပ္ရိကၡာေထာက္ပံ့တာေတြရွိေနၿပီး ကိုယ္သေဘာနဲ႔ ကိုယ္ဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြကိုေတာ့ စားနပ္ရိကၡာ တစံုတရာေထာက္ပံ့ေပးတာမ်ိဳး မရွိပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကၿငာထားၿပီး ေနာက္မွာ ရခိုင္ေျမာက္ပိုင္း တိုက္ပြဲေတြလည္း ပိုမိုျပင္းထန္လာသလို တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာသူေတြလည္း ေန႔စဥ္နဲ႔အမွ်နဲ႔ ရွိေနတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာလည္း ပလက္ဝၿမိဳ႕နယ္မွာရွိတဲ့ စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာသြားေရာက္ကူညီတဲ့ WHO ယာဥ္တန္းပစ္ခတ္ခံရတဲ့ေနာက္မွာ အရပ္ဘက္အဖြဲ႔အစည္းေတြအေနနဲ႔လည္း စစ္ေရွာင္စခန္းေတြကို သြားေရာက္ကူညီေပးဖို႔ ခက္ခဲေနၾကတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တပ်လမ်းပိတ်ဆို့မှု ရခိုင်စစ်ရှောင်စခန်း ရိက္ခာပြတ်

ရခိုင်မြောက်ပိုင်း မြေပုံမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ အခက်အခဲတွေကြောင့် ရိက္ခာပြတ်နေတဲ့ အခြေအနေကို ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြေပုံမြို့နယ် ဘက်မှာ ရှိတဲ့ စစ်ရှောင် စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ မြေပုံမြို့နယ်က ကိုင်းကြီးစစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာပြတ်လပ်နေသလို တခြားဒေသတွေကနေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားတာ ၃ လလောက်ရှိနေပြီလို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါ တယ်။

"စားနပ်ရိက္ခာကတော့ ပြတ်လပ်မယ့် အနေအထား ရှိနေပြီခင်ဗျာ။ နောက်ပြီးတော့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မရဘူးခင်ဗျ။ ကိုယ်တိုင်သွားယူမယ်ဆိုရင်လည်း မရဘူး။ လမ်းတွေမှာကျတော့ မြို့နယ်တွေ မကျော်ရတာရှိတယ်။တပ်မတော်က တားတာ COVID-19 ကြောင့်တော့ မဟုတ်ဘူးခင်ဗျာ။ တပ်မတော်က တားတာကတော့ နောက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတယ်ထင်လို့ တားတာဖြစ်မယ်။ ရိက္ခာမသယ်ရတာတော့ သုံးလလောက်တော့ ရှိနေပြီ။"

အဲဒီကိုင်းကြီးစစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀ ခန့်နေထိုင်ကြပြီး စားနပ်ရိက္ခာတွေ အပြင် မိုးရာသီရောက်တော့မှာ ဖြစ်တာကြောင့် နေထိုင်ဖို့အတွက် နေအိမ်တွေ လိုအပ်နေတယ်လို့လည်း ကိုရွှေစိုးက ပြောပါတယ်။

ဒါအပြင် မြေပုံနဲ့ အမ်းမြို့နယ်ကြားက စညင်းစစ်ရှောင်စခန်းမှာလည်း ရိက္ခာပြတ်တောက်နေတာကြောင့် စစ်ရှောင်တွေအနေနဲ့ ထမင်းငတ်မယ့် အနေအထားကို ရောက်နေပြီလို့ စညင်းစစ်ရှောင်စခန်းတာဝန်ခံ ကိုယ်တော်သဘာဝနဒီက မိန့်ပါတယ်။

"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေပြီးတော့ ရိက္ခာပြတ်တောက်မှု ရှိနေတာပေါ့နော်။ စားဝတ် နေရေးအတွက်ကတော့ ဦးဇင်းတို့ ရိက္ခာဝယ်ထားတာ ၅ ရက်စာ မနက်ဖြန်ဆိုရင် ပြည့်ပြီဗျာ။ အဲတော့ သန်ဖက်ခါကျရင် ဦးဇင်းတို့က ရိက္ခာ ပြန်ဝယ်ရတော့မှာ ပေးရတော့မယ်ဆိုတော့ ဆန်က လုံးဝမရှိတော့ဘူး။ ဆန်က ဒုက္ခသည်တွေအားလုံးကို ပေးဖို့ နေနေသာသာ စခန်းမှာ လူ ၄၀၀ စားဖို့အတွက် ဆန်က နို့စည်တစ်လုံးတောင် မရှိတော့ပါဘူးခင်မျာ။ စခန်းမှာ လူဦးရေ ၄၀၀ ကျော်ရှိတယ်။ သန်ဖက်ခါနေလို့မှ စားဝန်နေရေးအတွက် ဆန်ရိက္ခာမရရင် ငတ်ပြီဗျာ။"

စညင်းစစ်ရှောင်စခန်းဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ စခန်းမဟုတ်သလို စညင်းစစ်ရှောင်စခန်းကို လာရောက်ကူညီကြတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ထားတယ်လို့ ကိုယ်တော်သဘာဝနဒီက မိန့်ပါတယ်။

"ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးအတားခံရတယ်။ ICRC တို့၊ WFP တို့က စညင်းစစ်ရှောင်စခန်း ထောက်ပံ့ပေးဖို့အတွက် ပြည်နယ်အစိုးရဆီမှာ စာတင်တယ်။ စာတင်တဲ့အခါမှာလည်း စညင်းစစ်ရှောင်စန်းဟာ စစ်ရှောင်တွေ စုရပ်စခန်းတစ်ခု မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဒီနေ့အချိန်အထိ တားမြစ်ထားတယ်။ အဲဒါကြောင့်စညင်းစစ်ရှောင်စခန်းဟာ မကြာခဏဆိုသလို ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရတယ်။ "

မြေပုံမြို့နယ်မှာ ရိက္ခာသယ်ယူခွင့်တွေကို တပ်မတော်ဘက်က တားမြစ်တယ်လို့ ဒေသခံတွေကပြော ဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ တားမြစ်တာမျိုး မဟုတ်ဘဲ လုံခြုံရေးအရ ဆောင်ရွက်ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

"ရှေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအရတော့သူက စစ်ရှောင်စခန်းလို့ပြောပေမဲ့ ဒါတွေက AA အဖွဲ့ဆီကို ရောက်သွားတာက ရှေ့မှာ သာဓကတွေက အများကြီး ရှိနေတာ။ နောက်ပြီးတော့ AA ကိုယ်တိုင်က စစ်ရှောင်တွေပါဆိုပြီး ရိက္ခာလာထုတ်တာတွေ ရှိတယ်။ ဒါမျိုးတွေတော့ ရှိနေတာပဲလေနော့်။ ခုဏကပြောသလို တားမြစ်တာတော့ မရှိဘူး။ လိုအပ်တဲ့ လုံခြုံရေးအရ ဆောင်ရွက်တာတွေတော့ ရှိမှာပါပဲနော့်။"

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူတွေအတွက် အစိုးရက တရားဝင် ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေရှိသလို တရားမဝင်ဘဲ အဆင်ပြေတဲ့နေရာတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေလည်း အများအပြားရှိနေပါတယ်။

အစိုးရအနေနဲ့လည်း တရားဝင်ခွင့်ပြုထားတဲ့ စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာထောက်ပံ့တာတွေရှိနေပြီး ကိုယ်သဘောနဲ့ ကိုယ်ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကိုတော့ စားနပ်ရိက္ခာ တစုံတရာထောက်ပံ့ပေးတာမျိုး မရှိပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေငြာထားပြီး နောက်မှာ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေလည်း နေ့စဉ်နဲ့အမျှနဲ့ ရှိနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာသွားရောက်ကူညီတဲ့ WHO ယာဉ်တန်းပစ်ခတ်ခံရတဲ့နောက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ရှောင်စခန်းတွေကို သွားရောက်ကူညီပေးဖို့ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG